iMyanmarHouse.com - Best Property Website for Myanmar
×

တက္ဆက္တကၠသိုလ္ ေလ့လာမႈအရ ရွားေစာင္းလက္ပတ္ဟာ အသားအေရ နီျမန္းမႈကို ေလ်ာ့က်ေစၿပီး အနာျမန္ျမန္က်က္ေစပါတဲ့ အစြမ္းသတၲိရွိတယ္လို႔ ဆိုပါတယ္။ အေရျပားၾကမ္းတမ္းမႈနဲ႔ အျခား က်န္းမာေရးျပႆနာေတြကိုပါ ရွားေစာင္းလက္ပတ္က ကုသေပးႏိုင္ပါတယ္။ ပိုလွသြားခ်င္ရင္ ေန႔စဥ္ အသားအေရထိန္းသိမ္းေစာင့္ေရွာက္မႈကို ေကာင္းေကာင္းမြန္မြန္ လုပ္ဖို႔ လိုပါတယ္။

အသားအေရအတြက္

ေရခဲေသတၲာထဲမွာ အေအးခံထားတဲ့ ရွားေစာင္းလက္ပတ္ကို အပိုင္းပိုင္းၿပီး အႏွစ္ေတြကို မ်က္ႏွာတစ္ျပင္လံုး အႏွံ႔ သုတ္လိမ္းေပးပါ။ ရွားေစာင္းလက္ပတ္မွာ ပါဝင္တဲ့ ေအာက္ဆီဂ်င္ဓါတ္က မ်က္ႏွာအေရျပားကို သန္႔စင္ေပးမွာ ျဖစ္ၿပီး ဆဲလ္ေသမ်ားကို ဖယ္ရွားေပးတာေၾကာင့္ ခ်က္ခ်င္းကို ေခ်ာမြတ္လွပသြားေစမွာပါ။ မ်က္ႏွာေပၚမွာ ေအးေအးေလးနဲ႔ ေနလို႔အရမ္းေကာင္းၿပီး ခ်က္ခ်င္းဆိုသလို ေခၽြးေပါက္ေတြကို က်ဥ္းသြားေအာင္ ရွားေစာင္းလက္ပတ္အႏွစ္က လုပ္ေပးေနတာကို ခံစားရပါလိမ့္မယ္။  ပံုမွန္လိမ္းေပးရင္ ၀က္ၿခံ၊ တင္းတိပ္မ်ားကို ေပ်ာက္ကင္းေစၿပီး အသားအေရကို နူးညံ့လွပေစပါသည္။ မီးေလာင္နာ၊ အေရၾကည္ဖုနာ၊ ထိခုိက္ရွနာ၊ ေနေလာင္ဒဏ္ရာ စတဲ့ ဒဏ္ရာေတြကိုလည္း သက္သာေစပါတယ္။

အနာအမ်ိဳးမ်ိဳး

ရွားေစာင္းလက္ပတ္ကို ႏွစ္ျခမ္းျခမ္းၿပီး အႏွစ္ကို ဇြန္းနဲ႔ျခစ္ၿပီး ၾကိတ္လိုက္ပါ။ ေသြးစုနာ၊ အဖုနာ၊ အၾကိတ္နာေပၚကို သုတ္လိမ္းေပးမယ္ဆိုရင္ အၾကိတ္ရွိရင္ အႀကိတ္ေတြကို ေၾကေစသလို ျပည္တည္နာကိုလည္း အျမန္ေပါက္ေစပါတယ္။

မ်က္စိျပႆနာေတြ
မ်က္စိနာေနတယ္ဆုိရင္ ရွားေစာင္းလက္ပတ္ရဲ့အႏွစ္ကို ျခစ္ယူၿပီး ၾကိတ္ထားတဲ့အႏွစ္ကို မ်က္စိေပၚကို အံုေပးပါ။ မ်က္စိနာျခင္း၊ မ်က္စိကိုက္ျခင္း၊ မ်က္စိ ပူစပ္ျခင္းႏွင့္ မ်က္ခမ္းယားယံျခင္းတိုု႔ကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။

အမ်ိဳးသမီးေရာဂါ

အမ်ိဳးသမီးမ်ား ဓမၼတာမမွန္တာ၊ မီးယပ္ေရာဂါရွိတာေတြ သက္သာေပ်ာက္ကင္းခ်င္ရင္ ရွားေစာင္းလက္ပတ္ကို ပါးပါးလွီးၿပီးသာ ဟင္းထဲထည့္ၿပီး ခ်က္စားလိုက္ပါ။ အရသာရွိရွိ အရည္ေဖ်ာ္ေသာက္ခ်င္ရင္ ရွားေစာင္းလက္ပတ္ေဖ်ာ္ရည္နည္းေတြ ရွိပါတယ္။
ဆက္စပ္ဖတ္႐ႈႏိုင္ရန္ ---> ဓမၼတာလာခ်ိန္ မလုပ္သင့္ဘူးလို႔ မွားယြင္းထင္ျမင္ေနၾကတဲ့အရာ (၄) ခု

ရွားေစာင္းလက္ပတ္အပင္ေလးကို အိမ္ခန္းတြင္းမွာ စိုက္ပ်ိဳးခ်င္လည္း ရပါတယ္။ ၾကိဳက္တဲ့အခ်ိန္ အခက္ကိုယူၿပီး လိုရာသံုးႏိုင္မယ့္အျပင္ အခန္းတြင္း ေလထုညစ္ညမ္းမႈကို ေလွ်ာ့ခ်ေပးဦးမွာပါ။

