iMyanmarHouse.com - Best Property Website for Myanmar
×

မိႆရာသီဖြား (မတ္လ ၂၁ရက္မွ – ဧၿပီ ၁၉ ရက္အထိ)

ေပါင္းသင္းဆက္ဆံေရးနဲ႕သက္ဆိုင္တဲ့ ပြဲလမ္းေတြကို သြားေရာက္ဖို႕အတြက္ ကိုယ္သိပ္မသိတဲ့သူေတြဆီကပါ ဖိတ္စာေတြ ေရာက္လာႏိုင္ပါတယ္။ ဒါေပမယ့္လည္း မဖယ္ပစ္လိုက္ပါနဲ႕။ ထိုပြဲေတြကို သြားေရာက္ၿပီးေတာ့ သူငယ္ခ်င္းမိတ္ေဆြအသစ္ေတြ သို႕မဟုတ္ ကံေကာင္းေစမယ့္ အဆက္အသြယ္ေတြ ရရွိလာႏိုင္ပါတယ္။ လူအမ်ားနဲ႕ေရာေထြးၿပီးေနရတာကို ႀကိဳက္ႏွစ္သက္ေပမယ့္လည္း ဒီေန႕မွာေတာ့ ကိုယ့္ရဲ႕စိတ္က မိသားစုဆီေရာက္ေနလို႕ အတန္ငယ္ၿငီးေငြ႕ေနႏိုင္ပါတယ္။

ၿပိႆရာသီဖြား (ဧၿပီ ၂၀ မွ – ေမ ၂၀ အထိ)

ဒီေန႕ညမွာ ဧည့္သည္ေတြ အိမ္လည္လာႏိုင္ပါတယ္။ ေန႕အခ်ိန္မွာလည္း အလုပ္နဲ႕လက္မျပတ္ရေအာင္ အလုပ္ေတြရႈပ္ေနမွာျဖစ္ၿပီး ညအိပ္ရာမ၀င္ခင္အထိကို ဟိုဟိုဒီဒီနဲ႕ နားရမွာကို မဟုတ္ပါဘူး။ ဒါေႀကာင့္ မအိပ္ခင္မွာ စိတ္ကိုအနားေပးၿပီးမွ အိပ္ေပးပါ။ မဟုတ္ပါက ညအိပ္လို႕ကို ေပ်ာ္ေတာ့မွာမဟုတ္ပါဘူး။

ေမထုန္ရာသီဖြား (ေမ ၂၁ ရက္မွ – ဇြန္ ၂၀ အထိ)

ေမထုန္ရာသီဖြားေတြ ဒီေန႕စိတ္နဲ႕လူနဲ႕မကပ္ျဖစ္ေနႏိုင္ပါတယ္။ တကယ္ေတာ့ အေရးႀကီးတဲ့ကိစၥေတြ ေခါင္းထဲမွာျပည့္ေနၿပီး အျခားသူေတြက သင့္ကိုစိတ္အေႏွာင့္အယွက္ျဖစ္ေစမည္ အေ၀းကေနၿပီး ၿပံဳးရယ္ေနမွာျဖစ္ပါတယ္။ ဒါေတြကို သိပ္ၿပီးေခါင္းထဲမထည့္ပါနဲ႕။ အျခားသူေတြရဲ႕တံု႕ျပန္မႈကို လိုက္ဂရုစိုက္ေနမယ့္အစား ထိုျပႆနာေတြကို ေျဖရွင္းဖို႕ကိုပဲ ဂရုစိုက္ပါ။

ကရကဋ္ရာသီဖြား (ဇြန္ ၂၁ ရက္မွ – ဇူလိုင္ ၂၂ ရက္အထိ)

အခုေနာက္ပိုင္းမွာ ပိုက္ဆံေတာ္ေတာ္ထြက္ေနတယ္လုိ႕ ခံစားမိေနၿပီးေတာ့ စိုးရိမ္စရာတစ္ခုျဖစ္လာေစႏုိင္ပါတယ္။ အိမ္အျပင္အဆင္ေတြ၊ မိသားစု၊ သူငယ္ခ်င္းေတြနဲ႕ သြားလာတဲ့အခါ သံုးျဖဳန္းခဲ့တယ္ဆိုၿပီး ေတြးေနမိေပမယ့္လည္း သိပ္ၿပီးမစိုးရိမ္ပါနဲ႕။ ဒီေငြေႀကးေတြက ကိုယ္ေသတဲ့အခါ ကိုယ့္ေနာက္ပါမွာမဟုတ္ပါဘူး။ သုံးတဲ့အခါမွာ စနစ္တက်သံုးၿပီး သံုးၿပီးတဲ့အခါမွာလည္း အုတ္ေအာ္ေသာင္းနင္းမျဖစ္ပါေစနဲ႕။

