iMyanmarHouse.com - Best Property Website for Myanmar
×

၁။  ရုပ္ နာမ္ (၂)ပါး ၊ ခႏၶာငါးပါး ၊ အာယတန-
        (၁၂)ပါး ၊ ဓာတ္(၁၈)ပါးတို႔တြင္ တစ္ပါးပါးကို
        ျဖစ္ေစ ၊ တစ္ပါးထက္ပို၍ျဖစ္ေစ ၊ အားလုံးကို
        ျဖစ္ေစ ၊ ဒိ႒ပစၥကၡ ျဖစ္ပ်က္ေနတာကို
        ကိုယ္ေတြ႕ျဖစ္ေအာင္ ရွဳရျခင္း။

  ၂။  ဒိ႒ကိုယ္ေတြ႕ဆိုတာ စိတ္ကူး ႀကံစည္
        ေတြးေတာ ေဝဖန္ႏႈိင္းဆ၍ အႏုမာနအားျဖင့္
        သိရျခင္းမ်ိဳးမဟုတ္။

  ၃။  မ်က္စိ နား ႏွာ လွ်ာ ကိုယ္ စိတ္ တို႔ျဖင့္
        တကယ္ေတြ႕၍ သိရျခင္းမ်ိဳးကိုသာ
        ဆိုလိုသည္။

  ၄။  ပစၥဳပၸန္အခိုက္အတန္႔၌ တကယ္ျဖစ္ပ်က္
        ေနတာေတြကို တကယ္ေတြ႕ေအာင္
        ရွဳရျခင္းျဖစ္သည္။

  ၅။  ရွဳေနတုန္း ႀကံစည္မႈ ေတြးေတာမႈ မလုပ္ရ ၊
        လုပ္လွ်င္ သမာဓိပ်က္၍ ဉာဏ္မတက္ၿပီ။

  ၆။  ရွဳေနစဥ္ သမာဓိေကာင္းသေလာက္
        ျဖစ္ပ်က္ေတြကို အလိုလို ေတြ႕လာရသည္။
        စိတ္ျဖင့္ ႀကံစည္ၿပီး ပ်က္ရတာမ်ိဳးမဟုတ္။

  ၇။  ျဖစ္ပ်က္သေဘာေတြကို အျမင္မ်ားလာလွ်င္
        ပုံသ႑ာန္ အစိုင္အခဲတို႔ကို နည္းနည္းမွ်
        မေတြ႕ရဘဲ ျဖစ္ပ်က္ကိုသာ ေတြ႕ေနရမည္။

  ၈။  ျဖစ္ပ်က္ေတြ႕ရင္း ဉာဏ္စဥ္တက္၍ မဂ္ဖိုလ္
        ရႏိုင္သည္။

  ၉။  မဂ္ဖိုလ္ရလွ်င္ ဖလသမာပတ္ကို
        ဝင္စားႏိုင္သည္။

၁၀။ ႀကံစည္စိတ္ကူး၍ ယူရသမွ်မွာ ဝိပႆနာ
        အစစ္မဟုတ္ ၊ ကလာပသမၼသနသာျဖစ္၍
        ဝိပႆနာဉာဏ္လည္း မတက္ႏိုင္ ၊
        မဂ္ဖိုလ္ကိုလည္း မရႏိုင္ပါ။

 ( ဤအဂၤ ါရပ္မ်ားႏွင့္ မကိုက္ညီလွ်င္
         ဝိပႆနာအစစ္မဟုတ္ဟု မွတ္ၾကပါကုန္)

က်မ္းကိုး
-------------
 ဝိပႆနာပါရဂူက်မ္းေတာ္ႀကီး

Credit : dhammasarpay
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
၁။  ရုပ် နာမ် (၂)ပါး ၊ ခန္ဓာငါးပါး ၊ အာယတန-
        (၁၂)ပါး ၊ ဓာတ်(၁၈)ပါးတို့တွင် တစ်ပါးပါးကို
        ဖြစ်စေ ၊ တစ်ပါးထက်ပို၍ဖြစ်စေ ၊ အားလုံးကို
        ဖြစ်စေ ၊ ဒိဋ္ဌပစ္စက္ခ ဖြစ်ပျက်နေတာကို
        ကိုယ်တွေ့ဖြစ်အောင် ရှုရခြင်း။

  ၂။  ဒိဋ္ဌကိုယ်တွေ့ဆိုတာ စိတ်ကူး ကြံစည်
        တွေးတော ဝေဖန်နှိုင်းဆ၍ အနုမာနအားဖြင့်
        သိရခြင်းမျိုးမဟုတ်။

  ၃။  မျက်စိ နား နှာ လျှာ ကိုယ် စိတ် တို့ဖြင့်
        တကယ်တွေ့၍ သိရခြင်းမျိုးကိုသာ
        ဆိုလိုသည်။

  ၄။  ပစ္စုပ္ပန်အခိုက်အတန့်၌ တကယ်ဖြစ်ပျက်
        နေတာတွေကို တကယ်တွေ့အောင်
        ရှုရခြင်းဖြစ်သည်။

  ၅။  ရှုနေတုန်း ကြံစည်မှု တွေးတောမှု မလုပ်ရ ၊
        လုပ်လျှင် သမာဓိပျက်၍ ဉာဏ်မတက်ပြီ။

  ၆။  ရှုနေစဉ် သမာဓိကောင်းသလောက်
        ဖြစ်ပျက်တွေကို အလိုလို တွေ့လာရသည်။
        စိတ်ဖြင့် ကြံစည်ပြီး ပျက်ရတာမျိုးမဟုတ်။

  ၇။  ဖြစ်ပျက်သဘောတွေကို အမြင်များလာလျှင်
        ပုံသဏ္ဍာန် အစိုင်အခဲတို့ကို နည်းနည်းမျှ
        မတွေ့ရဘဲ ဖြစ်ပျက်ကိုသာ တွေ့နေရမည်။

  ၈။  ဖြစ်ပျက်တွေ့ရင်း ဉာဏ်စဉ်တက်၍ မဂ်ဖိုလ်
        ရနိုင်သည်။

  ၉။  မဂ်ဖိုလ်ရလျှင် ဖလသမာပတ်ကို
        ဝင်စားနိုင်သည်။

၁၀။ ကြံစည်စိတ်ကူး၍ ယူရသမျှမှာ ဝိပဿနာ
        အစစ်မဟုတ် ၊ ကလာပသမ္မသနသာဖြစ်၍
        ဝိပဿနာဉာဏ်လည်း မတက်နိုင် ၊
        မဂ်ဖိုလ်ကိုလည်း မရနိုင်ပါ။

 ( ဤအင်္ဂ ါရပ်များနှင့် မကိုက်ညီလျှင်
         ဝိပဿနာအစစ်မဟုတ်ဟု မှတ်ကြပါကုန်)

ကျမ်းကိုး
-------------
 ဝိပဿနာပါရဂူကျမ်းတော်ကြီး

Credit : dhammasarpay

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top