iMyanmarHouse.com - Best Property Website for Myanmar
×

ဖိနပ္ကေလးႏွစ္ရံ 👞👠

ကြ်န္မနဲ႕သူနဲ႕ ခ်စ္သူစျဖစ္ကာစေပါ့
သူက ကြ်န္မကိုေျပာျပဖူးပါတယ္
တကယ္က ႏွိဳင္းျပတာပါ

ကြ်န္မနဲ႕မေတြ႕ခင္မွာ ေကာင္မေလးတစ္ေယာက္နဲ႕ သူတြဲခဲ့ပါတယ္
ခက္တာက ကြ်န္မနဲ႕ ခ်စ္သူေတြျဖစ္တဲ့အခ်ိန္ထိ အဲ့ေကာင္မေလးကို သူမေမ့ေသးတာပါ 🙂
သူ႕စိတ္ထဲမွာလည္း အဲ့ဒီမိန္းကေလးက ကြ်န္မထက္သာတယ္လို႕ သူတစ္ထစ္ခ် ယံုၾကည္ထားတာပါ
အဲ့ဒီေကာင္မေလးက
အရမ္းလွတဲ့ ေဒါက္ဖိနပ္ေလးတစ္ရန္နဲ႕ တူပါသတဲ့…….

အဲ့ဒီဖိနပ္ေလးကိုစီးလိုက္ရင္ ဘယ္သြားသြားတင့္တယ္တယ္ ၾကည့္ေကာင္းတယ္ေပါ့

(သူခ်စ္တဲ့သူမို႕ သူ႕စိတ္က ဦးစားေပးထားတဲ့သေဘာပါ)
ကြ်န္မက က်ေတာ့ slipper နဲ႕ တူပါသတဲ့

ဘာအေဆာင္အေယာင္မွမပါတဲ့ ဖိနပ္ပါး
ပြဲလယ္မတင့္ေပမယ့္ စီးရတဲ့အခါ သက္ေသာင့္သက္သာျဖစ္ေစလို႕တဲ့
(ကြ်န္မကိုေတာ့ သူမခ်စ္ပါဘူး ဒါေပမယ့္ သူ႕အေပၚ ကြ်န္မေကာင္းတာ သိေနလို႕ေျပာတဲ့သေဘာပါ)

ကြ်န္မသိလိုက္ပါတယ္
သူေျပာခ်င္တဲ့သေဘာကို နားလည္တဲ့အခါမွာ ကြ်န္မၿပံဳးမိတယ္………

ကြ်န္မအၿပံဳးရဲ႕ေနာက္ကြယ္က အဓိပါၸယ္ကိုေတာ့ သူမသိခဲ့ပါဘူး
အခ်ိန္ေတြၾကာခဲ့သလို သူနဲ႕ကြ်န္မလည္း လမ္းခြဲခဲ့ပါတယ္
အဲ့ဒီအတြက္ ကြ်န္မေက်နပ္တယ္

ဘယ္ေလာက္အဖိုးတန္တဲ့အရာျဖစ္ပါေစ
တန္ဖိုးမသိတဲ့သူလက္ထဲေရာက္ရင္ တန္ဖိုးမရွိပါဘူး
အခုဆိုရင္ ကြ်န္မဟာ သူယွဥ္ျပခဲ့တဲ့ slipper ေလးတစ္ရန္မဟုတ္ေတာ့လို႕ပါပဲ
ကြ်န္မ ေဒါက္ဖိနပ္လွလွေလး အဆင့္ေရာက္ေနပါၿပီ
ကြ်န္မလို ေဒါက္ဖိနပ္ေလးနဲ႕ လိုက္ဖက္ညီမယ့္
shoe လွလွေလးတစ္ရန္ကလည္း ကြ်န္မေဘးနားေရာက္ေနၿပီေလ

သူ႕ေဘးနားမွာ ဘယ္လိုဖိနပ္ေတြ က်န္ခဲ့လဲ ကြ်န္မမသိခ်င္ပါဘူး
ကြ်န္မအတြက္ အေရးႀကီးတာက ကြ်န္မက သူေျပာခဲ့တဲ့ slipper မဟုတ္ဘူးဆိုတာရယ္
ကြ်န္မနဲ႕ ေရွ႕သြားေနာက္လိုက္ညီတဲ့ shoe ဖိနပ္ေလးရလိုက္တာရယ္ ပါပဲ
wrong time , right guy
right time , wrong guy ဆိုတာ ရွိပါတယ္…….