သိဟ္ရာသီဖြား (ဇူလိုင္ ၂၃ ရက္မွ – ႀသဂုတ္ ၂၂ ရက္အထိ)

ဒီေန႕မွာ ေပ်ာ္ရႊင္၊ စိတ္လႈပ္ရွား၊ စိတ္အားထက္သန္တာေတြျဖစ္ေနၿပီး အနာဂတ္အတြက္ အေကာင္းျမင္ေနမွာျဖစ္ပါတယ္။ မိသားစု၊ သူငယ္ခ်င္း၊ အိမ္နီးခ်င္းေတြနဲ႕ ဆက္စပ္ေနတဲ့ ေပါင္းသင္းဆက္ဆံေရးေတြကလည္း ေႏြးေထြးၿပီး သဟဇာတျဖစ္ေနမွာျဖစ္ပါတယ္။ လက္တိုလက္ေတာင္းကိစၥေတြနဲ႕ တေနကုန္အျပင္ထြက္ေနရတာမ်ိဳးေတြ၊ ဖုန္းသံုးေနတာေတြနဲ႕ အခ်ိန္ကုန္ႏိုင္ပါတယ္။ အခ်ိန္အႀကာႀကီး မေတြ႕တာႀကာတဲ့ လူတစ္ဦးဦးနဲ႕လည္း ရုတ္တရက္ေတြ႕ဆံုၿပီး အတိတ္အေႀကာင္းကို ျပန္လည္ေျပာဆိုေနႏိုင္ပါတယ္။

ကန္ရာသီဖြား (ႀသဂုတ္ ၂၃ ရက္မွ – စက္တင္ဘာ ၂၂ ရက္အထိ)

အလွဴဒါနလုပ္လိုစိတ္ေတြျဖစ္ေနၿပီး ကိုယ့္အကူအညီလိုတဲ့ သူေတြကို လိုက္လံရွာေဖြႏိုင္ပါတယ္။ ဒါေပမယ့္လည္း အျခားအေႀကာင္းအရင္းေတြေႀကာင္း ပိုက္ဆံထြက္ကိန္းရွိေနပါတယ္။ တန္ဖိုးရွိတဲ့ လွဴဒါန္းမႈေတြကို ျပဳလုပ္ဖုိ႕အတြက္ မလိုရာမွာမသံုးဘဲေသခ်ာစုမိေအာင္ ႀကိဳးစားပါ။

တူရာသီဖြား (စက္တင္ဘာ ၂၃ ရက္မွ – ေအာက္တိုဘာ ၂၂ ရက္အထိ)

ကိုယ့္ဘ၀ရဲ႕ အေရးႀကီးသူနဲ႕ ဒီေန႕မွာေတြ႕ဆံုဖို႕ကို အခ်ိန္ႀကိဳးစားၿပီး ညိွေနရပါမယ္။ ႏွစ္ဦးသားအတူရွိၿပီဆိုတဲ့ အခ်ိန္မွာလည္း ဖုန္းကအဆတ္မျပတ္မည္လာၿပီး ႏွစ္ဦးသားရဲ႕အခ်ိန္ကို အေႏွာင့္အယွက္ျဖစ္လာေစႏုိင္ပါတယ္။ ထိုအခါမွာ ဖုန္းပိတ္လိုက္ဖို႕ မေတြေ၀ေနပါနဲ႕။ အေရးႀကီးတဲ့ ဖုန္းဆိုရင္ ေနာက္ႀကာတဲ့အခါ ျပန္ဆက္လာပါလိမ့္မယ္။

ၿဗိစာၦရာသီဖြား (ေအာက္တိုဘာ ၂၃ ရက္မွ – ႏို၀င္ဘာ ၂၁ ရက္အထိ)

