iMyanmarHouse.com - Best Property Website for Myanmar
×

အျဖစ္ပ်က္က ၆ ႏွစ္သမီး အရြယ္ေလာက္ က ျဖစ္ခဲ့တာ သူမ်ားေတြကေတာ့ ငယ္ငယ္တုန္းက ကိစၥေတြ သိပ္မမွတ္မိၾကဘူးတဲ့ ဟုတ္ မဟုတ္ေတာ့ ေသခ်ာမသိပါဘူး ေမ့လုိ႔မရတာ ေတာ့ ေသခ်ာတယ္ ေက်ာင္းပိတ္ ရက္ မွာေပါ့ မွတ္မွတ္ရရ ပဲ ေနမေကာင္းျဖစ္ေနတာ မိုးလင္း အိပ္ရာႏုိးေတာ့ ေဘးမွာ အေမ မရွိေတာ့လုိ႔ အိမ္ေပၚကေနေအာက္ဆင္းပီး အေမ ဘယ္သြားလဲလုိ႔ လုိက္ေမးေတာ့ အေဒၚက အိမ္ ေရွ႕က လက္ဖက္ရည္ဆိုင္မွာ ဧည့္သည္ေရာက္ေနလုိ႔ စကားေျပာေနတယ္ ဆိုတာနဲ႔ မ်က္ႏွာသစ္ပီး အိမ္ေရွ႕ကိုထြက္လာတယ္ ... အိမ္ နဲ႔ လက္ဖက္ရည္ဆိုင္နဲ႔က ကားလမ္းပဲျခားပါတယ္ ကားလမ္းဆိုတာကလဲ လမ္းမၾကီးမဟုတ္ဘူး လမ္းသြယ္ေလး ဆိုေတာ့ လွမ္းျမင္ေနရတယ္ ဆိုင္ထဲမွာ အေမ့ကို ျမင္မလားရွာေတာ့ အန္တီၾကီး တေယာက္နဲ႔ စကားေျပာရင္း လက္ဖက္ရည္ေသာက္ေနတာေတြ႕တယ္ အေမ ကလဲ ကိုယ့္ကိုလွမ္းၾကည့္ပီး လက္ယွက္ ေခၚတယ္ ...

ဒါနဲ႔ပဲ ကားလမ္းကူးဖို႔ ဟိုၾကည့္ဒီၾကည့္လုပ္ရေတာ့တာေပါ့ ... လမ္းေပၚမွာ ဦးေလးၾကီးႏွစ္ေယာက္ ေရွ႕ဆင့္ ေနာက္ဆင့္ လမ္းေလ်ာက္လာတာကိုေတြ႕တယ္ တလမ္းလံုးလဲ အဲ့ဒီ ဦးေလး ႏွစ္ေယာက္က လြဲလုိ႔ရွင္းေနတယ္ ကားလဲမရွိ စက္ဘီးလဲမရွိ လူသြားလူလာလဲ မရွိ .... ဦးေလးၾကီး ႏွစ္ေယာက္က အေရွ႕နဲ႔ေနာက္ ၂ ေပ ေလာက္ အကြာမွာ လမ္းေလ်ာက္လာတယ္ ၿပီးေတာ့ တည့္တည့္ၾကီးေပ့ါေနာ္ တခုခု ကိုထမ္းလာတဲ့ပံုစံ ... ဒါနဲ႔ ဘာလဲေတာ့ေသခ်ာမၾကည့္ဘူး လက္ဖက္ရည္ဆိုင္ ထဲက အေမ လွမ္းေခၚတာပဲသိတယ္ ဦးေလး ၾကီး ႏွစ္ေယာက္ကလဲ ကိုယ့္ အေရွ႕နားကို ေရာက္ေနပီ ... ဒါနဲ႔ ကားလမ္းကို ျဖတ္ကူးလုိက္တဲ့ အခ်ိန္မွာ အေမ က မလာ နဲ႔ မလာ နဲ႔ ဆိုပီး လက္ကာ ျပၿပီး လွမ္းေအာ္ေနရင္း ေျပးလာတာကိုေတြ႕တယ္ လမ္းေလ်ာက္ေနရင္း ဘယ္ညာျပန္ၾကည့္တယ္ ဘာမွလဲမရွိပါဘူး တလမ္းလံုးလဲရွင္းေနတာပဲဆိုၿပီး ထပ္လွမ္းတယ္ ... ဦးေလးၾကီး ႏွစ္ေယာက္ ၾကား ကေန ၀င္ပီး လက္ဖက္ရည္ဆိုင္ ေရွ႕လဲေရာက္ေရာ ဘာမွ ကိုမသိေတာဘူး ..... .... ဒါနဲ႔ အိပ္ယာ ႏိုးေတာ့ ကိုယ္ က သူမ်ား အိမ္ထဲေရာက္ေနတယ္ သူမ်ား အိမ္ ဆိုတာက လမ္းထဲက ေယာကီ အၿမဲ ၀တ္ ဘုရားတရားအရမ္းလုပ္တဲ့ အေဒၚၾကီး အိမ္ေပါ့ သူ႔အိမ္မွာဆို နတ္႐ုပ္ေတြ ဘုရား ပံုေတာ္ေတြ အၾကီးၾကီးေတြ ရွိတယ္ တအိမ္လံုးလဲ အဲ့ဒီ အ႐ုပ္ေတြၾကီးပဲ နတ္ ကေတာ္ လဲမဟုတ္ဘူး .... ထားပါေတာ့ ... အေနာက္လွည့္ၾကည့္ေတာ့ အေမ က သမီးၿငိမ္ၿငိမ္ေနတဲ့ .. ဒါနဲ႔ဟုိၾကည့္ဒီၾကည့္ေပါ့ .. ေဘးနားက အန္တီးၾကီးက အေမ နဲ႔ လက္ဖက္ရည္ဆိုင္မွာ စကားေျပာေနတဲ့အန္တီၾကီး တကိုယ္လံုး တုန္ေနၿပီးေတာ့ ေယာကီ ၀တ္ အေဒၚၾကီးေရွ႕မွာ ထုိင္ေနတယ္ ဒါနဲ႔ အေဒၚၾကီးက နင္ ဘာလိုခ်င္လုိ႔လဲ လုိ႔ေမးတယ္ အန္တီၾကီးက .. ငါ့ကို ေရတိုက္ပါတဲ့ .. ဒါနဲ႔ သူ႔ကို ေရခြက္ၾကီးနဲ႔ ေရခပ္တုိက္ေတာ့ ငါးခြက္ လား ၆ ခြက္လားမသိဘူးေသာက္တယ္ ေရခြက္က ၾကီးတာမွ ေရခ်ိဳးတဲ့ ခြက္ေလာက္ကိုၾကီးတာ .. အမ်ားၾကီးေသာက္ေတာ့ လန္႔သြားတယ္ .. ေနာက္ထပ္ ဘာလုိေသးလဲ ၿပီးၿပီလား ၿပီးရင္ လဲ နင့္ ေနရာနင္ျပန္ေတာ့တဲ့ .. သူက မနက္ျဖန္ ညေန ၆ နာရီ ..
အေနာက္ဖက္က ကြင္းထဲမွာ ၾကက္သားဟင္းနဲ႔ ထမင္းလာေကၽြးပါ လုိ႔ေျပာၿပီး ကိုယ့္ ဘက္ကို လွည့္ၾကည့္တယ္ ၿပီးေတာ့ မဟုတ္ရင္ သူ႔စီထပ္လာဦးမယ္ဆိုၿပီး လက္ညိဳးထိုးၿပီး အန္တီၾကီးလဲ ဘုန္းကနဲ လဲက်သြားတယ္ .. ဘာလဲ ဟ ေပါ့ .. ငါနဲ႔လဲမသိပဲ ငါ့ကို ဘာေတြေျပာတာလဲေပါ့ ... ဲၿပီးေတာ့မွ ေယာကီ၀တ္ အေဒၚၾကီးက လာ သမီးဆိုၿပီး ေရခြက္ေလးထဲ အမĆႈန္႔ေလးေတြထည့္တိုက္တယ္ ဘာလဲေတာ့မသိဘူး .. ၿပီးေတာ့ လည္ပင္းမွာလဲ ဘာၾကိဳးဆိုလဲ မသိပါဘူး အဲ့ၾကိဳးခ်ီေပးၿပီး ... သြားတာ လာတာ သတိထားေနာ္ သမီးတဲ့ .. ဒါနဲ႔ အိမ္ျပန္လာၾကတယ္ အိမ္ေရာက္မွ အေမ က အမ ရယ္ အားလဲနာတယ္ ေက်းဇူးလဲတင္တယ္ ဆိုၿပီး အဲ့အန္တီၾကီးကို ေက်းဇူး တဖြဖြတင္ေနတယ္ .. ဘာလဲေပါ့ ငါ့ကို ဘာေတြ ေျပာမွန္းမသိ ေျပာတာကို အေမက ေက်းဇူးေတြ တင္ေနတယ္ေပါ့ အန္တီၾကီးျပန္သြားမွ ... အိမ္က အဖြားက ရင္ေတြတုန္လုိက္တာဟယ္ ၾကားရတာကလဲ ေျပာစမ္းပါဦး ေသခ်ာ ဘာျဖစ္တာလဲဆိုမွ .. ကိုယ္လဲ အျဖစ္မွန္သိေတာ့တယ္ ... ဟိဟိ အေမ့ ေျမးေပါ့ မလာပါနဲ႔လုိ႔ေအာ္ေန တားေနတဲ့ၾကားကေန လမ္းျဖတ္ကူးလာတယ္ေလ ....

