iMyanmarHouse.com - Best Property Website for Myanmar
×
🔺တနင်္ဂနွေ
🔺တနင်္လာ
🔺အင်္ဂါ
ထားပါ 👈
🔺ဗုဒ္ဓဟူး
🔺ကြာသပတေး
လှုပါ 👈
🔺သောကြာ
🔺စနေ
🔺တနင်္ဂနွေ
အချစ်ရေး ညံ့နေပါသေးတယ် ထင်မထားတဲ့
ပြသနာတွေဝင်လာတက်တယ် လုပ်ငန်းသစ်စီးပွားသစ်ဆိုတာမျိုးတွေ ကြုံလာရမဲ့အချိန်ပါပဲ။
စပ်တူလုပ်ထားတဲ့အလုပ်တွေကနေ ထူးခြားစွာ
အကျိုးအမြတ်ရရှိပါလိမ့်မယ်။
မိမိအတွက်အကျိုးရှိမဲ့ပညာရပ်အသစ်တွေ စတင်သင်ကြားဖြစ်ဖို့ အခွင့်အရေးတွေပေါ်လာတတ်ပါတယ်။
မိသားစုအတူနေသူတွေနဲ့ ရန်သဘောဆောင်တဲ့ အနေအထားမျိုးတွေ့ရပါတယ်။
အိမ်ထောင်သည်များကတောက်ကဆဖြစ်လွယ်တဲ့ကာလပါ။ စီးပွားရေးကံအထူးအားကောင်းစွာရပ်တည်နေပါတယ်။
လူငယ်များ အချစ်ရေးကံညံ့နေပါသေးတယ်။အောင်သွယ်အားကိုးမှ အဆင်ပြေနိုင်မဲ့ အခြေအနေမျိုးပါ။
ပစ္စည်းပျောက်တက်တယ် သတိထားပါ
👉ရှောင်ရန် ဝက်သားမစားပါနဲ့
ဆောင်ရန် သံပုရာသီးအိပ်ထဲထည့်ပါ 👈
🔺တနင်္လာ
အချစ်ရေးညံ့နေပါသေးတယ် အလိမ်ခံရတက်တယ် အလုပ်ကိစ္စကြောင့်သော်လည်ကောင်း အခြားလူမှုရေးကိစ္စကြောင့်သော်လည်ကောင်း ခရီးသွားရဖို့
အကြောင်းဖန်လာတတ်ပါတယ်။
အများကိစ္စ ပရဟိတိကိစ္စတွေမှာဝင်ရောက်ကူညီလုပ်ကိုင်ပေးရတတ်ပါတယ်။
လုပ်ငန်းစီးပွားအနေနဲ့က ရှေးတိုးဆောင်ရွက်တာမျိုးမလုပ်ပါနဲ့။
လုပ်ငန်းထပ်ချဲ့တာမျိုး ကြီးကျယ်စွာငွေကြေးရင်းနှီးမြုပ်နှံတာမျိုးမလုပ်စေချင်ပါဘူး။
သတိထားစေချင်တာကတော့ယာဉ်ကားကို သတိထားမောင်းနှင်းပါ။
လျှပ်စစ်ကိုင်တွယ်ရာမှာ သတိရှိစေချင်ပါတယ်။
ပညာရေးအနေနဲ့ ဝီရိယထားကြိုးစားရပါလိမ့်မယ်။
ပညာရေးကံကအကောင်းအဆိုးမျှနေတဲ့ သဘောပါ။ အချစ်ရေးကမိမိမျှော်လင့်ထားသလို မဖြစ်သေးပါဘူး။ငွေမမြဲသေးပါဘူး။
👉ရှောင်ရန် ည၁၀ကျော်တာနဲ့အပြင်မထွက်ပါနဲ့
ဆောင်ရန် စပယ်ပန်းအိပ်ထဲဆောင်ထားပါ 👈
🔺အင်္ဂါ
အချစ်ရေးအသင့်အသင့် ငွေကုန်ကျများတက်တယ် သူငယ်ချင်းမိသားစုနဲ့ စကားများရန်ဖြစ်ရတက်တယ် ဒီကာလဟာကျန်းမာရေး အားနည်းသွားစေနိုင်တဲ့ကာလပါ။
အထူးသဖြင့် အိပ်ရေးပျက်မခံပါနှင့်။ ငွေကုန်ကြေးကျများနေတတ်ပါတယ်။
ငွေကဝင်ပေမဲ့အဖတ်မတင်ဘဲပြန်ထွက်သွားတတ်ပါတယ်။
အိမ်ထောင်သည်များ အိမ်ထောင်ရေးရှုပ်ထွေးမှုတွေရှိထားပါက ဖုံးကွယ်မရ ပေါ်လာတတ်ပါတယ်။