ကိုယ္တခါမွ မေတြ႕ဖူးတဲ့ လူအုပ္စုနဲ႕ ေတြ႕ဆံုရႏိုင္ပါတယ္။ ဒီလိုအေျခအေနကို စိတ္လႈပ္ရွားစရာ၊ အားတက္စရာအျဖစ္ ခံစားမိႏိုင္ေပမယ့္လည္း အနည္းငယ္ေတာ့လည္း ပ်ာယာခတ္ႏိုင္ပါတယ္။ ဒီေန႕လိုအခ်ိန္မွာ ပံုမွန္ထက္ စကားေျပာတာေလွ်ာ့ၿပီး အားစိုက္ၿပီး နားေထာင္ပါ။ တခါတေလ ဒီလိုလုပ္ေပးတာက တခုခုကိုေျပာဖို႕ႀကိဳးစားတာထက္ လူေတြကို အံ့အားသင့္ေစႏုိင္ပါတယ္။

ဓႏုရာသီဖြား (ႏို၀င္ဘာ ၂၂ ရက္မွ – ဒီဇင္ဘာ ၂၁ ရက္အထိ)

ခရီးသြားျခင္း၊ စူးစမ္းရွာေဖြျခင္းတုိ႕က ေခါင္းထဲမွာျပည့္ေနႏိုင္ပါတယ္။ တျခားတိုင္းေဒသေတြကို ပ်ံသန္းသြားလိုစိတ္၊ ပံုမွန္မဟုတ္တဲ့ အရာေတြကို လုပ္ေဆာင္လုိတဲ့ စိတ္ကူးေတြကို ေတြးေတာေနႏိုင္ပါတယ္။ ဒီလိုမ်ိဳးအေတြးေတြက ျဖစ္ႏုိင္ေျခရွိလို႕ အနည္းငယ္ေလ့လာႀကည့္ပါ။ ဒါ့အျပင္ အျခားစိတ္လႈပ္ရွားစရာေကာင္းတဲ့ စိတ္၀င္စားစရာတစ္ခုခုဆိုင္ရာ နယ္ပယ္ေတြကို သင္ယူလိုစိတ္လည္းျဖစ္ေနႏိုင္လို႕ သင္တန္းတက္ရန္စီစဥ္ဖို႕ အေကာင္းဆံုးေန႕ပါပဲ။

မကရရာသီဖြား (ဒီဇင္ဘာ ၂၂ ရက္မွ – ဇန္န၀ါရီ ၁၉ ရက္အထိ)

ဒီေန႕မွာ လူတစ္ေယာက္ေယာက္ကို စည္းရံုးဖို႕ဆိုတာက လြယ္ကူမွာမဟုတ္ပါဘူး။ ဘယ္ေလာက္ပဲအႀကံဥာဏ္ေတြ ေကာင္းေနပါေစ၊ ရွင္းျပခ်က္ေတြက လက္ခံယံုႀကည္စရာေကာင္းေနပါေစ တဖက္လူက ယံုႀကည္ဖို႕ အဆင္သင့္မျဖစ္ေသးပါဘူး။ တအားတြန္းအားမေပးပါနဲ႕။ တဖက္လူက ရက္အနည္းငယ္ေလာက္ ထပ္စဥ္းစားဖို႕ ဒါမွမဟုတ္ ေလ့လာႀကည့္ဖို႕ ရက္အနည္းငယ္လုိအပ္လို႕ စိတ္ရွည္ရွည္နဲ႕ေစာင္းဆိုင္းၿပီး ထုိအခ်ိန္အတြင္းမွာလည္း အျခားအရာေတြကို အာရံုစိုက္ေပးပါ။

ကုံရာသီဖြား (ဇန္န၀ါရီ ၂၀ ရက္မွ – ေဖေဖာ္၀ါရီ ၁၈ ရက္အထိ)

မိသားစု သို႕မဟုတ္ ခ်စ္ရသူႏွင့္ အတူ ခရီးသြားဖုိ႕ကို ျပင္ဆင္ေနႏိုင္ပါတယ္။ ထိုစိတ္လႈပ္ရွားမႈေတြေႀကာင့္ ဒီေန႕မွာ ခံစားခ်က္အတန္ငယ္ျပင္းထန္ေနႏိုင္ပါတယ္။ သူငယ္ခ်င္းေတြက အႀကံဥာဏ္ေကာင္းေပးစြမ္းႏိုင္ေပမယ့္ ကိုယ့္ကိုယ့္ကိုယံုႀကည္ခ်က္က ျမင့္မားေနလို႕ လက္ခံဖို႕ ခက္ခံေနႏိုင္ပါတယ္။

မိန္ရာသီဖြား (ေဖေဖာ္၀ါရီ ၁၉ ရက္မွ – မတ္ ၂၀ ရက္အထိ)

