iMyanmarHouse.com - Best Property Website for Myanmar
×

စီးပြားေရးလုပ္ငန္း မ်ိဳးစံုကိုလုပ္တဲ႔ စီးပြားေရးသမားတစ္ေယာက္ဟာ သူ႔ရဲ႕ စီးပြားေရးလုပ္ငန္းေတြ တေျဖးေျဖး ယိမ္းယိုင္လာျပီးေနာက္မွာ ဘယ္လိုမွ ျပန္အဖတ္မဆယ္ႏိုင္ေတာ႕ဘဲ အေၾကြးပင္လယ္ထဲ ႏွစ္ျမဳပ္ခဲ႕ရပါတယ္။ သူ႕ထံကို ကုန္ပစၥည္း သြင္းေပးတဲ႕ ေဖာက္သည္ေတြကလည္း အရင္ေၾကြးေတြ ေၾကေအာင္ဆပ္မွ ပစၥည္းသစ္ထပ္ေပးမယ္လို႕ ေျပာကာ သူ႕ကို ေနာက္ထပ္ ပစၥည္းေတြ ထပ္ မေပးေတာ႔ဘဲ အဆက္ ျဖတ္လိုက္ၾကပါတယ္။ သူ႕ဆီ ပစၥည္းယူေနက် ေဖာက္သည္ေတြကလည္း သူက ကုန္ပစၥည္းေတြ မေပးႏိုင္ေတာ႔တဲ႔အခါ တစ္ျခား ကုန္သည္ဆီ ေျပာင္းကုန္ၾကပါတယ္။ ေနာက္ဆံုးေတာ႕ သူဟာ မၾကာခင္မွာ ေဒဝါလီ ခံရေတာ႕မဲ႕သူ ျဖစ္လာပါေတာ႕တယ္။

တစ္ေန႔ေတာ႔ သူဟာ ပန္းျခံတစ္ခုထဲက ခံုတန္းလ်ားေပၚမွာ သူ႕ဘဝအေၾကာင္းေတြကို ေတြးေတာစဥ္းစားရင္း စိတ္ပ်က္ လက္ပ်က္နဲ႕ ထိုင္ေနပါတယ္။ မၾကာခင္ လူမြဲ လူဆင္းရဲ ျဖစ္ရေတာ႕မဲ႕ အေျခအေနကေန ဘယ္လိုမ်ား ရုန္းထြက္ရပါ႔မလဲလို႕ ေခါင္းပူမတတ္ စဥ္းစားေနမိပါတယ္။ သူ႕မ်က္ႏွာဟာလည္း ဘဝကို စိတ္အပ်က္ၾကီး ပ်က္ေနတဲ႕သူ တစ္ေယာက္ရဲ႕ ညွိဳးငယ္မႈမ်ိဳးနဲ႕ မႈန္မိႈင္းေနျပီး မလႈပ္မရွက္ ေငးမႈိင္လို႕ ေနပါတယ္။ အဲဒီအခ်ိန္မွာ အသက္ၾကီးၾကီး အဖိုးအိုတစ္ေယာက္က သူ႕အနားကို ေရာက္လာပါတယ္။ အဖိုးအိုက သူ႕ကိုလည္း ေတြ႔ေရာ “မင္းၾကည္႕ရတာ ဒုကၡေရာက္ေနတဲ႕ ပံုစံဘဲ။ ဘာေတြမ်ား ျဖစ္ေနလို႕တုန္း။ ငါ႕ကို ေျပာျပစမ္းပါဦးကြာ” လို႕ သူ႕အနားတြင္ ဝင္ထိုင္ရင္း ေမးလိုက္ပါတယ္။ အဖိုးအိုရဲ႕ အေမးကိုၾကားေတာ႔ တစ္ေယာက္တည္းေနတာထက္စာရင္ တစ္ေယာက္ေယာက္နဲ႕ စကားေျပာတာက ပိုေကာင္းမယ္လို႕ ေတြးမိျပီး သူကလည္း သူ႕အေျခအေန၊ သူ႔ဘဝအေၾကာင္းေတြကို အဖိုးအိုကို ေျပာျပလိုက္ပါတယ္။ သူ႕အေၾကာင္းေတြကို နားေထာင္ျပီးတဲ႕ေနာက္မွာ အဖိုးအိုက “မင္းဒုကၡေတြကို ငါကူညီႏိုင္မယ္ ထင္ပါရဲ႕ကြာ” လို႕ ေျပာျပီး ခ်က္စာအုပ္တစ္အုပ္ကို သူ႕အိတ္ထဲကေန ဆြဲထုတ္လိုက္ပါတယ္။ ျပီးေနာက္ မင္းနာမည္ ဘယ္လိုေခၚတုန္း လို႕ သူ႕နာမည္ကို ေမးပါတယ္။ စီးပြားေရးသမားကလည္း သူ႕နာမည္ကို ေျပာျပလိုက္တဲ႕အခါ အဖိုးအိုက ခ်က္လက္မွတ္ တစ္ေစာင္ေပၚမွာ သူ႕နာမည္ကို ေရးလိုက္ျပီးေနာက္ အဖိုးအိုက သူ႕လက္မွတ္ကို ထိုးလိုက္ပါတယ္။ ထို႕ေနာက္ေတာ႔ ခ်က္စာရြက္ကို သူ႕လက္ထဲ လွမ္းေပးလိုက္ျပီး “ဒီခ်က္လက္မွတ္မွာ ေရးထားတဲ့ ေငြေတြက မင္းကို ငါကူညီတဲ႕ ေငြေတြပါဘဲ။ မင္း ဒီေငြေတြကို ယူျပီး စီးပြားေရးလုပ္ငန္းေတြကို ျပန္လုပ္ပါ။ ဒီေန႕ကေန စေရတြက္လို႕ ေနာက္တစ္ႏွစ္တိတိ ျပည္႔တဲ႔ေန႕မွာ ဒီေနရာကို ေရာက္ေအာင္လာျပီး ငါ႕ေငြေတြကို ျပန္ဆပ္ႏိုင္ေအာင္ ၾကိဳးစားပါ” လို႕ ေျပာျပီးေနာက္ အဖိုးအိုဟာ သူ႕လက္ထဲ ခ်က္စာရြက္ကို ထည္႕ျပီး သူ ထိုင္ေနတဲ႔ ခံုတန္းလ်ားကေန ထြက္ခြာသြားပါတယ္။

