iMyanmarHouse.com - Best Property Website for Myanmar
×

မွဲ႔ တည္ေနရာႏွင့္ အေဟာ-ေတြပါ။ဗဟုသုတအေနနဲ႔မွ်ေဝတာပါ။
အမွန္ၾကီးပဲးလိုမေျပာနိုင္သလို၊ အမွားေတြပါလိုလဲးမဆိုသာပါဘူး။
ကိုယ့္မွာပါတာေလးေတြနဲ႔တိုက္ၾကည္ေပါ့။
ၾကိဳက္လ်ွင္ယူ၊ မၾကိဳက္လွ်င္ပယ္လိုက္ပါ။ အျပင္းေျပတာေပါ့။

တစ္ေန႔သ၌ ကြ်ႏ္ုပ္သည္ တစ္စံုတစ္ခုေသာ ကိုယ္ေရးကိုယ္တာ ျပႆနာအနည္းငယ္ေၾကာင့္ မဟာခ်ိဳင္ေန၀စ္ရွိ ကြ်ႏ္ုပ္၏အခန္းႏွင့္ မနီးမေ၀းတြင္ရွိေသာ ၀ပ္ခုပ္ဟုမည္တြင္ေသာ ဘုရားသို႔ ထြက္လာခဲ့၏။ ၀ပ္ခုပ္ဘုန္းႀကီး ေက်ာင္းသည္ ေခ်ာင္းကမ္းပါးေဘးတြင္ ရွိေလ၏။ ထိုေခ်ာင္းကမ္းေဘးနားတြင္ ထိုင္ခံုကေလးမ်ားလည္း ခ်ထားေလ၏။ လွမ္းၾကည့္လိုက္ေသာအခါတြင္ ေခ်ာင္းေလးထဲတြင္ ေဗဒင္ပန္းမ်ားသည္ ဦးတည္ရာမဲ့ ေမ်ာပါေနေလ၏။ ကြ်ႏ္ုပ္၏ စိတ္အစဥ္သည္လည္း ဥိးတည္ရာမဲ့ ေမွ်ာပါေနေသာ ေဗဒါပန္းမ်ားကဲ့သို႔ ဟိုမွဒီမွ လြင့္ေမ်ာေနေလေတာ့၏။

ကြ်ႏ္ုပ္သည္ ေခ်ာင္းကမ္းေလးေဘးနားတြင္ ထိုင္ေနရင္းႏွင့္ ပါးစပ္ထဲတြင္ ခံတြင္းခ်ဥ္လာေသာေၾကာင့္ အသင့္ပါလာေသာ KRONG THIP ေဆးလိပ္ဗူးထဲမွ ေဆးလိပ္တစ္လိပ္ကို ထုပ္ယူ၍ အားရပါးရ မီးညႇိ႐ႈိက္ဖြာ လိုက္၏။ ထို႔ေနာက္ ပါးစပ္ထဲမွ ထြက္လာေသာ မီးခိုးမ်ားကို ေကာင္းကင္ေပၚသို႔ မႈတ္ထုပ္လိုက္ရင္း ေကာင္းကင္ကို အမွတ္မထင္ ေမာ့ၾကည့္လိုက္မိေလ၏။ ကမ္းနေဘး ဓာတ္တိုင္ေပၚတြင္ ငွက္ကေလးႏွစ္ေကာင္သည္ တစ္ေကာင္ႏွင့္ တစ္ေကာင္ ၾကည္စယ္ေနၾကေလ၏။ ကမ္းနေဘး ပန္းပင္ေလးမ်ားေပၚတြင္လည္း လိပ္ျပာေလးမ်ားသည္ ဟိုမွဒီမွ ျပန္၀ဲေနေလ၏။ ေလာကႀကီးသည္ ပကတိ တိပ္ဆိတ္ေန၏။

ကြ်ႏ္ုပ္သည္ ေဆးလိပ္မ်ားကို တစ္လိပ္ၿပီးတစ္လိပ္ မီးညႇိ႐ိုက္ဖြာေနမိ၏။ ထိုအခ်ိန္တြင္ ကြ်ႏ္ုပ္၏ ေနာက္ကြယ္မွ ဆရာ တစ္ေယာက္တည္းလားဟူေသာ အသံကို ၾကားသျဖင့္ လွည့္ၾကည့္လိုက္ရာ ကြ်ႏ္ုပ္ထံတြင္ ေဗဒင္ေမးဘူးေသာ မွဲ႔ႀကီးႏွင့္ အမ်ိဳးသမီးကို ေတြ႕လိုက္ရေလ၏။ သူမ၏ အမည္ရင္းမွာ မ၀ါ၀ါဟူ၍ ျဖစ္ေလ၏။ သို႔ေသာ္ သူမ၏ ညာဘက္ေအာက္မ်က္ခမ္းတြင္ လက္သဲခြံခန္႔ မွဲ႔နက္ႀကီးတစ္လံုး ထင္းထင္းႀကီး ရွိေနေသာေၾကာင့္ ကြ်ႏ္ုပ္သည္ ထိုမွဲ႔နက္ႀကီးကို မွတ္ထားျခင္းျဖစ္ေလ၏။

ဆရာ ကမ္းနဖူးမွာ တစ္ေယာက္တည္း ဘာေတြလာေဆြးေနတာလဲ။ ဧကႏၱ ျမန္မာျပည္မွာ က်န္ခဲ့တဲ့ မိန္းမနဲ႔ ကေလးကို လြမ္းေနတာမဟုတ္လားဟု ေမးရင္း ကြ်ႏ္ုပ္ႏွင့္ မလွမ္းမကမ္းတြင္ ထိုင္ေလေတာ့၏။ ထိုအခါ ကြ်ႏ္ုပ္က မ၀ါရယ္ ခင္ဗ်ား ထိုင္ခ်င္ရင္ ဟိုးခပ္ေ၀းေ၀းမွာ သြားထိုင္ပါ။ ေတာ္ၾကာ ခင္ဗ်ားနဲ႔ ပါတ္သက္တဲ့ တစ္ေယာက္ေယာက္က ျမင္သြားရင္ အထင္လြဲေနပါ့ဦးမယ္ဟု ကြ်ႏ္ုပ္က ျပန္ေျပာလိုက္ေလရာ မ၀ါက ဆရာရယ္ အခု ပါတ္သက္တဲ့လူလည္း မရွိေတာ့ပါဘူး။ ဟိုတေလာကမွ သူ အိမ္ေပၚက ဆင္းသြားတာေလ။ ကြ်န္မလည္း ေယာက္်ားေတြကို စိတ္နာလို႔ ျပန္မရွာေတာ့ဘူး။ အခုေလာေလာဆယ္ေတာ့ ကြ်န္မ တစ္ယာက္တည္းပဲ ေနတယ္။ အဲဒီေတာ့ ကြ်န္မကလည္း တစ္ေယာက္တည္းသမား ဆရာကလည္း တစ္ေယာက္တည္းသမားဆိုေတာ့ ႏွစ္ေယာက္ေပါင္း ဘ၀တစ္ခု တည္ေဆာက္လိုက္ရရင္ မေကာင္းဘူးလား ဟု ျပန္၍ ေနာက္ေေလေတာ့၏။ ထိုအခါ ကြ်ႏ္ုပ္က...

