iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ေယာက္ဆီက ယံုၾကည္မႈ လ်င္လ်င္ျမန္ျမန္ရဖို႔ဆိုတာ မလြယ္ပါဘူး။ သူတို႔သေဘာက်ႏွစ္သက္စရာ၊ အထင္ၾကီးေလးစရာမ်ိဳး ရွိမွသာ လြယ္လြယ္နဲ႔ ယံုၾကည္ၾကတာပါ။ ဒါေပမဲ့ လ်င္လ်င္ျမန္ျမန္ပဲ ယံုၾကည္မႈရဖို႔ ကူညီေပးႏုိင္တဲ့ နည္းလမ္းေလးေတြ ရွိပါတယ္။

၁ - အျပဳံး

စစ္မွန္တဲ့အျပံဳးမ်ိဳး ျပဳံးျခင္းဟာ ျပံဳးျပလိုက္တဲ့လူအေပၚ သင့္ဘက္က ယံုၾကည္တယ္ဆိုတဲ့ ညႊန္းဆိုမႈျဖစ္ပါတယ္။ သင့္ဆီက ယံုၾကည္မႈကို ခံစားရတဲ့အခါ တစ္ဖက္ကလည္း သင့္ကို ယံုၾကည္မႈနဲ႔ တံု႔ျပန္မွာပါ။ စစ္မွန္တဲ့အျပံဳးဟာ စိတ္ခံစားခ်က္ကလာတာပါ။ ေကာင္းမြန္တဲ့ စိတ္ခံစားခ်က္ကလာမွ ႏွစ္လိုဖြယ္ေကာင္းတဲ့အျပံဳးကို ရရွိတာပါ။ ႏွစ္လိုဖြယ္အျပံဳးျဖစ္ဖို႔ အျပဳသေဘာေဆာင္တဲ့ ေကာင္းမြန္တဲ့အေတြးမ်ိဳးေတြ သင့္ဆီမွာ ျပည့္လွ်ံေနဖို႔ လိုပါတယ္။

၂ - ထင္ဟပ္ပါ

သင္ယံုၾကည္မႈတည္ေဆာက္တဲ့လူရဲ႕ ပံုစံဟန္အတုိင္း လိုက္လံျပဳမူတာမ်ိဳး ျဖစ္ပါတယ္။ သူ႔ဘက္က အေၾကာင္းအရာတစ္ခုကို ဝမ္းနည္းဟန္နဲ႔ေျပာေနတဲ့အခါ သင့္အျပဳအမူကလည္း ဝမ္းနည္းရိပ္သန္းေနတဲ့ အျပဳအမူမ်ိဳးရွိရမွာ ျဖစ္ပါတယ္။ တစ္ဖက္လူက ျဖည္းျဖည္းေျပာတဲ့အခါမ်ိဳးမွာ သင့္ဘက္ကလည္း ျဖည္းျဖည္းေျပာသင့္ပါတယ္။ တစ္ဖက္လူက လက္ဟန္ေျခဟန္ေတြနဲ႔ေျပာတဲ့အခါ သင့္ဘက္ကလည္း စကားေျပာရင္လုပ္တတ္တဲ့ လက္ဟန္ေျခဟန္ေလးေတြနဲ႔ တံု႔ျပန္သင့္ပါတယ္။

(သင္စိတ္ဝင္စားႏုိင္မယ့္ ေဆာင္းပါး -အလုပ္မွာ ခင္တဲ့လူ မရွိရတဲ့ အေၾကာင္းရင္း (၇) ခ်က္ )

၃ - အာရုံစိုက္ပါ

ႏွစ္ေယာက္ေတြ႕တဲ့အခါ သင္စကားေျပာေနတဲ့လူကိုပဲ အာရုံစိုက္ပါ။ မ်က္ႏွာကို တည့္တည့္ၾကည့္ေနရမယ္လို႔ ဆုိလိုတာမဟုတ္ပါဘူး။ သူ႔ကို အာရုံစိုက္ဂရုျပဳေနတယ္လို႔ တစ္ဖက္က ခံစားမိဖို႔ ျဖစ္ပါတယ္။ ေျပာေနတုန္းမွာ ကိုယ့္ဘက္က တျခားလူေတြကို ၾကည့္ေနတာ၊ အေဝးကို မ်က္ႏွာလႊဲေနတာေတြဟာ ယံုၾကည္မႈတည္ေဆာက္ဖို႔ အတြက္ ေကာင္းမြန္တဲ့ လကၡဏာမ်ိဳး မဟုတ္ပါဘူး။

