iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင္း တစ္ေနကုန္လန္းဆန္းတက္ၾကြၿပီး လုပ္ငန္းေဆာင္တာေတြ ၿပီးေျမာက္ဖို႔ဆိုတာ ခႏၶာကိုယ္ရဲ႕ အတြင္းကလိစာေတြ လည္ပတ္မႈေကာင္းမြန္ေနၿပီး ကိုယ္ခံအားစနစ္ ေကာင္းမြန္ေနဖို႔ လိုပါတယ္။ ဒီလုိ အားျပည့္ေနေစဖို႔ ျဖည့္ဆည္းေပးႏိုင္တာဟာ အစားအစာေတြပါပဲ။ ဒါေၾကာင့္ ဘယ္လိုအစားအစာမဆို စားေပးဖို႔ လိုပါတယ္။ အစားအစာတိုင္းမွာ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အာနိသင္ေတြရွိၿပီးသားပါ။ ဒီထဲမွာ မန္က်ည္းသီးလည္း ပါဝင္ပါတယ္။ မန္က်ည္းသီးကို ဟင္းထဲ ထည့္ခ်က္ၾကသလုိ ေဖ်ာ္ရည္ခ်ဥ္ခ်ဥ္ေလးအျဖစ္လဲ စားသံုးၾကပါတယ္။ မန္က်ည္းသီးက အလွအပအတြက္ ဘယ္လုိေကာင္းက်ိဳးေတြ ေပးသလဲဆိုတာ မွ်ေဝလိုက္ပါတယ္။
ဝက္ျခံသက္သာေစျခင္း

မန္က်ည္းသီးဟာ အစာေျခစနစ္ကို ေကာင္းမြန္ေစတဲ့ အသီးေတြ၊ အစားအစာေတြထဲမွာ နာမည္ႀကီးတဲ့ အသီးတစ္မ်ိဳးပါပဲ။ ဘာလို႔လဲဆိုေတာ့ မန္က်ည္းသီးမွာ အမွ်င္ဓါတ္ေတြ မ်ားမ်ား ပါဝင္တာေၾကာင့္ပါ။ မန္က်ည္းသီး နည္းနည္းေလာက္ စားသံုးေပးမယ္ဆိုရင္ေတာင္ အူလမ္းေၾကာင္းတစ္ေလွ်ာက္မွာရွိတဲ့ ၾကြက္သားေတြကို ေကာင္းမြန္ေစၿပီး အစာေျခစနစ္ကို တုိးတက္ေစပါတယ္။ အစာျမန္ျမန္ေၾကလြယ္ေအာင္လည္း စြမ္းေဆာင္ႏုိင္ပါေသးတယ္။ ဒါေၾကာင့္ ဝမ္းခ်ဳပ္ျခင္းေတြ ကင္းေစပါတယ္။ ဒီလိုဆုိရင္ေတာ့ အပူေတြရွိတာေၾကာင့္ ဝက္ျခံေပါက္တာမ်ိဳး မျဖစ္ေစေတာ့ပါဘူး။
ေျခာက္ေသြ႔ျခင္းအတြက္ ေပါင္းတင္နည္း

ေနေရာင္ျခည္ မ်ားမ်ား ထိတာေၾကာင့္ အသားအေရ ပ်က္စီးၿပီး ေျခာက္ေသြ႔ေနတယ္ဆိုရင္ေတာ့ မန္က်ည္းသီးေတြ စားေပးလို႔ ရသလို ေပါင္းတင္တဲ့အခါမွာလည္း ထည့္သံုးလို႔ ရပါတယ္။ မန္က်ည္းသီးေလးကို ခပ္ပ်စ္ပ်စ္ေလး ေဖ်ာ္လုိက္ပါ။ ၿပီးရင္ေတာ့ ေရေႏြးေလးနဲ႔ နႏြင္းမႈန္႔ လက္ဖက္စားဇြန္း တစ္ဝက္ေလာက္ ထည့္ၿပီးေရာပါ။ မ်က္ႏွာတဝိုက္ လိမ္းထားပါ။ အဓိက ေျခာက္ေသြ႕တဲ့ ေနရာေတြကိုပဲ လိမ္းပါ။ တစ္ပတ္ကို (၂) ႀကိမ္ေလာက္ လုပ္မယ္ဆုိရင္ေတာင္ သိသိသာသာေလး ေကာင္းမြန္လာပါလိမ့္မယ္။
အေရးအေၾကာင္းအတြက္ ေပါင္းတင္နည္း

