iMyanmarHouse.com - Best Property Website for Myanmar
×

ေယာက္်ားေလးေတြရဲ႕သေဘာသဘာဝက မ်ားေသာအားျဖင့္ နားေအးပါးေအးေနခ်င္တယ္၊ သိပ္အာရံုေနာက္မခံတဲ့အတြက္ ေတာ္ရံုကိစၥေလးေတြကိုျပႆနာတစ္ခုလိုသေဘာထားၿပီး ေခါင္းထဲမထည့္တတ္ၾကဘူး။ အေသးအဖြဲကိစၥေတြ၊ အဆင္မေျပမႈေတြကို တကူးတကထုတ္ေျပာ မေနေတာ့ဘဲ လိုက္ေလ်ာညီေထြျဖစ္ေအာင္ေနလိုက္ၾကတယ္။

သူတို႕မႀကိဳက္တဲ့အရာဆိုတာရွားပါတယ္။ ဒါေပမဲ့ မိန္းကေလးေတြနဲ႔ပတ္သက္ၿပီး ဒီလိုအရာဝတၳဳေတြ ကိုေတာ့ သူတို႔တကယ္မုန္းပါတယ္။ သိတဲ့အတိုင္းပဲ မိန္းကေလးေတြဆိုတာ အလွအပႀကိဳက္တယ္၊ အသစ္အဆန္းႀကိဳက္တဲ့အမ်ိဳးဆိုေတာ့ လွတယ္ထင္ရင္၊ ဆန္းတယ္ထင္ရင္ လုပ္လိုက္၊ ဝတ္လိုက္ၾက တာပါပဲ။

အဲဒီေတာ့ ကိုယ္ကလွရဲ႕သားနဲ႔ သူတို႔မ်က္လံုးထဲမွာ အံဝင္ဂြင္က်မျဖစ္တဲ့အခါ ကုိယ္ကဂြမ္းတယ္၊ ပံုမလာဘူးျဖစ္ကုန္ေရာ။ အမွန္ေတာ့ မိန္းကေလးတိုင္း သူ႔အလွနဲ႔သူရွိၿပီးသား၊ သူတို႕မႀကိဳက္ တဲ့အရာေလးေတြသတိထားလိုက္ဖို႔ပဲလိုတယ္။ ဒါေၾကာင့္ ဘဲၾကည္ခ်င္ရင္ ဒီလို Accessories ေလးေတြကိုေရွာင္ပါ…လို႔။

(၁)ေလးေထာင့္မက်၊ အဝိုင္းမက်မ်က္မွန္မ်ား

မ်က္မွန္ဝယ္တဲ့အခါ မ်က္ႏွာနဲ႔အံဝင္ဂြင္က်ျဖစ္ရဲ႕လားဆိုၿပီး အရြယ္အစားကိုေသခ်ာေရြးဝယ္သင့္သလို ကိုယ့္ရဲ႕မ်က္ႏွာက်နဲ႔လိုက္ဖက္မႈရွိရဲ႕လားဆိုတာလည္းဆန္းစစ္ၿပီးမွဝယ္ဖို႔လိုပါတယ္။ ေလးေထာင့္မက်၊ အဝိုင္းမက် ဒီဇိုင္းသတ္သတ္မွတ္မွတ္မရွိတဲ့မ်က္မွန္ေတြကိုေတာ့ ေယာက္်ားေလးေတြမုန္းေလ့ရွိပါ တယ္။ တပ္ထားရင္ ပိုးေကာင္လိုလို၊ မ်က္ႏွာဖံုးစြပ္ထား သလိုလိုျဖစ္ေစလို႔ပါ။