ဘာေတြမွန္းေတာ့ေသခ်ာမသိဘူး အေမ ရယ္ လက္ဖက္ရည္ဆိုင္ တဆိုင္လံုးကလူေတြလဲေတြ႕တယ္ ေယာက်ာ္းၾကီးႏွစ္ေယာက္ အေခါင္းၾကီး တလံုးထမ္းလာတာ တလမ္းလံုးလဲ လူသြားလူလာမရွိရွင္းေနတာ ... အေခါင္းထမ္းၿပီး သဂြဳိလ္ ရတာကလဲ ဒီေခါတ္ၾကီးမွာမရွိေတာ့ပါဘူးဆိုၿပီး သမီးလဲေသခ်ာၾကည့္ေနတာ .. အဲ့မွာ အေမ့ေျမးက ကားလမ္းျဖတ္ကူးတာ အဲ့ႏွစ္ေယာက္ၾကား အေခါင္းေအာက္ ကေန တည့္တည့္ေလး မလာနဲ႔လုိ ေအာ္ေနတာကို ရေအာင္ ေျပးလာတာ အေခါင္း ေအာက္က ေနေက်ာ္လာၿပီးေတာ့ ေမ့လဲသြားပီး ဘာေတြေျပာမွန္းလဲမသိဘူး ဒါနဲ႔ အေမေရႊ စီကို အျမန္ေျပးသြားလုိက္ရေတာ့တာပဲ ဟိုေရာက္ေတာ့ သရဲစီးေနတာတဲ့ .. အဲ့ဒါနဲ႔ သရဲ ကို ေမတၱာပို႔ၿပီး ကေလး အငယ္မို႔လုိ႔ အမ ထဲ၀င္ပူးပါဆိုပီး ေတာင္းပန္ၿပီး သူဘာလုိ႔ ၀င္ပူးတာလဲ ဘာညာေမးၿပီး ထုတ္လုိက္ရတယ္ အခု ျပန္လာေတာ့

လက္ဖက္ရည္ဆိုင္ကလူေတြေျပာေနတာေတာ့ အေမ့ေျမးေလး ေမ့လဲၿပီးေတာ့ အဲ့ဒီအေခါင္းထမ္းလာတဲ့ လူ၂ေယာက္ ဘယ္ေရာက္သြားမွန္းမသိ ေပ်ာက္သြားတယ္တဲ့ ... ေတာ္ပါေသးရဲ႕ ဘာမွမျဖစ္တာပဲ .... ဆိုၿပီး အေမ က မၾကည္ ၾကည့္နဲ႔ၾကည့္တယ္ .. ကိုယ္ လဲ ေနမေကာင္းျဖစ္ေနတာေတြ ဘယ္ေရာက္သြားမွန္းမသိဘူး အခုမွ က်က္သီးေတြ ထၿပီး တေယာက္ထဲေတာင္ မေနရဲလုိ႔ တေနကုန္ အဖြားသြားေလ ရာ ေလ်ာက္လုိက္ ေနရတယ္ .... ကံေကာင္းတာ ကေတာ့ ဘာမွမျဖစ္သြားတာေပါ့ေလ .. ကံဆိုးတာက ေတာ့ အဲ့ဒီထဲက စၿပီး ကံနိမ့္သြားတာပဲလားမသိဘူး .. ကိုယ့္မွာ ပရိတ္ၾကိဳးေလး ျဖစ္ျဖစ္ အေဆာင္ေလးျဖစ္ျဖစ္ မရွိေတာ့ဘူးဆိုတာနဲ႔ ေရာက္ရာအရပ္မွာ သရဲေျခာက္ခံရေတာ့တာပဲ ....