မ၀ါရယ္ ခင္ဗ်ားမလည္း ေယာက္်ားေတြကို စိတ္နာတယ္ စိတ္နာတယ္နဲ႔ အခု လင္ယူတာ ဘယ္ႏွစ္ေယာက္ ေတာင္၇ွိၿပီလဲဟု ေမးလိုက္ေလရာ မ၀ါက အာ...ဆရာကလည္း အခုမွ ေလးေယာက္ပဲ ရွိပါေသးတယ္ဟု ျပန္ေျပာေလ၏။ ကြ်ႏ္ုသည္ ေယာက္်ားတစ္ေယာက္ၿပီး တစ္ေယာက္ အပစ္ခံရေသာ ထိုမိန္းကေလးအား အပစ္မျမင္ရက္ေပ။ မေကာင္းေသာ မိန္းကေလးဟုလည္း မထင္ရက္ေပ။ ဘ၀ကို ေပါ့ေပါ့တန္တန္ ထားေသာ ေပါ့ပ်က္ပ်က္ မိန္းကေလးတစ္ဦးဟုလည္း မသတ္မွတ္ေပ။ အဘယ္ေၾကာင့္ဆိုေသာ ထိုမ၀ါဆိုေသာ မိန္းကေလးသည္ ဘာသာတရားအင္မတန္ ကိုင္း႐ိုင္းၿပီး မိဘဆရာသမား လူႀကီးသူမမ်ားကို အလြန္း႐ိုေသ တတ္သူျဖစ္ေၾကာင္းကို ကြ်ႏ္ုပ္ ေကာင္းစြာ သိထားေသာေၾကာင့္ပင္ ျဖစ္၏။

သူမသည္ မၾကာခဏဆိုသလို ကြ်ႏ္ုပ္ထံတြင္ အဓိ႒ာန္မ်ားကို လာလာေတာင္းဘူး၏။ ကြ်ႏ္ုပ္ကလည္း အဓိ႒ာန္မ်ားကို မၾကာခနဆိုသလို လမ္းညြန္ဘူး၏။ သူမသည္ အင္မတန္ ခက္ခက္ခဲခဲ ၀င္ရေသာ (၄၉) ရက္ အဓိ႒ာန္မ်ားကိုပင္ အလုပ္တစ္ဖက္ႏွင့္ မပ်က္ေအာင္ ႀကိဳးစား၀င္သူျဖစ္ေလ၏။ တရားပြဲတိုင္းတြင္လည္း သဒၶါတရား ရက္ရက္ေရာေရာျဖင့္ အလွဴဒါနကို ျပဳသူျဖစ္၏။ သာေရးနာေရး မ်ားတြင္လည္း တစ္ညလံုး အိပ္ေရးပ်က္ခံ၍ ကူညီလုပ္ကိုင္ေပးတတ္သူလည္း ျဖစ္ေလ၏။ ထိုမွ်ေလာက္ သေဘာမေနာေကာင္းေသာ မ၀ါဆိုေသာ အမ်ိဳးသမီးတြင္ အျပစ္ေျပာစရာဟူ၍ ညာဘက္မ်က္လံုးေအာက္ရွိ မွဲ႔နက္ႀကီးတစ္လံုးႏွင့္ ယူသမွ် ေယာက္်ားမ်ားက ပစ္သြား၍ တစ္ခုလပ္မက ေလးခုလပ္ ျဖစ္ေနေသာ အခ်က္သာ ရွိေလ၏။

ထို႔ေနာက္ မ၀ါက ဒီမွာဆရာရဲ့။ ကြ်န္မကလည္း ေယာက္်ားေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ယူခ်င္လို႔ ယူေနတယ္ ထင္လို႔လား။ ေနာက္ၿပီး ကြ်န္မကလည္း လင္တစ္ေယာက္ၿပီးတစ္ေယာက္ ကြခ်င္လို႔ ကြဲေနတယ္ ထင္လို႔လားဆရာ။ အမွန္အတိုင္း ေျပာရရင္ ကြ်န္မလည္း သူမ်ားမိသားစုေတြလို စည္းစည္းလံုးလံုး ေအးေအးခ်မ္းခ်မ္း ေနခ်င္တာေပါ့။ ဒါေပမယ့္ဆရာရယ္ ။ကြ်န္မကံကိုက လင္ပစ္မယ့္ ကံဇာတာပါလာသလား မွ မသိတာ။ ေနာက္ၿပီး ကြ်န္မစိတ္ထင္ ကြ်န္မရဲ့ မ်က္ရည္ခံမွဲ႔ေၾကာင့္ ျဖစ္တယ္ထင္တယ္ဟု ေျပာေလ၏။

ကြ်ႏ္ုပ္လည္း ေဆးလိပ္တစ္လိပ္ကို ထုပ္ယူမီးညႇိ႔ ႐ႈိက္ဖြာလိုု္က္ရင္း ဒီလို မ၀ါရဲ့။

 မိန္းကေလးေတြမွာ ထင္ရွားတဲ့ မဲွ႔(၇)မ်ိဳးရွိတယ္လို႔ မွဲ႔နဲ႔ပါတ္သက္တဲ့ က်မ္းေတြမွာဆိုတယ္။
အဓိက မဲွ႔ေတြေပါ့ဟာ။ အဲဒီ မွဲ႔ (၇)မ်ိဳးက ဘာေတြလည္းဆိုိေတာ့ ....

