iMyanmarHouse.com - Best Property Website for Myanmar
×

ကမာၻေပၚမွာ လူဦးေရ သန္း ၅၀၀ေက်ာ္ေလာက္က အ၀လြန္တဲ့ေရာဂါနဲ႔ရင္ဆိုင္ေနရပါတယ္။

ဒါ့ေၾကာင့္ သိပၸံပညာရွင္ေတြက အခုေနာက္ပိုင္းလူေတြဘာေၾကာင့္ ကိုယ္အေလးခ်ိ္န္တက္ရသလဲဆိုတာ ေလ့လာခဲ့ၾကပါတယ္။

အိမ္ထမင္း၊ အိမ္ဟင္းမစားျခင္း

အခုေနာက္ပိုင္းလူေတြက တစ္ေယာက္တည္းေနထိုင္တာမ်ားတာေၾကာင့္ အိမ္မွာထမင္းခ်က္စားတဲ့ အေလ့အထနည္းၾကပါတယ္။

ျပင္ပ အစားအစာေတြက ကိုယ္အေလးခ်ိန္ကို ပိုတက္ေစပါတယ္။ အဲ့ဒီအျပင္ မိသားစုလိုက္ ထမင္းစားရင္ စိတ္ပိုင္းဆိုင္ရာ ခံစားဆက္ႏြယ္ခ်က္ေတြက စိတ္ေရာ၊ကိုယ္ပါ က်န္းမာေစပါတယ္။

တစ္ပတ္မွာမိသားစုနဲ႔ ၃ ႀကိမ္ထက္မနည္းစားတဲ့ ကေလးေတြက တျခားကေလးေတြထက္ က်န္းမာတဲ့အစားအစာ စားေသာက္ႏိုင္ရႏႈန္း ၂၄ ရာခိုင္ႏႈန္းပိုမ်ားပါတယ္။

ေမြးဖြားတဲ့ ႏွစ္နဲ႔သက္ဆိုင္

၀ေစတဲ့ ဓာတ္ေတြက မ်ိဳးရိုးဗီဇထဲမွာေတာင္ ေရာက္ရွိေနတာေၾကာင့္ ၁၉၄၂ ခုႏွစ္ေနာက္ပိုင္းေမြးသူေတြက ပိုၿပီး ကိုယ္အေလးခ်ိန္ တက္ႏိုင္ပါတယ္။

စားေသာက္ဆိုင္ေတြမွာရွိတဲ့ ဂႏၱ၀င္ ေတးဂီတ

စားေသာက္ဆိုင္ေတြမွာ ဂႏၱ၀င္ ေတးဂီတ ၿငိမ့္ၿငိမ့္ေလးေတြ ဖြင့္ထားရင္ေသခ်ာပါတယ္ သင္အစားအစာ မ်ားမ်ားစားမိၿပီဘဲ။

ဂႏၱ၀င္ေတးဂီတၿငိမ့္ၿငိမ့္ေလး ဖြင့္ထားရင္ စားေသာက္ဆိုင္မွာ အခ်ိန္ပိုျဖဳန္းခ်င္ၿပီး အစားအစာေတြပိုမွာစားမိပါလိမ့္မယ္။ သင့္ကိုလည္း ဗိုက္ပိုဆာေစပါတယ္။

ညဖက္ အလုပ္လုပ္ျခင္း

ညဖက္ အလုပ္လုပ္ရရင္ လူသားေတြရဲ႕ ဇီ၀ကမၼျဖစ္စဥ္ကို ေဖာက္ဖ်က္ရာက်ၿပီး ကိုယ္အေလးခ်ိန္ကို တက္ေစပါတယ္။ အမ်ားအားျဖင့္ လူသားေတြကို ေန႔ဘက္ အလုပ္လုပ္ေစၿပီး ညဘက္ကို အနားယူေအာင္ လုပ္ေဆာင္ထားပါတယ္။ ကိုယ္အေလးခ်ိန္ ေလ်ာ့ေစခ်င္ရင္ ညဘက္ အလုပ္လုပ္ခ်ိန္မွာ သိပ္မစားပါနဲ႔။