ကုိယ္ခ်စ္တဲ့သူပဲ ဒါေပမယ့္ ေတြ႕တဲ့အခ်ိန္ေနာက္က်သြားတာမ်ိဳး
ေတြ႕တဲ့အခ်ိန္ကေတာ့ သင့္ပါရဲ႕ မခ်စ္သင့္တဲ့သူခ်စ္မိတာမ်ိဳးေတြ
အဲ့လိုလူမ်ိဳးေတြကို စြန္႕လႊတ္တတ္ေအာင္လုပ္ပါ
ကုိယ္ေပးေသာ္လည္း ေပးတိုင္းျပန္မရတာ အေၾကြးပဲရွိပါတယ္
လူမွန္ေနရာမွန္ရင္ ကုိယ္ေပးတဲ့ အခ်စ္ထက္ေတာင္ ျပန္ရႏိုင္ပါေသးတယ္……

ကုိိယ့္ကို တန္ဖိုးမထားတဲ့သူေတြကို ဘဝထဲက ဖယ္ထုတ္ထားပါ
ကုိယ့္ကို လိုအပ္ေနသူကို ပိုဂရုစိုက္ေပးပါ
ဒီခ်စ္သူမွမရရင္ ေသရပါခ်ည္ရဲ႕ဆိုတာမ်ိဳးက မိုက္ရူးရဲဆန္လြန္းလွပါတယ္

ခ်စ္ပါတယ္ေျပာၿပီး ဘာလို႕မ်ား ထားသြားၾကတာလဲ?
မပူပါနဲ႕ တကယ္သာ ေမတၲာတရားစစ္ရင္ ကုိယ့္ကိုခ်စ္တဲ့သူဆိုတာ ဘယ္ေတာ့မွ အဆံုးရွံဳးခံမွာမဟုတ္ပါဘူး
ကုိယ္မရွိလည္း ျဖစ္တယ္ဆိုတဲ့သူေတြကလည္း ကုိယ့္ကိုတကယ္ခ်စ္တာ မဟုတ္လို႕ပါပဲ

ရည္းစားက ထားသြားလို႕ ကမာၻႀကီးလည္တာ ရပ္တန္႕မသြားပါဘူး
ကုိယ္နဲ႕ထိုက္တန္တဲ့သူမဟုတ္လို႕ လြင့္သြားတယ္ပဲမွတ္ပါ
ရွင္ဘုရင္ၾကြလာဖို႕ သူေတာင္းစားေတြ လမ္းဖယ္ေပးရတာ ထံုးစံပဲ မဟုတ္ဘူးလား 😉

Credit : lovingnews
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဖိနပ်ကလေးနှစ်ရံ👞👠

ကျွန်မနဲ့သူနဲ့ ချစ်သူစဖြစ်ကာစပေါ့
သူက ကျွန်မကိုပြောပြဖူးပါတယ်
တကယ်က နှိုင်းပြတာပါ

ကျွန်မနဲ့မတွေ့ခင်မှာ ကောင်မလေးတစ်ယောက်နဲ့ သူတွဲခဲ့ပါတယ်
ခက်တာက ကျွန်မနဲ့ ချစ်သူတွေဖြစ်တဲ့အချိန်ထိ အဲ့ကောင်မလေးကို သူမမေ့သေးတာပါ 🙂
သူ့စိတ်ထဲမှာလည်း အဲ့ဒီမိန်းကလေးက ကျွန်မထက်သာတယ်လို့ သူတစ်ထစ်ချ ယုံကြည်ထားတာပါ
အဲ့ဒီကောင်မလေးက
အရမ်းလှတဲ့ ဒေါက်ဖိနပ်လေးတစ်ရန်နဲ့ တူပါသတဲ့…….

အဲ့ဒီဖိနပ်လေးကိုစီးလိုက်ရင် ဘယ်သွားသွားတင့်တယ်တယ် ကြည့်ကောင်းတယ်ပေါ့

(သူချစ်တဲ့သူမို့ သူ့စိတ်က ဦးစားပေးထားတဲ့သဘောပါ)
ကျွန်မက ကျတော့ slipper နဲ့ တူပါသတဲ့

ဘာအဆောင်အယောင်မှမပါတဲ့ ဖိနပ်ပါး
ပွဲလယ်မတင့်ပေမယ့် စီးရတဲ့အခါ သက်သောင့်သက်သာဖြစ်စေလို့တဲ့
(ကျွန်မကိုတော့ သူမချစ်ပါဘူး ဒါပေမယ့် သူ့အပေါ် ကျွန်မကောင်းတာ သိနေလို့ပြောတဲ့သဘောပါ)