ဘယ္လိုမွ ေမွ်ာ္လင္႕မထားဘဲ သူ႕လက္ထဲ ေရာက္လာတဲ႕ ခ်က္လက္မွတ္ကိုၾကည္႕ျပီး သူဟာ အံ႕အားသင္႕ေနခဲ႕ပါတယ္။ ခ်က္စာရြက္ေပၚ ေရးသြင္းထားတဲ႕ ေငြေၾကးပမာဏကို သူဖတ္ၾကည္႕လိုက္ေတာ႕ ေဒၚလာ ၅သိန္း တိတိျဖစ္ေနတာကို ေတြ႔လိုက္ရပါတယ္။ ျပီးေတာ႕လည္း ခ်က္စာရြက္ ပိုင္ရွင္ရဲ႕ လက္မွတ္ေနရာကို ၾကည္႕လိုက္ေတာ႕ ေရာ႕ကဖဲလား ဆိုတဲ႔ နာမည္ကို ေတြ႔လိုက္ပါေတာ႔တယ္။ ဒီမွာတင္ဘဲ သူ႕ကို ေဒၚလာ ၅သိန္း ေပးသြားခဲ႕တဲ႕သူဟာ ကမၻာ႕အခ်မ္းသာဆံုး သူေဌး ေရာ႕ကဖဲလား ဆိုတာ သိလိုက္ရျပီး အလြန္ အံ႕ၾသ တုန္လႈပ္သြားခဲ႕ပါတယ္။ သူဟာ ေရာ႕ကဖဲလားကို နာမည္ၾကားဖူးရံုကလြဲလို႕ အျပင္မွာ တစ္ခါမွ မျမင္ဖူးခဲ႕ဘဲ ခုက်မွ တိုက္တိုက္ဆိုင္ဆိုင္ ေတြ႔ျဖစ္တဲ႕ ကံၾကမၼာကိုလည္း အံ႕ၾသလို႕ ေနရပါတယ္။ လက္ထဲကို ေဒၚလာ ၅သိန္းေရာက္လာတယ္ဆိုတဲ႕ အသိဟာ သူ႕စိတ္ထဲကို အင္မတန္မွ ေပါ႔ပါးသြားေစခဲ႕ပါတယ္။ မၾကာခင္မွာ ေဒဝါလီခံရေတာ႕မယ္ဆိုတဲ႕ စိုးရိမ္ပူပန္မႈေတြဟာလည္း ေလ်ာ႕ပါးသြားခဲ႕ျပီး သူဟာ စီးပြားေရးကို ေကာင္းေကာင္း ျပန္လုပ္ႏိုင္လိမ္႕မယ္လို႕လည္း သူ႕ကိုယ္သူ ယံုၾကည္မႈေတြ ရွိလာေစခဲ႕ပါတယ္။သို႕ေသာ္လည္း လက္ထဲေရာက္ေနတဲ႕ ခ်က္လက္မွတ္ထဲက ေငြေတြကို သူဟာ အေရးၾကံဳမွ သံုးမယ္၊ ကိစၥတစ္ခုခု ျဖစ္လာရင္လည္း ဒီေငြေတြနဲ႕ သူေျဖရွင္းႏိုင္မယ္ဆိုတာ ေတြးမိျပီး ခ်က္လက္မွတ္ထဲက ေငြေတြကို မထုတ္ဘဲ သိမ္းထားလိုက္ပါတယ္။

