iMyanmarHouse.com - Best Property Website for Myanmar
×

တစ္အိမ္ထဲမွာေနသူ မိသားစုဝင္မ်ားၿပီး ေနရထိုင္ရမလြတ္လပ္တဲ့သူေတြ အမ်ားႀကီးရွိမွာပါ။ ရန္ကုန္လူေနမႈပံုစံအရ တိုက္ခန္းက်ဥ္းက်ဥ္းေလးေတြထဲမွာ မိသားစုဝင္ေတြ အမ်ားစုေနထိုင္ၾကရတဲ့အတြက္ တစ္ခါတေလမွာ မိသားစုဝင္ေတြ ဘုရားဖူးသြားမယ္ဆိုရင္၊ အိမ္မွာလူမ႐ွိဘူးဆိုရင္ လုပ္မိတတ္တဲ့ အမူအက်င့္ေလးေတြ ရွိတတ္ပါတယ္။ အဲဒါေတြကေတာ့....

၁။ သီခ်င္းဖြင့္ၿပီးကမယ္

တစ္ခါတေလမွာ ကိုယ့္အခန္းထဲမွာ သီခ်င္းအက်ယ္ႀကီးဖြင့္ၿပီး ကခ်င္စိတ္ေတြ ေပၚမိမွာပါပဲ။ ဒါေပမယ့္ အိမ္မွာ တျခားအိမ္သားေတြ ရွိေနတဲ့အခါ မလုပ္ျဖစ္ဘူးေပါ့။ ဒီလိုမဟုတ္ဘဲ အိမ္မွာတျခားအိမ္သားေတြမ႐ွိခ်ိန္မွာေတာ့ ကိုယ္အႀကိဳက္ဆံုး သီခ်င္းကို အသံအက်ယ္ဆံုးဖြင့္ၿပီး ေအာ္ဟစ္လိုက္ဆိုမိ၊ ကခုန္မိမွာပါပဲ။ ကိုယ့္ကိုစိုက္ၾကည့္ေနမယ့္ မ်က္လံုးေတြမရွိလို႔ သူမ်ားေဝဖန္ခံရမွာလည္း ပူစရာမလိုေတာ့ဘူးေပါ့။ ေနာက္ၿပီးေတာ့ အဲဒီလိုကခုန္ျခင္းဟာ စိတ္ဖိစီးမႈေတြကို ေလ်ာ့ပါးေစပါတယ္။

၂။ ဖုန္းေအးေဆးေျပာမယ္

တစ္ခါတေလ ကိုယ့္ရည္းစားနဲ႔ဖုန္းေျပာတာတို႔၊ အခ်စ္ဆံုးသူငယ္ခ်င္းနဲ႔ အတင္းတုပ္တာတို႔လုပ္ခ်င္ရင္ ေဘးမွာမိသားစုဝင္ေတြ ႐ွိေနရင္ ေျပာရတာအဆင္မေျပပါဘူး။ ဒါေၾကာင့္ အိမ္မွာဘယ္သူမွမရွိတဲ့အခ်ိန္ဟာ ဖုန္းေျပာလို႔အေကာင္းဆံုးအခ်ိန္ပါပဲ။ ဆိုဖာေပၚမွာ ပက္လက္တစ္မ်ိဳး၊ ေမွာက္ခံုတစ္မ်ိဳး၊ ေဇာက္ထိုးမိုးေမွ်ာ္တစ္မ်ိဳးလုပ္ရင္း ဖုန္းကိုေအးေဆးေျပာလို႔ရတာေပါ့။

၃။ စားခ်င္တာခ်က္စားမယ္

မိသားစုေတြ ရက္႐ွည္ခရီးထြက္သြားတဲ့အခ်ိန္ဆိုတာ မီးဖိုေခ်ာင္ထဲဝင္ၿပီး ကိုယ္စားခ်င္တာကို လက္စြမ္းျပလို႔ရတဲ့ အခ်ိန္ပါပဲ။ အြန္လိုင္းမွာေတြ႕ထားတဲ့ ခ်က္နည္းျပဳတ္နည္းေတြကို လက္တည့္စမ္းခ်င္တယ္ဆိုရင္

မီးဖိုေခ်ာင္ရဲ႕အႀကီးအကဲ အေမမရွိတဲ့အခ်ိန္ေလာက္ လက္တည့္စမ္းလို႔ေကာင္းတဲ့အခ်ိန္ ဘယ္မွာ႐ွိဦးမလဲ။ တစ္ခုေတာ့႐ွိတာေပါ့ေနာ္။ ကိုယ္ခ်က္ထားတာကို ကိုယ္ျပန္စားရဲဖို႔ေတာ့ လိုတာေပါ့။