ေခါင္းထဲမွာ အေတြးေတြနဲ႕ျပည့္ေနလို႕ ၿငိမ္ေနတာကို အျခားသူေတြက သူတို႕ကို အဖက္မလုပ္ဘူးဆိုကာ ယူဆသြားႏုိင္ပါတယ္။ ဒါေပမယ့္လည္း ထင္ခ်င္တာထင္ပါေစ၊ လႊတ္ထားလိုက္ပါ။ အခုခ်ိန္မွာ အေရးႀကီးတဲ့ကိစၥေတြ၊ ျပႆနာေတြ၊ ဆံုးျဖတ္ခ်က္ေတြနဲ႕ ပတ္သက္ၿပီး စဥ္းစားရမွာျဖစ္လုိ႕ အျခားသူေတြေတြးေတာတာကို ေနာက္မွာေျဖရွင္းႏုိင္ပါလိမ့္မယ္။ အခုေလာေလာဆယ္မွာေတာ့ ကိုယ့္ကိုယ့္ကို အာရံုစိုက္ထားပါ။

Credit : My Style
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မိဿရာသီဖွား (မတ်လ ၂၁ရက်မှ – ဧပြီ ၁၉ ရက်အထိ)

ပေါင်းသင်းဆက်ဆံရေးနဲ့သက်ဆိုင်တဲ့ ပွဲလမ်းတွေကို သွားရောက်ဖို့အတွက် ကိုယ်သိပ်မသိတဲ့သူတွေဆီကပါ ဖိတ်စာတွေ ရောက်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း မဖယ်ပစ်လိုက်ပါနဲ့။ ထိုပွဲတွေကို သွားရောက်ပြီးတော့ သူငယ်ချင်းမိတ်ဆွေအသစ်တွေ သို့မဟုတ် ကံကောင်းစေမယ့် အဆက်အသွယ်တွေ ရရှိလာနိုင်ပါတယ်။ လူအများနဲ့ရောထွေးပြီးနေရတာကို ကြိုက်နှစ်သက်ပေမယ့်လည်း ဒီနေ့မှာတော့ ကိုယ့်ရဲ့စိတ်က မိသားစုဆီရောက်နေလို့ အတန်ငယ်ငြီးငွေ့နေနိုင်ပါတယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ – မေ ၂၀ အထိ)

ဒီနေ့ညမှာ ဧည့်သည်တွေ အိမ်လည်လာနိုင်ပါတယ်။ နေ့အချိန်မှာလည်း အလုပ်နဲ့လက်မပြတ်ရအောင် အလုပ်တွေရှုပ်နေမှာဖြစ်ပြီး ညအိပ်ရာမဝင်ခင်အထိကို ဟိုဟိုဒီဒီနဲ့ နားရမှာကို မဟုတ်ပါဘူး။ ဒါကြောင့် မအိပ်ခင်မှာ စိတ်ကိုအနားပေးပြီးမှ အိပ်ပေးပါ။ မဟုတ်ပါက ညအိပ်လို့ကို ပျော်တော့မှာမဟုတ်ပါဘူး။

မေထုန်ရာသီဖွား (မေ ၂၁ ရက်မှ – ဇွန် ၂၀ အထိ)

မေထုန်ရာသီဖွားတွေ ဒီနေ့စိတ်နဲ့လူနဲ့မကပ်ဖြစ်နေနိုင်ပါတယ်။ တကယ်တော့ အရေးကြီးတဲ့ကိစ္စတွေ ခေါင်းထဲမှာပြည့်နေပြီး အခြားသူတွေက သင့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေမည် အဝေးကနေပြီး ပြုံးရယ်နေမှာဖြစ်ပါတယ်။ ဒါတွေကို သိပ်ပြီးခေါင်းထဲမထည့်ပါနဲ့။ အခြားသူတွေရဲ့တုံ့ပြန်မှုကို လိုက်ဂရုစိုက်နေမယ့်အစား ထိုပြဿနာတွေကို ဖြေရှင်းဖို့ကိုပဲ ဂရုစိုက်ပါ။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ ရက်မှ – ဇူလိုင် ၂၂ ရက်အထိ)

