iMyanmarHouse.com - Best Property Website for Myanmar
×

သင္စားလိုက္တဲ့အရာေတြက ဝက္ျခံေတြေပါက္ေစတာလား

ဝက္ျခံအမ်ားစုဟာ လူပ်ိဳေဖာ္၊ အပ်ိဳေဖာ္ဝင္လာတဲ့အခ်ိန္မွာ ေပါက္လာေလ့ရွိၿပီး ရက္အနည္းငယ္အၾကာမွာ ေပ်ာက္သြားတတ္ပါတယ္။ ဒါေပမဲ့ တကယ္လို႔သင့္မွာ stubborn acne လို႔ေခၚတဲ့ ေပ်ာက္ဖို႔ခက္တဲ့ဝက္ျခံေတြျဖစ္လာခဲ့ရင္ေရာ.. မပူပါနဲ႔။

ဒါေတြကို ေဆးကုသမႈအခ်ိဳ႕နဲ႔ အိမ္မွာဂရုစိုက္လိုက္ရင္ ေပ်ာက္ကင္းသြားႏုိင္ပါတယ္။ တကယ္လို႔သင္က stubborn acne ေတြကို ကုသေပ်ာက္ကင္းႏုိင္မယ့္ နည္းလမ္းေတြကို ရွာေဖြေနတဲ့သူဆိုရင္ေတာ့ ဒီေဆာင္းပါးဟာ သင့္အတြက္ပါပဲ။

Stubborn acne (ေခါင္းမာတဲ့ ဝက္ျခံ)ဆိုတာဘာလဲ။

ေခါင္းမာတဲ့ဝက္ျခံဆိုတာ ပံုမွန္မဟုတ္ဘဲ ထြက္ေပၚလာတဲ့ ဝက္ျခံမ်ိဳးပါ။ ဝက္ျခံဆိုတာဆယ္ေက်ာ္သက္အရြယ္ေတြ ဒါမွမဟုတ္ လူပ်ိဳေဖာ္၊ အပ်ိဳေဖာ္ဝင္လာတဲ့သူေတြရဲ႕ အျဖစ္မ်ားတဲ့ လကၡဏာတစ္ခုပါ။ ဝက္ျခံေတြဟာ ရက္အနည္းငယ္ေလာက္ၾကာႏုိင္ပါတယ္။ သင္ အသက္၂၀ေက်ာ္သည္ထိလည္း ဝက္ျခံျပႆနာေတြကို ခံစားရႏုိင္ပါတယ္။

တစ္ခါတေလမွာ ဝက္ျခံေတြဟာ သင္ဘယ္လိုနည္းကိုမဆို အိမ္မွာ ႀကိဳးစားၿပီးလုပ္ၾကည့္သည္ျဖစ္ေစ၊ ေပ်ာက္မသြားတာမ်ိဳးေတြျဖစ္တတ္ပါတယ္။ အိမ္မွာ ရႏိုင္တ့ဲပစၥည္းေတြသံုးၿပီး စမ္းသပ္ၾကည့္လို႔မွ ရက္သတၱ ၄ပတ္ ကေန ၈ပတ္ေလာက္ၾကာတဲ့ထိမွ မေပ်ာက္ကင္းဘူးဆိုရင္ေတာ့ အေရျပားဆရာဝန္နဲ႔ ျပသင့္ပါၿပီ။
ကုသျခင္း

သင္က အေရျပားဆရာဝန္ေတြကို သြားေတြ႕တဲ့အခါ သူက သင့္အေရျပားအေျခအေနကို အရင္စမ္းသပ္စစ္ေဆးပါလိမ့္မယ္။ ၿပီးရင္ေတာ့ အေရျပားဆရာဝန္က သင့္အတြက္ သင့္ေလ်ာ္တဲ့ ကုသမႈအစီအစဥ္တစ္ခုဆြဲေပးပါလိမ့္မယ္။ အခ်ိဳ႕ေသာ ေဆးဝါးေတြကိုလည္း ညႊန္းေပးပါလိမ့္မယ္။