    ရတနာဆံက်စ္လို႔ ေခၚတဲ့မွဲ႔ရယ္။
    ရတနာဆီမီီီးထြန္းဆိုတဲ့ မွဲ႔ရယ္။
    မ်က္ရည္ခံမွဲ႔ရယ္ (ဘယ္ဘက္)
    မ်က္ရည္ခံမွဲ႔ (ညာရယ္)
    ႏႈတ္တဆိတ္ဆိုတဲ့ မွဲ႔ရယ္။
    ေရႊပိတုန္းစုပ္ဆိုတဲ့ မွဲ႔ရယ္။
    စံပယ္တင္(ညာဘက္) မွဲ႔ရယ္ဆိုၿပီး အမ်ိဳးသမီးေတြအတြက္ အထင္ကရ မွဲ႔ (၇)မ်ိဳးရွိတယ္။


အဲဒီမွာ ရင္ဘတ္အလယ္မွာ ထင္ထင္ရွားရွား မွဲ႔တစ္လံုးတည္း ထင္းထင္းႀကီး ရွိေနတယ္္ဆိုရင္ အဲဒီမွဲ႔ကို ၇တနာေရႊအိုးလို႔ ေခၚတယ္။
 အဲဒီမွဲ႔ ရွိတဲ့ အမ်ိဳးသမီးေတြဟာ မ်ားေသာအားျဖင့္ ႀကြယ္၀ခ်မ္းသာေလ့ ရွိတယ္။ နာမည္ဂုဏ္သတင္း ေက်ာ္ၾကားတတ္တယ္။ ေနာက္ၿပီး သူတို႔ေတြဟာ အလုပ္ဌာနေတြမွာ အႀကီးအကဲ ေခါင္းေဆာာင္ျဖစ္ေလ့ရွိတယ္။ သူတို႔ေတြဟာ ဆင္းရဲရင္လဲ ခနပဲ။ ဆင္းရဲတြင္းတဲ က်ေနရင္လည္း ခနပဲ။ မုခ် ႀကီးပြားခ်မ္းသာမယ့္သူေတြ ျဖစ္တယ္။ အဲဒီလို ၇တနာေရႊအိုး မွဲ႔ပါေနတဲ့ အမ်ိဳးသမီးေတြဟာ ေက်ာ္နီ ၊ ပတၱျမား၊ စိန္ ၊ ႏွစ္သက္ရာ တစ္ခုခုကို လက္သူၾကြယ္မွာ ၀တ္ဆင္ထားရင္ ထူးထူးျခားျခား ကံျမင့္မားမယ္။

ေနာက္တစ္ခုက နဖူးရဲ့ ဘယ္ဘက္မွာ ထင္ထင္ရွားရွား မွဲ႔တစ္လံုးတည္း ထင္းထင္းႀကီး ရွိေနတယ္္ဆိုရင္ အဲဒီမွဲ႔ကိုက်ေတာ့ ရတနာဆီမီးထြန္းလို႔ေခၚတယ္။
 အဲဒီလို မွဲ႔ရွိတဲ့ အမ်ိဳးသမီးေတြၾကေတာ့ ပစၥည္းဥစၥာ ၾကြယ္၀ ခ်မ္းသာၾကတယ္။ အိမ္ေထာင္ဘက္ေကာင္းနဲ႔ ဆံုေတြ႕ႏိုင္ၾကတယ္။ ေနာက္ၿပီး သားေကာင္း သမီးေကာင္ေတြ ထြန္းကားၾကတယ္။ ေျပာရရင္ေတာ့ မိဘထက္ျမတ္တဲ့ သားသမီးေတြ ေနာက္ ထင္ေပၚေက်ာ္ၾကားတဲ့ သားသမီးရတနာေတြကို ဖြားျမင္ႏိုင္ၾကတယ္။ ဘာသာေရးဆိုရင္လည္း အရမ္း စိတ္၀င္စားေလ့ရွိတယ္။ တစိုက္မတ္မတ္ လုပ္ေလ့ရွိတယ္။ ဒီဘ၀တြင္ ဘာသာတရားလိုက္စားမယ္ဆိုရင္ တရားထူးတရားျမတ္ ေတာင္ရႏိုင္တယ္လို႔ ဆိုတယ္။

ေနာက္တစ္မ်ိဳးက ဘယ္ဘက္မ်က္ခန္းနဲ႔ အထက္ႏႈတ္ခမ္းၾကား ထင္ထင္ရွားရွား မွဲ႔တစ္လံုးတည္း ထင္းထင္းႀကီး ရွိေနတယ္္ဆိုရင္ အဲဒီမွဲ႔ကို မ်က္ရည္ခံမွဲ႔လို႔ ေခၚတယ္။
ဘယ္ေလာက္ပဲ ေငြေၾကးေတြ စီးစိမ္ဥစၥာေတြ ျပည့္စံုေနေပမယ့္ စိတ္ဆင္းရဲရတတ္တယ္။ ေသာကမ်ားမယ္။ ငယ္စဥ္ကေလးဘ၀ ကတည္းက ၾကမန္းတမ္းတဲ့ ဘ၀ခရီးကို အေကြ႕အေကာက္မ်ားစြာနဲ႔ ျဖတ္သန္းရတတ္တယ္။ ေနာက္ၿပီး အိမ္ေထာင္ဆက္လဲ မ်ားတတ္တယ္။ သူတို႔ေတြဟာ အနက္ေရာင္ဆိုရင္ လံုး၀မ၀တ္သင့္ဘူး။ ေရွာင္သင့္တယ္။ ေက်ာက္စိမ္းကိုလည္း မ၀တ္သင့္ဘူး။ စိန္၊ ဥႆဖယား ၊ ပုလဲစတဲ့ ရတနာတစ္ခုခုကို ကိုယ္နဲ႔မကြာ ၀တ္ထားသင့္တယ္။