အချစ်ရေးမှာ နောက်မှပေါက်တဲ့ ရွှေကြာပင်ကို အရေးပေးနေမိတတ်ပါတယ်။
ကိုယ်ပိုင်စီးပွားရေးသမားများ ရောင်းမှားဝယ်မှား ဖြစ်တတ်ပါတယ်။ ပညာလိုချင်တဲ့စိတ် ပြင်းပြနေတတ်ပါတယ်။
အိမ်မှာရှိသော စက်ကားခဏခဏပျက်တတ်သည်အတူနေသားသမီးများရဲ့ သတင်းကောင်းတွေကြားရတတ်ပါတယ်ဗျာ။ငွေမချီးပါနဲ့ ပြန်မရတက်ပါဘူး
👉ရှောင်ရန် အမဲသားမစားပါနဲ့
ဆောင်ရန် အောင်သပြေပန်း အိတ်ထဲဆောင်
ထားပါ 👈
🔺ဗုဒ္ဓဟူး
အချစ်ရေးအသင့်သင့် ဒါပေမဲ့ စန်းပွင့်မည့်လဖြစ်သည် ဗုဒ္ဓဟူးသားသမီးများ ဒီအပတ်ထဲအလုပ်စီးပွားကံလွန်စွာမြင့်မားနေတတ်ပါသည်။
အလုပ်မှာရာထူးတိုးတာမျိုး နေရာကောင်းရတာမျိုးကြုံရတတ်ပါသည်။
လူကြီးတွေရဲ့မျက်နှာသာပေးခြင်းခံရပါလိမ့်မည်။
ဘာသာရေး ကုသိုလ်ရေးနဲ့ပက်သက်သောကိစ္စများ ဝင်ရောက်လုပ်ကိုင်ပေးရတတ်သည်။ ရွှေဝင်လာတတ်ပါတယ်။
အောက်လက်ငယ်သားတွေဆီကနေအကူအညီကောင်းတွေရလာတတ်ပါတယ်။
အဝေးရောက်သားသမီးတွေရဲ့ ထောက်ပံ့တာမျိုး
ကြုံရတတ်ပါတယ်။ ငယ်ရွယ်သူများ ချစ်သူအချင်းချင်း အလုပ်ကြောင့် ဝေးကွာဖို့အကြောင်းဖန်လာတတ်ပါတယ်။ပညာရေးကံလွန်စွာကောင်းပါတယ်။
ဘာသာရေးနဲ့ သက်ဆိုင်သော သင်တန်းများတတ်ရတတ်ပါတယ်။ထိခိုကဒဏ်ရာရတက်သည် အထီးကျန်နေတက်သည် ငွေကရှာမလောက်ဖြစ်တက်သည် စုမိအောင်ကြိုးစားပါ
👉ရှောင်ရန် အမျိုးတွေနဲ့ခဏကင်းကင်းနေပါ
ဆောင်ရန် လမ်းဘေးခွေးအားထမင်းကျွေးပါ 👈
🔺ကြာသပတေး
အချစ်ရေးအသင့်အသင့် သစ္စာဖောက်ခံရတက်သည် နစ်ယောက်တွံခံရတက်သည် ဒီကာလဟာ လွန်စွာမှ မိတ်ကောင်းဆွေကောင်းတွေတိုးပွားမဲ့ကာလပါပဲ။
လုပ်ငန်းစီးပွားတွေလဲ အဆင်ပြေတိုးတတ်နေပါလိမ့်မယ်။ မိမိလိုအပ်နေသော အကူအညီအား မိဘတွေဆီကနေ ရပါလိမ့်မယ်။
စပ်တူရှယ်ယာအလုပ်များမှ အကျိုးအမြတ်တွေရပါလိမ့်မယ်။
ဘာသာရေးနဲ့ပက်သက်သောအသုံးအဆောင်ပစ္စည်းများ လက်ဆောင်ရတတ်ပါတယ်။
မိတ်ဆွေတွေရဲ့ ဝိုင်းဝန်ကူညီမှုကြောင့် အရာရာအဆင်ပြေချောမွေ့ပါလိမ့်မယ်။ အချစ်ရေးမှာ ချစ်သူရဲ့အထင်လွဲစိတ်ကောက်နေခြင်းမျိုးကြုံရပါလိမ့်မယ်။
ပညာရေးမှာ သင်တန်းအသစ်တွေတက်ရောက်ရ ပါလိမ့်မယ်။ ကျန်မားရေးအနေနဲ့ ဗိုက်အောက်ဗိုက်နာ ဝမ်းပျက်တာမျိုးလဲ ဖြစ်နိုင်ပါတယ်ဗျာ။စက်ပစ္စည်း ဖုန်း ပျောက်တက်သည် ကွဲတက်သည်။