ဥပမာ ပဋိဇီဝေဆးေတြ၊ benzoyl peroxide ေတြ၊ salicylic acid ေတြကိုေပါ့.. ဒီေဆးေတြကိုေတာ့ ေသာက္ေဆးအေနနဲ႔ေသာ္လည္းေကာင္း၊ ဝက္ျခံေပါက္တဲ့ေနရာေတြမွာ လိမ္းဖို႔ေသာ္လည္းေကာင္း အသံုးျပဳႏုိင္ပါတယ္္။

တကယ္လို႔ သင့္ရဲ႕ဝက္ျခံက ျပင္းထန္တယ္ဆိုရင္ isotretinoin ကို သံုးဖို႔ လိုအပ္ပါလိမ့္မယ္။ ဒီေဆးကိုေတာ့ nodula ဝက္ျခံ (cystic acne )ေတြကို ကုသဖို႔ အသံုးျပဳတာပါ။ အျခားေသာ ကုထံုးေတြျဖစ္တဲ့ benzoyl peroxide ေတြကေတာ့ ဒါေတြအတြက္ အလုပ္ျဖစ္မွာမဟုတ္ပါဘူး။ တကယ္လို႔သင္က ကိုယ္ဝန္ရွိေနတယ္ဆိုရင္ေတာ့ ဒီေဆးကို အသံုးမျပဳသင့္ပါဘူး။

သင့္အတြက္ ေဆးေသာက္ဖို႔မလိုတဲ့ ကုထံုးေတြလည္း  ရွိပါေသးတယ္။ အလင္းကုထံုးကို ေလဟာနယ္ကုထံုး (vacuum therapy) နဲ႔ ေပါင္းစပ္ကုသတာ ဒါမွမဟုတ္ ေလဆာကုထံုးေတြဟာ သင္လုပ္ႏုိင္တဲ့ ကုသမႈေတြပါ။ သူတို႔ေတြဟာ ထိေရာက္ေပမယ့္ ေစ်းေတာ့ႀကီးပါတယ္။ ဒီနည္းလမ္းေတြမေရြးခ်ယ္ခင္ ေသခ်ာျပန္စဥ္းစားပါ။

အိမ္တြင္ ကုသနည္း

ဝက္ျခံအတြက္ အသားအေရထိန္းသိမ္းျခင္းကလည္း ဒီျဖစ္ရပ္ႀကီးထပ္ၿပီးျဖစ္မလာေအာင္ ကာကြယ္ႏုိင္ဖို႔ အေရးႀကီးပါတယ္။ အိမ္မွာ ကိုယ့္ကိုကိုယ္ဂရုစိုက္ျခင္းဟာ ကုသမႈေတြကို ပိုၿပီးထိေရာက္ေစႏုိင္ပါတယ္။

သင့္အရည္ျပားကိုသန္႔ရွင္းေနပါေစ။ ဒါေပမဲ့ ဝက္ျခံေပါက္ေနတဲ့ေနရာေတြကို တစ္ရက္ ၂ႀကိမ္ထက္ပိုၿပီးေတာ့ မသန္႔စင္ပါနဲ႔။ ဒါဟာ အေရျပားကိုထိခိုက္ေစႏိုင္ၿပီး ဝက္ျခံေတြကိုလည္း ပိုဆိုးေစပါတယ္။

အေပ်ာ့စားဆပ္ျပာနဲ႔ ေရသန္႔ကိုသံုးၿပီး အေရျပားကိုသန္႔စင္ပါ။ ေရဟာ ပူလြန္းေအးလြန္းတာမ်ိဳးမျဖစ္ရဘဲ ၾကက္သီးေႏြးေရက အေကာင္းဆံုးပါ။

ဝက္ျခံေတြကို မေဖာက္ပါနဲ႔။ ဒီလိုလုပ္ျခင္းက ဝက္ျခံေတြကို ပိုးဝင္ေစၿပီးအမာရြတ္ႀကီးႀကီးထင္က်န္ေစပါတယ္။