ေနာက္မွဲ႔တစ္မ်ိဳးကိုၾကေတာ့ ညာဘက္ေအာက္မ်က္ခမ္းနဲ႔ အထက္ႏႈတ္ခမ္းၾကားမွာ ထင္ထင္ရွားရွား မွဲ႔တစ္လံုးတည္း ထင္းထင္းႀကီး ရွိေနတယ္္ဆိုရင္ မ်က္ရည္ခံႀကီး လို႔ ေခၚတယ္။
 သူတို႔ရဲ့ ဘ၀တစ္ေလွ်ာက္ ဆံုး႐ႈံးမႈ႔ႀကီး မ်ားစြာနဲ႔ ႀကံဳေတြ႕ရတတ္ၿပီး အသက္ႀကီးတဲ့အခ်ိန္မွာ ဆင္းရဲဒုကၡေရာက္ရတတ္တယ္။ မေမွ်ာ္လင့္ပဲ ခင္ပြန္းသည္ ေသဆံုးတတ္ၿပီး ငယ္ငယ္ရြယ္ရြယ္နဲ႔ မုဆိုးမျဖစ္တတ္တယ္။ အဲဒီမ်က္ရည္ခံမွဲ႔ႀကီး ရွိတဲ့ အမ်ိဳးသမီးေတြဟာ ဘာသာတရားကို အထူဒလိုက္စားၿပီး ကိုယ္က်င့္တရား အထူးေကာင္းမြန္ေအာင္ ေနထိုင္ရမယ္။ ကုသိုလ္ေကာင္းမႈ႔ တရစပ္ျပဳလုပ္ ေဆာင္ရြက္ရမယ္။ အက်င့္သီလကို အေကာင္းဆံုး ျဖစ္ေအာင္ ေနထိုင္ရမယ္။ ေမြးေန႔တိုင္း ပန္းဆီမီး ေရခ်မ္း ကပ္လွဴပူေဇာ္သင့္တယ္။ စိန္၊ ဥႆဖယား လက္၀တ္ရတနာတို႔ကို ၀တ္ဆင္ေဆာင္ထားသင့္တယ္။

ေနာက္မွဲ႔တစ္မ်ိဳးကိုၾကေတာ့ ႏႈတ္တဆိတ္ လို႔ ေခၚတယ္။ ဘယ္ဘက္ပါးျပင္ ပါးစပ္နားမွာ ထင္ထင္ရွားရွား မွဲ႔တစ္လံုးတည္း ထင္းထင္းႀကီး ရွိေနတယ္္ဆိုရင္ အဲဒီမွဲ႔ကို ႏႈတ္တဆိတ္ လို႔ေခၚတယ္။
အဲဒီမွဲ႔ ပိုင္ရွင္ေတြဟာ စကားေျပာအေတာ္ ေျပျပစ္တယ္ၾကတယ္။ ခ်ိဳသာၾကတယ္။ စကားေျပာပရိယာယ္ ၾကြယ္၀တယ္။ မူယာမာယာ မ်ားတတ္ၾကတယ္။ အသိသာဆံုးက ေယာက္်ားမ်ား၏ ခ်စ္ခင္မႈ႔ စြဲလန္းမႈ႔မ်ား ရေလ့ရွိတယ္။ အဲဒီမွဲ႔ ပိုင္းရွင္မ်ားဟာ စိန္ရယ္ ျမရယ္ ေျပာင္ေခါင္းစိမ္းရတနာတို႔ကို ၀တ္ဆင္သင့္တယ္။ အနီေရာင္ပန္းပြင့္မ်ားကို မၾကာခဏဆိုသလို ဘုရားကို ကပ္လွဴေပးရင္ ကံဇာတာပိုၿပီး ျမင့္မားေစတယ္။

ေနာက္မွဲ႔တစ္မ်ိဳးက ေရႊပိတုန္းစုပ္ လို႔ ေခၚတယ္။ ညာဘက္ပါးျပင္ ပါးစပ္နားတြင္ ထင္ထင္ရွားရွား မွဲ႔တစ္လံုးတည္း ထင္းထင္းႀကီး ရွိေနတဲ့ မွဲ႔ေပါ့။
 ခ်စ္ခင္ႏွစ္သက္သူမ်ား ၀န္းရံေနတယ္။ မာယာပရိယာယ္ ၾကြယ္၀ၿပီးေတာ့ လူခ်စ္လူခင္ အားႀကီးမ်ားတယ္။ စန္းပြင့္တယ္။ အိမ္ေထာင္ဘက္ အမ်ိဳးသား၏ အက်ိဳးေက်းဇူးကို ခံစားရတယ္။ အျဖဴေရာင္ အစိမ္းေရာင္ ရတနာမွန္သမွ် ၀တ္ဆင္သင့္တယ္။ ပုလဲတစ္မ်ိဳးကို ေတာ့ လံုး၀ ေရွာင္ထားသင့္တယ္။

ေနာက္ဆံုးတစ္မ်ိဳးကေတာ့ စံပယ္တင္မွဲ႔လို႔ ေခၚတယ္။ ဘယ္ဘက္ ပါးျပင္မို႔မို႔မွာ ထင္ထင္ရွားရွား မွဲ႔တစ္လံုးတည္း ထင္းထင္းႀကီး ရွိေနတဲ့ မွဲ႔ကို ေခၚတယ္။
သူတို႔ေတြဟာ နာမည္ေက်ာ္ၾကားထင္ရွားမယ္။ လူတစ္ဦးကို အလြယ္တကူ ႏွစ္သက္တတ္တယ္။ ကိုယ့္အေပၚကို အိမ္ေထာင္ဘက္က ခ်စ္ခင္ေအာင္ စြဲလန္းေအာင္ အမ်ိဳးမ်ိဳး ေဆာင္ရြက္ေလ့ရွိတယ္။ သူတို႔ေတြရဲ့ အခ်စ္ေရးေတြမွာေတာ့ အၿမဲတမ္းဆိုသလို ႏွစ္မ်ိဳးႏွစ္ခြ ႀကံဳရေလ့ရွိတယ္။ သူတို႔ေတြအတြက္ အေကာင္းဆံုး အေဆာင္ကေတာ့ ပန္းပြင့္ပံုလည္ဆြဲတန္ဆာ ကို ေရႊနဲ႔ လုပ္ၿပီး ေဆာင္ထားသင့္တယ္။ အျဖဴေရာင္ ေက်ာက္မ်က္ရတနာ မ်ိဳးစံုနဲ႔ သင့္ျမတ္တယ္။

ကြ်ႏ္ုပ္သည္ အထက္ပါအတိုင္း မ၀ါအား အမ်ိဳးသမီးမ်ားတြင္ ထင္ရွားေသာ မွဲ႔(၇)မ်ိဳး အေၾကာင္းကို ေျပာျပလိုက္ၿပီးလွ်င္ ေဆးလိပ္တစ္လိ္ပ္ကို မီးညႇိ႐ႈိက္ဖြာလိုက္၏။ ထို႔ေနာက္ မီးခိုးမ်ားကို ေကာင္းကင္သို႔ မႈတ္ထုတ္လိုက္၏။ ထိုအခါ မ၀ါက ဒါဆိုရင္ ကြ်န္မေယာက္်ားေတြက တစ္ေယာက္ၿပီးတစ္ေယာက္ ကြ်န္မကို ပစ္ထားခဲ့တာ ဒီမ်က္ရည္ခံ မွဲ႔ႀကီးေၾကာင့္ ျဖစ္မယ္ဟု သူမ၏အထင္ကို ျပန္ေျပာျပေလ၏။ ထိုအခါ ကြ်ႏ္ုပ္က ဒါဆိုရင္ မ၀ါရယ္ အဲဒီမွဲ႔ႀကီးကို ကိုးရီးဟားနည္းပညာနဲ႔ သြားၿပီး ရွင္းပစ္လိုက္ပါလားဟု ကြ်ႏ္ုပ္က ေျပာလိုက္ေလရာ မ၀ါက...