(၂)ဂြက်လြန္းတဲ့ေဘာင္းဘီ

မိန္းကေလးေတြေဘာင္းဘီဝတ္တာနဲ႔ပတ္သက္ၿပီး ေယာက္်ားေလးေတြျဖစ္ေစခ်င္တဲ့ ဆႏၵႏွစ္ခုရွိပါ တယ္။ ပထမတစ္ခုက ဂြက်လြန္းတဲ့ေဘာင္းဘီမဝတ္ဖို႔နဲ႔ တစ္ခုကအဲဒီလိုေဘာင္းဘီဝတ္မယ့္အစား ဘာမွမဝတ္ထားတာပိုေကာင္း တယ္ဆိုတဲ့ဆႏၵပဲျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒီလို ဂြက်ၿပီး ေအာက္ရွဴးတဲ့ ေဘာင္းဘီေတြဝတ္ထားတဲ့မိန္းကေလးေတြကို သူတို႔မ်က္လံုးထဲမွာ ဒိုက္ပါဝတ္ထား တာလို႔ပဲျမင္တယ္တဲ့။ ေနာက္ၿပီး ေတာ့ ခါးေတာင္းက်ိဳက္ထားတာနဲ႔လည္းတူလို႔ သူတို႔သေဘာ မက်ဘူးဆိုပဲ။

(၃)အေမြးဖြားဖြားဖိနပ္ေတြ

မိန္းကေလးေတြနဲ႔ပတ္သက္ၿပီး ေယာက္်ားေလးေတြၾကည့္မရတဲ့အသံုးအေဆာင္ပစၥည္းေတြထဲမွာ ဒီလို အေမြးဖြားဖြားဖိနပ္ေတြလည္းပါပါတယ္။ အဲဒီထက္ပိုဆိုးတာက ဒီလိုဖိနပ္ေတြက အရပ္ရွည္ၿပီး ေဘာ္ဒီ မိုက္တဲ့မိန္းကေလးေတြမွမဟုတ္ရင္ မိန္းကေလးတိုင္းနဲ႔လိုက္ဖက္တဲ့ဖိနပ္မဟုတ္ဘူး။အဲဒီေတာ့ ကိုယ္ က အဲဒီလို အျပစ္ေျပာစရာမရွိေအာင္ ေဘာ္ဒီအမိုက္စားနဲ႔ ဘာဝတ္ဝတ္လိုက္ဖက္တဲ့သူမွမဟုတ္ရင္ ဒီလိုဖိနပ္ေတြကိုမေရြးခ်ယ္တာအေကာင္းဆံုးပါပဲ။

(၄)ခါးျမင့္တဲ့ဂ်င္းေဘာင္းဘီ

ဂ်င္းပန္အက်ပ္ကို ခါးျမင့္ျမင့္ေလးဝတ္ထားရင္ ကိုယ့္ကိုယ္ကိုယ္မိုက္ၿပီ၊ ေဟာ့ၿပီဆိုၿပီးယံုၾကည္မႈေလးရွိ လာတာကို မိန္းကေလးေတြသတိထားမိမယ္ထင္ပါတယ္။ အဲဒီလိုခါးျမင့္ဂ်င္းေဘာင္းဘီေတြရဲ႕ သဘာဝက တင္မရွိဘူး ဆိုရင္ တင္ကိုအေပၚပင့္တင္ေပးေလ့ရွိပါတယ္။ ဒါေပမဲ့ တင္ေတာ့သိပ္မရွိဘူး ခါးေလးနည္းနည္းသြယ္ေနတယ္ဆိုရင္ အဲဒီလိုေဘာင္းဘီေတြကဝတ္ရတာအဆင္ေျပပါတယ္။ အဲဒီလိုမဟုတ္ရင္ေတာ့ တင္ေရာခါးေရာတေျပးတည္းျဖစ္ေနမွာပါ။ ဒါေၾကာင့္ တခ်ိဳ႕ေယာက္်ားေလးေတြ အျမင္မွာ အဲဒီလိုေဘာင္းဘီဝတ္ထားတဲ့ပံုစံကသိပ္ၿပီးၾကည့္ရဆိုးတဲ့အတြက္ မႀကိဳက္ၾကပါဘူး။

(၅)ပံုမွန္မဟုတ္တဲ့ဖိနပ္အျမင့္ေတြ

ဒီလိုဖိနပ္ေတြကေတာ့ ဖက္ရွင္ကိုဦးစားေပးေနရတဲ့ ေမာ္္ဒယ္၊ မင္းသမီး၊ အဆိုေတာ္ေကာင္မေလးေတြ ေလာက္ပဲဝတ္ေလ့ရွိၾကပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီလို ထုထည္ႀကီးၿပီး ပံုမွန္မဟုတ္တဲ့ ဖိနပ္အျမင့္ ေတြကိုလည္း ေယာက္်ားေလးေတြ မုန္းေလ့ရွိပါတယ္။ မိန္းကေလးေတြရဲ႕ေျခေထာက္က အလို အေလ်ာက္ ဆြဲေဆာင္မႈရွိၿပီးသားပါတဲ့ေလ။

