iMyanmarHouse.com - Best Property Website for Myanmar
×

ေနေလာင္ကြက္ေတြေၾကာင့္ ဘာမွစိတ္ညစ္မေနပါနဲ႔။ ညတြင္းခ်င္းသက္သာေပ်ာက္ကင္းေစတဲ့ နည္းလမ္းေကာင္းေလးရွိပါတယ္။ သန္႔ရွင္းလတ္ဆတ္တဲ့ ခ်ည္သားအဝတ္စ၊ ပန္းသီးရွာလကာရည္ (ေခၚ) Apple Cider Vengia (City Mart တြင္ရွိ)၊ အေမႊးရနံ႔မပါေသာ သဘာဝအုန္းဆီစစ္စစ္တို႔လိုအပ္ပါတယ္။

ေရွးဦးစြာ အဝတ္စေျခာက္ေျခာက္ကို စိုစြတ္သြားေအာင္ ေရဇလံုတစ္ခုထဲမွာႏွစ္စိမ္ျပီး ထိုေရမ်ားကုန္စင္ေအာင္ညွစ္ပါ။ ျပီးရင္အဝတ္စကို ပန္းသီးရွာလကာရည္ပက္ဖ်န္းျပီး ထိုအဝတ္စျဖင့္ ေနေလာင္ကြက္ေပၚအသာအယာဖိ၍ ၾကပ္ထုပ္ထိုးေပးပါ။ ခ်က္ခ်င္းဆိုသလို နာက်င္မႈေဝဒနာမ်ား သက္သာေပ်ာက္ကင္းသြားပါလိမ့္မယ္။  ၾကပ္ထုပ္ထိုးျပီးေနာက္ အေရျပားေျခာက္ေသြ႔ေအာင္ ၁၀ မိနစ္ေလာက္ေစာင့္ျပီး အုန္းဆီျဖင့္ ေနေေလာင္ကြက္ေပၚ ခမ္သာသာဖိ၍ အသားထဲစိမ့္ဝင္သြားေအာင္လိမ္းေပးပါ။ နံနက္အိပ္ရာထတဲ့အခါ ေနေလာင္ကြက္မ်ားသိသိသာသာသ ေလ်ာ့ပါးသြားတာကို ဒိ႒ျမင္ေတြ႔ရပါလိမ့္မယ္။ ေနာက္ေန႔ေတြမွာလည္း အုန္းဆီဆက္လက္လူးေပးျခင္းျဖင့္ ေနေလာင္အေရျပားမ်ားအလႊာလိုက္ ကြာက်သြားေစပါတယ္။

ေနေလာင္ကြက္မ်ားကို သက္သာေစတဲ့ အျခားအိမ္တြင္းကုထံုးေလးမ်ားကေတာ့

(၁) ေကြကာအုတ္အေျခာက္ကိုခ်ည္သား အဝတ္အိတ္သန္႔သန္႔ထဲထည့္၍ ေရဇလံုတစ္ခုထဲႏွစ္စိမ္ပါ။ ေကြကာအုတ္အရည္ရေစဖို႔ အဝတ္အိတ္ကိုအဲဒီဇလံုထဲမွာပင္ ညွစ္ယူပါ။ ရလာေသာေကြကာအုတ္အရည္ျဖင့္ ေနေလာင္ကြက္မ်ားေပၚ ၂နာရီျခားတစ္ခါ လိမ္းေပးပါ။

(၂) အဆီထုတ္ထားေသာ ႏြားႏို႔တစ္ခြက္ကို ေရေလးခြက္ေရာ၍ ေရခဲတံုးအနည္းငယ္ထည့္ပါ။ ထိုႏို႔ရည္ေအးေအးျဖင့္ ေနေလာင္ကြက္မ်ားေပၚ ၁၅မိနစ္လွ်င္တစ္ၾကိမ္စီလိမ္းေပးပါ။

(၃) ေျပာင္းဖူးေကာ္မႈန္႔ (ေခၚ) Cornstarch ကို ေရနည္းနည္းျဖင့္ ပ်စ္ေအာင္လုပ္ျပီး ေနေလာင္ကြက္ေပၚလိမ္းေပးႏိုင္ပါတယ္။ (ေျပာင္းဖူးေကာ္မႈန္႔ကို City Mart တြင္ ရရွိႏိုင္၏ ။)

(၄) ဆလတ္ရြက္ကိုျပဳတ္၍ ရလာေသာအရည္ျဖင့္ ေနေလာင္ကြက္မ်ားေပၚ လိမ္းေပးပါ။ (ပိုလွ်ံေသာ ဆလတ္ရြက္ျပဳတ္ရည္မ်ားကို ေရခဲေသတၱာထဲ သိမ္းထားျပီး ေနာက္ေန႔တြင္ဆက္သံုးႏိုင္ပါတယ္။)

(၅) ေနေလာင္ကြက္မ်ားေပၚ ဒိန္ခ်ဥ္လိမ္းေပးျပီးေနာက္ ေရေအးျဖင့္ ေရခ်ိဳးပါ။

(၆) တစ္ခါေသာက္လက္ဖက္ေျခာက္ထုပ္ေတြကို ေရေႏြးစိမ္ေသာက္ျပီးေနာက္မစြန္႔ပစ္ပါနဲ႔။ လက္ဖက္ေျခာက္ထဲတြင္ပါရွိေသာ tannic အက္စစ္ဓာတ္မ်ားက မ်က္ခြံမို႔ေရာင္ကိုင္းျခင္းနဲ႔ေနေလာင္ကြက္မ်ားကို ေပ်ာက္ကင္းေစႏိုင္လို့ပါပဲ။ ထိုလက္ဖက္ေျခာက္ အစိုထုပ္ကေလးမ်ားကို အေအးခံျပီးသံုးေပးႏိုင္ပါတယ္။

