iMyanmarHouse.com - Best Property Website for Myanmar
×

၁) တစ္ပါးသူဟာ ဘယ္ေလာက္ပဲဲ ဆိုးေနပါေစ၊ ကိုယ့္ကို နာက်င္ေအာင္လုပ္ခဲ့ပါေစ သူ႔ကို ခြင့္လြတ္တတ္ရမယ္။ လက္လြတ္တတ္ရမယ္။ ဒါမွ တကယ့္ေပ်ာ္ရႊင္မႈကို ကိုယ္က ရႏိုင္မွာျဖစ္တယ္။

၂) ေပ်ာ္ရႊင္ခ်ိန္မွာ ဒီေပ်ာ္ရႊင္မႈဟာ ထာဝရမဟုတ္ဘူးဆိုတာ နားလည္ထားရသလို၊ စိတ္ပ်က္ အားငယ္ခ်ိန္မွာလည္း ဒီအားငယ္မႈေတြဟာ အျမဲတမ္းမဟုတ္ဘူးလို႔ နားလည္ရမယ္။

၃) ဒီေန႔ရဲ႕ တစ္ဇြတ္ထိုးက မနက္ျဖန္အတြက္ ေနာင္တကို ျဖစ္ေစတယ္။

၄) စကားတစ္ခြန္းတည္းနဲ႔ လူတစ္ေယာက္ရဲ႕ဘဝကိုပ်က္စီးေစႏိုင္တယ္။ စကားအခြန္းတစ္ေထာင္သံုးမွ လူတစ္ေယာက္ကို ျပဳစုပ်ဳိးေထာင္ႏိုင္တယ္။ ဒါေၾကာင့္ သင့္ပါးစပ္ဖ်ားမွာ ကိုယ္ခ်င္းစာတရားကို ခ်ိတ္ဆဲြထားပါ။

) ၅)ကိုယ့္ရဲ႕ အသိဥာဏ္ပညာၾကားမွာ စိတ္ၾကီးဝင္တဲ့ ေပါင္းျမက္ေတြ စိုက္ပ်ဳိးမထားပါနဲ႔။ ကုိယ့္ရဲ႕ ဝင့္ဝါတဲ့စိတ္ေၾကာင့္ အသိဥာဏ္ေတြ မယုတ္ေလ်ာ့သြားေစနဲ႔။

၆) သူ႔ကို မနာလိုျဖစ္တိုင္း ကိုယ့္အတြက္ ဘာေကာင္းက်ဳိးမွမျဖစ္ေစဘူး။ သူ႔ကို မနာလိုျဖစ္တိုင္း သူ႔ေအာင္ျမင္မႈေတြ ေလ်ာ့သြားမွာ မဟုတ္ဘူး။

၇) အခြင့္အေရးကို ဖန္တီးသူဟာ ထက္ျမက္သူ၊ အခြင့္အေရးကို ေစာင့္ေမွ်ာ္သူဟာ တံုးအသူ။

၈) သူတစ္ပါးရဲ႕ အထင္အျမင္ကို အရင္နားေထာင္ပါ။ကိုယ့္အယူအဆကို ထုတ္ေျပာဖို႔ မေလာပါနဲ႔။

၉) ပုလင္းခ်င္းအတူတူ ဘာေၾကာင့္ ကိုယ့္ပုလင္းထဲ အဆိပ္ေတြ ထည့္ရမွာလဲ? ခံစားတတ္တဲ့ စိတ္ခ်င္းအတူတူ ဘာေၾကာင့္ ကိုယ့္စိတ္ထဲ မေပ်ာ္ရႊင္တာေတြ ထည့္ရမွာလဲ?

၁ဝ) ကိုယ့္ကိုယ္ကို ႐ိုးသားမႈရွိလာတဲ့အခါ ေလာကမွာ ဘယ္သူ႔မွ ကိုယ့္ကိုလိမ္ညာလို႔ မရႏိုင္ေတာ့ဘူး။

၁၁) သူတစ္ပါးကို ထိခိုက္နာက်င္မႈမ်ဳိးနဲ႔ ကိုယ့္အျပစ္၊ ကိုယ့္ဆိုးက်ဳိးကို ဖံုးကြယ္တတ္တဲ့လူေလာက္ ႐ွက္ဖို႔ေကာင္းတာ မ႐ွိဘူး။

၁၂) ေလာကမွာ ဘယ္ေတာ့မွ သြားပုပ္ေလလႊင့္ အေျပာမခံရတဲ့လူ မရွိသလို အျမဲတမ္းအခ်ီးက်ဴးခံေနရသူလည္း မရွိဘူး။ ကိုယ္စကားမ်ားရင္ အျပစ္ေျပာမယ္၊ ကိုယ္စကားနည္းရင္လည္း အျပစ္ေျပာမယ္၊ ကိုယ္စကားလံုးဝ မေျပာဘဲ ဆိတ္ဆိတ္ေနရင္ လည္း အျပစ္ေျပာမယ္။ ဒါေၾကာင့္ ဒီေလာကမွာ မေျပာမခံရတဲ့လူဆိုတာ မရွိဘူး။