ကျွန်မသိလိုက်ပါတယ်
သူပြောချင်တဲ့သဘောကို နားလည်တဲ့အခါမှာ ကျွန်မပြုံးမိတယ်………

ကျွန်မအပြုံးရဲ့နောက်ကွယ်က အဓိပါ္ပယ်ကိုတော့ သူမသိခဲ့ပါဘူး
အချိန်တွေကြာခဲ့သလို သူနဲ့ကျွန်မလည်း လမ်းခွဲခဲ့ပါတယ်
အဲ့ဒီအတွက် ကျွန်မကျေနပ်တယ်

ဘယ်လောက်အဖိုးတန်တဲ့အရာဖြစ်ပါစေ
တန်ဖိုးမသိတဲ့သူလက်ထဲရောက်ရင် တန်ဖိုးမရှိပါဘူး
အခုဆိုရင် ကျွန်မဟာ သူယှဉ်ပြခဲ့တဲ့ slipper လေးတစ်ရန်မဟုတ်တော့လို့ပါပဲ
ကျွန်မ ဒေါက်ဖိနပ်လှလှလေး အဆင့်ရောက်နေပါပြီ
ကျွန်မလို ဒေါက်ဖိနပ်လေးနဲ့ လိုက်ဖက်ညီမယ့်
shoe လှလှလေးတစ်ရန်ကလည်း ကျွန်မဘေးနားရောက်နေပြီလေ

သူ့ဘေးနားမှာ ဘယ်လိုဖိနပ်တွေ ကျန်ခဲ့လဲ ကျွန်မမသိချင်ပါဘူး
ကျွန်မအတွက် အရေးကြီးတာက ကျွန်မက သူပြောခဲ့တဲ့ slipper မဟုတ်ဘူးဆိုတာရယ်
ကျွန်မနဲ့ ရှေ့သွားနောက်လိုက်ညီတဲ့ shoe ဖိနပ်လေးရလိုက်တာရယ် ပါပဲ
wrong time , right guy
right time , wrong guy ဆိုတာ ရှိပါတယ်…….

ကိုယ်ချစ်တဲ့သူပဲ ဒါပေမယ့် တွေ့တဲ့အချိန်နောက်ကျသွားတာမျိုး
တွေ့တဲ့အချိန်ကတော့ သင့်ပါရဲ့ မချစ်သင့်တဲ့သူချစ်မိတာမျိုးတွေ
အဲ့လိုလူမျိုးတွေကို စွန့်လွှတ်တတ်အောင်လုပ်ပါ
ကိုယ်ပေးသော်လည်း ပေးတိုင်းပြန်မရတာ အကြွေးပဲရှိပါတယ်
လူမှန်နေရာမှန်ရင် ကိုယ်ပေးတဲ့ အချစ်ထက်တောင် ပြန်ရနိုင်ပါသေးတယ်……

ကိိုယ့်ကို တန်ဖိုးမထားတဲ့သူတွေကို ဘဝထဲက ဖယ်ထုတ်ထားပါ
ကိုယ့်ကို လိုအပ်နေသူကို ပိုဂရုစိုက်ပေးပါ
ဒီချစ်သူမှမရရင် သေရပါချည်ရဲ့ဆိုတာမျိုးက မိုက်ရူးရဲဆန်လွန်းလှပါတယ်

ချစ်ပါတယ်ပြောပြီး ဘာလို့များ ထားသွားကြတာလဲ?
မပူပါနဲ့ တကယ်သာ မေတ္တာတရားစစ်ရင် ကိုယ့်ကိုချစ်တဲ့သူဆိုတာ ဘယ်တော့မှ အဆုံးရှုံးခံမှာမဟုတ်ပါဘူး
ကိုယ်မရှိလည်း ဖြစ်တယ်ဆိုတဲ့သူတွေကလည်း ကိုယ့်ကိုတကယ်ချစ်တာ မဟုတ်လို့ပါပဲ

ရည်းစားက ထားသွားလို့ ကမ္ဘာကြီးလည်တာ ရပ်တန့်မသွားပါဘူး
ကိုယ်နဲ့ထိုက်တန်တဲ့သူမဟုတ်လို့ လွင့်သွားတယ်ပဲမှတ်ပါ
ရှင်ဘုရင်ကြွလာဖို့ သူတောင်းစားတွေ လမ်းဖယ်ပေးရတာ ထုံးစံပဲ မဟုတ်ဘူးလား 😉

Credit : lovingnews

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top