Credit : Original  Writer
 ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အဖြစ်ပျက်က ၆ နှစ်သမီး အရွယ်လောက် က ဖြစ်ခဲ့တာ သူများတွေကတော့ ငယ်ငယ်တုန်းက ကိစ္စတွေ သိပ်မမှတ်မိကြဘူးတဲ့ ဟုတ် မဟုတ်တော့ သေချာမသိပါဘူး မေ့လို့မရတာ တော့ သေချာတယ် ကျောင်းပိတ် ရက် မှာပေါ့ မှတ်မှတ်ရရ ပဲ နေမကောင်းဖြစ်နေတာ မိုးလင်း အိပ်ရာနိုးတော့ ဘေးမှာ အမေ မရှိတော့လို့ အိမ်ပေါ်ကနေအောက်ဆင်းပီး အမေ ဘယ်သွားလဲလို့ လိုက်မေးတော့ အဒေါ်က အိမ် ရှေ့က လက်ဖက်ရည်ဆိုင်မှာ ဧည့်သည်ရောက်နေလို့ စကားပြောနေတယ် ဆိုတာနဲ့ မျက်နှာသစ်ပီး အိမ်ရှေ့ကိုထွက်လာတယ် ... အိမ် နဲ့ လက်ဖက်ရည်ဆိုင်နဲ့က ကားလမ်းပဲခြားပါတယ် ကားလမ်းဆိုတာကလဲ လမ်းမကြီးမဟုတ်ဘူး လမ်းသွယ်လေး ဆိုတော့ လှမ်းမြင်နေရတယ် ဆိုင်ထဲမှာ အမေ့ကို မြင်မလားရှာတော့ အန်တီကြီး တယောက်နဲ့ စကားပြောရင်း လက်ဖက်ရည်သောက်နေတာတွေ့တယ် အမေ ကလဲ ကိုယ့်ကိုလှမ်းကြည့်ပီး လက်ယှက် ခေါ်တယ် ...

ဒါနဲ့ပဲ ကားလမ်းကူးဖို့ ဟိုကြည့်ဒီကြည့်လုပ်ရတော့တာပေါ့ ... လမ်းပေါ်မှာ ဦးလေးကြီးနှစ်ယောက် ရှေ့ဆင့် နောက်ဆင့် လမ်းလျောက်လာတာကိုတွေ့တယ် တလမ်းလုံးလဲ အဲ့ဒီ ဦးလေး နှစ်ယောက်က လွဲလို့ရှင်းနေတယ် ကားလဲမရှိ စက်ဘီးလဲမရှိ လူသွားလူလာလဲ မရှိ .... ဦးလေးကြီး နှစ်ယောက်က အရှေ့နဲ့နောက် ၂ ပေ လောက် အကွာမှာ လမ်းလျောက်လာတယ် ပြီးတော့ တည့်တည့်ကြီးပေ့ါနော် တခုခု ကိုထမ်းလာတဲ့ပုံစံ ... ဒါနဲ့ ဘာလဲတော့သေချာမကြည့်ဘူး လက်ဖက်ရည်ဆိုင် ထဲက အမေ လှမ်းခေါ်တာပဲသိတယ် ဦးလေး ကြီး နှစ်ယောက်ကလဲ ကိုယ့် အရှေ့နားကို ရောက်နေပီ ... ဒါနဲ့ ကားလမ်းကို ဖြတ်ကူးလိုက်တဲ့ အချိန်မှာ အမေ က မလာ နဲ့ မလာ နဲ့ ဆိုပီး လက်ကာ ပြပြီး လှမ်းအော်နေရင်း ပြေးလာတာကိုတွေ့တယ် လမ်းလျောက်နေရင်း ဘယ်ညာပြန်ကြည့်တယ် ဘာမှလဲမရှိပါဘူး တလမ်းလုံးလဲရှင်းနေတာပဲဆိုပြီး ထပ်လှမ်းတယ် ... ဦးလေးကြီး နှစ်ယောက် ကြား ကနေ ဝင်ပီး လက်ဖက်ရည်ဆိုင် ရှေ့လဲရောက်ရော ဘာမှ ကိုမသိတောဘူး ..... .... ဒါနဲ့ အိပ်ယာ နိုးတော့ ကိုယ် က သူများ အိမ်ထဲရောက်နေတယ် သူများ အိမ် ဆိုတာက လမ်းထဲက ယောကီ အမြဲ ဝတ် ဘုရားတရားအရမ်းလုပ်တဲ့ အဒေါ်ကြီး အိမ်ပေါ့ သူ့အိမ်မှာဆို နတ်ရုပ်တွေ ဘုရား ပုံတော်တွေ အကြီးကြီးတွေ ရှိတယ် တအိမ်လုံးလဲ အဲ့ဒီ အရုပ်တွေကြီးပဲ နတ် ကတော် လဲမဟုတ်ဘူး .... ထားပါတော့ ... အနောက်လှည့်ကြည့်တော့ အမေ က သမီးငြိမ်ငြိမ်နေတဲ့ .. ဒါနဲ့ဟိုကြည့်ဒီကြည့်ပေါ့ .. ဘေးနားက အန်တီးကြီးက အမေ နဲ့ လက်ဖက်ရည်ဆိုင်မှာ စကားပြောနေတဲ့အန်တီကြီး တကိုယ်လုံး တုန်နေပြီးတော့ ယောကီ ဝတ် အဒေါ်ကြီးရှေ့မှာ ထိုင်နေတယ် ဒါနဲ့ အဒေါ်ကြီးက နင် ဘာလိုချင်လို့လဲ လို့မေးတယ် အန်တီကြီးက .. ငါ့ကို ရေတိုက်ပါတဲ့ .. ဒါနဲ့ သူ့ကို ရေခွက်ကြီးနဲ့ ရေခပ်တိုက်တော့ ငါးခွက် လား ၆ ခွက်လားမသိဘူးသောက်တယ် ရေခွက်က ကြီးတာမှ ရေချိုးတဲ့ ခွက်လောက်ကိုကြီးတာ .. အများကြီးသောက်တော့ လန့်သွားတယ် .. နောက်ထပ် ဘာလိုသေးလဲ ပြီးပြီလား ပြီးရင် လဲ နင့် နေရာနင်ပြန်တော့တဲ့ .. သူက မနက်ဖြန် ညနေ ၆ နာရီ ..
အနောက်ဖက်က ကွင်းထဲမှာ ကြက်သားဟင်းနဲ့ ထမင်းလာကျွေးပါ လို့ပြောပြီး ကိုယ့် ဘက်ကို လှည့်ကြည့်တယ် ပြီးတော့ မဟုတ်ရင် သူ့စီထပ်လာဦးမယ်ဆိုပြီး လက်ညိုးထိုးပြီး အန်တီကြီးလဲ ဘုန်းကနဲ လဲကျသွားတယ် .. ဘာလဲ ဟ ပေါ့ .. ငါနဲ့လဲမသိပဲ ငါ့ကို ဘာတွေပြောတာလဲပေါ့ ... ဲပြီးတော့မှ ယောကီဝတ် အဒေါ်ကြီးက လာ သမီးဆိုပြီး ရေခွက်လေးထဲ အမĆှုန့်လေးတွေထည့်တိုက်တယ် ဘာလဲတော့မသိဘူး .. ပြီးတော့ လည်ပင်းမှာလဲ ဘာကြိုးဆိုလဲ မသိပါဘူး အဲ့ကြိုးချီပေးပြီး ... သွားတာ လာတာ သတိထားနော် သမီးတဲ့ .. ဒါနဲ့ အိမ်ပြန်လာကြတယ် အိမ်ရောက်မှ အမေ က အမ ရယ် အားလဲနာတယ် ကျေးဇူးလဲတင်တယ် ဆိုပြီး အဲ့အန်တီကြီးကို ကျေးဇူး တဖွဖွတင်နေတယ် .. ဘာလဲပေါ့ ငါ့ကို ဘာတွေ ပြောမှန်းမသိ ပြောတာကို အမေက ကျေးဇူးတွေ တင်နေတယ်ပေါ့ အန်တီကြီးပြန်သွားမှ ... အိမ်က အဖွားက ရင်တွေတုန်လိုက်တာဟယ် ကြားရတာကလဲ ပြောစမ်းပါဦး သေချာ ဘာဖြစ်တာလဲဆိုမှ .. ကိုယ်လဲ အဖြစ်မှန်သိတော့တယ် ... ဟိဟိ အမေ့ မြေးပေါ့ မလာပါနဲ့လို့အော်နေ တားနေတဲ့ကြားကနေ လမ်းဖြတ်ကူးလာတယ်လေ ....

