iMyanmarHouse.com - Best Property Website for Myanmar
×





Credit : Hlataw

သေသွားရင် တန်ဖိုးမရှိတော့ဘူး ဆိုပြီး ခန္ဓာကိုယ်ကို လှူဒါန်းလိုက်တဲ့ မြတ်ကေသီအောင်သရုပ်ဆောင် အကယ်ဒမီ မြတ်ကေသီအောင်တစ်ယောက်ကတော့ သူမရဲ့ ခန္ဓာကိုယ်ကို ဆေးပညာသုတေသနအတွက် လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။ မြတ်ကေသီအောင်က သိမ်အလှူ၊ ကျောင်းအလှူတွေလည်း တတ်နိုင်သလောက်လုပ်နေပြီး မိဘကျေးဇူးဆပ်တဲ့အနေ့နဲ့ လုပ်နေတာလည်းဖြစ်သလို သူကိုယ်တိုင်လည်း ဘဝအတွက် လုပ်သင့်တယ်လို့ယူဆပြီး လုပ်နေတာဖြစ်ပါတယ်။

မနေ့ မတ်လ ၂၆ ရက်ညမှာတော့ သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ ခန္ဓာကိုယ်လှူတဲ့အကြောင်း စာအနည်းငယ်နဲ့ ဓာတ်ပုံလေးတွေ တင်ထားတာဖြစ်ပါတယ်။ သေသွားရင် တန်ဖိုးမရှိတော့ဘူးဆိုလို့… အသက်ရှိတုန်းလေး ကိုယ်ဆန္ဒလေးကိုအ ကောင်အထည်ဖော်ခဲ့တယ် ဆိုပြီး သူက ရေးသားထားပါတယ်။

မြတ်ကေသီအောင်က ၁၉၉၉ ခုနှစ်မှာ “ရင်ထဲကဆောင်းရာသီ”၊ ၂ဝဝ၅ ခုနှစ်က “ချစ်ခြင်းဖွဲ့မေတ္တာ” ဇာတ်ကားတွေနဲ့ အမျိုးသမီးဇာတ်ပို့ဆု အကယ်ဒမီတွေ ရရှိခဲ့ပါတယ်။

အနုပညာလောက နှစ်အတန်ကြာဝေးကွာခဲ့ပြီး ခုနောက်ပိုင်းမှ ဇာတ်ကားအချို့မှာ ပြန်ပြီး သရုပ်ဆောင်နေတာကို တွေ့ရပါတယ်။

Credit : Hlataw

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top