ထို႕ေနာက္မွာေတာ႕ ခြန္အားသစ္ေတြ၊ မိမိကိုယ္ကို ယံုၾကည္မႈေတြနဲ႕ အတူ သူဟာ သူ႕ရဲ႕ စီးပြားေရးလုပ္ငန္းေတြကို ျပန္ေကာင္းေအာင္ ၾကိဳးစားပါေတာ႕တယ္။ ကုန္သည္ေတြကို ယံုၾကည္ေလာက္ေအာင္ အေကာင္းဆို ေျပာဆိုျပီး ေရရွည္ စာခ်ဳပ္မ်ား ျပန္ခ်ဳပ္ပါတယ္။ သူ႕ေဖာက္သည္ေတြကိုလည္း အေကာင္းဆံုး ကုန္ပစၥည္းေတြ ေပးသြင္းႏိုင္ေအာင္ သူဟာ ျပန္ၾကိဳးစားပါတယ္။ ၃လ ၄လ အၾကာမွာ သူ႕စီးပြားေရးဟာ တေျဖးေျဖး ျပန္လည္ လည္ပတ္လာႏိုင္ခဲ႕ျပီး အေၾကြးႏြံထဲကေန ျပန္ရုန္းထြက္လာႏိုင္စ ျပဳပါတယ္။ တစ္ႏွစ္တိတိျပည္႔တဲ႕အခ်ိန္မွာ အဖိုးအိုနဲ႕ ကတိရွိထားတဲ႕အတိုင္း သူဟာ ေငြမထုတ္ရေသးတဲ႕ ခ်က္လက္မွတ္ကို ကိုင္ျပီး ပန္းျခံထဲကို သူဟာ ထြက္လာခဲ႕ပါတယ္။

