iMyanmarHouse.com - Best Property Website for Myanmar
×
သရုပ်ဆောင်ဘုဏ်းသိုက်တစ်ယောက် စားကျက်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်သွားမှာဖြစ်သလို ကိုယ်တိုင်လည်း ဒါရိုက်တာတစ်ယောက်အဖြစ် ရိုက်ကူးပုံဖော်သွားမှာဖြစ်တဲ့အတွက် ဇာတ်ကားရိုက်ဖို့ စိတ်အားထက်သန်နေတယ်လို နေပြောပြခဲ့ပါတယ်။
Credit : Duwun
သရုပ်ဆောင်ဘုဏ်းသိုက်တစ်ယောက် စားကျက်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်သွားမှာဖြစ်သလို ကိုယ်တိုင်လည်း ဒါရိုက်တာတစ်ယောက်အဖြစ် ရိုက်ကူးပုံဖော်သွားမှာဖြစ်တဲ့အတွက် ဇာတ်ကားရိုက်ဖို့ စိတ်အားထက်သန်နေတယ်လို့ နေပြောပြခဲ့ပါတယ်။
''  ဒီဇာတ်ကားကို မရိုက်ခင်ကတည်းက တစ်နှစ်လောက်ကြိုတင်ပြင်ဆင်ထားရတာဆို ကျွန်တော့်ဇာတ်ကောင်ဖြစ်တဲ့ ပုရစ်ဆိုတဲ့ ဇာတ်ကောင်လည်း ကျွန်တော်နဲ့ ရင်းနှီးနေပြီ။ Pre မှာ သေသေချာချာ ပြင်ဆင်ထားတဲ့ အတွက် ဇာတ်လမ်းရဲ့ ပေးချင်တဲ့ မက်ဆေ့ချ် က ကွဲကွဲပြားပြားကြိုသိနေတဲ့အတွက်ကြောင့် ဇာတ်ကားရိုက်ဖို့ကိုပဲ စိတ်အားထက်သန်နေတယ်'' လို့ ဆိုပါတယ်။
ကြိုတင်ပြင်ဆင်မှုတွေအများကြီးလုပ်ခဲ့ရတဲ့ ဇာတ်ကားဖြစ်လို့ အားရကျေနပ်တယ်လို့ ဆိုပါတယ်။
'' ဇာတ်ကားရိုက်ပြီးတဲ့အချိန်မှာလည်း ပရိသတ်တွေ ဘယ်လိုသုံးသပ်မယ်ဆိုတာကို ခေါင်းထဲမထည့်သေးဘူး၊ ရုပ်ရှင်ကို ၂ နာရီလောက်ကြည့်တဲ့အခါမှာ ကြည့်ရကျိုးနပ်တဲ့ရုပ်ရှင်တစ်ကားဖြစ်ဖို့အတွက် ကို တစ်နှစ်လောက်ကတည်းက ကြိုပြီးတော့ ပြင်ဆင်ထားတယ် အဲ့ဒီအတွက် အားရတယ်'' လို့ သူကဆိုပါတယ်။
ဘုဏ်းသိုက်ဟာ အနုပညာနဲ့ပတ်သက်လာရင် သရုပ်ဆောင်အပိုင်းသာမက ဒါရိုက်တာအပိုင်းမှာပါ ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတိုပြိုင်ပွဲတွေမှာလည်း အကောင်းဆုံးဆုတွေ ဆွတ်ခူးနိုင်ခဲ့သူတစ်ယောက်ပါ။ လက်ရှိမှာ လည်း သီချင်း MTV တွေရိုက်ကူးနေသလို စားကျက်ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း မတ်လ ၂၅ ရက်နေ့မှာစပြီး ရိုက်ကူး သွားမယ်လို့ သိရပါတယ်။
Photo: ဘုဏ်းသိုက်ဖေ့စ်ဘုတ်
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top