iMyanmarHouse.com - Best Property Website for Myanmar
×

ခ်ိဳၿမိန္ၿပီး အရည္ရႊမ္းတဲ့ အရသာေႀကာင့္ လူတိုင္းလူတိုင္းက စေတာ္ဘယ္ရီသီးေတြကို စားသံုးရတာ အင္မတန္ႏွစ္သက္ႀကပါတယ္။ အျခားအသီးမ်ားလို အတြင္းပိုင္းမွာအေစ့ရွိတာမဟုတ္ဘဲ အျပင္ပိုင္းမွာရွိတာေႀကာင့္ တမူထူးဆန္းၿပီး အသက္အရြယ္ပိုင္းျခားမေရြး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္စားသံုးေနႀကတာျဖစ္ပါတယ္။

ရွင္းရွင္းႏွင့္ ဒီအတိုင္းစားသံုးေပးႏုိင္သလို ေရခဲမုန္႕မ်ား၊ ဂ်ယ္လီ၊ ယို၊ ဖုတ္ထားေသာမုန္႕မ်ား၊ ေခ်ာကလက္ႏွင့္ အျခားပံုစံမ်ိဳးစံုႏွင့္လည္း စားသံုးေပးႏုိင္ပါတယ္။ ဗီတာမင္စီ၊ ေက၊ ေဖာလစ္အက္စစ္၊ မဂၢနီဆီယမ္၊ ပိုတက္ဆီယမ္တို႕အလြန္ႀကြယ္၀ၿပီး တခြက္လွ်င္ ၄၉ ကယ္လိုရီသာပါ၀င္ကာ သႀကားဓာတ္ပါ၀င္မႈနည္းပါးလွပါတယ္။

ထုိကဲ့သို႕ အက်ိဳးေက်းဇူးအမ်ိဳးမ်ိဳးႏွင့္ က်န္းမာေရးအတြက္အလြန္ေကာင္းမြန္တဲ့ စေတာ္ဘယ္ရီသီးကို စားသံုးေပးျခင္းျဖင့္ မည္ကဲ့သို႕ေကာင္းက်ိဳးမ်ား ျဖစ္ထြန္းေစႏုိင္သလဲသိရေအာင္ ျပန္လည္မွ်ေ၀ေပးလိုက္ရပါတယ္။

၁။ ေသြးေပါင္ခ်ိန္ကို ထိန္းညိွေပးျခင္း

စေတာ္ဘယ္ရီသီးကို မွန္မွန္သံုးစြဲေပးျခင္းက ေသြးတိုးေရာဂါျဖစ္ပြားမႈမွ ႀကိဳတင္ဟန္႕တားႏိုင္မွာျဖစ္ပါတယ္။ ခႏၶာကိုယ္အတြင္းရွိ ေသြးမ်ားကို မွန္ကန္ေကာင္းမြန္စြာလည္ပတ္ေစတာေႀကာင့္ က်န္းမာညီညြတ္သည့္ ေအာက္ဆီဂ်င္ပမာဏကို ထိန္းသိမ္းထားႏုိင္ပါတယ္။

၂။ ႏွလံုးေသြးေႀကာက်ဥ္းေရာဂါ

ဖိုက္ဘာ၊ antioxidants ႏွင့္ phytochemicals မ်ား၊ ဗီတာမင္တို႕ အမ်ားအျပားပါ၀င္တာေႀကာင့္ ေသြးအတြင္းရွိ ကိုလက္စထေရာပမာဏကို ထိန္းညိွေပးၿပီး ႏွလံုးႀကြက္သားမ်ားကို အားေပးဖုိ႕ကူညီေပးပါတယ္။

၃။ က်န္းမာလွပသည့္အသားအေရ

ဗီတာမင္စီပါ၀င္တာေႀကာင့္ ေရဒီယိုသတၱိလိႈင္းမ်ားေႀကာင့္ ပ်က္စီးသြားသည့္ အသားအေရႏွင့္ကိုယ္ခႏၶာကို ျပန္လည္ထိန္းသိမ္းေပးပါတယ္။ အသားအေရရွိ collagen ထုတ္လုပ္ႏုိင္စြမ္းကိုလည္း ျမွင့္တင္ေပးတာေႀကာင့္ အသားအေရကိုတင္းတင္းရင္းရင္းရွိေစပါတယ္။

၄။ ကင္ဆာတုိက္ဖ်က္ေပးျခင္း
စေတာ္ဘယ္ရီသီးကို မွန္မွန္စားသံုးေပးပါက အစာျပြန္၊ ရင္သား၊ အမ်ိဳးသားအဂၤါႏွင့္ အေရျပား စသည့္ကင္ဆာမ်ားျဖစ္ပြားမႈမွ ကာကြယ္ေပးႏိုင္ပါတယ္။ ကင္ဆာဆဲလ္မ်ား မေပါက္ဖြားေစရန္လည္း အထူးကူညီေပးပါတယ္။

၅။ ကိုယ္ခံအားေကာင္းမြန္ေစျခင္း

ခႏၶာကိုယ္အတြင္းရွိ ေသြးျဖဴဥမ်ား ေကာင္းမြန္စြာလည္ပတ္အလုပ္လုပ္ရန္အတြက္ ကူညီေပးေသာေႀကာင့္ ေရာဂါကူးစက္မႈမွ ကာကြယ္ေပးပါတယ္။ အဆိပ္အေတာက္မ်ားကိုလည္း ဖယ္ရွားေပးကာ ကိုယ္ခႏၶာကိုက်န္းက်န္းမာမာရွိေစပါတယ္။

၆။ အဆစ္ေရာင္ေရာဂါကိုတိုက္ဖ်က္ေပးျခင္း

Antioxidants မ်ားအလြန္ႀကြယ္၀တာေႀကာင့္ စေတာ္ဘယ္ရီသီးမ်ားသည္ ကိုယ္ခႏၶာအတြင္းရွိ မေကာင္းေသာအညစ္အေႀကးမ်ားႏွင့္ အဆိပ္အေတာက္မ်ားကိုဖယ္ရွားေပးႏုိင္တာေႀကာင့္ အဆစ္ေရာင္ေရာဂါျဖစ္ပြားမႈမွ ဟန္႕တားေပးပါတယ္။

၇။ မွတ္ဥာဏ္အားတိုးေစျခင္း
မွတ္ဥာဏ္အားကိုတိုးတက္ေစရံုသာမက သတိေမ့ေလ်ာ့ျခင္း၊ အာရံုေထြျပားျခင္း စသည့္အေျခအေနမ်ားမွလည္း ကာကြယ္ေပးပါတယ္။

၈။ ဆီးခ်ိဳေရာဂါ

ဆီးခ်ိဳသမားမ်ားအတြက္ စေတာ္ဘယ္ရီသီးမ်ားမွ အလြန္သင့္ေတာ္တဲ့ ေရြးခ်ယ္မႈတစ္ခုျဖစ္ၿပီး ေသြးခ်ိဳပမာဏကိုထိန္းညိွေပးကာ အတက္အက်ျဖစ္ျခင္းမွ ေရွာင္ရွားႏုိင္ေအာင္ ကူညီေပးပါတယ္။

၉။ မ်က္လံုးအားေကာင္းေစျခင္း

ဗီတာမင္စီအထူးပါ၀င္တာေႀကာင့္ မ်က္လံုးက်န္းမာေရးအတြက္ အထူးေကာင္းမြန္ပါတယ္။ မ်က္လံုးကို ေရဒီယိုသတၱိလႈိင္းမ်ား၀င္ေရာက္ ေႏွာင့္ယွက္ျခင္းႏွင့္ ေရတိမ္ကဲ့သို႕ေရာဂါမ်ားျဖစ္ပြားမႈမွ ကာကြယ္ေပးပါတယ္။