ပန္းျခံထဲေရာက္တဲ႕အခါ ယခင္ သူထိုင္ခဲ႕တဲ႕ ထိုင္ခံုေလးမွာထိုင္ျပီး အဖိုးအိုကို သူေစာင္႕ေနခဲ႕ပါတယ္။ မၾကာခင္မွာ မႏွစ္က သူ႕ကို ခ်က္လက္မွတ္ေလး ေပးခဲ႔တဲ႔ သူေဌးၾကီးဟာ သူ႕အနားကို ေရာက္လာပါတယ္။ သူဟာ သူေဌးၾကီးကုိ ျမင္လိုက္တဲ႕အခါ ဝမ္းသာအားရ ႏႈတ္ဆက္လိုက္ျပီး အိတ္ထဲမွာထည္႕လာတဲ႕ ခ်က္လက္မွတ္ကို ထုတ္ဖို႕ ဟန္ျပင္လိုက္ခ်ိန္မွာ သူနာျပဳဝတ္စံု ဝတ္ထားတဲ႕ အမ်ိဳးသမီးတစ္ေယာက္က အေျပးေလးေရာက္လာကာ အဖိုးအိုရဲ႕ လက္တစ္ဖက္ကို တြဲလိုက္ပါတယ္။ “အမေလး အဖိုးရယ္ ေပ်ာက္သြားလို႕ ရွာလိုက္ရတာ ႏွံ႕ေနတာဘဲ။ ေတာ္ပါေသးရဲ႕ ျပန္ေတြ႔တာ ” လို႕ ေျပာလိုက္ျပီးေနာက္ သူနာျပဳဟာသူ႕ဘက္ကို လွည္႕လာျပီး “အဖိုးက ရွင္႕ကို တစ္ခုခုမ်ား ေႏွာက္ယွက္မိေသးလား မသိဘူးေနာ္။ သူက အဲဒီလို အိမ္ကေန မၾကာခဏ ထြက္ထြက္သြားတတ္တယ္။ ျပီးေတာ႕လည္း ေတြ႔တဲ႔သူတိုင္းကို သူ႕ကိုယ္သူ သူေဌးၾကီး ေရာ႕ကဖဲလား လို႕ အျမဲေျပာတတ္တယ္။ ရွင္႕ကို ေနာက္ယွက္မိတယ္ဆိုရင္ ေဆာရီးပါေနာ္”လို႔ ေျပာလိုက္ျပီးေနာက္ အဖိုးအိုကို တြဲေခၚကာ သူ႕ေရွ႕ကေန ထြက္သြားပါေတာ႕တယ္။

တစ္ေယာက္တည္း က်န္ခဲ႕တဲ႕သူဟာ ခံုတန္းေရွ႕မွာ အေတာ္ၾကာ မတ္တပ္ရပ္ျပီး ဆြံ႔အလို႕ ေနမိပါတယ္။ သူ႕လက္ထဲမွာ ေဒၚလာ သန္းဝက္ ရွိတယ္ ဆိုတဲ႕ယံုၾကည္မႈေတြနဲ႕ သူဟာ အလုပ္ကို တစ္ႏွစ္ပတ္လံုး အားၾကိဳးမာန္တက္ လုပ္ခဲ႕ပါတယ္။ ေဖာက္သည္ေတြနဲ႕ အေကာင္းဆံုး အဆင္ေျပေအာင္ ဆက္ဆံျပီး အေရာင္း အဝယ္ကို ျပန္လုပ္ႏိုင္ခဲ႕ပါတယ္။ ေနာက္ဆံုးမွာေတာ႔ သူ႕လက္ထဲမွာရွိေနတယ္လို႔ တစ္ခ်ိန္လံုး ယံုၾကည္ေနမိတဲ႔႔ ေဒၚလာသန္းဝက္ဆိုတာ တကယ္ေတာ႔ ဘာမွ တန္ဖိုးမရွိတဲ႔ စကၠဴေလးတစ္ရြက္သာ။ သူ သေဘာေပါက္လိုက္မိတာက သူ႔ရဲ႕ စီးပြားေရး လုပ္ငန္းေတြကို အေကာင္းဆံုး ျပန္လုပ္ႏိုင္ေအာင္ တြန္းအား ေပးလိုက္တာက မိမိကိုယ္ကိုယ္ ယံုၾကည္မႈသာ ျဖစ္တယ္ဆိုတာ သူ နားလည္လိုက္မိပါေတာ႔တယ္။

Credit : OMO
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
စီးပွားရေးလုပ်ငန်း မျိုးစုံကိုလုပ်တဲ့ စီးပွားရေးသမားတစ်ယောက်ဟာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေ တဖြေးဖြေး ယိမ်းယိုင်လာပြီးနောက်မှာ ဘယ်လိုမှ ပြန်အဖတ်မဆယ်နိုင်တော့ဘဲ အကြွေးပင်လယ်ထဲ နှစ်မြုပ်ခဲ့ရပါတယ်။ သူ့ထံကို ကုန်ပစ္စည်း သွင်းပေးတဲ့ ဖောက်သည်တွေကလည်း အရင်ကြွေးတွေ ကြေအောင်ဆပ်မှ ပစ္စည်းသစ်ထပ်ပေးမယ်လို့ ပြောကာ သူ့ကို နောက်ထပ် ပစ္စည်းတွေ ထပ် မပေးတော့ဘဲ အဆက် ဖြတ်လိုက်ကြပါတယ်။ သူ့ဆီ ပစ္စည်းယူနေကျ ဖောက်သည်တွေကလည်း သူက ကုန်ပစ္စည်းတွေ မပေးနိုင်တော့တဲ့အခါ တစ်ခြား ကုန်သည်ဆီ ပြောင်းကုန်ကြပါတယ်။ နောက်ဆုံးတော့ သူဟာ မကြာခင်မှာ ဒေဝါလီ ခံရတော့မဲ့သူ ဖြစ်လာပါတော့တယ်။

