iMyanmarHouse.com - Best Property Website for Myanmar
×

ပဲငံျပာရည္ဟာ က်န္းမာေရးအတြက္ အက်ိဳးရွိေစႏိုင္ေၾကာင္း သိၾကေပမယ့္ ေလ့လာစမ္းသပ္မႈ အမ်ားအျပားလုပ္ဖို႔ လိုအပ္ပါေသးတယ္။

          လုပ္ထားခဲ့သမွ် ေလ့လာစမ္းသပ္မႈေတြအရ ပဲငံျပာရည္ရဲ႕ က်န္းမာေရး အက်ိဳးျပဳပံုေတြကို ေအာက္ပါအတိုင္း ေတြ႕ရပါတယ္။

•        ဓာတ္မတည့္ျခင္းကို ေလ်ာ့က်ေစႏိုင္ပါတယ္။

          ရာသီလိုက္ ဓာတ္မတည့္တတ္သူ 76 ေယာက္ကို တစ္ေန႔ ပဲငံျပာရည္ 600 မီလီဂရမ္ သို႔မဟုတ္ 60 စီစီ စားေစၿပီး စမ္းသပ္ၾကည့္ရာ ေရာဂါသက္သာလာတာကို ေတြ႕ရပါတယ္။

•        အစာေျချခင္းကို ျမန္ဆန္ေစႏိုင္ပါတယ္။

          ပဲငံျပာရည္စြပ္ျပဳတ္ဟာ အစာေျခရည္ ပိုထြက္ေစႏိုင္တာကို ေတြ႕ရပါတယ္။ ထြက္တဲ့ပမာဏဟာ ကဖိန္းဓာတ္ေၾကာင့္ ထြက္တာနဲ႔ ညီမွ်ပါတယ္။ အစာေျခရည္ ပုိထြက္တဲ့အတြက္ အစာေျချခင္းကို ပိုမိုျမန္ဆန္ေစႏိုင္ပါတယ္။


•        အစာအိမ္နဲ႔ အူလမ္းေၾကာင္းကို က်န္းမာေစႏိုင္ပါတယ္။

          ပဲငံျပာရည္မွာ ပါဝင္တဲ့ သၾကားဓာတ္ဟာ အစာအိမ္နဲ႔ အူလမ္းေၾကာင္း တစ္ေလ်ွာက္မွာရွိတဲ့ အက်ိဳးျပဳ ဘတ္တီးရီးယားပိုးမႊားေတြအတြက္ ေကာင္းမြန္ပါတယ္။ ဒါေၾကာင့္ အစာအိမ္နဲ႔ အူလမ္းေၾကာင္းကို အက်ိဳးျပဳပါတယ္။

•        ဓာတ္တိုးဆန္႔က်င္ပစၥည္း (Antioxidants) မ်ား ပါဝင္ပါတယ္။

          ပဲငံျပာရည္အေနာက္မွာ က်န္းမာေရးအတြက္ အေရးပါတဲ့ ဓာတ္တိုးဆန္႔က်င္ပစၥည္းမ်ား အမ်ားအျပား ပါဝင္ေၾကာင္း သိရပါတယ္။ လူေတြအတြက္ အက်ိဳးျပဳ၊ မျပဳဆိုတာ စမ္းသပ္မႈ မျပဳလုပ္ရေသးေပမယ့္ ေလ့လာမႈတစ္ခုမွာေတာ့ ႏွလံုးကို က်န္းမာေစႏိုင္တယ္လို႔ ဆိုပါတယ္။

•        ကိုယ္ခံစြမ္းအားကို တိုးျမႇင့္ေပးႏိုင္ပါတယ္။

          စမး္သပ္မႈႏွစ္ခုမွာ ၾကြက္ေတြကို ပဲငံျပာရည္မွာ ပါဝင္တဲ့ ကစီဓာတ္တစ္မ်ိဳးကို ေကြၽးၾကည့္ရာ ကိုယ္ခံစြမ္းအား တက္လာတာကို ေတြ႕ရပါတယ္။

•        ကင္ဆာကို ကာကြယ္ေပးႏိုင္ပါတယ္။

          ၾကြက္ေတြမွာ ျပဳလုပ္တဲ့ ေလ့လာစမ္းသပ္မႈေတြမွာ ပဲငံျပာရည္ဟာ ကင္ဆာအႀကိတ္ေတြ မျဖစ္ေအာင္ တားဆီးႏိုင္တဲ့ အစြမ္းရွိေၾကာင္း ေတြ႕ရပါတယ္။ လူေတြမွာေရာ ဒီအစြမ္းသတၱိ ရွိ၊ မရွိကို ေလ့လာမႈေတြ ထပ္လုပ္ဖို႔ လိုအပ္ပါေသးတယ္။