မလုပ္ပါနဲ႔ ဆရာရယ္။ သဘာ၀ဟာသဘာ၀ပဲ ေကာင္းပါတယ္။ သဘာ၀ကို ျပန္လည္ျပင္ဆင္တာ မေကာင္းဘူးထင္ပါတယ္။ အဲဒီေတာ့ဆရာရယ္ အခုလည္း ကြ်န္မနဲ႔ ဆရာလည္း သဘာ၀အတိုင္း လူလြတ္ခ်င္း တစ္အိုးတစ္အိမ္ ထူေထာင္လိုက္ရင္ မေကာင္းေပဘူးလားဟု ျပန္ေနာက္ေလေတာ့၏။ ထိုအခါ ကြ်ႏ္ုပ္က သဘာ၀တရားႀကီးကို ဒီအတိုင္းထားတာ ေကာင္းေပမယ့္ နင္နဲ႔ငါနဲ႔ တစ္အိုးတစ္အိမ္ ထူေထာင္တာေတာ့ မပါဘူးဟာ။ အဲဒီေတာ့ သဘာ၀အတိုင္း အခ်ိန္တန္အိမ္ျပန္ၾကစို႔ဟု ႏႈတ္ဆက္ရင္း မဟာခ်ိဳင္ေန၀စ္ရွိ ၀ပ္ခုပ္ဘုရားမွ လမ္းခြဲ၍ ျပန္လာေလေတာ့သတည္း။

Credit : Esther Kying
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မှဲ့ တည်နေရာနှင့် အဟော-တွေပါ။ဗဟုသုတအနေနဲ့မျှဝေတာပါ။
အမှန်ကြီးပဲးလိုမပြောနိုင်သလို၊ အမှားတွေပါလိုလဲးမဆိုသာပါဘူး။
ကိုယ့်မှာပါတာလေးတွေနဲ့တိုက်ကြည်ပေါ့။
ကြိုက်လျှင်ယူ၊ မကြိုက်လျှင်ပယ်လိုက်ပါ။ အပြင်းပြေတာပေါ့။

တစ်နေ့သ၌ ကျွန်ုပ်သည် တစ်စုံတစ်ခုသော ကိုယ်ရေးကိုယ်တာ ပြဿနာအနည်းငယ်ကြောင့် မဟာချိုင်နေဝစ်ရှိ ကျွန်ုပ်၏အခန်းနှင့် မနီးမဝေးတွင်ရှိသော ဝပ်ခုပ်ဟုမည်တွင်သော ဘုရားသို့ ထွက်လာခဲ့၏။ ဝပ်ခုပ်ဘုန်းကြီး ကျောင်းသည် ချောင်းကမ်းပါးဘေးတွင် ရှိလေ၏။ ထိုချောင်းကမ်းဘေးနားတွင် ထိုင်ခုံကလေးများလည်း ချထားလေ၏။ လှမ်းကြည့်လိုက်သောအခါတွင် ချောင်းလေးထဲတွင် ဗေဒင်ပန်းများသည် ဦးတည်ရာမဲ့ မျောပါနေလေ၏။ ကျွန်ုပ်၏ စိတ်အစဉ်သည်လည်း ဥိးတည်ရာမဲ့ မျှောပါနေသော ဗေဒါပန်းများကဲ့သို့ ဟိုမှဒီမှ လွင့်မျောနေလေတော့၏။

ကျွန်ုပ်သည် ချောင်းကမ်းလေးဘေးနားတွင် ထိုင်နေရင်းနှင့် ပါးစပ်ထဲတွင် ခံတွင်းချဉ်လာသောကြောင့် အသင့်ပါလာသော KRONG THIP ဆေးလိပ်ဗူးထဲမှ ဆေးလိပ်တစ်လိပ်ကို ထုပ်ယူ၍ အားရပါးရ မီးညှိရှိုက်ဖွာ လိုက်၏။ ထို့နောက် ပါးစပ်ထဲမှ ထွက်လာသော မီးခိုးများကို ကောင်းကင်ပေါ်သို့ မှုတ်ထုပ်လိုက်ရင်း ကောင်းကင်ကို အမှတ်မထင် မော့ကြည့်လိုက်မိလေ၏။ ကမ်းနဘေး ဓာတ်တိုင်ပေါ်တွင် ငှက်ကလေးနှစ်ကောင်သည် တစ်ကောင်နှင့် တစ်ကောင် ကြည်စယ်နေကြလေ၏။ ကမ်းနဘေး ပန်းပင်လေးများပေါ်တွင်လည်း လိပ်ပြာလေးများသည် ဟိုမှဒီမှ ပြန်ဝဲနေလေ၏။ လောကကြီးသည် ပကတိ တိပ်ဆိတ်နေ၏။

ကျွန်ုပ်သည် ဆေးလိပ်များကို တစ်လိပ်ပြီးတစ်လိပ် မီးညှိရိုက်ဖွာနေမိ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ နောက်ကွယ်မှ ဆရာ တစ်ယောက်တည်းလားဟူသော အသံကို ကြားသဖြင့် လှည့်ကြည့်လိုက်ရာ ကျွန်ုပ်ထံတွင် ဗေဒင်မေးဘူးသော မှဲ့ကြီးနှင့် အမျိုးသမီးကို တွေ့လိုက်ရလေ၏။ သူမ၏ အမည်ရင်းမှာ မဝါဝါဟူ၍ ဖြစ်လေ၏။ သို့သော် သူမ၏ ညာဘက်အောက်မျက်ခမ်းတွင် လက်သဲခွံခန့် မှဲ့နက်ကြီးတစ်လုံး ထင်းထင်းကြီး ရှိနေသောကြောင့် ကျွန်ုပ်သည် ထိုမှဲ့နက်ကြီးကို မှတ်ထားခြင်းဖြစ်လေ၏။