အလွအပျမတ္ႏုိးသူတိုင္း လွသထက္ပို၍လွႏိုင္ၾကပါေစရွင္။

Credit : Lyhealthcare
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နေလောင်ကွက်တွေကြောင့် ဘာမှစိတ်ညစ်မနေပါနဲ့။ ညတွင်းချင်းသက်သာပျောက်ကင်းစေတဲ့ နည်းလမ်းကောင်းလေးရှိပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ ချည်သားအဝတ်စ၊ ပန်းသီးရှာလကာရည် (ခေါ်) Apple Cider Vengia (City Mart တွင်ရှိ)၊ အမွှေးရနံ့မပါသော သဘာဝအုန်းဆီစစ်စစ်တို့လိုအပ်ပါတယ်။

ရှေးဦးစွာ အဝတ်စခြောက်ခြောက်ကို စိုစွတ်သွားအောင် ရေဇလုံတစ်ခုထဲမှာနှစ်စိမ်ပြီး ထိုရေများကုန်စင်အောင်ညှစ်ပါ။ ပြီးရင်အဝတ်စကို ပန်းသီးရှာလကာရည်ပက်ဖျန်းပြီး ထိုအဝတ်စဖြင့် နေလောင်ကွက်ပေါ်အသာအယာဖိ၍ ကြပ်ထုပ်ထိုးပေးပါ။ ချက်ချင်းဆိုသလို နာကျင်မှုဝေဒနာများ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။  ကြပ်ထုပ်ထိုးပြီးနောက် အရေပြားခြောက်သွေ့အောင် ၁၀ မိနစ်လောက်စောင့်ပြီး အုန်းဆီဖြင့် နေေလောင်ကွက်ပေါ် ခမ်သာသာဖိ၍ အသားထဲစိမ့်ဝင်သွားအောင်လိမ်းပေးပါ။ နံနက်အိပ်ရာထတဲ့အခါ နေလောင်ကွက်များသိသိသာသာသ လျော့ပါးသွားတာကို ဒိဋ္ဌမြင်တွေ့ရပါလိမ့်မယ်။ နောက်နေ့တွေမှာလည်း အုန်းဆီဆက်လက်လူးပေးခြင်းဖြင့် နေလောင်အရေပြားများအလွှာလိုက် ကွာကျသွားစေပါတယ်။

နေလောင်ကွက်များကို သက်သာစေတဲ့ အခြားအိမ်တွင်းကုထုံးလေးများကတော့

(၁) ကွေကာအုတ်အခြောက်ကိုချည်သား အဝတ်အိတ်သန့်သန့်ထဲထည့်၍ ရေဇလုံတစ်ခုထဲနှစ်စိမ်ပါ။ ကွေကာအုတ်အရည်ရစေဖို့ အဝတ်အိတ်ကိုအဲဒီဇလုံထဲမှာပင် ညှစ်ယူပါ။ ရလာသောကွေကာအုတ်အရည်ဖြင့် နေလောင်ကွက်များပေါ် ၂နာရီခြားတစ်ခါ လိမ်းပေးပါ။

(၂) အဆီထုတ်ထားသော နွားနို့တစ်ခွက်ကို ရေလေးခွက်ရော၍ ရေခဲတုံးအနည်းငယ်ထည့်ပါ။ ထိုနို့ရည်အေးအေးဖြင့် နေလောင်ကွက်များပေါ် ၁၅မိနစ်လျှင်တစ်ကြိမ်စီလိမ်းပေးပါ။

(၃) ပြောင်းဖူးကော်မှုန့် (ခေါ်) Cornstarch ကို ရေနည်းနည်းဖြင့် ပျစ်အောင်လုပ်ပြီး နေလောင်ကွက်ပေါ်လိမ်းပေးနိုင်ပါတယ်။ (ပြောင်းဖူးကော်မှုန့်ကို City Mart တွင် ရရှိနိုင်၏ ။)

(၄) ဆလတ်ရွက်ကိုပြုတ်၍ ရလာသောအရည်ဖြင့် နေလောင်ကွက်များပေါ် လိမ်းပေးပါ။ (ပိုလျှံသော ဆလတ်ရွက်ပြုတ်ရည်များကို ရေခဲသေတ္တာထဲ သိမ်းထားပြီး နောက်နေ့တွင်ဆက်သုံးနိုင်ပါတယ်။)

(၅) နေလောင်ကွက်များပေါ် ဒိန်ချဉ်လိမ်းပေးပြီးနောက် ရေအေးဖြင့် ရေချိုးပါ။

(၆) တစ်ခါသောက်လက်ဖက်ခြောက်ထုပ်တွေကို ရေနွေးစိမ်သောက်ပြီးနောက်မစွန့်ပစ်ပါနဲ့။ လက်ဖက်ခြောက်ထဲတွင်ပါရှိသော tannic အက်စစ်ဓာတ်များက မျက်ခွံမို့ရောင်ကိုင်းခြင်းနဲ့နေလောင်ကွက်များကို ပျောက်ကင်းစေနိုင်လို့ပါပဲ။ ထိုလက်ဖက်ခြောက် အစိုထုပ်ကလေးများကို အအေးခံပြီးသုံးပေးနိုင်ပါတယ်။

အလှအပမြတ်နိုးသူတိုင်း လှသထက်ပို၍လှနိုင်ကြပါစေရှင်။

Credit : Lyhealthcare

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top