၁၀။ ကိုယ္၀န္ေဆာင္သည္မ်ား

ကိုယ္၀န္ေဆာင္ေနသူမ်ားအတြက္ စေတာ္ဘယ္ရီသီးမ်ားကို ထည့္သြင္းစားသံုးေပးဖို႕ အထူးလိုအပ္ပါတယ္။ ဗိုက္ထဲမွရင္ေသြးငယ္၏ မွတ္ဥာဏ္အားကို ေကာင္းမြန္ေစၿပီး ေမြးဖြားေနစဥ္အတြင္း ခၽြတ္ယြင္းမႈတစံုတရာျဖစ္ေပၚမလာေအာင္ တားဆီးေပးပါတယ္။

Credit : My Food
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ချိုမြိန်ပြီး အရည်ရွှမ်းတဲ့ အရသာကြောင့် လူတိုင်းလူတိုင်းက စတော်ဘယ်ရီသီးတွေကို စားသုံးရတာ အင်မတန်နှစ်သက်ကြပါတယ်။ အခြားအသီးများလို အတွင်းပိုင်းမှာအစေ့ရှိတာမဟုတ်ဘဲ အပြင်ပိုင်းမှာရှိတာကြောင့် တမူထူးဆန်းပြီး အသက်အရွယ်ပိုင်းခြားမရွေး နှစ်နှစ်ခြိုက်ခြိုက်စားသုံးနေကြတာဖြစ်ပါတယ်။

ရှင်းရှင်းနှင့် ဒီအတိုင်းစားသုံးပေးနိုင်သလို ရေခဲမုန့်များ၊ ဂျယ်လီ၊ ယို၊ ဖုတ်ထားသောမုန့်များ၊ ချောကလက်နှင့် အခြားပုံစံမျိုးစုံနှင့်လည်း စားသုံးပေးနိုင်ပါတယ်။ ဗီတာမင်စီ၊ ကေ၊ ဖောလစ်အက်စစ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်တို့အလွန်ကြွယ်ဝပြီး တခွက်လျှင် ၄၉ ကယ်လိုရီသာပါဝင်ကာ သကြားဓာတ်ပါဝင်မှုနည်းပါးလှပါတယ်။

ထိုကဲ့သို့ အကျိုးကျေးဇူးအမျိုးမျိုးနှင့် ကျန်းမာရေးအတွက်အလွန်ကောင်းမွန်တဲ့ စတော်ဘယ်ရီသီးကို စားသုံးပေးခြင်းဖြင့် မည်ကဲ့သို့ကောင်းကျိုးများ ဖြစ်ထွန်းစေနိုင်သလဲသိရအောင် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

၁။ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း

စတော်ဘယ်ရီသီးကို မှန်မှန်သုံးစွဲပေးခြင်းက သွေးတိုးရောဂါဖြစ်ပွားမှုမှ ကြိုတင်ဟန့်တားနိုင်မှာဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွင်းရှိ သွေးများကို မှန်ကန်ကောင်းမွန်စွာလည်ပတ်စေတာကြောင့် ကျန်းမာညီညွတ်သည့် အောက်ဆီဂျင်ပမာဏကို ထိန်းသိမ်းထားနိုင်ပါတယ်။

၂။ နှလုံးသွေးကြောကျဉ်းရောဂါ

ဖိုက်ဘာ၊ antioxidants နှင့် phytochemicals များ၊ ဗီတာမင်တို့ အများအပြားပါဝင်တာကြောင့် သွေးအတွင်းရှိ ကိုလက်စထရောပမာဏကို ထိန်းညှိပေးပြီး နှလုံးကြွက်သားများကို အားပေးဖို့ကူညီပေးပါတယ်။