ဆရာ ကမ်းနဖူးမှာ တစ်ယောက်တည်း ဘာတွေလာဆွေးနေတာလဲ။ ဧကန္တ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိန်းမနဲ့ ကလေးကို လွမ်းနေတာမဟုတ်လားဟု မေးရင်း ကျွန်ုပ်နှင့် မလှမ်းမကမ်းတွင် ထိုင်လေတော့၏။ ထိုအခါ ကျွန်ုပ်က မဝါရယ် ခင်ဗျား ထိုင်ချင်ရင် ဟိုးခပ်ဝေးဝေးမှာ သွားထိုင်ပါ။ တော်ကြာ ခင်ဗျားနဲ့ ပါတ်သက်တဲ့ တစ်ယောက်ယောက်က မြင်သွားရင် အထင်လွဲနေပါ့ဦးမယ်ဟု ကျွန်ုပ်က ပြန်ပြောလိုက်လေရာ မဝါက ဆရာရယ် အခု ပါတ်သက်တဲ့လူလည်း မရှိတော့ပါဘူး။ ဟိုတလောကမှ သူ အိမ်ပေါ်က ဆင်းသွားတာလေ။ ကျွန်မလည်း ယောက်ျားတွေကို စိတ်နာလို့ ပြန်မရှာတော့ဘူး။ အခုလောလောဆယ်တော့ ကျွန်မ တစ်ယာက်တည်းပဲ နေတယ်။ အဲဒီတော့ ကျွန်မကလည်း တစ်ယောက်တည်းသမား ဆရာကလည်း တစ်ယောက်တည်းသမားဆိုတော့ နှစ်ယောက်ပေါင်း ဘဝတစ်ခု တည်ဆောက်လိုက်ရရင် မကောင်းဘူးလား ဟု ပြန်၍ နောက်ေလေတော့၏။ ထိုအခါ ကျွန်ုပ်က...

မဝါရယ် ခင်ဗျားမလည်း ယောက်ျားတွေကို စိတ်နာတယ် စိတ်နာတယ်နဲ့ အခု လင်ယူတာ ဘယ်နှစ်ယောက် တောင်၇ှိပြီလဲဟု မေးလိုက်လေရာ မဝါက အာ...ဆရာကလည်း အခုမှ လေးယောက်ပဲ ရှိပါသေးတယ်ဟု ပြန်ပြောလေ၏။ ကျွန်ုသည် ယောက်ျားတစ်ယောက်ပြီး တစ်ယောက် အပစ်ခံရသော ထိုမိန်းကလေးအား အပစ်မမြင်ရက်ပေ။ မကောင်းသော မိန်းကလေးဟုလည်း မထင်ရက်ပေ။ ဘဝကို ပေါ့ပေါ့တန်တန် ထားသော ပေါ့ပျက်ပျက် မိန်းကလေးတစ်ဦးဟုလည်း မသတ်မှတ်ပေ။ အဘယ်ကြောင့်ဆိုသော ထိုမဝါဆိုသော မိန်းကလေးသည် ဘာသာတရားအင်မတန် ကိုင်းရိုင်းပြီး မိဘဆရာသမား လူကြီးသူမများကို အလွန်းရိုသေ တတ်သူဖြစ်ကြောင်းကို ကျွန်ုပ် ကောင်းစွာ သိထားသောကြောင့်ပင် ဖြစ်၏။

သူမသည် မကြာခဏဆိုသလို ကျွန်ုပ်ထံတွင် အဓိဋ္ဌာန်များကို လာလာတောင်းဘူး၏။ ကျွန်ုပ်ကလည်း အဓိဋ္ဌာန်များကို မကြာခနဆိုသလို လမ်းညွန်ဘူး၏။ သူမသည် အင်မတန် ခက်ခက်ခဲခဲ ဝင်ရသော (၄၉) ရက် အဓိဋ္ဌာန်များကိုပင် အလုပ်တစ်ဖက်နှင့် မပျက်အောင် ကြိုးစားဝင်သူဖြစ်လေ၏။ တရားပွဲတိုင်းတွင်လည်း သဒ္ဓါတရား ရက်ရက်ရောရောဖြင့် အလှူဒါနကို ပြုသူဖြစ်၏။ သာရေးနာရေး များတွင်လည်း တစ်ညလုံး အိပ်ရေးပျက်ခံ၍ ကူညီလုပ်ကိုင်ပေးတတ်သူလည်း ဖြစ်လေ၏။ ထိုမျှလောက် သဘောမနောကောင်းသော မဝါဆိုသော အမျိုးသမီးတွင် အပြစ်ပြောစရာဟူ၍ ညာဘက်မျက်လုံးအောက်ရှိ မှဲ့နက်ကြီးတစ်လုံးနှင့် ယူသမျှ ယောက်ျားများက ပစ်သွား၍ တစ်ခုလပ်မက လေးခုလပ် ဖြစ်နေသော အချက်သာ ရှိလေ၏။

ထို့နောက် မဝါက ဒီမှာဆရာရဲ့။ ကျွန်မကလည်း ယောက်ျားတွေ တစ်ယောက်ပြီးတစ်ယောက် ယူချင်လို့ ယူနေတယ် ထင်လို့လား။ နောက်ပြီး ကျွန်မကလည်း လင်တစ်ယောက်ပြီးတစ်ယောက် ကွချင်လို့ ကွဲနေတယ် ထင်လို့လားဆရာ။ အမှန်အတိုင်း ပြောရရင် ကျွန်မလည်း သူများမိသားစုတွေလို စည်းစည်းလုံးလုံး အေးအေးချမ်းချမ်း နေချင်တာပေါ့။ ဒါပေမယ့်ဆရာရယ် ။ကျွန်မကံကိုက လင်ပစ်မယ့် ကံဇာတာပါလာသလား မှ မသိတာ။ နောက်ပြီး ကျွန်မစိတ်ထင် ကျွန်မရဲ့ မျက်ရည်ခံမှဲ့ကြောင့် ဖြစ်တယ်ထင်တယ်ဟု ပြောလေ၏။

ကျွန်ုပ်လည်း ဆေးလိပ်တစ်လိပ်ကို ထုပ်ယူမီးညှိ့ ရှိုက်ဖွာလိုု်က်ရင်း ဒီလို မဝါရဲ့။

 မိန်းကလေးတွေမှာ ထင်ရှားတဲ့ မဲှ့(၇)မျိုးရှိတယ်လို့ မှဲ့နဲ့ပါတ်သက်တဲ့ ကျမ်းတွေမှာဆိုတယ်။
အဓိက မဲှ့တွေပေါ့ဟာ။ အဲဒီ မှဲ့ (၇)မျိုးက ဘာတွေလည်းဆိုတော့ ....

