iMyanmarHouse.com - Best Property Website for Myanmar
×

အသားအေရ ေနေလာင္ သြားတဲ့အခါ ဘယ္သူမဆို စိတ္ညစ္ရပါတယ္။ ေနပူ ထဲသြားရင္းနဲ႔ သင့္ အသားအေရ ေနလာင္သြားတဲ့အခါ ျပန္ၿပီး ျဖဴဝင္း သက္သာခ်င္တာ လူတိုင္းရဲ႕ သဘာဝ ပါပဲ။

အသားအေရ ေနေလာင္ သြားလို႔ စိတ္ညစ္ေနသူေတြအတြက္ သဘာဝ နည္းလမ္း ကို မွ်ေဝေပးခ်င္ပါတယ္။ အသားအေရေနေလာင္တဲ့အခါ အလွျပင္ပစၥည္းေတြ မ်ားမ်ားဝယ္ၿပီး လုပ္စရာမလိုဘဲ သဘာဝ နည္းလမ္း ေလးနဲ႔ ျပန္ၿပီး ျဖဴဝင္းေစႏိုင္ပါတယ္။ အမ်ားအားျဖင့္ေတာ့ ေျခေထာက္ အသားအေရ ေနေလာင္ တာမ်ားလို႔ ေျခေထာက္အသားအေရ ေနေလာင္သြားတဲ့အခါ ဘယ္လိုျပဳလုပ္ရမလဲဆို မွ်ေဝေပးပါမယ္။

အဆင့္ (၁)

အရင္ဆံုး ေနေလာင္ သြားတဲ့ေနရာကို သန္႔ရွင္းေရး လုပ္ပါ။ ေျခေထာက္ အသားအေရ ေနေလာင္ သြားရင္ေတာ့ အရင္ဆံုး ေျခေထာက္ကို ေရေသခ်ာေဆးၿပီး ေျခသည္းနီ ဖ်က္ေပးပါ။ တစ္ပတ္ေလာက္ ေျခသည္းနီ မဆိုးပါနဲ႔။

အဆင့္ (၂)

ဇလံုတစ္ခု (သို႔) ေရပံုး တစ္ခုထဲကိုထည့္လိုက္ၿပီး ေရေႏြးနည္းနည္းထည့္လိုက္ပါ။ ၿပီးရင္ baby ေခါင္းေလွ်ာ္ရည္ကို ထည့္လိုက္ၿပီး ေသခ်ာေမႊလိုက္ကာ ေျခေထာက္ ကို ၅ မိနစ္ေလာက္စိမ္လိုက္ပါ။ ၿပီးရင္ ေျခေထာက္တိုက္ေပးတဲ့ brush နဲ႔ သင့္ေျခဖေနာင့္နဲ႔ ေျခသည္းေတြကို သန္႔စင္ပါ။ ၿပီးရင္ေတာ့ ေရသန္႔န႔ဲ ျပန္ေဆးၿပီး ေျခာက္ေအာင္သုတ္လိုက္ပါ။

အဆင့္ ၃

ေရပံုး (သို႕) ဇလံုထဲကို ေရေႏြးထည့္ၿပီး ပ်ားရည္ နည္းနည္းထည့္ပါ။ၿပီး၇င္ သံပုယုိသီးတစ္ျခမ္းကို အရည္ညွစ္ထည့္လိုက္ပါ။ ၿပီးရင္ ေျခေထာက္ ကို ၅ မိနစ္ေလာက္စိမ္ထားလိုက္ပါ။ အဲဒီလို စိမ္ထားတဲ့အခ်ိန္မွၾ ေျခေထာက္ကို သံပုယုိသီးအခြံနဲ႔ ပြတ္ေပးပါ။

အဆင့္ ၄

သၾကား စားပြဲတင္ဇြန္း ၁ ဇြန္း

ေကာ္ဖီအၾကမ္းမႈန္႔ စားပြဲတင္ဇါန္း ၂ ဇြန္း

ရွားေစာင္းလက္ပပ္ စားပြဲတင္ဇြန္း ၁ ဇြန္း

သံပုယုိသီးတစ္ျခမ္းကို အရည္ညွစ္ပါ။

ၿပီးရင္ ခြက္တစ္လံုးထဲကို ပါဝင္ပစၥည္းေတြအားလံုး ထည့္လိုက္ပါ။ အဲဒီေနာက္ ေနေလာင္ ထားတဲ့ ေျခေထာက္ မွာ လိမ္းေပးၿပီး ၅ မိနစ္ေလာက္ထားပါ။ ၿပီးရင္ ေရေသခ်ာေဆးလိုက္ၿပီး ေျခာက္ေအာင္သုတ္ပါ။

