iMyanmarHouse.com - Best Property Website for Myanmar
×

လက္တြဲေဖာ္ဆိုတာ အဆိုးအေကာင္းအက်ိဳးအေၾကာင္းအားလံုးကို အတူတူမွ်ေဝခံစားၾကတဲ့ အရင္းနွီးဆံုးသူစိမ္းေတြေလ။ ေကာင္းတူဆိုးဖက္ဆိုတဲ့ေခါင္းစဥ္ေအာက္မွာ ေကာင္းလဲအတူတူ ဆိုးတဲ့အခ်ိန္မွာလဲ တြဲဖက္ေနၾကတဲ့ လူသားနွစ္ေယာက္ပါ။ ဒါေပမဲ့ စိတ္သေဘာထားခ်င္းမတိုက္ဆိုင္၊ ညွိလဲမယူၾကတဲ့ အိမ္ေထာင္ဘက္္ေတြမ်ားလာေတာ့ ဘာေတြလိုအပ္ေနၾကတာလဲ၊ ေရွ႕ဆက္သြားဖို႔ဘာေတြလိုအပ္လဲ ဆန္းစစ္ၾကည့္လိုက္တဲ့အခါ….

နွစ္ေယာက္တစ္ဘဝလက္တြဲဖို႔ဆံုးျဖတ္ၿပီးရင္ ဘယ္သူမဆို ဒီတစ္ဦးတစ္ေယာက္နဲ႔႔ပဲ တစ္သက္လံုးေရွ႕ ဆက္သြားခ်င္ၾကမွာပါ။ အခ်စ္တစ္ခုထဲနဲ႔ဘဝျဖစ္မလာသလို ပိုက္ဆံနဲ႕လဲ အရာရာျပည့္စံုမေနပါဘူး။ နားလည္မႈ၊ တာဝန္သိတတ္မႈ၊ ေလးစားမႈ စသည္ျဖင့္စိတ္ဓာတ္ပိုင္းဆိုင္ရာ လိုအပ္ခ်က္ေတြအမ်ားႀကီးမွ တကယ္ကိုအမ်ားႀကီးပါ။ ခ်ိန္ခြင္တစ္ခုလိုေပါ့ နွစ္ဘက္က အေလးမွ်ေနမွ ညီေနမွာေလ။ ဒီေနရာမွာ တာဝန္သိတတ္မႈ အေၾကာင္းေျပာရမယ္ဆိုရင္ ေမာင္တစ္ထမ္းမယ္တစ္ရြက္ေပါ့။ ဟိုအရင္ေခတ္ကလို အိမ္တြင္းေအာင္းၿပီး အိမ္မႈကိစၥေတြကို ကုတ္ကပ္လုပ္ေနရတာမ်ိဳးမဟုတ္ဘဲ ကိုယ္ယူထားတဲ့တာဝန္အျပင္ ထပ္တိုးလာတဲ့တာဝန္ကိုပါ နွစ္ေယာက္လံုး နိုင္နိုင္နင္းနင္းလုပ္ေစခ်င္တာပါ။ (ေလခ်ိဳေအးေလးနဲ႕ ကူညီေပးခိုင္းတာလဲတစ္မ်ိဳးေပါ႔၊ ေနတတ္ရင္ ကပ္တိုးခၽြဲလို႔ေတာင္ရေသး :P)