    ရတနာဆံကျစ်လို့ ခေါ်တဲ့မှဲ့ရယ်။
    ရတနာဆီမီးထွန်းဆိုတဲ့ မှဲ့ရယ်။
    မျက်ရည်ခံမှဲ့ရယ် (ဘယ်ဘက်)
    မျက်ရည်ခံမှဲ့ (ညာရယ်)
    နှုတ်တဆိတ်ဆိုတဲ့ မှဲ့ရယ်။
    ရွှေပိတုန်းစုပ်ဆိုတဲ့ မှဲ့ရယ်။
    စံပယ်တင်(ညာဘက်) မှဲ့ရယ်ဆိုပြီး အမျိုးသမီးတွေအတွက် အထင်ကရ မှဲ့ (၇)မျိုးရှိတယ်။


အဲဒီမှာ ရင်ဘတ်အလယ်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို ၇တနာရွှေအိုးလို့ ခေါ်တယ်။
 အဲဒီမှဲ့ ရှိတဲ့ အမျိုးသမီးတွေဟာ များသောအားဖြင့် ကြွယ်ဝချမ်းသာလေ့ ရှိတယ်။ နာမည်ဂုဏ်သတင်း ကျော်ကြားတတ်တယ်။ နောက်ပြီး သူတို့တွေဟာ အလုပ်ဌာနတွေမှာ အကြီးအကဲ ခေါင်းဆောာင်ဖြစ်လေ့ရှိတယ်။ သူတို့တွေဟာ ဆင်းရဲရင်လဲ ခနပဲ။ ဆင်းရဲတွင်းတဲ ကျနေရင်လည်း ခနပဲ။ မုချ ကြီးပွားချမ်းသာမယ့်သူတွေ ဖြစ်တယ်။ အဲဒီလို ၇တနာရွှေအိုး မှဲ့ပါနေတဲ့ အမျိုးသမီးတွေဟာ ကျော်နီ ၊ ပတ္တမြား၊ စိန် ၊ နှစ်သက်ရာ တစ်ခုခုကို လက်သူကြွယ်မှာ ဝတ်ဆင်ထားရင် ထူးထူးခြားခြား ကံမြင့်မားမယ်။

နောက်တစ်ခုက နဖူးရဲ့ ဘယ်ဘက်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကိုကျတော့ ရတနာဆီမီးထွန်းလို့ခေါ်တယ်။
 အဲဒီလို မှဲ့ရှိတဲ့ အမျိုးသမီးတွေကြတော့ ပစ္စည်းဥစ္စာ ကြွယ်၀ ချမ်းသာကြတယ်။ အိမ်ထောင်ဘက်ကောင်းနဲ့ ဆုံတွေ့နိုင်ကြတယ်။ နောက်ပြီး သားကောင်း သမီးကောင်တွေ ထွန်းကားကြတယ်။ ပြောရရင်တော့ မိဘထက်မြတ်တဲ့ သားသမီးတွေ နောက် ထင်ပေါ်ကျော်ကြားတဲ့ သားသမီးရတနာတွေကို ဖွားမြင်နိုင်ကြတယ်။ ဘာသာရေးဆိုရင်လည်း အရမ်း စိတ်ဝင်စားလေ့ရှိတယ်။ တစိုက်မတ်မတ် လုပ်လေ့ရှိတယ်။ ဒီဘဝတွင် ဘာသာတရားလိုက်စားမယ်ဆိုရင် တရားထူးတရားမြတ် တောင်ရနိုင်တယ်လို့ ဆိုတယ်။

နောက်တစ်မျိုးက ဘယ်ဘက်မျက်ခန်းနဲ့ အထက်နှုတ်ခမ်းကြား ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို မျက်ရည်ခံမှဲ့လို့ ခေါ်တယ်။
ဘယ်လောက်ပဲ ငွေကြေးတွေ စီးစိမ်ဥစ္စာတွေ ပြည့်စုံနေပေမယ့် စိတ်ဆင်းရဲရတတ်တယ်။ သောကများမယ်။ ငယ်စဉ်ကလေးဘ၀ ကတည်းက ကြမန်းတမ်းတဲ့ ဘဝခရီးကို အကွေ့အကောက်များစွာနဲ့ ဖြတ်သန်းရတတ်တယ်။ နောက်ပြီး အိမ်ထောင်ဆက်လဲ များတတ်တယ်။ သူတို့တွေဟာ အနက်ရောင်ဆိုရင် လုံးဝမ၀တ်သင့်ဘူး။ ရှောင်သင့်တယ်။ ကျောက်စိမ်းကိုလည်း မဝတ်သင့်ဘူး။ စိန်၊ ဥဿဖယား ၊ ပုလဲစတဲ့ ရတနာတစ်ခုခုကို ကိုယ်နဲ့မကွာ ဝတ်ထားသင့်တယ်။

နောက်မှဲ့တစ်မျိုးကိုကြတော့ ညာဘက်အောက်မျက်ခမ်းနဲ့ အထက်နှုတ်ခမ်းကြားမှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် မျက်ရည်ခံကြီး လို့ ခေါ်တယ်။
 သူတို့ရဲ့ ဘဝတစ်လျှောက် ဆုံးရှုံးမှု့ကြီး များစွာနဲ့ ကြုံတွေ့ရတတ်ပြီး အသက်ကြီးတဲ့အချိန်မှာ ဆင်းရဲဒုက္ခရောက်ရတတ်တယ်။ မမျှော်လင့်ပဲ ခင်ပွန်းသည် သေဆုံးတတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်တတ်တယ်။ အဲဒီမျက်ရည်ခံမှဲ့ကြီး ရှိတဲ့ အမျိုးသမီးတွေဟာ ဘာသာတရားကို အထူဒလိုက်စားပြီး ကိုယ်ကျင့်တရား အထူးကောင်းမွန်အောင် နေထိုင်ရမယ်။ ကုသိုလ်ကောင်းမှု့ တရစပ်ပြုလုပ် ဆောင်ရွက်ရမယ်။ အကျင့်သီလကို အကောင်းဆုံး ဖြစ်အောင် နေထိုင်ရမယ်။ မွေးနေ့တိုင်း ပန်းဆီမီး ရေချမ်း ကပ်လှူပူဇော်သင့်တယ်။ စိန်၊ ဥဿဖယား လက်ဝတ်ရတနာတို့ကို ဝတ်ဆင်ဆောင်ထားသင့်တယ်။

