iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ေယာက္အေၾကာင္း သိခ်င္ရင္ ခရီးအတူတူ သြားၾကည့္ပါတဲ့။ ခရီးသြားတဲ့အခါ သူနဲ႔ကိုယ္ ဘယ္ေလာက္ အတြဲညီလဲ၊ သည္းခံႏိုင္စြမ္းေတြ ရွိသလဲဆုိတာ သိလာရတယ္။ ၿပီးေတာ့ ႏွစ္ေယာက္ၾကားမွာ ေပ်ာ္စရာေတြ ထပ္ၿပီးမ်ားလာရတယ္ေလ။ တကယ္ခ်စ္ရတဲ့လူတစ္ေယာက္ကို ပိုင္ဆိုင္ထားရၿပီဆုိရင္ေတာ့ သူနဲ႔အတူတူ ဒီခရီးေလးေတြ သြားျဖစ္ေအာင္သြားေနာ္။

၁။ ေျခလွ်င္ခရီး

ေတာင္တက္ရတဲ့ခရီးမ်ိဳးေတြေပါ့။ ခုဆို ျပည္တြင္းမွာလည္း ေတာင္တက္ခရီးစဥ္ေတြ ရွိေနၿပီေလ။ ပင္ပန္းလာတဲ့အခါ ခ်စ္သူလက္ကို တကယ္ပဲ ဆြဲထားႏုိင္ပါ့မလား၊ ေဖးမပါ့မလားဆုိတာ လက္ေတြ႕သိရမယ့္ခရီးဆုိေတာ့ သြားကိုသြားသင့္တာေပါ့။

၂။ မိသားစုခရီးစဥ္

ပိတ္ရက္ရွည္မွာ မိသားစုနဲ႔အတူသြားတဲ့ ခရီးကိုလည္း သူ႔ကို ေခၚသြားလိုက္ပါဦး။ ေနာင္တစ္ခ်ိန္ အတူတူေနတဲ့အခါ သူနဲ႔ ကိုယ့္မိဘအသိုင္းအဝိုင္း အဆင္ေျပ၊ မေျပ သိရမယ္။ သူတုိ႔ေတြအခ်င္းခ်င္း ပိုရင္းႏွီးကၽြမ္းဝင္သြားရာလည္းေရာက္တယ္။ ေဆြမ်ိဳးေတြဆီ အလည္ေခၚသြားတာမ်ိဳးလည္း လုပ္ၾကည့္ပါ။ နယ္ေဝးကေဆြမ်ိဳးေတြနဲ႔လည္း အဆင္ေျပ၊ ကိုယ္ေတြလည္း ခရီးထြက္ျဖစ္သြားရေအာင္ေလ။

၃။ ကမ္းေျခမွာ ေအးေအးလူလူ အနားယူမယ္

ကမ္းေျခသြားတယ္ဆုိရင္ တကယ့္ကို စိတ္ေအးလက္ေအး အနားယူဖုိ႔အတြက္ပဲ သြားၾကတယ္။ တစ္ညအိပ္ရံုေလာက္နဲ႔ေတာ့ ပင္လယ္ႀကီးကိုၾကည့္ၿပီးျပန္ရတာ ႏွေမ်ာစရာႀကီးေလ။ ေသာကာေတြ ပူပန္မႈေတြ ေလ်ာ့သြားေအာင္ ၃ ရက္ေလာက္ေတာ့ ေအးေအးလူလူ အနားယူၾကတာေပါ့။ ဒီလိုခရီးမ်ိဳးလည္း သူနဲ႔အတူသြားသင့္တယ္။ ဒါမွ အခ်စ္စိတ္ေတြ ပိုတိုးလာၾကမွာေနာ္။

၄။ ဘာသာစကားမတူတဲ့ေနရာတစ္ခုခု

ျပည္တြင္းမွာလည္း ဒီလိုေနရာေတြ ရွိတယ္ေလ။ ႏိုင္ငံျခားသြားမွရယ္ မဟုတ္ဘူး။ တိုင္းရင္းသားနယ္ေျမေတြဆီသြားၿပီး သူတုိ႔ရဲ႕ ယဥ္ေက်းမႈေတြ ဓေလ့ေတြ ေဒသအေၾကာင္းေတြကို ေလ့လာရတာလည္း ခ်စ္သူနဲ႔ကိုယ့္ရဲ႕ ပူးေပါင္းလုပ္ေဆာင္မႈကို စိန္ေခၚရာေရာက္တယ္။ ဘာသာစကားမတူတဲ့လူေတြကို ဆက္သြယ္ဖုိ႔ ဘယ္လုိနည္းေတြသံုးၾကမလဲ?