ေနာက္ၿပီး အိမ္ေထာင္တစ္ခုၿပိဳကြဲဖို႔ဆိုတာ တတိယလူေပၚလာမွ လို႕ထင္ရင္ ေယာင္းတို႕သိပ္မွားသြားမွာေပါ့။ အဖုအထစ္ေသးေသးေလးေတြကို သူသည္းခံတိုင္း ‘ငါမွန္လို႔ သူၿငိမ္ေနတာေပါ့’ ဆိုတဲ့အသိမ်ိဳးထက္ ‘ငါေရာမွားခဲ့တာရွိလား’ ဆိုတာျပန္ဆန္းစစ္ဖို႔လိုအပ္ပါတယ္။ တစ္ခါ၊ ႏွစ္ခါ သည္းခံေနေပမဲ့ အတိုင္းအတာတစ္ခုကိုေရာက္လာတဲ့အခါ သူလဲလူသားထဲက လူတစ္ေယာက္မို႔ အႀကိမ္ႀကိမ္ သည္းခံဖို႔ခက္ခဲသြားၿပီး ေနာက္ဆံုး အဆံုးသတ္ကိုေရာက္သြားမယ္ဆိုတာ အေသအခ်ာပါပဲ။ ေလာကနိယာမအရ ဘယ္သူ႕အေပၚကိုမဆို ကိုယ္က လူပီပီသသမဆက္ဆံရင္ ကိုယ့္အေပၚလည္း လူပီသတဲ့သက္ေရာက္မႈမ်ိဳးျပန္ရႏိုင္မွာ မဟုတ္ပါဘူး။ ကိုယ္ကလည္း ကိုယ္ခ်င္းစာေပးမွ ကိုယ့္ကိုလည္း ကိုယ္ခ်င္းစာၾကမွာေပါ့။ အားလံုးကေနာက္က်သြားခဲ့ၿပီ ျပင္ဆင္ခြင့္မရွိေတာ့ဘူးဆိုရင္လည္း ေသြးပူေနတုန္းအခ်ိန္ အခ်င္းခ်င္းအျပစ္ေတြ အျပန္အလွန္ဖို႔ေနမယ့္အစား  ေနာက္ထပ္ၿပီး ဒါမ်ိဳးေတြမျဖစ္ေအာင္ ငါဘယ္လိုျပင္ဆင္ေနထိုင္မလဲ ဆိုတာကိုပဲ စဥ္းစားၿပီး စိတ္သန္႔သန္႔နဲ႔ ဘဝကိုေရွ႕ဆက္ေစခ်င္ပါတယ္။ ဘာလို႔ဆို လူဆိုတဲ့အမ်ိဳးက ကိုယ့္ဘက္ကၾကည့္ရင္ေတာ့ကိုယ္အမွန္မလား????

ဒီလိုေတြေျပာေနလို႔ ျပႆနာတစ္စံုတစ္ခုျဖစ္တဲ့အခ်ိန္ ေျဖရွင္းဖို႔မစဥ္းစားဘဲ အလြယ္နည္းလိုက္ၿပီး ေဖာက္ျပန္သြားတဲ့လူက အျပစ္မရွိဘူးလို႔ဆိုလိုခ်င္တာ လံုးဝမဟုတ္ပါဘူး။ (သည္းမခံနိုင္လို႔ ေဖာက္ျပန္မိပါတယ္ ဆိုတဲ့စကားလံုးကို ေမြးကတည္းက သေႏၶယုတ္ထြက္လာတဲ့ လူတန္းစားတစ္ရပ္ကလည္း ေယာင္လို႔ေတာင္ ကာဗာလာမယူပါနဲ႔။ အဲဒါ ယုတ္မာၿပီး ေအာက္တန္းက်တဲ့ လူမဆန္တဲ့လူေတြလို႔ ေခၚပါတယ္။ ) ဘယ္သူမဆို မြန္းၾကပ္လာရင္ လြတ္လမ္းကိုရွာတတ္ၾကေပမယ့္ သူမ်ားကို မထိခိုက္မယ့္ လြတ္လမ္းရွာရမွာပါ။ ဒီတစ္ေယာက္မေကာင္းရင္ ေနာက္တစ္ေယာက္ေျပာင္းခြင့္က *လူတိုင္းမွာရွိေပမယ့္ တစ္ေယာက္နဲ႔ ၿပီးျပတ္သြားမွ ေနာက္တစ္ေယာက္နဲ႔ ပတ္သက္ရပါမယ္။ ဒါက မျပဌာန္းထားေပမယ့္ ေစာင့္ထိန္းရမယ့္ ဝတၱရားေလ။ ေယာင္းတို႔ ေယာက်ာ္းရယ္၊ မိန္းမရယ္မဟုတ္ဘဲ လူတစ္ေယာက္အေနနဲ႔ စဥ္းစားၾကည့္ပါ။ ကိုယ့္အေပၚ ဂရုမစိုက္ဘဲ စိတ္ဒုကၡ အၿမဲေပးတတ္တဲ့လူ၊ တာဝန္မေက်တဲ့လူနဲ႔ တစ္သက္လံုးေနနိုင္ပါ့မလား။ (အေၾကာင္းျပခ်က္တစ္ခုအေနနဲ႔ ထင္ေကာင္းထင္ၾကလိမ့္မယ္။ ဒါေပမဲ့ ဒါကလက္ေတြ႔ဘဝပါ။ လူတိုင္းေပ်ာ္ခ်င္ၾကတယ္။ အဲ့ေတာ့ေပ်ာ္ရႊင္မယ္ထင္တဲ့ ဘယ္အရာကိုမဆို ဆုပ္ယူလိုက္မွာပဲ။) ဒါကို ‘ဟာ ငါနဲ႔ယူၿပီးၿပီ။ ငါ့ဒဏ္မွန္သမွ်နင္ခံပံုစံမ်ိဳးဆို ဘယ္သူ႕ကိုမွမယူတာအေကာင္းဆံုးပါ။’ ဟုတ္ၿပီ။ တစ္ဘက္လူကလဲ ငါလံုးဝသည္းမခံနိုင္ေတာ့ဘူး ဆိုရင္ပြင့္ပြင့္လင္းလင္းနဲ႕ ေျပာၿပီး ညွိနႈိုင္းပါ။ တကယ္လို႔ ဘယ္လိုမွမျဖစ္နိုင္ေတာ့ဘူးဆိုရင္ အပြင့္လင္းဆံုးေျပာၿပီး ျပတ္ျပတ္သားသားလုပ္ပါ။ မျပတ္မသားနဲ႔ဆို လူမႈေရးအရႈပ္အရွင္းေတြ ရွိလာတတ္ပါတယ္။ ေနာက္ဆက္တြဲေတြလဲ အရမ္းမ်ားတာမို႔ ဒါေလးကိုသတိထားေစခ်င္ပါတယ္။