ျဖစ္ႏိုင္မယ္ဆိုရင္ အေရျပားျပႆနာျဖစ္ေနတဲ့အခ်ိန္မွာ မိတ္ကပ္မသံုးပါနဲ႔။ မိတ္ကပ္ပစၥည္းေတြဟာ ေခၽြးေပါက္ေတြကို ပိတ္ေစႏုိင္ပါတယ္။ တကယ္လို႔မ်ား မိတ္ကပ္ကို မျဖစ္မေနသံုးစြဲရမယ္ဆိုရင္   ေရကိုအေျခခံထားတဲ့ ဒါမွမဟုတ္ comedogenic မပါဝင္တဲ့ ပစၥည္းကိုသာသံုးစြဲပါ။ ဒါေတြဟာ သင့္အေျခအေနအတြက္ ပိုေကာင္းေစပါတယ္။ ၿပီးေတာ့ တတ္ႏိုင္သမွ် အျမန္ဆံုး မိတ္ကပ္ကိုဖ်က္ပစ္ဖို႔မေမ့ပါနဲ႔။ မိတ္ကပ္ဖ်က္ဖို႔ သီးသန္႔ထုတ္ထားတဲ့ ပစၥည္းကိုသာ သံုးစြဲပါ။

ေလ့က်င့္ခန္းလုပ္ျခင္းနဲ႔ အစားစားေသာက္မႈပံုစံကလည္း အကူအညီျဖစ္ေစပါတယ္။ ဒါေတြက သင့္ရဲ႕ အလံုးစံုေသာ က်န္းမာေရးအေျခအေနေတြကို တိုးတက္ေကာင္းမြန္ေစပါတယ။္ အေရျပားေပၚမွာ ေခၽြးေတြထြက္ေနတာမ်ိဳး မျဖစ္ပါေစနဲ႔။ ဒါေတြက သင့္ဝက္ျခံအတြက္ မေကာင္းပါဘူး

ေခါင္းေလွ်ာ္ဖို႔မေမ့ပါနဲ႔။ ဆံပင္က ပိုးမႊားေတြ၊ အညစ္အေၾကးေတြဟာ အေရျပားကို ကူးစက္ျပန္႔ႏွံ႕ႏိုင္ပါတယ္။

ေခါင္းမာတဲ့ ဝက္ျခံေတြ(Stubborn acne)ေတြဟာ ထိန္းခ်ဳပ္ရခက္ခဲပါတယ္။ တကယ္လို႔ သင္ကဝက္ျခံေတြေပါက္ေနၿပီး ၄ပတ္မွ ၈ပတ္ေလာက္ၾကာတဲ့ထိ မေပ်ာက္ကင္းဘူးဆိုရင္ အေရျပားဆရာဝန္နဲ႔ ျပသင့္ပါတယ္။ အထူးကုသမႈေတြက သင့္ရဲ႕ ေပ်ာက္ကင္းဖို႔ခက္တဲ့ ဝက္ျခံအေျခအေနေတြကို ထိန္းသိမ္းေစႏိုင္ပါလိမ့္မယ္။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သင်စားလိုက်တဲ့အရာတွေက ဝက်ခြံတွေပေါက်စေတာလား

ဝက်ခြံအများစုဟာ လူပျိုဖော်၊ အပျိုဖော်ဝင်လာတဲ့အချိန်မှာ ပေါက်လာလေ့ရှိပြီး ရက်အနည်းငယ်အကြာမှာ ပျောက်သွားတတ်ပါတယ်။ ဒါပေမဲ့ တကယ်လို့သင့်မှာ stubborn acne လို့ခေါ်တဲ့ ပျောက်ဖို့ခက်တဲ့ဝက်ခြံတွေဖြစ်လာခဲ့ရင်ရော.. မပူပါနဲ့။

ဒါတွေကို ဆေးကုသမှုအချို့နဲ့ အိမ်မှာဂရုစိုက်လိုက်ရင် ပျောက်ကင်းသွားနိုင်ပါတယ်။ တကယ်လို့သင်က stubborn acne တွေကို ကုသပျောက်ကင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေတဲ့သူဆိုရင်တော့ ဒီဆောင်းပါးဟာ သင့်အတွက်ပါပဲ။