အခုနောက်ပိုင်းမှာ ပိုက်ဆံတော်တော်ထွက်နေတယ်လို့ ခံစားမိနေပြီးတော့ စိုးရိမ်စရာတစ်ခုဖြစ်လာစေနိုင်ပါတယ်။ အိမ်အပြင်အဆင်တွေ၊ မိသားစု၊ သူငယ်ချင်းတွေနဲ့ သွားလာတဲ့အခါ သုံးဖြုန်းခဲ့တယ်ဆိုပြီး တွေးနေမိပေမယ့်လည်း သိပ်ပြီးမစိုးရိမ်ပါနဲ့။ ဒီငွေကြေးတွေက ကိုယ်သေတဲ့အခါ ကိုယ့်နောက်ပါမှာမဟုတ်ပါဘူး။ သုံးတဲ့အခါမှာ စနစ်တကျသုံးပြီး သုံးပြီးတဲ့အခါမှာလည်း အုတ်အော်သောင်းနင်းမဖြစ်ပါစေနဲ့။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ ရက်မှ – သြဂုတ် ၂၂ ရက်အထိ)

ဒီနေ့မှာ ပျော်ရွှင်၊ စိတ်လှုပ်ရှား၊ စိတ်အားထက်သန်တာတွေဖြစ်နေပြီး အနာဂတ်အတွက် အကောင်းမြင်နေမှာဖြစ်ပါတယ်။ မိသားစု၊ သူငယ်ချင်း၊ အိမ်နီးချင်းတွေနဲ့ ဆက်စပ်နေတဲ့ ပေါင်းသင်းဆက်ဆံရေးတွေကလည်း နွေးထွေးပြီး သဟဇာတဖြစ်နေမှာဖြစ်ပါတယ်။ လက်တိုလက်တောင်းကိစ္စတွေနဲ့ တနေကုန်အပြင်ထွက်နေရတာမျိုးတွေ၊ ဖုန်းသုံးနေတာတွေနဲ့ အချိန်ကုန်နိုင်ပါတယ်။ အချိန်အကြာကြီး မတွေ့တာကြာတဲ့ လူတစ်ဦးဦးနဲ့လည်း ရုတ်တရက်တွေ့ဆုံပြီး အတိတ်အကြောင်းကို ပြန်လည်ပြောဆိုနေနိုင်ပါတယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ ရက်မှ – စက်တင်ဘာ ၂၂ ရက်အထိ)

အလှူဒါနလုပ်လိုစိတ်တွေဖြစ်နေပြီး ကိုယ့်အကူအညီလိုတဲ့ သူတွေကို လိုက်လံရှာဖွေနိုင်ပါတယ်။ ဒါပေမယ့်လည်း အခြားအကြောင်းအရင်းတွေကြောင်း ပိုက်ဆံထွက်ကိန်းရှိနေပါတယ်။ တန်ဖိုးရှိတဲ့ လှူဒါန်းမှုတွေကို ပြုလုပ်ဖို့အတွက် မလိုရာမှာမသုံးဘဲသေချာစုမိအောင် ကြိုးစားပါ။

တူရာသီဖွား (စက်တင်ဘာ ၂၃ ရက်မှ – အောက်တိုဘာ ၂၂ ရက်အထိ)

ကိုယ့်ဘဝရဲ့ အရေးကြီးသူနဲ့ ဒီနေ့မှာတွေ့ဆုံဖို့ကို အချိန်ကြိုးစားပြီး ညှိနေရပါမယ်။ နှစ်ဦးသားအတူရှိပြီဆိုတဲ့ အချိန်မှာလည်း ဖုန်းကအဆတ်မပြတ်မည်လာပြီး နှစ်ဦးသားရဲ့အချိန်ကို အနှောင့်အယှက်ဖြစ်လာစေနိုင်ပါတယ်။ ထိုအခါမှာ ဖုန်းပိတ်လိုက်ဖို့ မတွေဝေနေပါနဲ့။ အရေးကြီးတဲ့ ဖုန်းဆိုရင် နောက်ကြာတဲ့အခါ ပြန်ဆက်လာပါလိမ့်မယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ ရက်မှ – နိုဝင်ဘာ ၂၁ ရက်အထိ)

ကိုယ်တခါမှ မတွေ့ဖူးတဲ့ လူအုပ်စုနဲ့ တွေ့ဆုံရနိုင်ပါတယ်။ ဒီလိုအခြေအနေကို စိတ်လှုပ်ရှားစရာ၊ အားတက်စရာအဖြစ် ခံစားမိနိုင်ပေမယ့်လည်း အနည်းငယ်တော့လည်း ပျာယာခတ်နိုင်ပါတယ်။ ဒီနေ့လိုအချိန်မှာ ပုံမှန်ထက် စကားပြောတာလျှော့ပြီး အားစိုက်ပြီး နားထောင်ပါ။ တခါတလေ ဒီလိုလုပ်ပေးတာက တခုခုကိုပြောဖို့ကြိုးစားတာထက် လူတွေကို အံ့အားသင့်စေနိုင်ပါတယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ ရက်မှ – ဒီဇင်ဘာ ၂၁ ရက်အထိ)