နောက်မှဲ့တစ်မျိုးကိုကြတော့ နှုတ်တဆိတ် လို့ ခေါ်တယ်။ ဘယ်ဘက်ပါးပြင် ပါးစပ်နားမှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို နှုတ်တဆိတ် လို့ခေါ်တယ်။
အဲဒီမှဲ့ ပိုင်ရှင်တွေဟာ စကားပြောအတော် ပြေပြစ်တယ်ကြတယ်။ ချိုသာကြတယ်။ စကားပြောပရိယာယ် ကြွယ်ဝတယ်။ မူယာမာယာ များတတ်ကြတယ်။ အသိသာဆုံးက ယောက်ျားများ၏ ချစ်ခင်မှု့ စွဲလန်းမှု့များ ရလေ့ရှိတယ်။ အဲဒီမှဲ့ ပိုင်းရှင်များဟာ စိန်ရယ် မြရယ် ပြောင်ခေါင်းစိမ်းရတနာတို့ကို ဝတ်ဆင်သင့်တယ်။ အနီရောင်ပန်းပွင့်များကို မကြာခဏဆိုသလို ဘုရားကို ကပ်လှူပေးရင် ကံဇာတာပိုပြီး မြင့်မားစေတယ်။

နောက်မှဲ့တစ်မျိုးက ရွှေပိတုန်းစုပ် လို့ ခေါ်တယ်။ ညာဘက်ပါးပြင် ပါးစပ်နားတွင် ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ပေါ့။
 ချစ်ခင်နှစ်သက်သူများ ဝန်းရံနေတယ်။ မာယာပရိယာယ် ကြွယ်ဝပြီးတော့ လူချစ်လူခင် အားကြီးများတယ်။ စန်းပွင့်တယ်။ အိမ်ထောင်ဘက် အမျိုးသား၏ အကျိုးကျေးဇူးကို ခံစားရတယ်။ အဖြူရောင် အစိမ်းရောင် ရတနာမှန်သမျှ ဝတ်ဆင်သင့်တယ်။ ပုလဲတစ်မျိုးကို တော့ လုံး၀ ရှောင်ထားသင့်တယ်။

နောက်ဆုံးတစ်မျိုးကတော့ စံပယ်တင်မှဲ့လို့ ခေါ်တယ်။ ဘယ်ဘက် ပါးပြင်မို့မို့မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ကို ခေါ်တယ်။
သူတို့တွေဟာ နာမည်ကျော်ကြားထင်ရှားမယ်။ လူတစ်ဦးကို အလွယ်တကူ နှစ်သက်တတ်တယ်။ ကိုယ့်အပေါ်ကို အိမ်ထောင်ဘက်က ချစ်ခင်အောင် စွဲလန်းအောင် အမျိုးမျိုး ဆောင်ရွက်လေ့ရှိတယ်။ သူတို့တွေရဲ့ အချစ်ရေးတွေမှာတော့ အမြဲတမ်းဆိုသလို နှစ်မျိုးနှစ်ခွ ကြုံရလေ့ရှိတယ်။ သူတို့တွေအတွက် အကောင်းဆုံး အဆောင်ကတော့ ပန်းပွင့်ပုံလည်ဆွဲတန်ဆာ ကို ရွှေနဲ့ လုပ်ပြီး ဆောင်ထားသင့်တယ်။ အဖြူရောင် ကျောက်မျက်ရတနာ မျိုးစုံနဲ့ သင့်မြတ်တယ်။

ကျွန်ုပ်သည် အထက်ပါအတိုင်း မဝါအား အမျိုးသမီးများတွင် ထင်ရှားသော မှဲ့(၇)မျိုး အကြောင်းကို ပြောပြလိုက်ပြီးလျှင် ဆေးလိပ်တစ်လိပ်ကို မီးညှိရှိုက်ဖွာလိုက်၏။ ထို့နောက် မီးခိုးများကို ကောင်းကင်သို့ မှုတ်ထုတ်လိုက်၏။ ထိုအခါ မဝါက ဒါဆိုရင် ကျွန်မယောက်ျားတွေက တစ်ယောက်ပြီးတစ်ယောက် ကျွန်မကို ပစ်ထားခဲ့တာ ဒီမျက်ရည်ခံ မှဲ့ကြီးကြောင့် ဖြစ်မယ်ဟု သူမ၏အထင်ကို ပြန်ပြောပြလေ၏။ ထိုအခါ ကျွန်ုပ်က ဒါဆိုရင် မဝါရယ် အဲဒီမှဲ့ကြီးကို ကိုးရီးဟားနည်းပညာနဲ့ သွားပြီး ရှင်းပစ်လိုက်ပါလားဟု ကျွန်ုပ်က ပြောလိုက်လေရာ မဝါက...

မလုပ်ပါနဲ့ ဆရာရယ်။ သဘာဝဟာသဘာဝပဲ ကောင်းပါတယ်။ သဘာဝကို ပြန်လည်ပြင်ဆင်တာ မကောင်းဘူးထင်ပါတယ်။ အဲဒီတော့ဆရာရယ် အခုလည်း ကျွန်မနဲ့ ဆရာလည်း သဘာဝအတိုင်း လူလွတ်ချင်း တစ်အိုးတစ်အိမ် ထူထောင်လိုက်ရင် မကောင်းပေဘူးလားဟု ပြန်နောက်လေတော့၏။ ထိုအခါ ကျွန်ုပ်က သဘာဝတရားကြီးကို ဒီအတိုင်းထားတာ ကောင်းပေမယ့် နင်နဲ့ငါနဲ့ တစ်အိုးတစ်အိမ် ထူထောင်တာတော့ မပါဘူးဟာ။ အဲဒီတော့ သဘာဝအတိုင်း အချိန်တန်အိမ်ပြန်ကြစို့ဟု နှုတ်ဆက်ရင်း မဟာချိုင်နေဝစ်ရှိ ဝပ်ခုပ်ဘုရားမှ လမ်းခွဲ၍ ပြန်လာလေတော့သတည်း။

Credit : Esther Kying

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top