လူ႕ေလာကႀကီးက အရမ္းရႈပ္ေထြးပါတယ္ေယာင္းတို႔ရယ္။ လူဆိုလဲတာဝန္ေတြသိရံုတင္မက ေက်ပါေက်ေနမွ၊ ကိုယ္လိုခ်င္သေလာက္လဲျပန္ေပးေနဦးမွ၊ ဝတၱရားကလဲ ေစာင့္သိတတ္ဦးမွဆိုေတာ့ အေကာင္းဆံုးကေတာ့ ကိုယ့္ကိုယ္ကိုခ်စ္ၿပီး ေရာက္ေနတဲ့ေနရာမွာ အတူရွိေနတဲ့လူအေပၚ အတတ္ႏိုင္ဆံုး ေကာင္းေပးနိုင္တဲ့လူတစ္ေယာက္အေနနဲ႔ပဲ ရွင္သန္ပါ။ လူပီသတဲ့လူတစ္ေယာက္အေနနဲ႔ ေနထိုင္ပါ။ သာယာေပ်ာ္ရႊင္တဲ့ေန႔ရက္ေတြကို ဖန္တီးပါ။ သူမ်ားအတြက္လဲဖန္တီးေပးပါ။

ေယာင္းတို႔အားလံုး စိတ္ခ်မ္းသာေပ်ာ္ရႊင္တဲ့ေန႔ရက္ေတြကို အသက္ထက္ဆံုးပိုင္ဆိုင္နိုင္ၾကပါေစ။

Credit : Hnin Ei Oo (For Her Myanmar)
 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လက်တွဲဖော်ဆိုတာ အဆိုးအကောင်းအကျိုးအကြောင်းအားလုံးကို အတူတူမျှဝေခံစားကြတဲ့ အရင်းနှီးဆုံးသူစိမ်းတွေလေ။ ကောင်းတူဆိုးဖက်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကောင်းလဲအတူတူ ဆိုးတဲ့အချိန်မှာလဲ တွဲဖက်နေကြတဲ့ လူသားနှစ်ယောက်ပါ။ ဒါပေမဲ့ စိတ်သဘောထားချင်းမတိုက်ဆိုင်၊ ညှိလဲမယူကြတဲ့ အိမ်ထောင်ဘက်တွေများလာတော့ ဘာတွေလိုအပ်နေကြတာလဲ၊ ရှေ့ဆက်သွားဖို့ဘာတွေလိုအပ်လဲ ဆန်းစစ်ကြည့်လိုက်တဲ့အခါ….

