iMyanmarHouse.com - Best Property Website for Myanmar
×

နာမည္ေက်ာ္မင္းသမီး သက္မြန္ျမင့္ ဟာ အကယ္ဒမီေ႐ႊစင္ ႐ုပ္ထုကိုလည္း ရရွိပိုင္ဆိုင္ ထားၿပီး က်ရာဇာတ္႐ုပ္ကို ပီျပင္စြာ သ႐ုပ္ေဖာ္ႏိုင္တဲ့ အရည္အခ်င္းျပည့္ဝတဲ့ မင္းသမီး တစ္လက္လည္းျဖစ္ပါတယ္

ခ်စ္စရာေကာင္းတဲ့ ခ်င္းတိုင္းရင္သူေလးျဖစ္ၿပီး ပရိတ္သတ္ေတြရဲ႕ အသည္း ေက်ာ္ေလးတစ္ေယာက္လည္းျဖစ္ပါတယ္။

သက္မြန္တစ္ေယာက္ ယခုလို အေျခအေနေရာက္ေအာင္ ဘယ္လိုေတြ ႀကိဳးစားခဲ့တယ္ဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။ အင္တာဗ်ဴးတစ္ခုမွာ သက္မြန္က ဒီလို ေျဖဆိုသြားပါတယ္။

” သက္မြန္က အႏုပညာကို ဝါသနာပါတယ္။ ဒါေပမယ့္ သ႐ုပ္ေဆာင္ကို မလုပ္ခ်င္ဘူး။ ေယာက်ၤားေလးက ကိုယ့္ကို ဖက္တာကို လုံးဝ မႀကိဳက္ခဲ့ဘူး ။ ”

” ဒီအလုပ္ စလုပ္တဲ့ အခ်ိန္မွာ အပ်ိဳေဖာ္ဝင္စကိုး ။ အဲေတာ့ ကိုယ့္ကို အသားလာထိတာေတြ အဖက္ခံရတာေတြကို မႀကိဳက္ဘူး။ ေန႔လည္မွာ ခ်စ္ခန္းႀကိဳက္ခန္းေတြ ႐ိုက္ခဲ့ၿပီး ညေရာက္ေတာ့ ငိုေရာ ။ ဘုရား ရွိခိုးၿပီးေတာင္ ဘာဆုေတာင္းရမွန္း မသိခဲ့ဘူး။ ”

” သက္မြန္က အလုပ္က လုပ္ခ်င္ပါတယ္။ အဲ့အခ်ိန္က မိသားစုကလဲ အိမ္ေတြ ဘာေတြ ေရာင္းရတဲ့ အထိျဖစ္ေနေတာ့ေလ။ အေဖ အေမကို လုပ္ေကြၽးလို႔ ရမယ္ဆိုၿပီး ဒီအလုပ္ကို လုပ္ျဖစ္ခဲ့တာပါ။ ”

” အလုပ္လဲ လုပ္ခ်င္တယ္ ၊ အဖက္ခံရတာလဲ မႀကိဳက္ေတာ့ ငိုလိုက္ရယ္လိုက္နဲ႔ ဒီအေျခအေနထိ ေရာက္လာတာ” လို႔ ဆိုပါတယ္။

” ေဆြမ်ိဳးဘာညာလဲ မရွိ၊ ရႈတင္မွာ ေနာက္က လိုက္ေပးမယ့္သူလဲ မရွိခဲ့ဘူး။ အကို ကပဲ ႐ုံးက ခြင့္ယူၿပီး လိုက္ေပးခဲ့တာ။ အဝတ္အစားေတြလဲ ကိုယ္က မဝယ္ႏိုင္ဘူး သူမ်ားဆီက ငွားဝတ္ရတာ။ ဖက္ခံရတာ ဘာညာနဲ႔ဆိုေတာ့ စိတ္ဓာတ္က်လာတယ္လို႔ ေျပာျပခဲ့ပါတယ္။ ”

” စိတ္ဓာတ္က်ေတာ့ ဒီအလုပ္ မလုပ္ေတာ့ဘူးဆိုၿပီး ခ်င္းေတာင္ကို ျပန္သြားပါတယ္။ မလုပ္ေတာ့ဘူးဆိုၿပီး ျပန္သြားခါမွ ကိုယ္႐ိုက္ခဲ့တဲ့ ဟာေတြက အရမ္းေတြေပါက္ၿပီး ပရိသတ္ေတြက လိုက္ရွာၾကတာ ။ အဲေတာ့မွ အကိုက ျပန္ေခၚၿပီး ဒီအလုပ္ကို ျပန္လုပ္ျဖစ္ခဲ့တာပါ ။” လို႔ အင္တာဗ်ဴးမွာ ေျဖဆိုသြားပါတယ္။

ကဲ ပရိသတ္ႀကီးလဲ သက္မြန္ တစ္ေယာက္ အခုလို ေအာင္ျမင္လာေအာင္ ဘယ္လိုေတြ ႀကိဳးစားခဲ့တယ္ဆိုတာ သိရွိသြားတဲ့ အတြက္ ေက်နပ္မယ္လို႔ ေမွ်ာ္လင့္ မိပါတယ္။ အခုလို ဖတ္ရႈေပးခဲ့တဲ့ အတြက္ ေက်းဇူး အထူး တင္ပါတယ္ေနာ္ … ။

