iMyanmarHouse.com - Best Property Website for Myanmar
×

အစီစဥ္တင္ဆက္သူတစ္ဦးျဖစ္တဲ့ ေကာင္းထက္ေဇာ္က ယခုႏွစ္အကယ္ဒမီေပးပြဲမွာ အခမ္းအနားမႉးအျဖစ္ ေဆာင္႐ြက္ခြင့္ရခဲ့ပါတယ္။ ဒီလိုေ႐ြးခ်ယ္ခံခဲ့ရတာနဲ႔ပတ္သက္ၿပီးလည္း ေကာင္းထက္ေဇာ္က အခုလိုေျပာၾကားခဲ့ပါတယ္။

“အကယ္ဒမီမွာ အခမ္းအနားမႉးအျဖစ္လုပ္ရတာ ကြၽန္ေတာ့္ရဲ႕ အခမ္းအနားမႉးလုပ္ခဲ့တဲ့ (၁၂)ႏွစ္တာသက္တမ္းအတြင္းမွာ ပထမဆုံးအႀကိမ္ပါပဲ။ အရင္ကေတာ့ ဆန္ကာတင္ထဲပါတယ္။ ျပဳတ္သြားတာ ခဏခဏပဲ။ အကယ္ဒမီေပးပြဲမွာ အခမ္းအနားမႉးလုပ္ဖို႔က ကြၽန္ေတာ္ရဲ႕အိပ္မက္တစ္ခုပါ။ အကယ္ဒမီမွာ အခမ္းအနားမႉးလုပ္ခြင့္ရတာ အရမ္းကို ဝမ္းသာပီတိျဖစ္တဲ့အျပင္ ကြၽန္ေတာ္က အခုလိုမ်ိဳး ေပါ့ေပါ့ပါးပါးေျပာတတ္တဲ့ဟာကိုပဲ ပရိသတ္ကသိတာ။ Classic ပုံစံမ်ိဳး ေလးေလးပင္ပင္နဲ႔ေျပာတာကို ပရိသတ္သိပ္မသိေသးဘူး။ ကြၽန္ေတာ္သည္ ျမန္မာ့အသံနဲ႔႐ုပ္ျမင္သံၾကားမွာ အသံပိုင္းဆိုင္ရာကို လြန္ခဲ့တဲ့ဆယ္ႏွစ္ကတည္းက သင္တန္းေတြတက္ၿပီး ေလ့က်င့္ခဲ့တာကို ပရိသတ္မသိဘူး။ အဲဒီလို Flow နဲ႔ ေျပာတတ္တယ္ဆိုတာကို တစ္ႏိုင္လုံးကပရိသတ္ေတြသိေအာင္ ခ်ျပခ်င္တာပါ။ ကိုယ္ရမယ့္အပိုဒ္ေလးေတြကို မဲႏႈိက္ရပါတယ္။ ဘယ္သူမဆို အေကာင္းဆုံး မင္းသမီး၊ မင္းသား ဇာတ္ေဆာင္ဆုကို ေၾကညာခ်င္မွာပဲေလ။ မဲႏႈိက္ၿပီး က်ရာအေၾကာင္းအရာကို တာဝန္ယူက်မယ္ေပါ့ဆိုၿပီး မွ်မွ်တတပဲ ဆုံးျဖတ္လိုက္ပါတယ္။ ေရွ႕ဆက္ၿပီး ပရိသတ္က ကြၽန္ေတာ္ခ်ျပတာ ဘာေတြမ်ားလိုခ်င္ေနမလဲဆိုတာ စဥ္းစားေနတဲ့သူတစ္ေယာက္ပါ။ ပရိသတ္ေတြဘာလိုခ်င္ေသးလဲဆိုတဲ့အေပၚမွာမူတည္ၿပီး ႀကိဳးစားသြားမွာပါ”လို႔ ဆိုပါတယ္

Credit : MMPost
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အစီစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ ကောင်းထက်ဇော်က ယခုနှစ်အကယ်ဒမီပေးပွဲမှာ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခွင့်ရခဲ့ပါတယ်။ ဒီလိုရွေးချယ်ခံခဲ့ရတာနဲ့ပတ်သက်ပြီးလည်း ကောင်းထက်ဇော်က အခုလိုပြောကြားခဲ့ပါတယ်။

“အကယ်ဒမီမှာ အခမ်းအနားမှူးအဖြစ်လုပ်ရတာ ကျွန်တော့်ရဲ့ အခမ်းအနားမှူးလုပ်ခဲ့တဲ့ (၁၂)နှစ်တာသက်တမ်းအတွင်းမှာ ပထမဆုံးအကြိမ်ပါပဲ။ အရင်ကတော့ ဆန်ကာတင်ထဲပါတယ်။ ပြုတ်သွားတာ ခဏခဏပဲ။ အကယ်ဒမီပေးပွဲမှာ အခမ်းအနားမှူးလုပ်ဖို့က ကျွန်တော်ရဲ့အိပ်မက်တစ်ခုပါ။ အကယ်ဒမီမှာ အခမ်းအနားမှူးလုပ်ခွင့်ရတာ အရမ်းကို ဝမ်းသာပီတိဖြစ်တဲ့အပြင် ကျွန်တော်က အခုလိုမျိုး ပေါ့ပေါ့ပါးပါးပြောတတ်တဲ့ဟာကိုပဲ ပရိသတ်ကသိတာ။ Classic ပုံစံမျိုး လေးလေးပင်ပင်နဲ့ပြောတာကို ပရိသတ်သိပ်မသိသေးဘူး။ ကျွန်တော်သည် မြန်မာ့အသံနဲ့ရုပ်မြင်သံကြားမှာ အသံပိုင်းဆိုင်ရာကို လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းက သင်တန်းတွေတက်ပြီး လေ့ကျင့်ခဲ့တာကို ပရိသတ်မသိဘူး။ အဲဒီလို Flow နဲ့ ပြောတတ်တယ်ဆိုတာကို တစ်နိုင်လုံးကပရိသတ်တွေသိအောင် ချပြချင်တာပါ။ ကိုယ်ရမယ့်အပိုဒ်လေးတွေကို မဲနှိုက်ရပါတယ်။ ဘယ်သူမဆို အကောင်းဆုံး မင်းသမီး၊ မင်းသား ဇာတ်ဆောင်ဆုကို ကြေညာချင်မှာပဲလေ။ မဲနှိုက်ပြီး ကျရာအကြောင်းအရာကို တာဝန်ယူကျမယ်ပေါ့ဆိုပြီး မျှမျှတတပဲ ဆုံးဖြတ်လိုက်ပါတယ်။ ရှေ့ဆက်ပြီး ပရိသတ်က ကျွန်တော်ချပြတာ ဘာတွေများလိုချင်နေမလဲဆိုတာ စဉ်းစားနေတဲ့သူတစ်ယောက်ပါ။ ပရိသတ်တွေဘာလိုချင်သေးလဲဆိုတဲ့အပေါ်မှာမူတည်ပြီး ကြိုးစားသွားမှာပါ”လို့ ဆိုပါတယ်

Credit : MMPost

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top