တစ်နေ့တော့ သူဟာ ပန်းခြံတစ်ခုထဲက ခုံတန်းလျားပေါ်မှာ သူ့ဘဝအကြောင်းတွေကို တွေးတောစဉ်းစားရင်း စိတ်ပျက် လက်ပျက်နဲ့ ထိုင်နေပါတယ်။ မကြာခင် လူမွဲ လူဆင်းရဲ ဖြစ်ရတော့မဲ့ အခြေအနေကနေ ဘယ်လိုများ ရုန်းထွက်ရပါ့မလဲလို့ ခေါင်းပူမတတ် စဉ်းစားနေမိပါတယ်။ သူ့မျက်နှာဟာလည်း ဘဝကို စိတ်အပျက်ကြီး ပျက်နေတဲ့သူ တစ်ယောက်ရဲ့ ညှိုးငယ်မှုမျိုးနဲ့ မှုန်မှိုင်းနေပြီး မလှုပ်မရှက် ငေးမှိုင်လို့ နေပါတယ်။ အဲဒီအချိန်မှာ အသက်ကြီးကြီး အဖိုးအိုတစ်ယောက်က သူ့အနားကို ရောက်လာပါတယ်။ အဖိုးအိုက သူ့ကိုလည်း တွေ့ရော “မင်းကြည့်ရတာ ဒုက္ခရောက်နေတဲ့ ပုံစံဘဲ။ ဘာတွေများ ဖြစ်နေလို့တုန်း။ ငါ့ကို ပြောပြစမ်းပါဦးကွာ” လို့ သူ့အနားတွင် ဝင်ထိုင်ရင်း မေးလိုက်ပါတယ်။ အဖိုးအိုရဲ့ အမေးကိုကြားတော့ တစ်ယောက်တည်းနေတာထက်စာရင် တစ်ယောက်ယောက်နဲ့ စကားပြောတာက ပိုကောင်းမယ်လို့ တွေးမိပြီး သူကလည်း သူ့အခြေအနေ၊ သူ့ဘဝအကြောင်းတွေကို အဖိုးအိုကို ပြောပြလိုက်ပါတယ်။ သူ့အကြောင်းတွေကို နားထောင်ပြီးတဲ့နောက်မှာ အဖိုးအိုက “မင်းဒုက္ခတွေကို ငါကူညီနိုင်မယ် ထင်ပါရဲ့ကွာ” လို့ ပြောပြီး ချက်စာအုပ်တစ်အုပ်ကို သူ့အိတ်ထဲကနေ ဆွဲထုတ်လိုက်ပါတယ်။ ပြီးနောက် မင်းနာမည် ဘယ်လိုခေါ်တုန်း လို့ သူ့နာမည်ကို မေးပါတယ်။ စီးပွားရေးသမားကလည်း သူ့နာမည်ကို ပြောပြလိုက်တဲ့အခါ အဖိုးအိုက ချက်လက်မှတ် တစ်စောင်ပေါ်မှာ သူ့နာမည်ကို ရေးလိုက်ပြီးနောက် အဖိုးအိုက သူ့လက်မှတ်ကို ထိုးလိုက်ပါတယ်။ ထို့နောက်တော့ ချက်စာရွက်ကို သူ့လက်ထဲ လှမ်းပေးလိုက်ပြီး “ဒီချက်လက်မှတ်မှာ ရေးထားတဲ့ ငွေတွေက မင်းကို ငါကူညီတဲ့ ငွေတွေပါဘဲ။ မင်း ဒီငွေတွေကို ယူပြီး စီးပွားရေးလုပ်ငန်းတွေကို ပြန်လုပ်ပါ။ ဒီနေ့ကနေ စရေတွက်လို့ နောက်တစ်နှစ်တိတိ ပြည့်တဲ့နေ့မှာ ဒီနေရာကို ရောက်အောင်လာပြီး ငါ့ငွေတွေကို ပြန်ဆပ်နိုင်အောင် ကြိုးစားပါ” လို့ ပြောပြီးနောက် အဖိုးအိုဟာ သူ့လက်ထဲ ချက်စာရွက်ကို ထည့်ပြီး သူ ထိုင်နေတဲ့ ခုံတန်းလျားကနေ ထွက်ခွာသွားပါတယ်။

