iMyanmarHouse.com - Best Property Website for Myanmar
×

အဆင္ေျပေခ်ာေမြ႔တာ တစ္ေန႔တာကို ျဖတ္သန္းႏုိင္ဖို႔ မနက္ခင္းတိုင္းဟာ အေရးႀကီးပါတယ္။ ဒါေၾကာင့္ ေန႔တစ္ေန႔တာရဲ႕ လုပ္ငန္းေဆာင္တာေတြ မစခင္ မနက္ခင္းမွာ ဘာေတြလုပ္သင့္တယ္ဆိုတာမ်ိဳး အႀကံေပးမႈေတြ ရွိေနတာပါ။

သင့္ရဲ႕တစ္ေန႔တာကို အဆင္မေျပျဖစ္ေစမယ့္ မနက္ခင္းအျပဳအမူ (၅)  ခုရွိပါတယ္။ ဒါေတြကိုမနက္ခင္းမွာ ေရွာင္ႏိုင္ရင္ အေကာင္းဆံုးပါ။

၁။ ႏိႈးစက္ ေပးျခင္း

ႏိႈးစက္က အခ်ိန္ေစ့လို႔ အသံျမည္လာသည့္တိုင္ေအာင္ သင္က မထႏုိင္လို႔ ႏိႈးစက္ေပးၿပီး ျပန္အိပ္ေနရတာဟာ ခႏၶာကိုယ္အတြက္ မေကာင္းပါဘူး။ ဒါဟာ သင္အိပ္ေရးမဝေသးဘူးဆိုတဲ့ လကၡဏာပါ။ ႏွလံုးနဲ႔ပတ္သတ္တဲ့ ေရာဂါေတြအျပင္ ေသြးေပါင္ခ်ိန္ကိုပါ တိုးလာေစပါတယ္။ စိတ္မၾကည္မလင္ ျဖစ္ေစတတ္ပါတယ္။

၂။ ႏုိးတာနဲ႔ ဖုန္းၾကည့္ျခင္း

ေလ့လာမႈရလဒ္တစ္ခုအရ မနက္ႏိုးတာနဲ႔ အိပ္ယာကမထင္ခင္ စမတ္ဖုန္း ပြတ္ၾကသူေတြဟာ သာမန္ တစ္ေန႔ကို ဖုန္းပြတ္တဲ့ အႀကိမ္ေရနည္းသူေတြထက္ပိုၿပီး ဖိအားဒဏ္ခံရဖြယ္ ရွိတယ္လို႔ ဆိုပါတယ္။ ေခတ္ရဲ႕ေျပာင္းလဲမႈအရ တစ္ေန႔တာ လုပ္ငန္းေဆာင္တာေတြနဲ႔ စိတ္ခံစားမႈဟာ စမတ္ဖုန္းေတြကတဆင့္ ေရာက္လာတတ္ၾကပါတယ္။ ေခါင္းေျခာက္စရာ အီးေမးလ္ေတြ၊ လူမႈကြန္ယက္ေပၚက သင္မနာလိုစရာျဖစ္မယ့္ ကိစၥေတြကို မနက္ႏိုးတာနဲ႔ ၾကည့္လိုက္တဲ့အခါ သင့္ရဲ႕တစ္ေန႔တာဟာ မေခ်ာေမြ႔ေတာ့ပါဘူး။

၃။ မနက္စာ အမ်ားႀကီးစားျခင္း

သာမန္မနက္စာတိုင္းေတာ့ မဟုတ္ပါဘူး။ ကာဗြန္ဟိုက္ဒြိဳက္ဓာတ္ လြန္ကဲစြာ ပါဝင္တဲ့ မနက္စာမ်ိဳးေတြကိုေတာ့ အမ်ားႀကီး မစားသင့္ပါဘူး။ ဒါဟာ သင့္ကိုအိပ္ခ်င္စိတ္ ျပန္ျဖစ္ေစပါတယ္။ မွ်မွ်တတ စားဖို႔ လိုပါတယ္။