Credit : Myanmarplatform
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ယောက်ျားလေးတွေရဲ့သဘောသဘာဝက များသောအားဖြင့် နားအေးပါးအေးနေချင်တယ်၊ သိပ်အာရုံနောက်မခံတဲ့အတွက် တော်ရုံကိစ္စလေးတွေကိုပြဿနာတစ်ခုလိုသဘောထားပြီး ခေါင်းထဲမထည့်တတ်ကြဘူး။ အသေးအဖွဲကိစ္စတွေ၊ အဆင်မပြေမှုတွေကို တကူးတကထုတ်ပြော မနေတော့ဘဲ လိုက်လျောညီထွေဖြစ်အောင်နေလိုက်ကြတယ်။

သူတို့မကြိုက်တဲ့အရာဆိုတာရှားပါတယ်။ ဒါပေမဲ့ မိန်းကလေးတွေနဲ့ပတ်သက်ပြီး ဒီလိုအရာဝတ္ထုတွေ ကိုတော့ သူတို့တကယ်မုန်းပါတယ်။ သိတဲ့အတိုင်းပဲ မိန်းကလေးတွေဆိုတာ အလှအပကြိုက်တယ်၊ အသစ်အဆန်းကြိုက်တဲ့အမျိုးဆိုတော့ လှတယ်ထင်ရင်၊ ဆန်းတယ်ထင်ရင် လုပ်လိုက်၊ ဝတ်လိုက်ကြ တာပါပဲ။

အဲဒီတော့ ကိုယ်ကလှရဲ့သားနဲ့ သူတို့မျက်လုံးထဲမှာ အံဝင်ဂွင်ကျမဖြစ်တဲ့အခါ ကိုယ်ကဂွမ်းတယ်၊ ပုံမလာဘူးဖြစ်ကုန်ရော။ အမှန်တော့ မိန်းကလေးတိုင်း သူ့အလှနဲ့သူရှိပြီးသား၊ သူတို့မကြိုက် တဲ့အရာလေးတွေသတိထားလိုက်ဖို့ပဲလိုတယ်။ ဒါကြောင့် ဘဲကြည်ချင်ရင် ဒီလို Accessories လေးတွေကိုရှောင်ပါ…လို့။

(၁)လေးထောင့်မကျ၊ အဝိုင်းမကျမျက်မှန်များ

မျက်မှန်ဝယ်တဲ့အခါ မျက်နှာနဲ့အံဝင်ဂွင်ကျဖြစ်ရဲ့လားဆိုပြီး အရွယ်အစားကိုသေချာရွေးဝယ်သင့်သလို ကိုယ့်ရဲ့မျက်နှာကျနဲ့လိုက်ဖက်မှုရှိရဲ့လားဆိုတာလည်းဆန်းစစ်ပြီးမှဝယ်ဖို့လိုပါတယ်။ လေးထောင့်မကျ၊ အဝိုင်းမကျ ဒီဇိုင်းသတ်သတ်မှတ်မှတ်မရှိတဲ့မျက်မှန်တွေကိုတော့ ယောက်ျားလေးတွေမုန်းလေ့ရှိပါ တယ်။ တပ်ထားရင် ပိုးကောင်လိုလို၊ မျက်နှာဖုံးစွပ်ထား သလိုလိုဖြစ်စေလို့ပါ။

