iMyanmarHouse.com - Best Property Website for Myanmar
×

ေမာ္ဒယ္လ္စင္ဒီျမတ္ တစ္ေယာက္ကေတာ့ ျမန္မာႏုိင္ငံမွာ ေမြးေပမယ့္ ထုိင္းႏုိင္ငံမွာ ႀကီးျပင္းခဲ့ရသူတစ္ေယာက္ျဖစ္ပါတယ္။ သူ႔အေနနဲ႔ အႏုပညာအလုပ္ကုိ ဝါသနာပါတာေၾကာင့္ ျမန္မာႏုိင္ငံမွာပဲ အေျခခ်ၿပီး အႏုပညာအလုပ္ေတြ ဆက္လုပ္သြားမယ္လုိ႔ ေျပာျပခဲ့ပါတယ္။

'' ညီမက ငယ္ငယ္ေလးကတည္းက ထုိင္းမွာ ေနတာပါ။ ၆ ႏွစ္ အရြယ္ကတည္းက ထုိင္းကုိေရာက္ၿပီးေတာ့ အခု ျမန္မာႏုိင္ငံကုိ ျပန္လာတာ မၾကာေသးဘူး။ ၂ ႏွစ္နီးပါးေလာက္ပဲ ရွိပါေသးတယ္။ ထုိင္းမွာလည္း ေမာ္ဒယ္လ္အလုပ္ကုိ ေလ့လာဖူးတယ္ ဒါေပမယ့္ အဆင္မေျပဘူး ဘာေၾကာင့္လဲဆုိေတာ့ ဟုိက ေမာ္ဒယ္လ္ေတြက အရမ္းကုိမုိက္ေနေတာ့ ၿပီးေတာ့ ရဲ မွလည္းရတာဆုိေတာ့ ညီမနဲ႔ အဆင္မေျပဘူး'' လုိ႔ ဆုိပါတယ္။

အႏုပညာအလုပ္ေတြလုပ္ေနရေပမယ့္ ျမန္မာစကားသိပ္မတက္ေသးေတာ့ ႀကိဳးစားသင္ယူေနတယ္လုိ႔ ဆုိပါတယ္။

'' စင္ဒီက ျမန္မာႏုိင္ငံမွာ ေနတာမၾကာေသးေတာ့ ျမန္မာစကားကုိ အမ်ားႀကီးလည္း မတက္ပါဘူး။ အခုေတာ့ ႀကိဳးစားေနတယ္ စင္ဒီ စကား ေျပာတာ မရွင္းတာရွိရင္လည္း ေတာင္းပန္ပါတယ္။ စင္ဒီအကုန္လုံးကုိေျပာခ်င္တာက စင္ဒီအခုမွ ဒီေလာကထဲကုိ ဝင္တာျဖစ္တဲ့အတြက္ အမ်ားႀကီး အားေပးပါ'' လုိ႔ စင္ဒီျမတ္က ဆုိပါတယ္။

ေမာ္ဒယ္လ္ စင္ဒီျမတ္ကေတာ့ Star & Model Agency ကေန ေမြးထုတ္ေပးလုိက္တဲ့ အႏုပညာရွင္အသစ္တစ္ေယာက္လည္းျဖစ္ပါတယ္။ သူ႔အေနနဲ႔ ဖက္ရွင္ရႈိးပြဲေတြမွာလည္း ပါဝင္ေနသလုိ Miss Oriental Tourism Myanmar 2017 ဆုကုိလည္း ပုိင္ဆုိင္ထားသူတစ္ေယာက္ပါ။ အႏုပညာလႈပ္ရွားမႈ ေတြကေတာ့ တစ္ေန႔က်မွ ေမာင့္ကုိ ဒီအေၾကာင္းေတြ ေျပာျပရဦးမယ္ ဆုိတဲ့ ဗီဒီယုိဇာတ္ကားမွာလည္း ဗီလိန္ဇာတ္ရုပ္ အျဖစ္ ပါဝင္သရုပ္ေဆာင္ထားတယ္လုိ႔ သိရပါတယ္။

Photo: စင္ဒီျမတ္ေဖ့စ္ဘုတ္

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မော်ဒယ်လ်စင်ဒီမြတ် တစ်ယောက်ကတော့ မြန်မာနိုင်ငံမှာ မွေးပေမယ့် ထိုင်းနိုင်ငံမှာ ကြီးပြင်းခဲ့ရသူတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ အနုပညာအလုပ်ကို ဝါသနာပါတာကြောင့် မြန်မာနိုင်ငံမှာပဲ အခြေချပြီး အနုပညာအလုပ်တွေ ဆက်လုပ်သွားမယ်လို့ ပြောပြခဲ့ပါတယ်။

'' ညီမက ငယ်ငယ်လေးကတည်းက ထိုင်းမှာ နေတာပါ။ ၆ နှစ် အရွယ်ကတည်းက ထိုင်းကိုရောက်ပြီးတော့ အခု မြန်မာနိုင်ငံကို ပြန်လာတာ မကြာသေးဘူး။ ၂ နှစ်နီးပါးလောက်ပဲ ရှိပါသေးတယ်။ ထိုင်းမှာလည်း မော်ဒယ်လ်အလုပ်ကို လေ့လာဖူးတယ် ဒါပေမယ့် အဆင်မပြေဘူး ဘာကြောင့်လဲဆိုတော့ ဟိုက မော်ဒယ်လ်တွေက အရမ်းကိုမိုက်နေတော့ ပြီးတော့ ရဲ မှလည်းရတာဆိုတော့ ညီမနဲ့ အဆင်မပြေဘူး'' လို့ ဆိုပါတယ်။

အနုပညာအလုပ်တွေလုပ်နေရပေမယ့် မြန်မာစကားသိပ်မတက်သေးတော့ ကြိုးစားသင်ယူနေတယ်လို့ ဆိုပါတယ်။

'' စင်ဒီက မြန်မာနိုင်ငံမှာ နေတာမကြာသေးတော့ မြန်မာစကားကို အများကြီးလည်း မတက်ပါဘူး။ အခုတော့ ကြိုးစားနေတယ် စင်ဒီ စကား ပြောတာ မရှင်းတာရှိရင်လည်း တောင်းပန်ပါတယ်။ စင်ဒီအကုန်လုံးကိုပြောချင်တာက စင်ဒီအခုမှ ဒီလောကထဲကို ဝင်တာဖြစ်တဲ့အတွက် အများကြီး အားပေးပါ'' လို့ စင်ဒီမြတ်က ဆိုပါတယ်။

မော်ဒယ်လ် စင်ဒီမြတ်ကတော့ Star & Model Agency ကနေ မွေးထုတ်ပေးလိုက်တဲ့ အနုပညာရှင်အသစ်တစ်ယောက်လည်းဖြစ်ပါတယ်။ သူ့အနေနဲ့ ဖက်ရှင်ရှိုးပွဲတွေမှာလည်း ပါဝင်နေသလို Miss Oriental Tourism Myanmar 2017 ဆုကိုလည်း ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ အနုပညာလှုပ်ရှားမှု တွေကတော့ တစ်နေ့ကျမှ မောင့်ကို ဒီအကြောင်းတွေ ပြောပြရဦးမယ် ဆိုတဲ့ ဗီဒီယိုဇာတ်ကားမှာလည်း ဗီလိန်ဇာတ်ရုပ် အဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Photo: စင်ဒီမြတ်ဖေ့စ်ဘုတ်

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top