၄။ သူငယ္ခ်င္းေတြကို ဖုန္းဆက္ေခၚမယ္

အိမ္မွာလူႀကီးေတြရွိေနတဲ့အခ်ိန္ သူငယ္ခ်င္းေတြကို အိမ္အလည္ေခၚလို႔ အဆင္မေျပပါဘူး။ ေယာက်္ားေလးဆိုရင္ မိန္းကေလးေတြအေၾကာင္းေျပာမယ္။ ေဘာလံုးပြဲအေၾကာင္းေျပာမယ္။ ဂိမ္းအေၾကာင္းေျပာမယ္။ မိန္းကေလးေတြဆိုရင္ ေကာင္ေလးေတြအေၾကာင္းေျပာမယ္။ မင္းသား၊ မင္းသမီးေတြအေၾကာင္း အတင္းတုပ္မယ္။ ဖက္ရွင္အေၾကာင္းေျပာမယ္ စသျဖင့္ေပါ့။ ဒါေၾကာင့္ အိမ္မွာလူႀကီးေတြ မရွိတဲ့အခ်ိန္ဆိုတာ သူငယ္ခ်င္းေတြကို အိမ္ကိုေခၚၿပီး ပါတီေပးဖို႔ အေကာင္းဆံုးအခ်ိန္ပဲေပါ့။

၅။ ဝတ္စားဆင္ယင္မယ္

အိမ္မွာလူႀကီးေတြမရွိတုန္း ဗီရိုထဲမွာ႐ွိတဲ့ အဝတ္အစားေတြကို ဆြဲထုတ္ၿပီး ဝတ္စားဆင္ယင္ၾကည့္ဖူးၾကလား မသိဘူး။ ဟိုအက်ၤီေလးနဲ႔ ဒီေဘာင္းဘီေလးနဲ႔ တြဲၾကည့္လိုက္၊ ဒီဂါဝန္ေလးနဲ႔ ဟိုဂ်က္ကင္ေလးနဲ႔ တြဲၾကည့္လိုက္နဲ႔ ကိုယ့္သီးျခားကမၻာေလးထဲမွာ ကိုယ္ပိုင္ဒီဇိုင္နာလုပ္လို႔ရပါတယ္။ ကိုယ္လံုးေပၚမွန္တစ္ခ်ပ္ေရွ႕မွာ အဝတ္အစားေတြလဲၿပီး အမ်ိဳးမ်ိဳး အိုက္တင္ထုတ္ရတာ အိမ္မွာလူမရွိတုန္းမွ လုပ္လို႔ေကာင္းတာပါ။ မ်ားေသာအားျဖင့္ မိန္းကေလးေတြ လုပ္ေလ့ရွိတယ္ဆိုေပမယ့္ ေယာက်္ားေလးေတြလည္း တစ္ခါတေလ လုပ္တတ္ၾကပါတယ္။

Source: Youngisthan

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တစ်အိမ်ထဲမှာနေသူ မိသားစုဝင်များပြီး နေရထိုင်ရမလွတ်လပ်တဲ့သူတွေ အများကြီးရှိမှာပါ။ ရန်ကုန်လူနေမှုပုံစံအရ တိုက်ခန်းကျဉ်းကျဉ်းလေးတွေထဲမှာ မိသားစုဝင်တွေ အများစုနေထိုင်ကြရတဲ့အတွက် တစ်ခါတလေမှာ မိသားစုဝင်တွေ ဘုရားဖူးသွားမယ်ဆိုရင်၊ အိမ်မှာလူမရှိဘူးဆိုရင် လုပ်မိတတ်တဲ့ အမူအကျင့်လေးတွေ ရှိတတ်ပါတယ်။ အဲဒါတွေကတော့....

၁။ သီချင်းဖွင့်ပြီးကမယ်

တစ်ခါတလေမှာ ကိုယ့်အခန်းထဲမှာ သီချင်းအကျယ်ကြီးဖွင့်ပြီး ကချင်စိတ်တွေ ပေါ်မိမှာပါပဲ။ ဒါပေမယ့် အိမ်မှာ တခြားအိမ်သားတွေ ရှိနေတဲ့အခါ မလုပ်ဖြစ်ဘူးပေါ့။ ဒီလိုမဟုတ်ဘဲ အိမ်မှာတခြားအိမ်သားတွေမရှိချိန်မှာတော့ ကိုယ်အကြိုက်ဆုံး သီချင်းကို အသံအကျယ်ဆုံးဖွင့်ပြီး အော်ဟစ်လိုက်ဆိုမိ၊ ကခုန်မိမှာပါပဲ။ ကိုယ့်ကိုစိုက်ကြည့်နေမယ့် မျက်လုံးတွေမရှိလို့ သူများဝေဖန်ခံရမှာလည်း ပူစရာမလိုတော့ဘူးပေါ့။ နောက်ပြီးတော့ အဲဒီလိုကခုန်ခြင်းဟာ စိတ်ဖိစီးမှုတွေကို လျော့ပါးစေပါတယ်။