အရြယ္မတိုင္ခင္ အသက္အရြယ္ႀကီးရင့္တာေၾကာင့္ မ်က္ႏွာေပၚမွာ အေရးအေၾကာင္းေတြ ျဖစ္တာကို ဖယ္ရွားခ်င္တယ္ဆိုရင္ေတာ့ မန္က်ည္းသီး သံုးလို႔ ရပါတယ္။ မန္က်ည္းသီးမွာ အမွ်င္ဓါတ္၊ ဓါတ္တိုးဆန္႔က်င္မႈနဲ႔ Free radicals ေတြကို တိုက္ထုတ္ေပးႏိုင္တဲ့ ဗီတာမင္ဓါတ္ေတြ ပါဝင္တာေၾကာင့္ အရြယ္မတိုင္ခင္ အေရးအေၾကာင္း ျဖစ္ျခင္းကို ကာကြယ္ေပးႏိုင္တာပါ။ မန္က်ည္းရည္ လက္ဖက္စားဇြန္း တစ္ဇြန္းနဲ႔ ပ်ားရည္ေလး နည္းနည္းေလာက္ ေရာၿပီး မ်က္ႏွာေပၚ အႏွံ႔ လိမ္းေပးပါ။ တစ္ပတ္ကို (၃) ႀကိမ္ေလာက္ လုပ္ေပးရင္ ႏုပ်ိဳလာမွာေနာ္။
ဝက္ျခံအတြက္ ေပါင္းတင္နည္း

မန္က်ည္းသီးက ဝက္ျခံေတြ ကုသရာမွာလည္း အရမ္းကို အသံုးဝင္ပါတယ္ေနာ္။ မန္က်ည္းသီးမွာ ဗီတာမင္ စီနဲ႔ ေအေတြ ပါဝင္တာေၾကာင့္ ဝက္ျခံေတြ ျဖစ္ေစတဲ့ ဘက္တီးရီးယားေတြကို ေသေစႏိုင္ပါတယ္။ မန္က်ည္းသီးေလးကို ခပ္ပ်စ္ပ်စ္ အႏွစ္ေလးရေအာင္ ေဖ်ာ္ပါ။ ၿပီးရင္ေတာ့ ဒိန္ခ်ဥ္(အဆီမပါ) နဲ႔ ေရာစပ္ၿပီး ဝက္ျခံရွိတဲ့ေနရာ တဝိုက္မွာ လိမ္းေပးပါ။ (၁၀) မိနစ္ေလာက္ ထားၿပီးရင္ေတာ့ ေျခာက္သြားမွာပါ။ ေနာက္ေတာ့ ေရေႏြးေလးနဲ႔ မ်က္ႏွာသစ္ေပးလိုက္ၿပီး အစုိဓါတ္ထိန္းခရင္မ္ေလး လိမ္းထားေပးႏိုင္ပါတယ္။ ဝက္ျခံေလးေတြ ခ်ပ္လာမွာပါ။

မန္က်ည္းသီးရဲ႕ အသံုးဝင္ပံုေလးေတြ သိထားၿပီးၿပီဆိုေတာ့ လိုက္လုပ္ၾကည့္ပါဦးေနာ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူတိုင်း တစ်နေကုန်လန်းဆန်းတက်ကြွပြီး လုပ်ငန်းဆောင်တာတွေ ပြီးမြောက်ဖို့ဆိုတာ ခန္ဓာကိုယ်ရဲ့ အတွင်းကလိစာတွေ လည်ပတ်မှုကောင်းမွန်နေပြီး ကိုယ်ခံအားစနစ် ကောင်းမွန်နေဖို့ လိုပါတယ်။ ဒီလို အားပြည့်နေစေဖို့ ဖြည့်ဆည်းပေးနိုင်တာဟာ အစားအစာတွေပါပဲ။ ဒါကြောင့် ဘယ်လိုအစားအစာမဆို စားပေးဖို့ လိုပါတယ်။ အစားအစာတိုင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာနိသင်တွေရှိပြီးသားပါ။ ဒီထဲမှာ မန်ကျည်းသီးလည်း ပါဝင်ပါတယ်။ မန်ကျည်းသီးကို ဟင်းထဲ ထည့်ချက်ကြသလို ဖျော်ရည်ချဉ်ချဉ်လေးအဖြစ်လဲ စားသုံးကြပါတယ်။ မန်ကျည်းသီးက အလှအပအတွက် ဘယ်လိုကောင်းကျိုးတွေ ပေးသလဲဆိုတာ မျှဝေလိုက်ပါတယ်။
ဝက်ခြံသက်သာစေခြင်း