နှစ်ယောက်တစ်ဘဝလက်တွဲဖို့ဆုံးဖြတ်ပြီးရင် ဘယ်သူမဆို ဒီတစ်ဦးတစ်ယောက်နဲ့ပဲ တစ်သက်လုံးရှေ့ ဆက်သွားချင်ကြမှာပါ။ အချစ်တစ်ခုထဲနဲ့ဘဝဖြစ်မလာသလို ပိုက်ဆံနဲ့လဲ အရာရာပြည့်စုံမနေပါဘူး။ နားလည်မှု၊ တာဝန်သိတတ်မှု၊ လေးစားမှု စသည်ဖြင့်စိတ်ဓာတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေအများကြီးမှ တကယ်ကိုအများကြီးပါ။ ချိန်ခွင်တစ်ခုလိုပေါ့ နှစ်ဘက်က အလေးမျှနေမှ ညီနေမှာလေ။ ဒီနေရာမှာ တာဝန်သိတတ်မှု အကြောင်းပြောရမယ်ဆိုရင် မောင်တစ်ထမ်းမယ်တစ်ရွက်ပေါ့။ ဟိုအရင်ခေတ်ကလို အိမ်တွင်းအောင်းပြီး အိမ်မှုကိစ္စတွေကို ကုတ်ကပ်လုပ်နေရတာမျိုးမဟုတ်ဘဲ ကိုယ်ယူထားတဲ့တာဝန်အပြင် ထပ်တိုးလာတဲ့တာဝန်ကိုပါ နှစ်ယောက်လုံး နိုင်နိုင်နင်းနင်းလုပ်စေချင်တာပါ။ (လေချိုအေးလေးနဲ့ ကူညီပေးခိုင်းတာလဲတစ်မျိုးပေါ့၊ နေတတ်ရင် ကပ်တိုးချွဲလို့တောင်ရသေး :P)

နောက်ပြီး အိမ်ထောင်တစ်ခုပြိုကွဲဖို့ဆိုတာ တတိယလူပေါ်လာမှ လို့ထင်ရင် ယောင်းတို့သိပ်မှားသွားမှာပေါ့။ အဖုအထစ်သေးသေးလေးတွေကို သူသည်းခံတိုင်း ‘ငါမှန်လို့ သူငြိမ်နေတာပေါ့’ ဆိုတဲ့အသိမျိုးထက် ‘ငါရောမှားခဲ့တာရှိလား’ ဆိုတာပြန်ဆန်းစစ်ဖို့လိုအပ်ပါတယ်။ တစ်ခါ၊ နှစ်ခါ သည်းခံနေပေမဲ့ အတိုင်းအတာတစ်ခုကိုရောက်လာတဲ့အခါ သူလဲလူသားထဲက လူတစ်ယောက်မို့ အကြိမ်ကြိမ် သည်းခံဖို့ခက်ခဲသွားပြီး နောက်ဆုံး အဆုံးသတ်ကိုရောက်သွားမယ်ဆိုတာ အသေအချာပါပဲ။ လောကနိယာမအရ ဘယ်သူ့အပေါ်ကိုမဆို ကိုယ်က လူပီပီသသမဆက်ဆံရင် ကိုယ့်အပေါ်လည်း လူပီသတဲ့သက်ရောက်မှုမျိုးပြန်ရနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်ကလည်း ကိုယ်ချင်းစာပေးမှ ကိုယ့်ကိုလည်း ကိုယ်ချင်းစာကြမှာပေါ့။ အားလုံးကနောက်ကျသွားခဲ့ပြီ ပြင်ဆင်ခွင့်မရှိတော့ဘူးဆိုရင်လည်း သွေးပူနေတုန်းအချိန် အချင်းချင်းအပြစ်တွေ အပြန်အလှန်ဖို့နေမယ့်အစား  နောက်ထပ်ပြီး ဒါမျိုးတွေမဖြစ်အောင် ငါဘယ်လိုပြင်ဆင်နေထိုင်မလဲ ဆိုတာကိုပဲ စဉ်းစားပြီး စိတ်သန့်သန့်နဲ့ ဘဝကိုရှေ့ဆက်စေချင်ပါတယ်။ ဘာလို့ဆို လူဆိုတဲ့အမျိုးက ကိုယ့်ဘက်ကကြည့်ရင်တော့ကိုယ်အမှန်မလား????