ခရီးသွားခြင်း၊ စူးစမ်းရှာဖွေခြင်းတို့က ခေါင်းထဲမှာပြည့်နေနိုင်ပါတယ်။ တခြားတိုင်းဒေသတွေကို ပျံသန်းသွားလိုစိတ်၊ ပုံမှန်မဟုတ်တဲ့ အရာတွေကို လုပ်ဆောင်လိုတဲ့ စိတ်ကူးတွေကို တွေးတောနေနိုင်ပါတယ်။ ဒီလိုမျိုးအတွေးတွေက ဖြစ်နိုင်ခြေရှိလို့ အနည်းငယ်လေ့လာကြည့်ပါ။ ဒါ့အပြင် အခြားစိတ်လှုပ်ရှားစရာကောင်းတဲ့ စိတ်ဝင်စားစရာတစ်ခုခုဆိုင်ရာ နယ်ပယ်တွေကို သင်ယူလိုစိတ်လည်းဖြစ်နေနိုင်လို့ သင်တန်းတက်ရန်စီစဉ်ဖို့ အကောင်းဆုံးနေ့ပါပဲ။

မကရရာသီဖွား (ဒီဇင်ဘာ ၂၂ ရက်မှ – ဇန်နဝါရီ ၁၉ ရက်အထိ)

ဒီနေ့မှာ လူတစ်ယောက်ယောက်ကို စည်းရုံးဖို့ဆိုတာက လွယ်ကူမှာမဟုတ်ပါဘူး။ ဘယ်လောက်ပဲအကြံဉာဏ်တွေ ကောင်းနေပါစေ၊ ရှင်းပြချက်တွေက လက်ခံယုံကြည်စရာကောင်းနေပါစေ တဖက်လူက ယုံကြည်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ တအားတွန်းအားမပေးပါနဲ့။ တဖက်လူက ရက်အနည်းငယ်လောက် ထပ်စဉ်းစားဖို့ ဒါမှမဟုတ် လေ့လာကြည့်ဖို့ ရက်အနည်းငယ်လိုအပ်လို့ စိတ်ရှည်ရှည်နဲ့စောင်းဆိုင်းပြီး ထိုအချိန်အတွင်းမှာလည်း အခြားအရာတွေကို အာရုံစိုက်ပေးပါ။

ကုံရာသီဖွား (ဇန်နဝါရီ ၂၀ ရက်မှ – ဖေဖော်ဝါရီ ၁၈ ရက်အထိ)

မိသားစု သို့မဟုတ် ချစ်ရသူနှင့် အတူ ခရီးသွားဖို့ကို ပြင်ဆင်နေနိုင်ပါတယ်။ ထိုစိတ်လှုပ်ရှားမှုတွေကြောင့် ဒီနေ့မှာ ခံစားချက်အတန်ငယ်ပြင်းထန်နေနိုင်ပါတယ်။ သူငယ်ချင်းတွေက အကြံဉာဏ်ကောင်းပေးစွမ်းနိုင်ပေမယ့် ကိုယ့်ကိုယ့်ကိုယုံကြည်ချက်က မြင့်မားနေလို့ လက်ခံဖို့ ခက်ခံနေနိုင်ပါတယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ ရက်မှ – မတ် ၂၀ ရက်အထိ)

ခေါင်းထဲမှာ အတွေးတွေနဲ့ပြည့်နေလို့ ငြိမ်နေတာကို အခြားသူတွေက သူတို့ကို အဖက်မလုပ်ဘူးဆိုကာ ယူဆသွားနိုင်ပါတယ်။ ဒါပေမယ့်လည်း ထင်ချင်တာထင်ပါစေ၊ လွှတ်ထားလိုက်ပါ။ အခုချိန်မှာ အရေးကြီးတဲ့ကိစ္စတွေ၊ ပြဿနာတွေ၊ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး စဉ်းစားရမှာဖြစ်လို့ အခြားသူတွေတွေးတောတာကို နောက်မှာဖြေရှင်းနိုင်ပါလိမ့်မယ်။ အခုလောလောဆယ်မှာတော့ ကိုယ့်ကိုယ့်ကို အာရုံစိုက်ထားပါ။

Credit : My Style

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top