၄ - ေပ်ာ့ေျပာင္းသူ

လူေတြဟာ လူဆန္သူကို ပိုသေဘာက်ပါတယ္။ လူဆန္သူဆိုတာကေတာ့ အေကာင္းေတြရွိသလို အဆိုးေတြလည္း ရွိသူပါ။ သင္ယံုၾကည္မႈ တည္ေဆာက္ခ်င္သူနဲ႔ ဆက္ဆံတဲ့အခါ သင့္ဘက္မွာလည္း အားနည္းခ်က္ေတြ ရွိတယ္ဆိုတာမ်ိဳး သူ႔ဘက္က သိထားရင္ ပိုေကာင္းပါတယ္။ သင္လည္း ခံစားတတ္သူ၊ ထိခိုက္တတ္သူလို႔ တစ္ဖက္က ထင္ထားရင္ပိုေကာင္းပါတယ္။

၅ - တကယ္လုပ္ပါ

ျပံဳးျပရုံ၊ စကားေျပာရင္ ဂရုစိုက္နားေထာင္ရုံေလာက္နဲ႔ တစ္ဖက္လူရဲ႕ ယံုၾကည္မႈကို လ်င္လ်င္ျမန္ျမန္မရေသးပါဘူး။ အေရးၾကီးဆံုးအခ်က္ကေတာ့ ေျပာျပီးရင္တကယ္လုပ္ပါ။ အေျပာနဲ႔ အလုပ္မညီတဲ့လူကို ဘယ္သူကမွ တကယ္မယံုၾကည္ပါဘူး။ ေျပာျပီးရင္ တကယ္လက္ေတြ႕အေကာင္အထည္ေဖာ္သူျဖစ္ေၾကာင္း တစ္ဖက္က သိဖို႔လည္း အေရးၾကီးပါတယ္။ သင္ေျပာတာကိုသာသိျပီး တကယ္အေကာင္အထည္ေဖာ္တာမသိရင္ေတာ့ ဘာမွထူးျခားမွာ မဟုတ္ပါဘူး။

Photos & Source: Lifehack

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူတစ်ယောက်ဆီက ယုံကြည်မှု လျင်လျင်မြန်မြန်ရဖို့ဆိုတာ မလွယ်ပါဘူး။ သူတို့သဘောကျနှစ်သက်စရာ၊ အထင်ကြီးလေးစရာမျိုး ရှိမှသာ လွယ်လွယ်နဲ့ ယုံကြည်ကြတာပါ။ ဒါပေမဲ့ လျင်လျင်မြန်မြန်ပဲ ယုံကြည်မှုရဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။

၁ - အပြုံး

စစ်မှန်တဲ့အပြုံးမျိုး ပြုံးခြင်းဟာ ပြုံးပြလိုက်တဲ့လူအပေါ် သင့်ဘက်က ယုံကြည်တယ်ဆိုတဲ့ ညွှန်းဆိုမှုဖြစ်ပါတယ်။ သင့်ဆီက ယုံကြည်မှုကို ခံစားရတဲ့အခါ တစ်ဖက်ကလည်း သင့်ကို ယုံကြည်မှုနဲ့ တုံ့ပြန်မှာပါ။ စစ်မှန်တဲ့အပြုံးဟာ စိတ်ခံစားချက်ကလာတာပါ။ ကောင်းမွန်တဲ့ စိတ်ခံစားချက်ကလာမှ နှစ်လိုဖွယ်ကောင်းတဲ့အပြုံးကို ရရှိတာပါ။ နှစ်လိုဖွယ်အပြုံးဖြစ်ဖို့ အပြုသဘောဆောင်တဲ့ ကောင်းမွန်တဲ့အတွေးမျိုးတွေ သင့်ဆီမှာ ပြည့်လျှံနေဖို့ လိုပါတယ်။