ဒီလိုတွေပြောနေလို့ ပြဿနာတစ်စုံတစ်ခုဖြစ်တဲ့အချိန် ဖြေရှင်းဖို့မစဉ်းစားဘဲ အလွယ်နည်းလိုက်ပြီး ဖောက်ပြန်သွားတဲ့လူက အပြစ်မရှိဘူးလို့ဆိုလိုချင်တာ လုံးဝမဟုတ်ပါဘူး။ (သည်းမခံနိုင်လို့ ဖောက်ပြန်မိပါတယ် ဆိုတဲ့စကားလုံးကို မွေးကတည်းက သန္ဓေယုတ်ထွက်လာတဲ့ လူတန်းစားတစ်ရပ်ကလည်း ယောင်လို့တောင် ကာဗာလာမယူပါနဲ့။ အဲဒါ ယုတ်မာပြီး အောက်တန်းကျတဲ့ လူမဆန်တဲ့လူတွေလို့ ခေါ်ပါတယ်။ ) ဘယ်သူမဆို မွန်းကြပ်လာရင် လွတ်လမ်းကိုရှာတတ်ကြပေမယ့် သူများကို မထိခိုက်မယ့် လွတ်လမ်းရှာရမှာပါ။ ဒီတစ်ယောက်မကောင်းရင် နောက်တစ်ယောက်ပြောင်းခွင့်က *လူတိုင်းမှာရှိပေမယ့် တစ်ယောက်နဲ့ ပြီးပြတ်သွားမှ နောက်တစ်ယောက်နဲ့ ပတ်သက်ရပါမယ်။ ဒါက မပြဌာန်းထားပေမယ့် စောင့်ထိန်းရမယ့် ဝတ္တရားလေ။ ယောင်းတို့ ယောကျာ်းရယ်၊ မိန်းမရယ်မဟုတ်ဘဲ လူတစ်ယောက်အနေနဲ့ စဉ်းစားကြည့်ပါ။ ကိုယ့်အပေါ် ဂရုမစိုက်ဘဲ စိတ်ဒုက္ခ အမြဲပေးတတ်တဲ့လူ၊ တာဝန်မကျေတဲ့လူနဲ့ တစ်သက်လုံးနေနိုင်ပါ့မလား။ (အကြောင်းပြချက်တစ်ခုအနေနဲ့ ထင်ကောင်းထင်ကြလိမ့်မယ်။ ဒါပေမဲ့ ဒါကလက်တွေ့ဘဝပါ။ လူတိုင်းပျော်ချင်ကြတယ်။ အဲ့တော့ပျော်ရွှင်မယ်ထင်တဲ့ ဘယ်အရာကိုမဆို ဆုပ်ယူလိုက်မှာပဲ။) ဒါကို ‘ဟာ ငါနဲ့ယူပြီးပြီ။ ငါ့ဒဏ်မှန်သမျှနင်ခံပုံစံမျိုးဆို ဘယ်သူ့ကိုမှမယူတာအကောင်းဆုံးပါ။’ ဟုတ်ပြီ။ တစ်ဘက်လူကလဲ ငါလုံးဝသည်းမခံနိုင်တော့ဘူး ဆိုရင်ပွင့်ပွင့်လင်းလင်းနဲ့ ပြောပြီး ညှိနှိုင်းပါ။ တကယ်လို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူးဆိုရင် အပွင့်လင်းဆုံးပြောပြီး ပြတ်ပြတ်သားသားလုပ်ပါ။ မပြတ်မသားနဲ့ဆို လူမှုရေးအရှုပ်အရှင်းတွေ ရှိလာတတ်ပါတယ်။ နောက်ဆက်တွဲတွေလဲ အရမ်းများတာမို့ ဒါလေးကိုသတိထားစေချင်ပါတယ်။

လူ့လောကကြီးက အရမ်းရှုပ်ထွေးပါတယ်ယောင်းတို့ရယ်။ လူဆိုလဲတာဝန်တွေသိရုံတင်မက ကျေပါကျေနေမှ၊ ကိုယ်လိုချင်သလောက်လဲပြန်ပေးနေဦးမှ၊ ဝတ္တရားကလဲ စောင့်သိတတ်ဦးမှဆိုတော့ အကောင်းဆုံးကတော့ ကိုယ့်ကိုယ်ကိုချစ်ပြီး ရောက်နေတဲ့နေရာမှာ အတူရှိနေတဲ့လူအပေါ် အတတ်နိုင်ဆုံး ကောင်းပေးနိုင်တဲ့လူတစ်ယောက်အနေနဲ့ပဲ ရှင်သန်ပါ။ လူပီသတဲ့လူတစ်ယောက်အနေနဲ့ နေထိုင်ပါ။ သာယာပျော်ရွှင်တဲ့နေ့ရက်တွေကို ဖန်တီးပါ။ သူများအတွက်လဲဖန်တီးပေးပါ။

ယောင်းတို့အားလုံး စိတ်ချမ်းသာပျော်ရွှင်တဲ့နေ့ရက်တွေကို အသက်ထက်ဆုံးပိုင်ဆိုင်နိုင်ကြပါစေ။

Credit : Hnin Ei Oo (For Her Myanmar)

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top