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူတစ်ယောက်အကြောင်း သိချင်ရင် ခရီးအတူတူ သွားကြည့်ပါတဲ့။ ခရီးသွားတဲ့အခါ သူနဲ့ကိုယ် ဘယ်လောက် အတွဲညီလဲ၊ သည်းခံနိုင်စွမ်းတွေ ရှိသလဲဆိုတာ သိလာရတယ်။ ပြီးတော့ နှစ်ယောက်ကြားမှာ ပျော်စရာတွေ ထပ်ပြီးများလာရတယ်လေ။ တကယ်ချစ်ရတဲ့လူတစ်ယောက်ကို ပိုင်ဆိုင်ထားရပြီဆိုရင်တော့ သူနဲ့အတူတူ ဒီခရီးလေးတွေ သွားဖြစ်အောင်သွားနော်။

၁။ ခြေလျှင်ခရီး

တောင်တက်ရတဲ့ခရီးမျိုးတွေပေါ့။ ခုဆို ပြည်တွင်းမှာလည်း တောင်တက်ခရီးစဉ်တွေ ရှိနေပြီလေ။ ပင်ပန်းလာတဲ့အခါ ချစ်သူလက်ကို တကယ်ပဲ ဆွဲထားနိုင်ပါ့မလား၊ ဖေးမပါ့မလားဆိုတာ လက်တွေ့သိရမယ့်ခရီးဆိုတော့ သွားကိုသွားသင့်တာပေါ့။

၂။ မိသားစုခရီးစဉ်

ပိတ်ရက်ရှည်မှာ မိသားစုနဲ့အတူသွားတဲ့ ခရီးကိုလည်း သူ့ကို ခေါ်သွားလိုက်ပါဦး။ နောင်တစ်ချိန် အတူတူနေတဲ့အခါ သူနဲ့ ကိုယ့်မိဘအသိုင်းအဝိုင်း အဆင်ပြေ၊ မပြေ သိရမယ်။ သူတို့တွေအချင်းချင်း ပိုရင်းနှီးကျွမ်းဝင်သွားရာလည်းရောက်တယ်။ ဆွေမျိုးတွေဆီ အလည်ခေါ်သွားတာမျိုးလည်း လုပ်ကြည့်ပါ။ နယ်ဝေးကဆွေမျိုးတွေနဲ့လည်း အဆင်ပြေ၊ ကိုယ်တွေလည်း ခရီးထွက်ဖြစ်သွားရအောင်လေ။

၃။ ကမ်းခြေမှာ အေးအေးလူလူ အနားယူမယ်

ကမ်းခြေသွားတယ်ဆိုရင် တကယ့်ကို စိတ်အေးလက်အေး အနားယူဖို့အတွက်ပဲ သွားကြတယ်။ တစ်ညအိပ်ရုံလောက်နဲ့တော့ ပင်လယ်ကြီးကိုကြည့်ပြီးပြန်ရတာ နှမျောစရာကြီးလေ။ သောကာတွေ ပူပန်မှုတွေ လျော့သွားအောင် ၃ ရက်လောက်တော့ အေးအေးလူလူ အနားယူကြတာပေါ့။ ဒီလိုခရီးမျိုးလည်း သူနဲ့အတူသွားသင့်တယ်။ ဒါမှ အချစ်စိတ်တွေ ပိုတိုးလာကြမှာနော်။

၄။ ဘာသာစကားမတူတဲ့နေရာတစ်ခုခု

ပြည်တွင်းမှာလည်း ဒီလိုနေရာတွေ ရှိတယ်လေ။ နိုင်ငံခြားသွားမှရယ် မဟုတ်ဘူး။ တိုင်းရင်းသားနယ်မြေတွေဆီသွားပြီး သူတို့ရဲ့ ယဉ်ကျေးမှုတွေ ဓလေ့တွေ ဒေသအကြောင်းတွေကို လေ့လာရတာလည်း ချစ်သူနဲ့ကိုယ့်ရဲ့ ပူးပေါင်းလုပ်ဆောင်မှုကို စိန်ခေါ်ရာရောက်တယ်။ ဘာသာစကားမတူတဲ့လူတွေကို ဆက်သွယ်ဖို့ ဘယ်လိုနည်းတွေသုံးကြမလဲ?

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top