Stubborn acne (ခေါင်းမာတဲ့ ဝက်ခြံ)ဆိုတာဘာလဲ။

ခေါင်းမာတဲ့ဝက်ခြံဆိုတာ ပုံမှန်မဟုတ်ဘဲ ထွက်ပေါ်လာတဲ့ ဝက်ခြံမျိုးပါ။ ဝက်ခြံဆိုတာဆယ်ကျော်သက်အရွယ်တွေ ဒါမှမဟုတ် လူပျိုဖော်၊ အပျိုဖော်ဝင်လာတဲ့သူတွေရဲ့ အဖြစ်များတဲ့ လက္ခဏာတစ်ခုပါ။ ဝက်ခြံတွေဟာ ရက်အနည်းငယ်လောက်ကြာနိုင်ပါတယ်။ သင် အသက်၂၀ကျော်သည်ထိလည်း ဝက်ခြံပြဿနာတွေကို ခံစားရနိုင်ပါတယ်။

တစ်ခါတလေမှာ ဝက်ခြံတွေဟာ သင်ဘယ်လိုနည်းကိုမဆို အိမ်မှာ ကြိုးစားပြီးလုပ်ကြည့်သည်ဖြစ်စေ၊ ပျောက်မသွားတာမျိုးတွေဖြစ်တတ်ပါတယ်။ အိမ်မှာ ရနိုင်တဲ့ပစ္စည်းတွေသုံးပြီး စမ်းသပ်ကြည့်လို့မှ ရက်သတ္တ ၄ပတ် ကနေ ၈ပတ်လောက်ကြာတဲ့ထိမှ မပျောက်ကင်းဘူးဆိုရင်တော့ အရေပြားဆရာဝန်နဲ့ ပြသင့်ပါပြီ။
ကုသခြင်း

သင်က အရေပြားဆရာဝန်တွေကို သွားတွေ့တဲ့အခါ သူက သင့်အရေပြားအခြေအနေကို အရင်စမ်းသပ်စစ်ဆေးပါလိမ့်မယ်။ ပြီးရင်တော့ အရေပြားဆရာဝန်က သင့်အတွက် သင့်လျော်တဲ့ ကုသမှုအစီအစဉ်တစ်ခုဆွဲပေးပါလိမ့်မယ်။ အချို့သော ဆေးဝါးတွေကိုလည်း ညွှန်းပေးပါလိမ့်မယ်။

ဥပမာ ပဋိဇီဝဆေးတွေ၊ benzoyl peroxide တွေ၊ salicylic acid တွေကိုပေါ့.. ဒီဆေးတွေကိုတော့ သောက်ဆေးအနေနဲ့သော်လည်းကောင်း၊ ဝက်ခြံပေါက်တဲ့နေရာတွေမှာ လိမ်းဖို့သော်လည်းကောင်း အသုံးပြုနိုင်ပါတယ်။

တကယ်လို့ သင့်ရဲ့ဝက်ခြံက ပြင်းထန်တယ်ဆိုရင် isotretinoin ကို သုံးဖို့ လိုအပ်ပါလိမ့်မယ်။ ဒီဆေးကိုတော့ nodula ဝက်ခြံ (cystic acne )တွေကို ကုသဖို့ အသုံးပြုတာပါ။ အခြားသော ကုထုံးတွေဖြစ်တဲ့ benzoyl peroxide တွေကတော့ ဒါတွေအတွက် အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ တကယ်လို့သင်က ကိုယ်ဝန်ရှိနေတယ်ဆိုရင်တော့ ဒီဆေးကို အသုံးမပြုသင့်ပါဘူး။

သင့်အတွက် ဆေးသောက်ဖို့မလိုတဲ့ ကုထုံးတွေလည်း  ရှိပါသေးတယ်။ အလင်းကုထုံးကို လေဟာနယ်ကုထုံး (vacuum therapy) နဲ့ ပေါင်းစပ်ကုသတာ ဒါမှမဟုတ် လေဆာကုထုံးတွေဟာ သင်လုပ်နိုင်တဲ့ ကုသမှုတွေပါ။ သူတို့တွေဟာ ထိရောက်ပေမယ့် ဈေးတော့ကြီးပါတယ်။ ဒီနည်းလမ်းတွေမရွေးချယ်ခင် သေချာပြန်စဉ်းစားပါ။

အိမ်တွင် ကုသနည်း

ဝက်ခြံအတွက် အသားအရေထိန်းသိမ်းခြင်းကလည်း ဒီဖြစ်ရပ်ကြီးထပ်ပြီးဖြစ်မလာအောင် ကာကွယ်နိုင်ဖို့ အရေးကြီးပါတယ်။ အိမ်မှာ ကိုယ့်ကိုကိုယ်ဂရုစိုက်ခြင်းဟာ ကုသမှုတွေကို ပိုပြီးထိရောက်စေနိုင်ပါတယ်။