👉ရှောင်ရန် ရန်ဖြစ်ရတက်သည်သတိထားပါ
ဆောင်ရန် ပေါက်ပေါက်ဆုပ် အသီးဘုရားကပ်
လှုပါ 👈
🔺သောကြာ
အချစ်ရေးကံကောင်းမည် လာကြိုက်ခံရတက်သည် သတိထားစဉ်းစားပါ သောကြာသားသမီးများ ခရီးသွားရဖို့အကြောင်းဖန်လာပြီဆိုရင်တော့ မိမိကိုယ်တိုင်ယာဉ်ကားမောင်းနှင်ပြီးသွားတာမျိုး ရှောင်စေချင်ပါတယ်။
ခြံ၊ ကားဝယ်ဖိုကြံစည်ထားတယ်ဆိုရင် ဒီအပတ်ထဲမဝယ်ပါနဲ့အုံး။ မိမိအိမ်နားမှာ မီးလန့်တာမျိုးကြုံရတယ်ဆိုရင် ထီထိုးလိုက်ပါလို့ အကြုံပြုချင်ပါတယ်။
လုပ်ဖော်ကိုင်ဖက်တွေ မိမိကိုမနာလိုခြင်းကြောင့် ချောက်တွန်းခြင်း ကုန်းတိုက်ခြင်းတွေလုပ်လာတတ်ပါတယ်။ အချစ်ရေးကံကောင်းနေပါလိမ့်မယ်။
အချစ်သစ်ဆိုတာမျိုးလဲရလာတတ်ပါတယ်။
ပညာရေးအပေါ် မိမိကိုယ်တိုင်က စိတ်ဝင်စားမှုနည်းနေတတ်ပါတယ်။ ကြံစည်စိတ်ကူးထားတာတွေလွဲချော်နေရတတ်ပါတယ်။
စီးပွားရေး ညံ့နေတက်သည် အရောင်းအဝယ်ပါးနေတက်တယ် ဖြစ်နေတာနဲ့ဖြစ်ချင်တာနဲ့ တစ်ထက်ထဲမကျသေးပါ။
👉ရှောင်ရန် ပိုက်ဆံမချီးပါနဲ့အလိမ်ခံရတက်တယ်
ဆောင်ရန် နင်းဆီပန်းဘုရား ကပ်လှုပါ 👈
🔺စနေ
အချစ်ရေးအသင့်သင့် စကားများရန်ဖြစ်ရတက်သည် ပြတ်တက်သည် နောက်တစ်ယောက်ထားသွားတက်သည် သဘောထားကွဲလွဲနေမှုများ ၊ စေ့စပ်ဆောင်ရွက်လို့မရတဲ့ကိစ္စများ ဒီကာလမှာပြန်လည်အဆင်ပြေလာပါလိမ့်မယ်။
နားလည်မှုလွဲနေတာမျိုးရှိရင် ဒီကာလမှာဖြေရှင်းလိုက်ပါ။ မိမိအတွေး မိမိအယူအဆတွေ မှန်ကန်မှုကြောင့်အရာရာအဆင်ပြေချောမွေ့နေပါလိမ့်မယ်။
တရားသောစကားတွေသာ ပြောဆိုသင့်တဲ့အချိန်ပါ။
လိမ်ညာပြောဆိုတာမျိုးရှောင်ကြဉ်သင့်ပါတယ်။ ရေလမ်းခရီးသွားဖို့ရှိပါက သတိဝီရိယနဲ့သာ သွားစေချင်ပါတယ်။
ချစ်သူအချင်းချင်း အိမ်ထောင်ဘက်အချင်းချင်း အထင်လွဲစိတ်ကောက်နေတာမျိုးရှိရင် ဒီကာလမှာ ပြန့်ချော့လို့ အဆင်ပြေပါလိမ့်မယ်။
မိမိဟန်ပန်ကို ကြည့်ပြီးအထင်သေးနေသူများ မိမိလုပ်ရည်ကိုင်ရည်ကြောင့် အံ့သြချီးကျူးသွားတတ်ပါတယ်။ထီပေါက်ကိန်းရှိသည် ရာထူးတိုးတက်သည် ငွေဝင်မည်။
👉ရှောင်ရန် ဆိတိသားမစားပါနဲ့
ဆောင်ရန် ဘုရားမှာရွှေကပ်ပါ ရေသက်ပါယ်ပါ 👈
Credit : ဗေဒင်ထူးမြတ်အောင်
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top