iMyanmarHouse.com - Best Property Website for Myanmar
×

သံေယာဇဥ္ မကင္းၾကသူ အားလုံးသို႔ ...

ဝမ္းမနည္းပါနဲ႔ ေတြ႕ခြင့္ရွိလို႔ ဆံုဆည္းခဲ့ၾကတာပါ
လမ္းခြဲခ်ိန္တန္လို႔ လမ္းခြဲၾကရတာပါ ...။

ျဖစ္သင့္လို႔ ျဖစ္လာခဲ့တာပါ ...
ျဖစ္ခ်ိန္တန္လို႔ ျဖစ္သြားတာပါ ...။

စိတ္မေကာင္း မျဖစ္ပါနဲ႔ ...
ပိုင္ဆိုင္ခြင့္ ရွိလာၿပီးရင္ စြန္႔လႊတ္ရျခင္းဆိုတာ ဒြန္တြဲ ပါလာတတ္တာ သဘာဝပါပဲ ...။

စြဲလမ္းမေနပါနဲ႔ ...
စြဲလမ္းမႈ ဆိုတာ တကယ္ေတာ့ ကိုယ့္စိတ္ကို မသိမသာ အလိုလိုက္မိတဲ့ သေဘာပါပဲ ...။

မခ်စ္ပါနဲ႔ေတာ့ ...
ကိုယ့္ကို မခ်စ္လို႔ပဲ ကိုယ့္အနားက ထြက္သြားခဲ့ၿပီပဲေလ ကိုယ္က ဆက္ခ်စ္ေနရင္ ကိုယ္စိတ္ကို ကိုယ္ကိုတိုင္ ျပန္သတ္ေနတာနဲ႔ အတူတူပါပဲ ...။

ဘယ္ေလာက္ပဲ ခံစားေနရပါေစ' ေမ့ႏိုင္ေအာင္ ေမ့ပစ္လိုက္ပါ" ဒဏ္ရာေတြ ဘယ္ေလာက္အထိ နက္နက္နဲနဲ စူးရွနာက်င္ေနပါေစ" တစ္ေန႔မွာ သက္သာေပ်ာက္ကင္း သြားစၿမဲပါပဲ ...။

အဲ့ဒီအခ်ိန္ ကာလ အခိုက္အတန္႔ ေတြၾကားမွာ ကိုယ့္စိတ္ကို မထိန္းခ်ဳပ္ပဲ လႊင့္ေမ်ာထားမယ္ ဆိုရင္ တစ္ေန႔ ေနာင္တေတြနဲ႔ ပိုၿပီး ၿပိဳယိုင္သြားလိမ့္မယ္ ...။

ခံစားမႈနဲ႔ ဒဏ္ရာေတြက တစ္ေန႔သက္သာ ေပ်ာက္ကင္းသြားႏိုင္ေပမယ့္ ေနာင္တ ဆိုတာကေတာ့ ကိုယ့္ဘဝ တစ္ေလွ်ာက္လံုး ကိုယ့္အရိပ္လို လိုက္ပါေနတတ္တယ္ ဆိုတာ ဘယ္ေတာ့မွ မေမ့ပါနဲ႔ ...။

ျဖစ္ႏိုင္ရင္ ေမြးထုပ္ထားတဲ့ အေမ့ကိုေတာင္ သံေယာဇဥ္ ျဖတ္ခ်င္တာ.. ဒါေပမယ့္ အေမ့ေက်းဇူး မဆပ္ရေသးလို႔ အေက် မဆပ္ႏိုင္ေသးလို႔ ေနေနရတယ္ ...။

သံေယာဇဥ္ေၾကာင့္ ပူေလာင္ရတာ သိၾကတဲ့အတိုင္းပဲေလ.. သံေယာဇဥ္ေၾကာင့္ ေအးခ်မ္းရတာက တရားအရသာနဲ႔ မိဘေမတၱာ ဒီႏွစ္ခုပဲ ရွိမယ္ထင္တယ္ ...။

အရိပ္လို ကပ္ပါေနမယ့္ ေနာင္တတရား ရွိေနလို႔သာ သံေယာဇဥ္ မျဖတ္ေသးတာပါ ... ေက်းဇူးေတြ ဆပ္ခြင့္ရလို႔ ေက်းဇူး အေတာ္တန္ ဆပ္ခြင့္ရၿပီးရင္ အားလုံးဟာ ခြဲခြာၾကရမွာပါ ...။

ငါ့ကို မေခၚဘူး ငါ့ကို သံေယာဇဥ္ မရွိဘူး ဆိုၿပီး စြဲလမ္းၿပီး ဝမ္းနည္းမေနနဲ႔.. တစ္ခ်ိန္မွာ အကုန္ခြဲရမွာ ေသကြဲမခြဲရရင္ ရွင္ကြဲခြဲရမယ္ ဆိုတာ နားလည္ၿပီး သံေယာဇဥ္ အပူေတြ ေလ်ာ့ပါ၊ ခြဲသင့္သူကို ခြဲႏိုင္ခ်ိန္တည္းက ခြဲထားၾကပါ၊၊

သံေယာဇဥ္ နည္းသြားေလ စိတ္ခ်မ္းသာမႈ မ်ားေလပါပဲ။

စာဖတ္သူ အားလုံး ေက်းဇူးပါ။

Credit : မိုးသက္ေဝ
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သံယောဇဉ် မကင်းကြသူ အားလုံးသို့ ...