သင့်အရည်ပြားကိုသန့်ရှင်းနေပါစေ။ ဒါပေမဲ့ ဝက်ခြံပေါက်နေတဲ့နေရာတွေကို တစ်ရက် ၂ကြိမ်ထက်ပိုပြီးတော့ မသန့်စင်ပါနဲ့။ ဒါဟာ အရေပြားကိုထိခိုက်စေနိုင်ပြီး ဝက်ခြံတွေကိုလည်း ပိုဆိုးစေပါတယ်။

အပျော့စားဆပ်ပြာနဲ့ ရေသန့်ကိုသုံးပြီး အရေပြားကိုသန့်စင်ပါ။ ရေဟာ ပူလွန်းအေးလွန်းတာမျိုးမဖြစ်ရဘဲ ကြက်သီးနွေးရေက အကောင်းဆုံးပါ။

ဝက်ခြံတွေကို မဖောက်ပါနဲ့။ ဒီလိုလုပ်ခြင်းက ဝက်ခြံတွေကို ပိုးဝင်စေပြီးအမာရွတ်ကြီးကြီးထင်ကျန်စေပါတယ်။

ဖြစ်နိုင်မယ်ဆိုရင် အရေပြားပြဿနာဖြစ်နေတဲ့အချိန်မှာ မိတ်ကပ်မသုံးပါနဲ့။ မိတ်ကပ်ပစ္စည်းတွေဟာ ချွေးပေါက်တွေကို ပိတ်စေနိုင်ပါတယ်။ တကယ်လို့များ မိတ်ကပ်ကို မဖြစ်မနေသုံးစွဲရမယ်ဆိုရင်   ရေကိုအခြေခံထားတဲ့ ဒါမှမဟုတ် comedogenic မပါဝင်တဲ့ ပစ္စည်းကိုသာသုံးစွဲပါ။ ဒါတွေဟာ သင့်အခြေအနေအတွက် ပိုကောင်းစေပါတယ်။ ပြီးတော့ တတ်နိုင်သမျှ အမြန်ဆုံး မိတ်ကပ်ကိုဖျက်ပစ်ဖို့မမေ့ပါနဲ့။ မိတ်ကပ်ဖျက်ဖို့ သီးသန့်ထုတ်ထားတဲ့ ပစ္စည်းကိုသာ သုံးစွဲပါ။

လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ အစားစားသောက်မှုပုံစံကလည်း အကူအညီဖြစ်စေပါတယ်။ ဒါတွေက သင့်ရဲ့ အလုံးစုံသော ကျန်းမာရေးအခြေအနေတွေကို တိုးတက်ကောင်းမွန်စေပါတယ။် အရေပြားပေါ်မှာ ချွေးတွေထွက်နေတာမျိုး မဖြစ်ပါစေနဲ့။ ဒါတွေက သင့်ဝက်ခြံအတွက် မကောင်းပါဘူး

ခေါင်းလျှော်ဖို့မမေ့ပါနဲ့။ ဆံပင်က ပိုးမွှားတွေ၊ အညစ်အကြေးတွေဟာ အရေပြားကို ကူးစက်ပြန့်နှံ့နိုင်ပါတယ်။

ခေါင်းမာတဲ့ ဝက်ခြံတွေ(Stubborn acne)တွေဟာ ထိန်းချုပ်ရခက်ခဲပါတယ်။ တကယ်လို့ သင်ကဝက်ခြံတွေပေါက်နေပြီး ၄ပတ်မှ ၈ပတ်လောက်ကြာတဲ့ထိ မပျောက်ကင်းဘူးဆိုရင် အရေပြားဆရာဝန်နဲ့ ပြသင့်ပါတယ်။ အထူးကုသမှုတွေက သင့်ရဲ့ ပျောက်ကင်းဖို့ခက်တဲ့ ဝက်ခြံအခြေအနေတွေကို ထိန်းသိမ်းစေနိုင်ပါလိမ့်မယ်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top