၄။ ေရေႏြးႏွင့္ ေရခ်ိဳးျခင္း

မနက္ခင္းမွာ ခ်မ္းလို႔ပဲ ျဖစ္ျဖစ္၊ အက်င့္ပါေနလို႔ပဲ ျဖစ္ျဖစ္ ေရေႏြးနဲ႔ ေရအၿမဲခ်ိဳးတာဟာ ေကာင္းတဲ့အေလ့အက်င့္ေတာ့ မဟုတ္ပါဘူး။ တက္ႏုိင္သေလာက္ ေရကို လုိတာထက္ပိုမေႏြးမိေအာင္ လုပ္ထားရမွာပါ။ ေရေႏြးနဲ႔ေရခ်ိဳးျခင္းဟာ အသားအေရ ပ်က္စီးေစၿပီး စိတ္ပ်က္ေဒါသထြက္လြယ္တဲ့ ခံစားမႈမ်ိဳး ျဖစ္လာေစတတ္ပါတယ္။ အသားေရ ယားယံေစပါတယ္။

၅။ အပ်င္းေၾကာ မဆန္႔ျခင္း

ျမန္မာနာမည္မွာသာ အပ်င္းေၾကာ ဆိုၿပီး ေပးထားတာပါ။ အဲဒီ အပ်င္းေၾကာဆန္႔တာဟာ က်န္းမာေရးအတြက္ အလြန္အေထာက္အကူ ျပဳပါတယ္။ အထူးသျဖင့္ အိပ္ယာႏိုးခါစ အခ်ိန္မွာ အပ်င္းေၾကာဆန္႔သင့္ပါတယ္။ တစ္ညလံုး အေနအထား မမွန္ျဖစ္ေနတဲ့ ခႏၶာကိုယ္ အစိတ္အပိုင္းေတြအတြက္ အပ်င္းေၾကာဆန္႔ျခင္းက လုိအပ္ပါတယ္။ ႏိုးတဲ့အခ်ိန္ အပ်င္းေၾကာဆန္႔ဖို႔ ေမ့သြားရင္ ၾကြက္သားနာက်င္၊ ကိုက္ခဲတာမ်ိဳး ျဖစ္တတ္ပါတယ္။

Source : Huffingtonpost

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အဆင်ပြေချောမွေ့တာ တစ်နေ့တာကို ဖြတ်သန်းနိုင်ဖို့ မနက်ခင်းတိုင်းဟာ အရေးကြီးပါတယ်။ ဒါကြောင့် နေ့တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေ မစခင် မနက်ခင်းမှာ ဘာတွေလုပ်သင့်တယ်ဆိုတာမျိုး အကြံပေးမှုတွေ ရှိနေတာပါ။

သင့်ရဲ့တစ်နေ့တာကို အဆင်မပြေဖြစ်စေမယ့် မနက်ခင်းအပြုအမူ (၅)  ခုရှိပါတယ်။ ဒါတွေကိုမနက်ခင်းမှာ ရှောင်နိုင်ရင် အကောင်းဆုံးပါ။

၁။ နှိုးစက် ပေးခြင်း

နှိုးစက်က အချိန်စေ့လို့ အသံမြည်လာသည့်တိုင်အောင် သင်က မထနိုင်လို့ နှိုးစက်ပေးပြီး ပြန်အိပ်နေရတာဟာ ခန္ဓာကိုယ်အတွက် မကောင်းပါဘူး။ ဒါဟာ သင်အိပ်ရေးမဝသေးဘူးဆိုတဲ့ လက္ခဏာပါ။ နှလုံးနဲ့ပတ်သတ်တဲ့ ရောဂါတွေအပြင် သွေးပေါင်ချိန်ကိုပါ တိုးလာစေပါတယ်။ စိတ်မကြည်မလင် ဖြစ်စေတတ်ပါတယ်။