Source : PopSugar

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တက်ဆက်တက္ကသိုလ် လေ့လာမှုအရ ရှားစောင်းလက်ပတ်ဟာ အသားအရေ နီမြန်းမှုကို လျော့ကျစေပြီး အနာမြန်မြန်ကျက်စေပါတဲ့ အစွမ်းသတ္တိရှိတယ်လို့ ဆိုပါတယ်။ အရေပြားကြမ်းတမ်းမှုနဲ့ အခြား ကျန်းမာရေးပြဿနာတွေကိုပါ ရှားစောင်းလက်ပတ်က ကုသပေးနိုင်ပါတယ်။ ပိုလှသွားချင်ရင် နေ့စဉ် အသားအရေထိန်းသိမ်းစောင့်ရှောက်မှုကို ကောင်းကောင်းမွန်မွန် လုပ်ဖို့ လိုပါတယ်။

အသားအရေအတွက်

ရေခဲသေတ္တာထဲမှာ အအေးခံထားတဲ့ ရှားစောင်းလက်ပတ်ကို အပိုင်းပိုင်းပြီး အနှစ်တွေကို မျက်နှာတစ်ပြင်လုံး အနှံ့ သုတ်လိမ်းပေးပါ။ ရှားစောင်းလက်ပတ်မှာ ပါဝင်တဲ့ အောက်ဆီဂျင်ဓါတ်က မျက်နှာအရေပြားကို သန့်စင်ပေးမှာ ဖြစ်ပြီး ဆဲလ်သေများကို ဖယ်ရှားပေးတာကြောင့် ချက်ချင်းကို ချောမွတ်လှပသွားစေမှာပါ။ မျက်နှာပေါ်မှာ အေးအေးလေးနဲ့ နေလို့အရမ်းကောင်းပြီး ချက်ချင်းဆိုသလို ချွေးပေါက်တွေကို ကျဉ်းသွားအောင် ရှားစောင်းလက်ပတ်အနှစ်က လုပ်ပေးနေတာကို ခံစားရပါလိမ့်မယ်။  ပုံမှန်လိမ်းပေးရင် ဝက်ခြံ၊ တင်းတိပ်များကို ပျောက်ကင်းစေပြီး အသားအရေကို နူးညံ့လှပစေပါသည်။ မီးလောင်နာ၊ အရေကြည်ဖုနာ၊ ထိခိုက်ရှနာ၊ နေလောင်ဒဏ်ရာ စတဲ့ ဒဏ်ရာတွေကိုလည်း သက်သာစေပါတယ်။

အနာအမျိုးမျိုး

ရှားစောင်းလက်ပတ်ကို နှစ်ခြမ်းခြမ်းပြီး အနှစ်ကို ဇွန်းနဲ့ခြစ်ပြီး ကြိတ်လိုက်ပါ။ သွေးစုနာ၊ အဖုနာ၊ အကြိတ်နာပေါ်ကို သုတ်လိမ်းပေးမယ်ဆိုရင် အကြိတ်ရှိရင် အကြိတ်တွေကို ကြေစေသလို ပြည်တည်နာကိုလည်း အမြန်ပေါက်စေပါတယ်။

မျက်စိပြဿနာတွေ
မျက်စိနာနေတယ်ဆိုရင် ရှားစောင်းလက်ပတ်ရဲ့အနှစ်ကို ခြစ်ယူပြီး ကြိတ်ထားတဲ့အနှစ်ကို မျက်စိပေါ်ကို အုံပေးပါ။ မျက်စိနာခြင်း၊ မျက်စိကိုက်ခြင်း၊ မျက်စိ ပူစပ်ခြင်းနှင့် မျက်ခမ်းယားယံခြင်းတိုု့ကို ပျောက်ကင်းစေနိုင်ပါတယ်။

အမျိုးသမီးရောဂါ

အမျိုးသမီးများ ဓမ္မတာမမှန်တာ၊ မီးယပ်ရောဂါရှိတာတွေ သက်သာပျောက်ကင်းချင်ရင် ရှားစောင်းလက်ပတ်ကို ပါးပါးလှီးပြီးသာ ဟင်းထဲထည့်ပြီး ချက်စားလိုက်ပါ။ အရသာရှိရှိ အရည်ဖျော်သောက်ချင်ရင် ရှားစောင်းလက်ပတ်ဖျော်ရည်နည်းတွေ ရှိပါတယ်။
ဆက်စပ်ဖတ်ရှုနိုင်ရန် ---> ဓမ္မတာလာချိန် မလုပ်သင့်ဘူးလို့ မှားယွင်းထင်မြင်နေကြတဲ့အရာ (၄) ခု

ရှားစောင်းလက်ပတ်အပင်လေးကို အိမ်ခန်းတွင်းမှာ စိုက်ပျိုးချင်လည်း ရပါတယ်။ ကြိုက်တဲ့အချိန် အခက်ကိုယူပြီး လိုရာသုံးနိုင်မယ့်အပြင် အခန်းတွင်း လေထုညစ်ညမ်းမှုကို လျှော့ချပေးဦးမှာပါ။

Source : PopSugar

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top