Source: Cele Yatkwat ‘s video

Credit : Lyhealthcare
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နာမည်ကျော်မင်းသမီး သက်မွန်မြင့် ဟာ အကယ်ဒမီရွှေစင် ရုပ်ထုကိုလည်း ရရှိပိုင်ဆိုင် ထားပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဖော်နိုင်တဲ့ အရည်အချင်းပြည့်ဝတဲ့ မင်းသမီး တစ်လက်လည်းဖြစ်ပါတယ်

ချစ်စရာကောင်းတဲ့ ချင်းတိုင်းရင်သူလေးဖြစ်ပြီး ပရိတ်သတ်တွေရဲ့ အသည်း ကျော်လေးတစ်ယောက်လည်းဖြစ်ပါတယ်။

သက်မွန်တစ်ယောက် ယခုလို အခြေအနေရောက်အောင် ဘယ်လိုတွေ ကြိုးစားခဲ့တယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ အင်တာဗျူးတစ်ခုမှာ သက်မွန်က ဒီလို ဖြေဆိုသွားပါတယ်။

” သက်မွန်က အနုပညာကို ဝါသနာပါတယ်။ ဒါပေမယ့် သရုပ်ဆောင်ကို မလုပ်ချင်ဘူး။ ယောင်္ကျားလေးက ကိုယ့်ကို ဖက်တာကို လုံးဝ မကြိုက်ခဲ့ဘူး ။ ”

” ဒီအလုပ် စလုပ်တဲ့ အချိန်မှာ အပျိုဖော်ဝင်စကိုး ။ အဲတော့ ကိုယ့်ကို အသားလာထိတာတွေ အဖက်ခံရတာတွေကို မကြိုက်ဘူး။ နေ့လည်မှာ ချစ်ခန်းကြိုက်ခန်းတွေ ရိုက်ခဲ့ပြီး ညရောက်တော့ ငိုရော ။ ဘုရား ရှိခိုးပြီးတောင် ဘာဆုတောင်းရမှန်း မသိခဲ့ဘူး။ ”

” သက်မွန်က အလုပ်က လုပ်ချင်ပါတယ်။ အဲ့အချိန်က မိသားစုကလဲ အိမ်တွေ ဘာတွေ ရောင်းရတဲ့ အထိဖြစ်နေတော့လေ။ အဖေ အမေကို လုပ်ကျွေးလို့ ရမယ်ဆိုပြီး ဒီအလုပ်ကို လုပ်ဖြစ်ခဲ့တာပါ။ ”

” အလုပ်လဲ လုပ်ချင်တယ် ၊ အဖက်ခံရတာလဲ မကြိုက်တော့ ငိုလိုက်ရယ်လိုက်နဲ့ ဒီအခြေအနေထိ ရောက်လာတာ” လို့ ဆိုပါတယ်။

” ဆွေမျိုးဘာညာလဲ မရှိ၊ ရှုတင်မှာ နောက်က လိုက်ပေးမယ့်သူလဲ မရှိခဲ့ဘူး။ အကို ကပဲ ရုံးက ခွင့်ယူပြီး လိုက်ပေးခဲ့တာ။ အဝတ်အစားတွေလဲ ကိုယ်က မဝယ်နိုင်ဘူး သူများဆီက ငှားဝတ်ရတာ။ ဖက်ခံရတာ ဘာညာနဲ့ဆိုတော့ စိတ်ဓာတ်ကျလာတယ်လို့ ပြောပြခဲ့ပါတယ်။ ”

” စိတ်ဓာတ်ကျတော့ ဒီအလုပ် မလုပ်တော့ဘူးဆိုပြီး ချင်းတောင်ကို ပြန်သွားပါတယ်။ မလုပ်တော့ဘူးဆိုပြီး ပြန်သွားခါမှ ကိုယ်ရိုက်ခဲ့တဲ့ ဟာတွေက အရမ်းတွေပေါက်ပြီး ပရိသတ်တွေက လိုက်ရှာကြတာ ။ အဲတော့မှ အကိုက ပြန်ခေါ်ပြီး ဒီအလုပ်ကို ပြန်လုပ်ဖြစ်ခဲ့တာပါ ။” လို့ အင်တာဗျူးမှာ ဖြေဆိုသွားပါတယ်။

ကဲ ပရိသတ်ကြီးလဲ သက်မွန် တစ်ယောက် အခုလို အောင်မြင်လာအောင် ဘယ်လိုတွေ ကြိုးစားခဲ့တယ်ဆိုတာ သိရှိသွားတဲ့ အတွက် ကျေနပ်မယ်လို့ မျှော်လင့် မိပါတယ်။ အခုလို ဖတ်ရှုပေးခဲ့တဲ့ အတွက် ကျေးဇူး အထူး တင်ပါတယ်နော် … ။

Source: Cele Yatkwat ‘s video

Credit : Lyhealthcare

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top