၂ - ထင်ဟပ်ပါ

သင်ယုံကြည်မှုတည်ဆောက်တဲ့လူရဲ့ ပုံစံဟန်အတိုင်း လိုက်လံပြုမူတာမျိုး ဖြစ်ပါတယ်။ သူ့ဘက်က အကြောင်းအရာတစ်ခုကို ဝမ်းနည်းဟန်နဲ့ပြောနေတဲ့အခါ သင့်အပြုအမူကလည်း ဝမ်းနည်းရိပ်သန်းနေတဲ့ အပြုအမူမျိုးရှိရမှာ ဖြစ်ပါတယ်။ တစ်ဖက်လူက ဖြည်းဖြည်းပြောတဲ့အခါမျိုးမှာ သင့်ဘက်ကလည်း ဖြည်းဖြည်းပြောသင့်ပါတယ်။ တစ်ဖက်လူက လက်ဟန်ခြေဟန်တွေနဲ့ပြောတဲ့အခါ သင့်ဘက်ကလည်း စကားပြောရင်လုပ်တတ်တဲ့ လက်ဟန်ခြေဟန်လေးတွေနဲ့ တုံ့ပြန်သင့်ပါတယ်။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး -အလုပ်မှာ ခင်တဲ့လူ မရှိရတဲ့ အကြောင်းရင်း (၇) ချက် )

၃ - အာရုံစိုက်ပါ

နှစ်ယောက်တွေ့တဲ့အခါ သင်စကားပြောနေတဲ့လူကိုပဲ အာရုံစိုက်ပါ။ မျက်နှာကို တည့်တည့်ကြည့်နေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သူ့ကို အာရုံစိုက်ဂရုပြုနေတယ်လို့ တစ်ဖက်က ခံစားမိဖို့ ဖြစ်ပါတယ်။ ပြောနေတုန်းမှာ ကိုယ့်ဘက်က တခြားလူတွေကို ကြည့်နေတာ၊ အဝေးကို မျက်နှာလွှဲနေတာတွေဟာ ယုံကြည်မှုတည်ဆောက်ဖို့ အတွက် ကောင်းမွန်တဲ့ လက္ခဏာမျိုး မဟုတ်ပါဘူး။

၄ - ပျော့ပြောင်းသူ

လူတွေဟာ လူဆန်သူကို ပိုသဘောကျပါတယ်။ လူဆန်သူဆိုတာကတော့ အကောင်းတွေရှိသလို အဆိုးတွေလည်း ရှိသူပါ။ သင်ယုံကြည်မှု တည်ဆောက်ချင်သူနဲ့ ဆက်ဆံတဲ့အခါ သင့်ဘက်မှာလည်း အားနည်းချက်တွေ ရှိတယ်ဆိုတာမျိုး သူ့ဘက်က သိထားရင် ပိုကောင်းပါတယ်။ သင်လည်း ခံစားတတ်သူ၊ ထိခိုက်တတ်သူလို့ တစ်ဖက်က ထင်ထားရင်ပိုကောင်းပါတယ်။

၅ - တကယ်လုပ်ပါ

ပြုံးပြရုံ၊ စကားပြောရင် ဂရုစိုက်နားထောင်ရုံလောက်နဲ့ တစ်ဖက်လူရဲ့ ယုံကြည်မှုကို လျင်လျင်မြန်မြန်မရသေးပါဘူး။ အရေးကြီးဆုံးအချက်ကတော့ ပြောပြီးရင်တကယ်လုပ်ပါ။ အပြောနဲ့ အလုပ်မညီတဲ့လူကို ဘယ်သူကမှ တကယ်မယုံကြည်ပါဘူး။ ပြောပြီးရင် တကယ်လက်တွေ့အကောင်အထည်ဖော်သူဖြစ်ကြောင်း တစ်ဖက်က သိဖို့လည်း အရေးကြီးပါတယ်။ သင်ပြောတာကိုသာသိပြီး တကယ်အကောင်အထည်ဖော်တာမသိရင်တော့ ဘာမှထူးခြားမှာ မဟုတ်ပါဘူး။

Photos & Source: Lifehack

Credit : Duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top