ဘယ်လိုမှ မျှော်လင့်မထားဘဲ သူ့လက်ထဲ ရောက်လာတဲ့ ချက်လက်မှတ်ကိုကြည့်ပြီး သူဟာ အံ့အားသင့်နေခဲ့ပါတယ်။ ချက်စာရွက်ပေါ် ရေးသွင်းထားတဲ့ ငွေကြေးပမာဏကို သူဖတ်ကြည့်လိုက်တော့ ဒေါ်လာ ၅သိန်း တိတိဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ပြီးတော့လည်း ချက်စာရွက် ပိုင်ရှင်ရဲ့ လက်မှတ်နေရာကို ကြည့်လိုက်တော့ ရော့ကဖဲလား ဆိုတဲ့ နာမည်ကို တွေ့လိုက်ပါတော့တယ်။ ဒီမှာတင်ဘဲ သူ့ကို ဒေါ်လာ ၅သိန်း ပေးသွားခဲ့တဲ့သူဟာ ကမ္ဘာ့အချမ်းသာဆုံး သူဌေး ရော့ကဖဲလား ဆိုတာ သိလိုက်ရပြီး အလွန် အံ့သြ တုန်လှုပ်သွားခဲ့ပါတယ်။ သူဟာ ရော့ကဖဲလားကို နာမည်ကြားဖူးရုံကလွဲလို့ အပြင်မှာ တစ်ခါမှ မမြင်ဖူးခဲ့ဘဲ ခုကျမှ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဖြစ်တဲ့ ကံကြမ္မာကိုလည်း အံ့သြလို့ နေရပါတယ်။ လက်ထဲကို ဒေါ်လာ ၅သိန်းရောက်လာတယ်ဆိုတဲ့ အသိဟာ သူ့စိတ်ထဲကို အင်မတန်မှ ပေါ့ပါးသွားစေခဲ့ပါတယ်။ မကြာခင်မှာ ဒေဝါလီခံရတော့မယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေဟာလည်း လျော့ပါးသွားခဲ့ပြီး သူဟာ စီးပွားရေးကို ကောင်းကောင်း ပြန်လုပ်နိုင်လိမ့်မယ်လို့လည်း သူ့ကိုယ်သူ ယုံကြည်မှုတွေ ရှိလာစေခဲ့ပါတယ်။သို့သော်လည်း လက်ထဲရောက်နေတဲ့ ချက်လက်မှတ်ထဲက ငွေတွေကို သူဟာ အရေးကြုံမှ သုံးမယ်၊ ကိစ္စတစ်ခုခု ဖြစ်လာရင်လည်း ဒီငွေတွေနဲ့ သူဖြေရှင်းနိုင်မယ်ဆိုတာ တွေးမိပြီး ချက်လက်မှတ်ထဲက ငွေတွေကို မထုတ်ဘဲ သိမ်းထားလိုက်ပါတယ်။

ထို့နောက်မှာတော့ ခွန်အားသစ်တွေ၊ မိမိကိုယ်ကို ယုံကြည်မှုတွေနဲ့ အတူ သူဟာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ကောင်းအောင် ကြိုးစားပါတော့တယ်။ ကုန်သည်တွေကို ယုံကြည်လောက်အောင် အကောင်းဆို ပြောဆိုပြီး ရေရှည် စာချုပ်များ ပြန်ချုပ်ပါတယ်။ သူ့ဖောက်သည်တွေကိုလည်း အကောင်းဆုံး ကုန်ပစ္စည်းတွေ ပေးသွင်းနိုင်အောင် သူဟာ ပြန်ကြိုးစားပါတယ်။ ၃လ ၄လ အကြာမှာ သူ့စီးပွားရေးဟာ တဖြေးဖြေး ပြန်လည် လည်ပတ်လာနိုင်ခဲ့ပြီး အကြွေးနွံထဲကနေ ပြန်ရုန်းထွက်လာနိုင်စ ပြုပါတယ်။ တစ်နှစ်တိတိပြည့်တဲ့အချိန်မှာ အဖိုးအိုနဲ့ ကတိရှိထားတဲ့အတိုင်း သူဟာ ငွေမထုတ်ရသေးတဲ့ ချက်လက်မှတ်ကို ကိုင်ပြီး ပန်းခြံထဲကို သူဟာ ထွက်လာခဲ့ပါတယ်။