အဆင့္ ၅

ၿပီး၇င္ေတာ့ Lotion လိမ္းေပးထားလိုက္ပါ။

Credit : My Style
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အသားအရေ နေလောင် သွားတဲ့အခါ ဘယ်သူမဆို စိတ်ညစ်ရပါတယ်။ နေပူ ထဲသွားရင်းနဲ့ သင့် အသားအရေ နေလာင်သွားတဲ့အခါ ပြန်ပြီး ဖြူဝင်း သက်သာချင်တာ လူတိုင်းရဲ့ သဘာဝ ပါပဲ။

အသားအရေ နေလောင် သွားလို့ စိတ်ညစ်နေသူတွေအတွက် သဘာဝ နည်းလမ်း ကို မျှဝေပေးချင်ပါတယ်။ အသားအရေနေလောင်တဲ့အခါ အလှပြင်ပစ္စည်းတွေ များများဝယ်ပြီး လုပ်စရာမလိုဘဲ သဘာဝ နည်းလမ်း လေးနဲ့ ပြန်ပြီး ဖြူဝင်းစေနိုင်ပါတယ်။ အများအားဖြင့်တော့ ခြေထောက် အသားအရေ နေလောင် တာများလို့ ခြေထောက်အသားအရေ နေလောင်သွားတဲ့အခါ ဘယ်လိုပြုလုပ်ရမလဲဆို မျှဝေပေးပါမယ်။

အဆင့် (၁)

အရင်ဆုံး နေလောင် သွားတဲ့နေရာကို သန့်ရှင်းရေး လုပ်ပါ။ ခြေထောက် အသားအရေ နေလောင် သွားရင်တော့ အရင်ဆုံး ခြေထောက်ကို ရေသေချာဆေးပြီး ခြေသည်းနီ ဖျက်ပေးပါ။ တစ်ပတ်လောက် ခြေသည်းနီ မဆိုးပါနဲ့။

အဆင့် (၂)

ဇလုံတစ်ခု (သို့) ရေပုံး တစ်ခုထဲကိုထည့်လိုက်ပြီး ရေနွေးနည်းနည်းထည့်လိုက်ပါ။ ပြီးရင် baby ခေါင်းလျှော်ရည်ကို ထည့်လိုက်ပြီး သေချာမွှေလိုက်ကာ ခြေထောက် ကို ၅ မိနစ်လောက်စိမ်လိုက်ပါ။ ပြီးရင် ခြေထောက်တိုက်ပေးတဲ့ brush နဲ့ သင့်ခြေဖနောင့်နဲ့ ခြေသည်းတွေကို သန့်စင်ပါ။ ပြီးရင်တော့ ရေသန့်နဲ့ ပြန်ဆေးပြီး ခြောက်အောင်သုတ်လိုက်ပါ။

အဆင့် ၃

ရေပုံး (သို့) ဇလုံထဲကို ရေနွေးထည့်ပြီး ပျားရည် နည်းနည်းထည့်ပါ။ပြီး၇င် သံပုယိုသီးတစ်ခြမ်းကို အရည်ညှစ်ထည့်လိုက်ပါ။ ပြီးရင် ခြေထောက် ကို ၅ မိနစ်လောက်စိမ်ထားလိုက်ပါ။ အဲဒီလို စိမ်ထားတဲ့အချိန်မြှ ခြေထောက်ကို သံပုယိုသီးအခွံနဲ့ ပွတ်ပေးပါ။

အဆင့် ၄

သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

ကော်ဖီအကြမ်းမှုန့် စားပွဲတင်ဇါန်း ၂ ဇွန်း

ရှားစောင်းလက်ပပ် စားပွဲတင်ဇွန်း ၁ ဇွန်း

သံပုယိုသီးတစ်ခြမ်းကို အရည်ညှစ်ပါ။

ပြီးရင် ခွက်တစ်လုံးထဲကို ပါဝင်ပစ္စည်းတွေအားလုံး ထည့်လိုက်ပါ။ အဲဒီနောက် နေလောင် ထားတဲ့ ခြေထောက် မှာ လိမ်းပေးပြီး ၅ မိနစ်လောက်ထားပါ။ ပြီးရင် ရေသေချာဆေးလိုက်ပြီး ခြောက်အောင်သုတ်ပါ။

အဆင့် ၅

ပြီး၇င်တော့ Lotion လိမ်းပေးထားလိုက်ပါ။

Credit : My Style

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top