iMyanmarHouse.com - Best Property Website for Myanmar
×

ဆားေတြအလြန္အကြ်ံစားတာက ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါေတြကို ျဖစ္ေစႏိုင္တယ္ဆိုတဲ့အခ်က္ကိုေတာ္ေတာ္မ်ားမ်ား သိထားၿပီးသားျဖစ္မယ္ထင္ပါ တယ္။ ဆားအမ်ားႀကီးစားတာက ႏွလံုးေသြးေၾကာေတြကိုပဲ ထိခိုက္ေစ႐ံုသာမကပါဘူး။ ခႏၶာကိုယ္က အျခားစနစ္ေတြကိုလည္း ထိခိုက္ေစႏိုင္ပါေသးတယ္။ဆားအလြန္အကြ်ံစားတာက မွတ္ဥာဏ္ပိုင္းဆိုင္ရာ ထိခိုက္ခ်ိဳ႕ယြင္းမႈေတြကိုလည္းျဖစ္ေစႏိုင္ပါတယ္။ ၾကြက္ေတြနဲ႔ ျပဳလုပ္ခဲ့တဲ့ေလ့လာမႈအရ အငန္ဓာတ္အလြန္အကြ်ံစားသံုးတာက ဦးေႏွာက္ကိုပါထိခိုက္ေစႏိုင္တယ္လို႔ ေတြ႕ရွိခဲ့ရပါတယ္။ သည္ေလ့လာမႈရလဒ္က လူေတြမွာလည္းအတူတူပါပဲ။

နယူးေယာက္မွာရွိတဲ့ Weill Cornell ေဆးတကၠသိုလ္က သုေတသီေတြလုပ္ေဆာင္ခဲ့တဲ့ေလ့လာမႈအရ ဆားအမ်ားၾကီး စားသံုးတာက ဦးေႏွာက္ကိုေသြးစီးဆင္းမႈေလ်ာ့က် ေစႏိုင္ၿပီး ဦးေႏွာက္ထဲကေသြးေၾကာေတြေသြးစီးဆင္းမႈကို အေႏွာင့္အယွက္ျဖစ္ေစႏိုင္သလိုသိျမင္မႈပိုင္းကို အဟန္႔အတားျဖစ္ေစတာမ်ိဳးေတြရွိပါတယ္။ အစာေျခစနစ္ကကိုယ္ခံအားစနစ္ကေနတစ္ဆင့္ ဦးေႏွာက္နဲ႔တိုက္႐ိုက္ခ်ိတ္ဆက္ေနပါတယ္။ေလ့လာေတြ႕ရွိခ်က္ေတြအရ ေန႔စဥ္စားသံုးတဲ့ စားေသာက္ပံုအေလ့အထေတြက စဥ္းစားေတြးေခၚမႈအေပၚမွာ ေတာ္ေတာ္ေလးသက္ေရာက္မႈရွိပါတယ္။ ဆားအမ်ားႀကီးစားသံုးမႈက ေသြးတိုးတာကို မျဖစ္ေစခင္မွာ ဦးေႏွာက္ကိုသတင္းေပးပို႔မႈေတြ လုပ္ေဆာင္မႈကေနတစ္ဆင့္ အာ႐ံုေၾကာစနစ္ေတြကို ထိခိုက္ပ်က္စီးေစပါတယ္။

အငန္ဓာတ္ေတြအလြန္အကြ်ံစားသံုးတာက ဦးေႏွာက္နဲ႔အာ႐ံုေၾကာအစိတ္အပိုင္းေတြဆီကိုေသြးပို႔လႊတ္မႈကို က်ဆင္းေစၿပီး သိျမင္မႈဆိုင္ရာအားနည္းမႈေတြကိုျဖစ္ေပၚခံစားရေစပါတယ္။ အငန္ဓာတ္အလြန္အကြ်ံစားသံုးတဲ့အခါ သင္ယူမႈစြမ္းရည္ေလ်ာ့က်သလို မွတ္ဥာဏ္စြမ္းရည္ကိုလည္း ယုတ္ေလ်ာ့ေစပါတယ္။အငန္ဓာတ္အလြန္အကြ်ံစားသံုးတာကို ေလွ်ာ့ခ်လိုက္တဲ့အခါ သိျမင္မႈစြမ္းရည္ေတြျပန္လည္တိုးတက္လာတယ္လို႔ ေလ့လာမႈေတြအရသိရပါတယ္။ အငန္ဓာတ္စားသံုးတာက ႏွလံုးေသြးေၾကာဆိုင္ရာ ေရာဂါေတြတင္မကဘဲသိျမင္မႈဆိုင္ရာကိုပါ ထိခိုက္ေစႏိုင္တာမို႔ သတိျပဳဆင္ျခင္သင့္ပါတယ္။