(၂)ဂွကျလွန်းတဲ့ဘောင်းဘီ

မိန်းကလေးတွေဘောင်းဘီဝတ်တာနဲ့ပတ်သက်ပြီး ယောက်ျားလေးတွေဖြစ်စေချင်တဲ့ ဆန္ဒနှစ်ခုရှိပါ တယ်။ ပထမတစ်ခုက ဂွကျလွန်းတဲ့ဘောင်းဘီမဝတ်ဖို့နဲ့ တစ်ခုကအဲဒီလိုဘောင်းဘီဝတ်မယ့်အစား ဘာမှမဝတ်ထားတာပိုကောင်း တယ်ဆိုတဲ့ဆန္ဒပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို ဂွကျပြီး အောက်ရှူးတဲ့ ဘောင်းဘီတွေဝတ်ထားတဲ့မိန်းကလေးတွေကို သူတို့မျက်လုံးထဲမှာ ဒိုက်ပါဝတ်ထား တာလို့ပဲမြင်တယ်တဲ့။ နောက်ပြီး တော့ ခါးတောင်းကျိုက်ထားတာနဲ့လည်းတူလို့ သူတို့သဘော မကျဘူးဆိုပဲ။

(၃)အမွေးဖွားဖွားဖိနပ်တွေ

မိန်းကလေးတွေနဲ့ပတ်သက်ပြီး ယောက်ျားလေးတွေကြည့်မရတဲ့အသုံးအဆောင်ပစ္စည်းတွေထဲမှာ ဒီလို အမွေးဖွားဖွားဖိနပ်တွေလည်းပါပါတယ်။ အဲဒီထက်ပိုဆိုးတာက ဒီလိုဖိနပ်တွေက အရပ်ရှည်ပြီး ဘော်ဒီ မိုက်တဲ့မိန်းကလေးတွေမှမဟုတ်ရင် မိန်းကလေးတိုင်းနဲ့လိုက်ဖက်တဲ့ဖိနပ်မဟုတ်ဘူး။အဲဒီတော့ ကိုယ် က အဲဒီလို အပြစ်ပြောစရာမရှိအောင် ဘော်ဒီအမိုက်စားနဲ့ ဘာဝတ်ဝတ်လိုက်ဖက်တဲ့သူမှမဟုတ်ရင် ဒီလိုဖိနပ်တွေကိုမရွေးချယ်တာအကောင်းဆုံးပါပဲ။

(၄)ခါးမြင့်တဲ့ဂျင်းဘောင်းဘီ

ဂျင်းပန်အကျပ်ကို ခါးမြင့်မြင့်လေးဝတ်ထားရင် ကိုယ့်ကိုယ်ကိုယ်မိုက်ပြီ၊ ဟော့ပြီဆိုပြီးယုံကြည်မှုလေးရှိ လာတာကို မိန်းကလေးတွေသတိထားမိမယ်ထင်ပါတယ်။ အဲဒီလိုခါးမြင့်ဂျင်းဘောင်းဘီတွေရဲ့ သဘာဝက တင်မရှိဘူး ဆိုရင် တင်ကိုအပေါ်ပင့်တင်ပေးလေ့ရှိပါတယ်။ ဒါပေမဲ့ တင်တော့သိပ်မရှိဘူး ခါးလေးနည်းနည်းသွယ်နေတယ်ဆိုရင် အဲဒီလိုဘောင်းဘီတွေကဝတ်ရတာအဆင်ပြေပါတယ်။ အဲဒီလိုမဟုတ်ရင်တော့ တင်ရောခါးရောတပြေးတည်းဖြစ်နေမှာပါ။ ဒါကြောင့် တချို့ယောက်ျားလေးတွေ အမြင်မှာ အဲဒီလိုဘောင်းဘီဝတ်ထားတဲ့ပုံစံကသိပ်ပြီးကြည့်ရဆိုးတဲ့အတွက် မကြိုက်ကြပါဘူး။

(၅)ပုံမှန်မဟုတ်တဲ့ဖိနပ်အမြင့်တွေ

ဒီလိုဖိနပ်တွေကတော့ ဖက်ရှင်ကိုဦးစားပေးနေရတဲ့ မော်ဒယ်၊ မင်းသမီး၊ အဆိုတော်ကောင်မလေးတွေ လောက်ပဲဝတ်လေ့ရှိကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို ထုထည်ကြီးပြီး ပုံမှန်မဟုတ်တဲ့ ဖိနပ်အမြင့် တွေကိုလည်း ယောက်ျားလေးတွေ မုန်းလေ့ရှိပါတယ်။ မိန်းကလေးတွေရဲ့ခြေထောက်က အလို အလျောက် ဆွဲဆောင်မှုရှိပြီးသားပါတဲ့လေ။

Credit : Myanmarplatform

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top