အိပ္ခ်ိန္နည္းျခင္း

အိပ္ခ်ိန္နည္းရင္ အဆီပိုျဖစ္ေစပါတယ္။ လူသားေတြရဲ႕ ဇီ၀ကမၼျဖစ္စဥ္မွာ အိပ္စက္တာဟာ အဓိကက်ပါတယ္။ အိပ္ခ်ိန္မလံုေလာက္ရင္ အဆီပိုျဖစ္ေစကာ အားနည္းေစပါတယ္။

သဘာ၀ပတ္၀န္းက်င္ ညစ္ညမ္းမႈ

သဘာ၀ပတ္၀န္းက်င္ ညစ္ညမ္းမႈက အ၀လြန္ေစပါတယ္။ သဘာ၀ပတ္၀န္းက်င္ညစ္ညမ္းမႈေတြက ၀ေစတဲ့ တစ္ရွဴးေတြပိုျဖစ္ေစပါတယ္။ ညစ္ညမ္းမႈေတြက အစားအစာေတြကို အဆီဓာတ္ေတြပိုမ်ားေစပါတယ္။

တီဗီၾကည့္တာမ်ားျခင္း

တီဗီေရွ႕မွာ ၂ နာရီေက်ာ္ေအာင္ ထိုင္ၾကည့္ျခင္းက အ၀လြန္ျခင္းကို ၂၃ ရာခိုင္ႏႈန္းပိုျဖစ္ေစႏိုင္ပါတယ္။

စိတ္ဖိစီးမႈ၊ စိတ္ဓာတ္က်မႈ နဲ႔ စိတ္ဂနာမၿငိမ္ျဖစ္မႈ

စိတ္ဖိစီးမႈ၊ စိတ္ဓာတ္က်မႈနဲ႔ စိတ္ဂနာမၿငိမ္ျဖစ္မႈေတြက အ၀လြန္ေရာဂါကို ပိုျဖစ္ေစပါတယ္။ အမ်ားအားျဖင့္ စိတ္ဖိစီးမႈမ်ားလာတာနဲ႔စိတ္ဓာတ္က်လာတာမ်ားလာရင္ သၾကားနဲ႔အဆီဓာတ္ပါ၀င္မႈမ်ားတဲ့ အစားအစာေတြ ပိုစားျဖစ္ပါတယ္။

Credit : My Food
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကမ္ဘာပေါ်မှာ လူဦးရေ သန်း ၅၀၀ကျော်လောက်က အဝလွန်တဲ့ရောဂါနဲ့ရင်ဆိုင်နေရပါတယ်။

ဒါ့ကြောင့် သိပ္ပံပညာရှင်တွေက အခုနောက်ပိုင်းလူတွေဘာကြောင့် ကိုယ်အလေးချိန်တက်ရသလဲဆိုတာ လေ့လာခဲ့ကြပါတယ်။

အိမ်ထမင်း၊ အိမ်ဟင်းမစားခြင်း

အခုနောက်ပိုင်းလူတွေက တစ်ယောက်တည်းနေထိုင်တာများတာကြောင့် အိမ်မှာထမင်းချက်စားတဲ့ အလေ့အထနည်းကြပါတယ်။

ပြင်ပ အစားအစာတွေက ကိုယ်အလေးချိန်ကို ပိုတက်စေပါတယ်။ အဲ့ဒီအပြင် မိသားစုလိုက် ထမင်းစားရင် စိတ်ပိုင်းဆိုင်ရာ ခံစားဆက်နွယ်ချက်တွေက စိတ်ရော၊ကိုယ်ပါ ကျန်းမာစေပါတယ်။