Credit : Kumudra
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဆားတွေအလွန်အကျွံစားတာက နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ဖြစ်စေနိုင်တယ်ဆိုတဲ့အချက်ကိုတော်တော်များများ သိထားပြီးသားဖြစ်မယ်ထင်ပါ တယ်။ ဆားအများကြီးစားတာက နှလုံးသွေးကြောတွေကိုပဲ ထိခိုက်စေရုံသာမကပါဘူး။ ခန္ဓာကိုယ်က အခြားစနစ်တွေကိုလည်း ထိခိုက်စေနိုင်ပါသေးတယ်။ဆားအလွန်အကျွံစားတာက မှတ်ဉာဏ်ပိုင်းဆိုင်ရာ ထိခိုက်ချို့ယွင်းမှုတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ ကြွက်တွေနဲ့ ပြုလုပ်ခဲ့တဲ့လေ့လာမှုအရ အငန်ဓာတ်အလွန်အကျွံစားသုံးတာက ဦးနှောက်ကိုပါထိခိုက်စေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ သည်လေ့လာမှုရလဒ်က လူတွေမှာလည်းအတူတူပါပဲ။

နယူးယောက်မှာရှိတဲ့ Weill Cornell ဆေးတက္ကသိုလ်က သုတေသီတွေလုပ်ဆောင်ခဲ့တဲ့လေ့လာမှုအရ ဆားအများကြီး စားသုံးတာက ဦးနှောက်ကိုသွေးစီးဆင်းမှုလျော့ကျ စေနိုင်ပြီး ဦးနှောက်ထဲကသွေးကြောတွေသွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေနိုင်သလိုသိမြင်မှုပိုင်းကို အဟန့်အတားဖြစ်စေတာမျိုးတွေရှိပါတယ်။ အစာခြေစနစ်ကကိုယ်ခံအားစနစ်ကနေတစ်ဆင့် ဦးနှောက်နဲ့တိုက်ရိုက်ချိတ်ဆက်နေပါတယ်။လေ့လာတွေ့ရှိချက်တွေအရ နေ့စဉ်စားသုံးတဲ့ စားသောက်ပုံအလေ့အထတွေက စဉ်းစားတွေးခေါ်မှုအပေါ်မှာ တော်တော်လေးသက်ရောက်မှုရှိပါတယ်။ ဆားအများကြီးစားသုံးမှုက သွေးတိုးတာကို မဖြစ်စေခင်မှာ ဦးနှောက်ကိုသတင်းပေးပို့မှုတွေ လုပ်ဆောင်မှုကနေတစ်ဆင့် အာရုံကြောစနစ်တွေကို ထိခိုက်ပျက်စီးစေပါတယ်။

အငန်ဓာတ်တွေအလွန်အကျွံစားသုံးတာက ဦးနှောက်နဲ့အာရုံကြောအစိတ်အပိုင်းတွေဆီကိုသွေးပို့လွှတ်မှုကို ကျဆင်းစေပြီး သိမြင်မှုဆိုင်ရာအားနည်းမှုတွေကိုဖြစ်ပေါ်ခံစားရစေပါတယ်။ အငန်ဓာတ်အလွန်အကျွံစားသုံးတဲ့အခါ သင်ယူမှုစွမ်းရည်လျော့ကျသလို မှတ်ဉာဏ်စွမ်းရည်ကိုလည်း ယုတ်လျော့စေပါတယ်။အငန်ဓာတ်အလွန်အကျွံစားသုံးတာကို လျှော့ချလိုက်တဲ့အခါ သိမြင်မှုစွမ်းရည်တွေပြန်လည်တိုးတက်လာတယ်လို့ လေ့လာမှုတွေအရသိရပါတယ်။ အငန်ဓာတ်စားသုံးတာက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေတင်မကဘဲသိမြင်မှုဆိုင်ရာကိုပါ ထိခိုက်စေနိုင်တာမို့ သတိပြုဆင်ခြင်သင့်ပါတယ်။

Credit : Kumudra

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top