iMyanmarHouse.com - Best Property Website for Myanmar
×




Credit : Popolay

အလှမယ် မိုးစက်ဝိုင်တစ်ယောက်ကတော့ Hello ရဲ့ ၂၇ နှစ်ပြည့် Make-up and Hair show ပွဲမှာဝတ်ဆင်ခဲ့တဲ့ ဝတ်စုံလေးနဲ့ ပတ်သက်ပြီးအမှတ်တရလေးတစ်ခုကို ပြောပြခဲ့ပါတယ်။

Show ပွဲနေ့မှာ သူမဝတ်ဆင်ခဲ့တဲ့ ဝတ်စုံလေးကို ဒီဇိုင်နာ မင်းသက်စံမှ ဖန်တီးပေးထားတာဖြစ်ပြီး ဝတ်စုံလေးကိုရောင်းချလို့ရတဲ့ ပိုက်ဆံကိုတော့ ဒီဇိုင်နာမှ ပြန်လည်လှူဒါန်းခဲ့တာကြောင့် မြန်မာ့နှလုံးသားပရဟိတအဖွဲ့မှ ကြို့ပင်ကောက်အနီးအနားမှာရှိတဲ့ ရွာလေး ၃ ရွာကိုသွားရောက်လှူဒါန်းခဲ့ကြပါတယ်။ မိုးစက်ဝိုင်အတွက်တော့ တကယ်ကို အမှတ်တရဖြစ်စေတဲ့ဝတ်စုံလေးပါပဲနော်။

အမှတ်တရဖြစ်စေတဲ့ဝတ်စုံလေးပါပဲနော်။ “Wedding guideline လေးကိုကျေးဇူးတင်ပါတယ်။ အဲ့ပွဲဝတ်စုံလေးကတော့ တကယ့်အမှတ်တရပါပဲ… အဲ့ဝတ်စုံလေးကိုရောင်းပြီးရတဲ့ပိုက်ဆံကို ဒီဇိုင်နာကလှူလို့ မြန်မာ့နှလုံးသားအဖွဲ့က ရေကန်တူးပြီးလှူထားပါတယ် ရွာ၃ရွာ အတွက်ပေါ့။ ကြို့ပင်ကောက်နားမှာရှိပါတယ်၊ ရေငံရွာနဲ့ အခြားနီးနားကရွာတွေတော့ ဒီနှစ်နွေစိတ်ပူရတော့ဘူးပေါ့။ ရေစက်တော့မချရသေးဘူး … ချရင်ပြောမယ် သာဓုခေါ်ကြပါ၊ မိတ်ကပ် Hello နဲ့ ဝတ်စုံဖန်တီးသူကိုမင်းသက်စံ, မြန်မာ့နှလုံးသားနဲ့ ဝတ်စုံဝယ်တဲ့အလှူရှင်တို့ရဲ့ ကောင်းမူလေးပါရှင့်၊ ဝတ်စုံလေးဝတ်တဲ့ မိုးစက်လည်းပါတာပေါ့နော်” ဆိုပီး သူမရဲ့အကောင့်မှာ ရေးသားထားပါတယ်။

Credit : Popolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top