မန်ကျည်းသီးဟာ အစာခြေစနစ်ကို ကောင်းမွန်စေတဲ့ အသီးတွေ၊ အစားအစာတွေထဲမှာ နာမည်ကြီးတဲ့ အသီးတစ်မျိုးပါပဲ။ ဘာလို့လဲဆိုတော့ မန်ကျည်းသီးမှာ အမျှင်ဓါတ်တွေ များများ ပါဝင်တာကြောင့်ပါ။ မန်ကျည်းသီး နည်းနည်းလောက် စားသုံးပေးမယ်ဆိုရင်တောင် အူလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ကြွက်သားတွေကို ကောင်းမွန်စေပြီး အစာခြေစနစ်ကို တိုးတက်စေပါတယ်။ အစာမြန်မြန်ကြေလွယ်အောင်လည်း စွမ်းဆောင်နိုင်ပါသေးတယ်။ ဒါကြောင့် ဝမ်းချုပ်ခြင်းတွေ ကင်းစေပါတယ်။ ဒီလိုဆိုရင်တော့ အပူတွေရှိတာကြောင့် ဝက်ခြံပေါက်တာမျိုး မဖြစ်စေတော့ပါဘူး။
ခြောက်သွေ့ခြင်းအတွက် ပေါင်းတင်နည်း

နေရောင်ခြည် များများ ထိတာကြောင့် အသားအရေ ပျက်စီးပြီး ခြောက်သွေ့နေတယ်ဆိုရင်တော့ မန်ကျည်းသီးတွေ စားပေးလို့ ရသလို ပေါင်းတင်တဲ့အခါမှာလည်း ထည့်သုံးလို့ ရပါတယ်။ မန်ကျည်းသီးလေးကို ခပ်ပျစ်ပျစ်လေး ဖျော်လိုက်ပါ။ ပြီးရင်တော့ ရေနွေးလေးနဲ့ နနွင်းမှုန့် လက်ဖက်စားဇွန်း တစ်ဝက်လောက် ထည့်ပြီးရောပါ။ မျက်နှာတဝိုက် လိမ်းထားပါ။ အဓိက ခြောက်သွေ့တဲ့ နေရာတွေကိုပဲ လိမ်းပါ။ တစ်ပတ်ကို (၂) ကြိမ်လောက် လုပ်မယ်ဆိုရင်တောင် သိသိသာသာလေး ကောင်းမွန်လာပါလိမ့်မယ်။
အရေးအကြောင်းအတွက် ပေါင်းတင်နည်း

အရွယ်မတိုင်ခင် အသက်အရွယ်ကြီးရင့်တာကြောင့် မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ဖြစ်တာကို ဖယ်ရှားချင်တယ်ဆိုရင်တော့ မန်ကျည်းသီး သုံးလို့ ရပါတယ်။ မန်ကျည်းသီးမှာ အမျှင်ဓါတ်၊ ဓါတ်တိုးဆန့်ကျင်မှုနဲ့ Free radicals တွေကို တိုက်ထုတ်ပေးနိုင်တဲ့ ဗီတာမင်ဓါတ်တွေ ပါဝင်တာကြောင့် အရွယ်မတိုင်ခင် အရေးအကြောင်း ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တာပါ။ မန်ကျည်းရည် လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ ပျားရည်လေး နည်းနည်းလောက် ရောပြီး မျက်နှာပေါ် အနှံ့ လိမ်းပေးပါ။ တစ်ပတ်ကို (၃) ကြိမ်လောက် လုပ်ပေးရင် နုပျိုလာမှာနော်။
ဝက်ခြံအတွက် ပေါင်းတင်နည်း

မန်ကျည်းသီးက ဝက်ခြံတွေ ကုသရာမှာလည်း အရမ်းကို အသုံးဝင်ပါတယ်နော်။ မန်ကျည်းသီးမှာ ဗီတာမင် စီနဲ့ အေတွေ ပါဝင်တာကြောင့် ဝက်ခြံတွေ ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ မန်ကျည်းသီးလေးကို ခပ်ပျစ်ပျစ် အနှစ်လေးရအောင် ဖျော်ပါ။ ပြီးရင်တော့ ဒိန်ချဉ်(အဆီမပါ) နဲ့ ရောစပ်ပြီး ဝက်ခြံရှိတဲ့နေရာ တဝိုက်မှာ လိမ်းပေးပါ။ (၁၀) မိနစ်လောက် ထားပြီးရင်တော့ ခြောက်သွားမှာပါ။ နောက်တော့ ရေနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပြီး အစိုဓါတ်ထိန်းခရင်မ်လေး လိမ်းထားပေးနိုင်ပါတယ်။ ဝက်ခြံလေးတွေ ချပ်လာမှာပါ။

မန်ကျည်းသီးရဲ့ အသုံးဝင်ပုံလေးတွေ သိထားပြီးပြီဆိုတော့ လိုက်လုပ်ကြည့်ပါဦးနော်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top