•        ေသြးေပါင္ကို က်ေစႏိုင္ပါတယ္။

          ဆား ပါဝင္မႈနည္းတဲ့ Ganjang ေခၚ ကိုးရီးယား ပဲငံျပာရည္မ်ိဳးဟာ ၾကြက္ေတြမွာ ေသြးေပါင္က်ေစတာကို ေတြ႕ရပါတယ္။ လူေတြမွာ စမ္းသပ္မႈ လုပ္ထားတာေတာ့ မရွိေသးပါဘူး။

Credit : Dr. Mya Phoo Ngon (www.drmyanmar.com)
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပဲငံပြာရည်ဟာ ကျန်းမာရေးအတွက် အကျိုးရှိစေနိုင်ကြောင်း သိကြပေမယ့် လေ့လာစမ်းသပ်မှု အများအပြားလုပ်ဖို့ လိုအပ်ပါသေးတယ်။

          လုပ်ထားခဲ့သမျှ လေ့လာစမ်းသပ်မှုတွေအရ ပဲငံပြာရည်ရဲ့ ကျန်းမာရေး အကျိုးပြုပုံတွေကို အောက်ပါအတိုင်း တွေ့ရပါတယ်။

•        ဓာတ်မတည့်ခြင်းကို လျော့ကျစေနိုင်ပါတယ်။

          ရာသီလိုက် ဓာတ်မတည့်တတ်သူ 76 ယောက်ကို တစ်နေ့ ပဲငံပြာရည် 600 မီလီဂရမ် သို့မဟုတ် 60 စီစီ စားစေပြီး စမ်းသပ်ကြည့်ရာ ရောဂါသက်သာလာတာကို တွေ့ရပါတယ်။

•        အစာခြေခြင်းကို မြန်ဆန်စေနိုင်ပါတယ်။

          ပဲငံပြာရည်စွပ်ပြုတ်ဟာ အစာခြေရည် ပိုထွက်စေနိုင်တာကို တွေ့ရပါတယ်။ ထွက်တဲ့ပမာဏဟာ ကဖိန်းဓာတ်ကြောင့် ထွက်တာနဲ့ ညီမျှပါတယ်။ အစာခြေရည် ပိုထွက်တဲ့အတွက် အစာခြေခြင်းကို ပိုမိုမြန်ဆန်စေနိုင်ပါတယ်။


•        အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေနိုင်ပါတယ်။

          ပဲငံပြာရည်မှာ ပါဝင်တဲ့ သကြားဓာတ်ဟာ အစာအိမ်နဲ့ အူလမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ အကျိုးပြု ဘတ်တီးရီးယားပိုးမွှားတွေအတွက် ကောင်းမွန်ပါတယ်။ ဒါကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းကို အကျိုးပြုပါတယ်။

•        ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) များ ပါဝင်ပါတယ်။

          ပဲငံပြာရည်အနောက်မှာ ကျန်းမာရေးအတွက် အရေးပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အများအပြား ပါဝင်ကြောင်း သိရပါတယ်။ လူတွေအတွက် အကျိုးပြု၊ မပြုဆိုတာ စမ်းသပ်မှု မပြုလုပ်ရသေးပေမယ့် လေ့လာမှုတစ်ခုမှာတော့ နှလုံးကို ကျန်းမာစေနိုင်တယ်လို့ ဆိုပါတယ်။

•        ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးနိုင်ပါတယ်။

          စမ်းသပ်မှုနှစ်ခုမှာ ကြွက်တွေကို ပဲငံပြာရည်မှာ ပါဝင်တဲ့ ကစီဓာတ်တစ်မျိုးကို ကျွေးကြည့်ရာ ကိုယ်ခံစွမ်းအား တက်လာတာကို တွေ့ရပါတယ်။

•        ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။

          ကြွက်တွေမှာ ပြုလုပ်တဲ့ လေ့လာစမ်းသပ်မှုတွေမှာ ပဲငံပြာရည်ဟာ ကင်ဆာအကြိတ်တွေ မဖြစ်အောင် တားဆီးနိုင်တဲ့ အစွမ်းရှိကြောင်း တွေ့ရပါတယ်။ လူတွေမှာရော ဒီအစွမ်းသတ္တိ ရှိ၊ မရှိကို လေ့လာမှုတွေ ထပ်လုပ်ဖို့ လိုအပ်ပါသေးတယ်။

•        သွေးပေါင်ကို ကျစေနိုင်ပါတယ်။

          ဆား ပါဝင်မှုနည်းတဲ့ Ganjang ခေါ် ကိုးရီးယား ပဲငံပြာရည်မျိုးဟာ ကြွက်တွေမှာ သွေးပေါင်ကျစေတာကို တွေ့ရပါတယ်။ လူတွေမှာ စမ်းသပ်မှု လုပ်ထားတာတော့ မရှိသေးပါဘူး။

Credit : Dr. Mya Phoo Ngon (www.drmyanmar.com)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top