ပန်းခြံထဲရောက်တဲ့အခါ ယခင် သူထိုင်ခဲ့တဲ့ ထိုင်ခုံလေးမှာထိုင်ပြီး အဖိုးအိုကို သူစောင့်နေခဲ့ပါတယ်။ မကြာခင်မှာ မနှစ်က သူ့ကို ချက်လက်မှတ်လေး ပေးခဲ့တဲ့ သူဌေးကြီးဟာ သူ့အနားကို ရောက်လာပါတယ်။ သူဟာ သူဌေးကြီးကို မြင်လိုက်တဲ့အခါ ဝမ်းသာအားရ နှုတ်ဆက်လိုက်ပြီး အိတ်ထဲမှာထည့်လာတဲ့ ချက်လက်မှတ်ကို ထုတ်ဖို့ ဟန်ပြင်လိုက်ချိန်မှာ သူနာပြုဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်က အပြေးလေးရောက်လာကာ အဖိုးအိုရဲ့ လက်တစ်ဖက်ကို တွဲလိုက်ပါတယ်။ “အမလေး အဖိုးရယ် ပျောက်သွားလို့ ရှာလိုက်ရတာ နှံ့နေတာဘဲ။ တော်ပါသေးရဲ့ ပြန်တွေ့တာ ” လို့ ပြောလိုက်ပြီးနောက် သူနာပြုဟာသူ့ဘက်ကို လှည့်လာပြီး “အဖိုးက ရှင့်ကို တစ်ခုခုများ နှောက်ယှက်မိသေးလား မသိဘူးနော်။ သူက အဲဒီလို အိမ်ကနေ မကြာခဏ ထွက်ထွက်သွားတတ်တယ်။ ပြီးတော့လည်း တွေ့တဲ့သူတိုင်းကို သူ့ကိုယ်သူ သူဌေးကြီး ရော့ကဖဲလား လို့ အမြဲပြောတတ်တယ်။ ရှင့်ကို နောက်ယှက်မိတယ်ဆိုရင် ဆောရီးပါနော်”လို့ ပြောလိုက်ပြီးနောက် အဖိုးအိုကို တွဲခေါ်ကာ သူ့ရှေ့ကနေ ထွက်သွားပါတော့တယ်။

တစ်ယောက်တည်း ကျန်ခဲ့တဲ့သူဟာ ခုံတန်းရှေ့မှာ အတော်ကြာ မတ်တပ်ရပ်ပြီး ဆွံ့အလို့ နေမိပါတယ်။ သူ့လက်ထဲမှာ ဒေါ်လာ သန်းဝက် ရှိတယ် ဆိုတဲ့ယုံကြည်မှုတွေနဲ့ သူဟာ အလုပ်ကို တစ်နှစ်ပတ်လုံး အားကြိုးမာန်တက် လုပ်ခဲ့ပါတယ်။ ဖောက်သည်တွေနဲ့ အကောင်းဆုံး အဆင်ပြေအောင် ဆက်ဆံပြီး အရောင်း အဝယ်ကို ပြန်လုပ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့လက်ထဲမှာရှိနေတယ်လို့ တစ်ချိန်လုံး ယုံကြည်နေမိတဲ့ ဒေါ်လာသန်းဝက်ဆိုတာ တကယ်တော့ ဘာမှ တန်ဖိုးမရှိတဲ့ စက္ကူလေးတစ်ရွက်သာ။ သူ သဘောပေါက်လိုက်မိတာက သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို အကောင်းဆုံး ပြန်လုပ်နိုင်အောင် တွန်းအား ပေးလိုက်တာက မိမိကိုယ်ကိုယ် ယုံကြည်မှုသာ ဖြစ်တယ်ဆိုတာ သူ နားလည်လိုက်မိပါတော့တယ်။

Credit : OMO

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top