၂။ ဖုန်းအေးဆေးပြောမယ်

တစ်ခါတလေ ကိုယ့်ရည်းစားနဲ့ဖုန်းပြောတာတို့၊ အချစ်ဆုံးသူငယ်ချင်းနဲ့ အတင်းတုပ်တာတို့လုပ်ချင်ရင် ဘေးမှာမိသားစုဝင်တွေ ရှိနေရင် ပြောရတာအဆင်မပြေပါဘူး။ ဒါကြောင့် အိမ်မှာဘယ်သူမှမရှိတဲ့အချိန်ဟာ ဖုန်းပြောလို့အကောင်းဆုံးအချိန်ပါပဲ။ ဆိုဖာပေါ်မှာ ပက်လက်တစ်မျိုး၊ မှောက်ခုံတစ်မျိုး၊ ဇောက်ထိုးမိုးမျှော်တစ်မျိုးလုပ်ရင်း ဖုန်းကိုအေးဆေးပြောလို့ရတာပေါ့။

၃။ စားချင်တာချက်စားမယ်

မိသားစုတွေ ရက်ရှည်ခရီးထွက်သွားတဲ့အချိန်ဆိုတာ မီးဖိုချောင်ထဲဝင်ပြီး ကိုယ်စားချင်တာကို လက်စွမ်းပြလို့ရတဲ့ အချိန်ပါပဲ။ အွန်လိုင်းမှာတွေ့ထားတဲ့ ချက်နည်းပြုတ်နည်းတွေကို လက်တည့်စမ်းချင်တယ်ဆိုရင်

မီးဖိုချောင်ရဲ့အကြီးအကဲ အမေမရှိတဲ့အချိန်လောက် လက်တည့်စမ်းလို့ကောင်းတဲ့အချိန် ဘယ်မှာရှိဦးမလဲ။ တစ်ခုတော့ရှိတာပေါ့နော်။ ကိုယ်ချက်ထားတာကို ကိုယ်ပြန်စားရဲဖို့တော့ လိုတာပေါ့။

၄။ သူငယ်ချင်းတွေကို ဖုန်းဆက်ခေါ်မယ်

အိမ်မှာလူကြီးတွေရှိနေတဲ့အချိန် သူငယ်ချင်းတွေကို အိမ်အလည်ခေါ်လို့ အဆင်မပြေပါဘူး။ ယောကျ်ားလေးဆိုရင် မိန်းကလေးတွေအကြောင်းပြောမယ်။ ဘောလုံးပွဲအကြောင်းပြောမယ်။ ဂိမ်းအကြောင်းပြောမယ်။ မိန်းကလေးတွေဆိုရင် ကောင်လေးတွေအကြောင်းပြောမယ်။ မင်းသား၊ မင်းသမီးတွေအကြောင်း အတင်းတုပ်မယ်။ ဖက်ရှင်အကြောင်းပြောမယ် စသဖြင့်ပေါ့။ ဒါကြောင့် အိမ်မှာလူကြီးတွေ မရှိတဲ့အချိန်ဆိုတာ သူငယ်ချင်းတွေကို အိမ်ကိုခေါ်ပြီး ပါတီပေးဖို့ အကောင်းဆုံးအချိန်ပဲပေါ့။

၅။ ဝတ်စားဆင်ယင်မယ်

အိမ်မှာလူကြီးတွေမရှိတုန်း ဗီရိုထဲမှာရှိတဲ့ အဝတ်အစားတွေကို ဆွဲထုတ်ပြီး ဝတ်စားဆင်ယင်ကြည့်ဖူးကြလား မသိဘူး။ ဟိုအင်္ကျီလေးနဲ့ ဒီဘောင်းဘီလေးနဲ့ တွဲကြည့်လိုက်၊ ဒီဂါဝန်လေးနဲ့ ဟိုဂျက်ကင်လေးနဲ့ တွဲကြည့်လိုက်နဲ့ ကိုယ့်သီးခြားကမ္ဘာလေးထဲမှာ ကိုယ်ပိုင်ဒီဇိုင်နာလုပ်လို့ရပါတယ်။ ကိုယ်လုံးပေါ်မှန်တစ်ချပ်ရှေ့မှာ အဝတ်အစားတွေလဲပြီး အမျိုးမျိုး အိုက်တင်ထုတ်ရတာ အိမ်မှာလူမရှိတုန်းမှ လုပ်လို့ကောင်းတာပါ။ များသောအားဖြင့် မိန်းကလေးတွေ လုပ်လေ့ရှိတယ်ဆိုပေမယ့် ယောကျ်ားလေးတွေလည်း တစ်ခါတလေ လုပ်တတ်ကြပါတယ်။

Source: Youngisthan

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top