ဝမ်းမနည်းပါနဲ့ တွေ့ခွင့်ရှိလို့ ဆုံဆည်းခဲ့ကြတာပါ
လမ်းခွဲချိန်တန်လို့ လမ်းခွဲကြရတာပါ ...။

ဖြစ်သင့်လို့ ဖြစ်လာခဲ့တာပါ ...
ဖြစ်ချိန်တန်လို့ ဖြစ်သွားတာပါ ...။

စိတ်မကောင်း မဖြစ်ပါနဲ့ ...
ပိုင်ဆိုင်ခွင့် ရှိလာပြီးရင် စွန့်လွှတ်ရခြင်းဆိုတာ ဒွန်တွဲ ပါလာတတ်တာ သဘာဝပါပဲ ...။

စွဲလမ်းမနေပါနဲ့ ...
စွဲလမ်းမှု ဆိုတာ တကယ်တော့ ကိုယ့်စိတ်ကို မသိမသာ အလိုလိုက်မိတဲ့ သဘောပါပဲ ...။

မချစ်ပါနဲ့တော့ ...
ကိုယ့်ကို မချစ်လို့ပဲ ကိုယ့်အနားက ထွက်သွားခဲ့ပြီပဲလေ ကိုယ်က ဆက်ချစ်နေရင် ကိုယ်စိတ်ကို ကိုယ်ကိုတိုင် ပြန်သတ်နေတာနဲ့ အတူတူပါပဲ ...။

ဘယ်လောက်ပဲ ခံစားနေရပါစေ' မေ့နိုင်အောင် မေ့ပစ်လိုက်ပါ" ဒဏ်ရာတွေ ဘယ်လောက်အထိ နက်နက်နဲနဲ စူးရှနာကျင်နေပါစေ" တစ်နေ့မှာ သက်သာပျောက်ကင်း သွားစမြဲပါပဲ ...။

အဲ့ဒီအချိန် ကာလ အခိုက်အတန့် တွေကြားမှာ ကိုယ့်စိတ်ကို မထိန်းချုပ်ပဲ လွှင့်မျောထားမယ် ဆိုရင် တစ်နေ့ နောင်တတွေနဲ့ ပိုပြီး ပြိုယိုင်သွားလိမ့်မယ် ...။

ခံစားမှုနဲ့ ဒဏ်ရာတွေက တစ်နေ့သက်သာ ပျောက်ကင်းသွားနိုင်ပေမယ့် နောင်တ ဆိုတာကတော့ ကိုယ့်ဘဝ တစ်လျှောက်လုံး ကိုယ့်အရိပ်လို လိုက်ပါနေတတ်တယ် ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့ ...။

ဖြစ်နိုင်ရင် မွေးထုပ်ထားတဲ့ အမေ့ကိုတောင် သံယောဇဉ် ဖြတ်ချင်တာ.. ဒါပေမယ့် အမေ့ကျေးဇူး မဆပ်ရသေးလို့ အကျေ မဆပ်နိုင်သေးလို့ နေနေရတယ် ...။

သံယောဇဉ်ကြောင့် ပူလောင်ရတာ သိကြတဲ့အတိုင်းပဲလေ.. သံယောဇဉ်ကြောင့် အေးချမ်းရတာက တရားအရသာနဲ့ မိဘမေတ္တာ ဒီနှစ်ခုပဲ ရှိမယ်ထင်တယ် ...။

အရိပ်လို ကပ်ပါနေမယ့် နောင်တတရား ရှိနေလို့သာ သံယောဇဉ် မဖြတ်သေးတာပါ ... ကျေးဇူးတွေ ဆပ်ခွင့်ရလို့ ကျေးဇူး အတော်တန် ဆပ်ခွင့်ရပြီးရင် အားလုံးဟာ ခွဲခွာကြရမှာပါ ...။

ငါ့ကို မခေါ်ဘူး ငါ့ကို သံယောဇဉ် မရှိဘူး ဆိုပြီး စွဲလမ်းပြီး ဝမ်းနည်းမနေနဲ့.. တစ်ချိန်မှာ အကုန်ခွဲရမှာ သေကွဲမခွဲရရင် ရှင်ကွဲခွဲရမယ် ဆိုတာ နားလည်ပြီး သံယောဇဉ် အပူတွေ လျော့ပါ၊ ခွဲသင့်သူကို ခွဲနိုင်ချိန်တည်းက ခွဲထားကြပါ၊၊

သံယောဇဉ် နည်းသွားလေ စိတ်ချမ်းသာမှု များလေပါပဲ။

စာဖတ်သူ အားလုံး ကျေးဇူးပါ။

Credit : မိုးသက်ဝေ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top