၁၃) ဆိတ္ဆိတ္ေနျခင္းဟာ မဟုတ္မမွန္ သြားပုပ္ေလလႊင့္သတင္းေတြအတြက္ အေကာင္းဆံုး အေျဖျဖစ္တယ္။

၁၄) လူေတြက ကိုယ့္ကို ေၾကာက္တယ္ ဒါ ဂုဏ္ယူစရာမဟုတ္ဘူး။ လူေတြက ကိုယ့္ကိုႏွိမ္တယ္ ဒါ ရွက္စရာမဟုတ္ဘူး။

၁၅) တစ္ျခားသူက ကိုယ့္ကို စိတ္အေႏွာင့္အယွက္ျဖစ္ေစတာ မဟုတ္ဘူး။ ကိုယ့္က တစ္ျခားသူရဲ႕ စကားကိုယူျပီး ကိုယ့္ကိုယ္ကို စိတ္အေႏွာင့္အယွက္ေပးေနတာ။

Credit : Myawady News
 ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
၁) တစ်ပါးသူဟာ ဘယ်လောက်ပဲ ဆိုးနေပါစေ၊ ကိုယ့်ကို နာကျင်အောင်လုပ်ခဲ့ပါစေ သူ့ကို ခွင့်လွတ်တတ်ရမယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကို ကိုယ်က ရနိုင်မှာဖြစ်တယ်။

၂) ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို၊ စိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။

၃) ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။

၄) စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။ စကားအခွန်းတစ်ထောင်သုံးမှ လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။ ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။

) ၅)ကိုယ့်ရဲ့ အသိဉာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့ ပေါင်းမြက်တွေ စိုက်ပျိုးမထားပါနဲ့။ ကိုယ့်ရဲ့ ဝင့်ဝါတဲ့စိတ်ကြောင့် အသိဉာဏ်တွေ မယုတ်လျော့သွားစေနဲ့။

၆) သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှမဖြစ်စေဘူး။ သူ့ကို မနာလိုဖြစ်တိုင်း သူ့အောင်မြင်မှုတွေ လျော့သွားမှာ မဟုတ်ဘူး။

၇) အခွင့်အရေးကို ဖန်တီးသူဟာ ထက်မြက်သူ၊ အခွင့်အရေးကို စောင့်မျှော်သူဟာ တုံးအသူ။

၈) သူတစ်ပါးရဲ့ အထင်အမြင်ကို အရင်နားထောင်ပါ။ကိုယ့်အယူအဆကို ထုတ်ပြောဖို့ မလောပါနဲ့။

၉) ပုလင်းချင်းအတူတူ ဘာကြောင့် ကိုယ့်ပုလင်းထဲ အဆိပ်တွေ ထည့်ရမှာလဲ? ခံစားတတ်တဲ့ စိတ်ချင်းအတူတူ ဘာကြောင့် ကိုယ့်စိတ်ထဲ မပျော်ရွှင်တာတွေ ထည့်ရမှာလဲ?

၁ဝ) ကိုယ့်ကိုယ်ကို ရိုးသားမှုရှိလာတဲ့အခါ လောကမှာ ဘယ်သူ့မှ ကိုယ့်ကိုလိမ်ညာလို့ မရနိုင်တော့ဘူး။

၁၁) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့ ကိုယ့်အပြစ်၊ ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။

၁၂) လောကမှာ ဘယ်တော့မှ သွားပုပ်လေလွှင့် အပြောမခံရတဲ့လူ မရှိသလို အမြဲတမ်းအချီးကျူးခံနေရသူလည်း မရှိဘူး။ ကိုယ်စကားများရင် အပြစ်ပြောမယ်၊ ကိုယ်စကားနည်းရင်လည်း အပြစ်ပြောမယ်၊ ကိုယ်စကားလုံးဝ မပြောဘဲ ဆိတ်ဆိတ်နေရင် လည်း အပြစ်ပြောမယ်။ ဒါကြောင့် ဒီလောကမှာ မပြောမခံရတဲ့လူဆိုတာ မရှိဘူး။

၁၃) ဆိတ်ဆိတ်နေခြင်းဟာ မဟုတ်မမှန် သွားပုပ်လေလွှင့်သတင်းတွေအတွက် အကောင်းဆုံး အဖြေဖြစ်တယ်။

၁၄) လူတွေက ကိုယ့်ကို ကြောက်တယ် ဒါ ဂုဏ်ယူစရာမဟုတ်ဘူး။ လူတွေက ကိုယ့်ကိုနှိမ်တယ် ဒါ ရှက်စရာမဟုတ်ဘူး။

၁၅) တစ်ခြားသူက ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာ မဟုတ်ဘူး။ ကိုယ့်က တစ်ခြားသူရဲ့ စကားကိုယူပြီး ကိုယ့်ကိုယ်ကို စိတ်အနှောင့်အယှက်ပေးနေတာ။

Credit : Myawady News

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top