ဘာတွေမှန်းတော့သေချာမသိဘူး အမေ ရယ် လက်ဖက်ရည်ဆိုင် တဆိုင်လုံးကလူတွေလဲတွေ့တယ် ယောကျာ်းကြီးနှစ်ယောက် အခေါင်းကြီး တလုံးထမ်းလာတာ တလမ်းလုံးလဲ လူသွားလူလာမရှိရှင်းနေတာ ... အခေါင်းထမ်းပြီး သဂွိုလ် ရတာကလဲ ဒီခေါတ်ကြီးမှာမရှိတော့ပါဘူးဆိုပြီး သမီးလဲသေချာကြည့်နေတာ .. အဲ့မှာ အမေ့မြေးက ကားလမ်းဖြတ်ကူးတာ အဲ့နှစ်ယောက်ကြား အခေါင်းအောက် ကနေ တည့်တည့်လေး မလာနဲ့လို အော်နေတာကို ရအောင် ပြေးလာတာ အခေါင်း အောက်က နေကျော်လာပြီးတော့ မေ့လဲသွားပီး ဘာတွေပြောမှန်းလဲမသိဘူး ဒါနဲ့ အမေရွှေ စီကို အမြန်ပြေးသွားလိုက်ရတော့တာပဲ ဟိုရောက်တော့ သရဲစီးနေတာတဲ့ .. အဲ့ဒါနဲ့ သရဲ ကို မေတ္တာပို့ပြီး ကလေး အငယ်မို့လို့ အမ ထဲဝင်ပူးပါဆိုပီး တောင်းပန်ပြီး သူဘာလို့ ဝင်ပူးတာလဲ ဘာညာမေးပြီး ထုတ်လိုက်ရတယ် အခု ပြန်လာတော့

လက်ဖက်ရည်ဆိုင်ကလူတွေပြောနေတာတော့ အမေ့မြေးလေး မေ့လဲပြီးတော့ အဲ့ဒီအခေါင်းထမ်းလာတဲ့ လူ၂ယောက် ဘယ်ရောက်သွားမှန်းမသိ ပျောက်သွားတယ်တဲ့ ... တော်ပါသေးရဲ့ ဘာမှမဖြစ်တာပဲ .... ဆိုပြီး အမေ က မကြည် ကြည့်နဲ့ကြည့်တယ် .. ကိုယ် လဲ နေမကောင်းဖြစ်နေတာတွေ ဘယ်ရောက်သွားမှန်းမသိဘူး အခုမှ ကျက်သီးတွေ ထပြီး တယောက်ထဲတောင် မနေရဲလို့ တနေကုန် အဖွားသွားလေ ရာ လျောက်လိုက် နေရတယ် .... ကံကောင်းတာ ကတော့ ဘာမှမဖြစ်သွားတာပေါ့လေ .. ကံဆိုးတာက တော့ အဲ့ဒီထဲက စပြီး ကံနိမ့်သွားတာပဲလားမသိဘူး .. ကိုယ့်မှာ ပရိတ်ကြိုးလေး ဖြစ်ဖြစ် အဆောင်လေးဖြစ်ဖြစ် မရှိတော့ဘူးဆိုတာနဲ့ ရောက်ရာအရပ်မှာ သရဲခြောက်ခံရတော့တာပဲ ....

Credit : Original  Writer

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top