၂။ နိုးတာနဲ့ ဖုန်းကြည့်ခြင်း

လေ့လာမှုရလဒ်တစ်ခုအရ မနက်နိုးတာနဲ့ အိပ်ယာကမထင်ခင် စမတ်ဖုန်း ပွတ်ကြသူတွေဟာ သာမန် တစ်နေ့ကို ဖုန်းပွတ်တဲ့ အကြိမ်ရေနည်းသူတွေထက်ပိုပြီး ဖိအားဒဏ်ခံရဖွယ် ရှိတယ်လို့ ဆိုပါတယ်။ ခေတ်ရဲ့ပြောင်းလဲမှုအရ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေနဲ့ စိတ်ခံစားမှုဟာ စမတ်ဖုန်းတွေကတဆင့် ရောက်လာတတ်ကြပါတယ်။ ခေါင်းခြောက်စရာ အီးမေးလ်တွေ၊ လူမှုကွန်ယက်ပေါ်က သင်မနာလိုစရာဖြစ်မယ့် ကိစ္စတွေကို မနက်နိုးတာနဲ့ ကြည့်လိုက်တဲ့အခါ သင့်ရဲ့တစ်နေ့တာဟာ မချောမွေ့တော့ပါဘူး။

၃။ မနက်စာ အများကြီးစားခြင်း

သာမန်မနက်စာတိုင်းတော့ မဟုတ်ပါဘူး။ ကာဗွန်ဟိုက်ဒွိုက်ဓာတ် လွန်ကဲစွာ ပါဝင်တဲ့ မနက်စာမျိုးတွေကိုတော့ အများကြီး မစားသင့်ပါဘူး။ ဒါဟာ သင့်ကိုအိပ်ချင်စိတ် ပြန်ဖြစ်စေပါတယ်။ မျှမျှတတ စားဖို့ လိုပါတယ်။

၄။ ရေနွေးနှင့် ရေချိုးခြင်း

မနက်ခင်းမှာ ချမ်းလို့ပဲ ဖြစ်ဖြစ်၊ အကျင့်ပါနေလို့ပဲ ဖြစ်ဖြစ် ရေနွေးနဲ့ ရေအမြဲချိုးတာဟာ ကောင်းတဲ့အလေ့အကျင့်တော့ မဟုတ်ပါဘူး။ တက်နိုင်သလောက် ရေကို လိုတာထက်ပိုမနွေးမိအောင် လုပ်ထားရမှာပါ။ ရေနွေးနဲ့ရေချိုးခြင်းဟာ အသားအရေ ပျက်စီးစေပြီး စိတ်ပျက်ဒေါသထွက်လွယ်တဲ့ ခံစားမှုမျိုး ဖြစ်လာစေတတ်ပါတယ်။ အသားရေ ယားယံစေပါတယ်။

၅။ အပျင်းကြော မဆန့်ခြင်း

မြန်မာနာမည်မှာသာ အပျင်းကြော ဆိုပြီး ပေးထားတာပါ။ အဲဒီ အပျင်းကြောဆန့်တာဟာ ကျန်းမာရေးအတွက် အလွန်အထောက်အကူ ပြုပါတယ်။ အထူးသဖြင့် အိပ်ယာနိုးခါစ အချိန်မှာ အပျင်းကြောဆန့်သင့်ပါတယ်။ တစ်ညလုံး အနေအထား မမှန်ဖြစ်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေအတွက် အပျင်းကြောဆန့်ခြင်းက လိုအပ်ပါတယ်။ နိုးတဲ့အချိန် အပျင်းကြောဆန့်ဖို့ မေ့သွားရင် ကြွက်သားနာကျင်၊ ကိုက်ခဲတာမျိုး ဖြစ်တတ်ပါတယ်။

Source : Huffingtonpost

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top