၃။ ကျန်းမာလှပသည့်အသားအရေ

ဗီတာမင်စီပါဝင်တာကြောင့် ရေဒီယိုသတ္တိလှိုင်းများကြောင့် ပျက်စီးသွားသည့် အသားအရေနှင့်ကိုယ်ခန္ဓာကို ပြန်လည်ထိန်းသိမ်းပေးပါတယ်။ အသားအရေရှိ collagen ထုတ်လုပ်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးတာကြောင့် အသားအရေကိုတင်းတင်းရင်းရင်းရှိစေပါတယ်။

၄။ ကင်ဆာတိုက်ဖျက်ပေးခြင်း
စတော်ဘယ်ရီသီးကို မှန်မှန်စားသုံးပေးပါက အစာပြွန်၊ ရင်သား၊ အမျိုးသားအင်္ဂါနှင့် အရေပြား စသည့်ကင်ဆာများဖြစ်ပွားမှုမှ ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာဆဲလ်များ မပေါက်ဖွားစေရန်လည်း အထူးကူညီပေးပါတယ်။

၅။ ကိုယ်ခံအားကောင်းမွန်စေခြင်း

ခန္ဓာကိုယ်အတွင်းရှိ သွေးဖြူဥများ ကောင်းမွန်စွာလည်ပတ်အလုပ်လုပ်ရန်အတွက် ကူညီပေးသောကြောင့် ရောဂါကူးစက်မှုမှ ကာကွယ်ပေးပါတယ်။ အဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးကာ ကိုယ်ခန္ဓာကိုကျန်းကျန်းမာမာရှိစေပါတယ်။

၆။ အဆစ်ရောင်ရောဂါကိုတိုက်ဖျက်ပေးခြင်း

Antioxidants များအလွန်ကြွယ်ဝတာကြောင့် စတော်ဘယ်ရီသီးများသည် ကိုယ်ခန္ဓာအတွင်းရှိ မကောင်းသောအညစ်အကြေးများနှင့် အဆိပ်အတောက်များကိုဖယ်ရှားပေးနိုင်တာကြောင့် အဆစ်ရောင်ရောဂါဖြစ်ပွားမှုမှ ဟန့်တားပေးပါတယ်။

၇။ မှတ်ဉာဏ်အားတိုးစေခြင်း
မှတ်ဉာဏ်အားကိုတိုးတက်စေရုံသာမက သတိမေ့လျော့ခြင်း၊ အာရုံထွေပြားခြင်း စသည့်အခြေအနေများမှလည်း ကာကွယ်ပေးပါတယ်။

၈။ ဆီးချိုရောဂါ

ဆီးချိုသမားများအတွက် စတော်ဘယ်ရီသီးများမှ အလွန်သင့်တော်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပြီး သွေးချိုပမာဏကိုထိန်းညှိပေးကာ အတက်အကျဖြစ်ခြင်းမှ ရှောင်ရှားနိုင်အောင် ကူညီပေးပါတယ်။

၉။ မျက်လုံးအားကောင်းစေခြင်း

ဗီတာမင်စီအထူးပါဝင်တာကြောင့် မျက်လုံးကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ မျက်လုံးကို ရေဒီယိုသတ္တိလှိုင်းများဝင်ရောက် နှောင့်ယှက်ခြင်းနှင့် ရေတိမ်ကဲ့သို့ရောဂါများဖြစ်ပွားမှုမှ ကာကွယ်ပေးပါတယ်။

၁၀။ ကိုယ်ဝန်ဆောင်သည်များ

ကိုယ်ဝန်ဆောင်နေသူများအတွက် စတော်ဘယ်ရီသီးများကို ထည့်သွင်းစားသုံးပေးဖို့ အထူးလိုအပ်ပါတယ်။ ဗိုက်ထဲမှရင်သွေးငယ်၏ မှတ်ဉာဏ်အားကို ကောင်းမွန်စေပြီး မွေးဖွားနေစဉ်အတွင်း ချွတ်ယွင်းမှုတစုံတရာဖြစ်ပေါ်မလာအောင် တားဆီးပေးပါတယ်။

Credit : My Food

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top