တစ်ပတ်မှာမိသားစုနဲ့ ၃ ကြိမ်ထက်မနည်းစားတဲ့ ကလေးတွေက တခြားကလေးတွေထက် ကျန်းမာတဲ့အစားအစာ စားသောက်နိုင်ရနှုန်း ၂၄ ရာခိုင်နှုန်းပိုများပါတယ်။

မွေးဖွားတဲ့ နှစ်နဲ့သက်ဆိုင်

ဝစေတဲ့ ဓာတ်တွေက မျိုးရိုးဗီဇထဲမှာတောင် ရောက်ရှိနေတာကြောင့် ၁၉၄၂ ခုနှစ်နောက်ပိုင်းမွေးသူတွေက ပိုပြီး ကိုယ်အလေးချိန် တက်နိုင်ပါတယ်။

စားသောက်ဆိုင်တွေမှာရှိတဲ့ ဂန္တဝင် တေးဂီတ

စားသောက်ဆိုင်တွေမှာ ဂန္တဝင် တေးဂီတ ငြိမ့်ငြိမ့်လေးတွေ ဖွင့်ထားရင်သေချာပါတယ် သင်အစားအစာ များများစားမိပြီဘဲ။

ဂန္တဝင်တေးဂီတငြိမ့်ငြိမ့်လေး ဖွင့်ထားရင် စားသောက်ဆိုင်မှာ အချိန်ပိုဖြုန်းချင်ပြီး အစားအစာတွေပိုမှာစားမိပါလိမ့်မယ်။ သင့်ကိုလည်း ဗိုက်ပိုဆာစေပါတယ်။

ညဖက် အလုပ်လုပ်ခြင်း

ညဖက် အလုပ်လုပ်ရရင် လူသားတွေရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ဖောက်ဖျက်ရာကျပြီး ကိုယ်အလေးချိန်ကို တက်စေပါတယ်။ အများအားဖြင့် လူသားတွေကို နေ့ဘက် အလုပ်လုပ်စေပြီး ညဘက်ကို အနားယူအောင် လုပ်ဆောင်ထားပါတယ်။ ကိုယ်အလေးချိန် လျော့စေချင်ရင် ညဘက် အလုပ်လုပ်ချိန်မှာ သိပ်မစားပါနဲ့။

အိပ်ချိန်နည်းခြင်း

အိပ်ချိန်နည်းရင် အဆီပိုဖြစ်စေပါတယ်။ လူသားတွေရဲ့ ဇီဝကမ္မဖြစ်စဉ်မှာ အိပ်စက်တာဟာ အဓိကကျပါတယ်။ အိပ်ချိန်မလုံလောက်ရင် အဆီပိုဖြစ်စေကာ အားနည်းစေပါတယ်။

သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု

သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုက အဝလွန်စေပါတယ်။ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတွေက ဝစေတဲ့ တစ်ရှူးတွေပိုဖြစ်စေပါတယ်။ ညစ်ညမ်းမှုတွေက အစားအစာတွေကို အဆီဓာတ်တွေပိုများစေပါတယ်။

တီဗီကြည့်တာများခြင်း

တီဗီရှေ့မှာ ၂ နာရီကျော်အောင် ထိုင်ကြည့်ခြင်းက အဝလွန်ခြင်းကို ၂၃ ရာခိုင်နှုန်းပိုဖြစ်စေနိုင်ပါတယ်။

စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှု နဲ့ စိတ်ဂနာမငြိမ်ဖြစ်မှု

စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုနဲ့ စိတ်ဂနာမငြိမ်ဖြစ်မှုတွေက အဝလွန်ရောဂါကို ပိုဖြစ်စေပါတယ်။ အများအားဖြင့် စိတ်ဖိစီးမှုများလာတာနဲ့စိတ်ဓာတ်ကျလာတာများလာရင် သကြားနဲ့အဆီဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေ ပိုစားဖြစ်ပါတယ်။

Credit : My Food

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top