iMyanmarHouse.com - Best Property Website for Myanmar
×







ဈေးကမနည်းပါဘူး ၇သိန်း တို့၁၀ သိန်း ကျော်တို့


ပန်း pattern ကိုကြည့်လိုက်တော့ ညာဘက်ထောင့်ပန်းကချုပ်ရိုး နဲ့ထိပြီး ဘယ်ဘက်ထောင့်ကပန်းကချုပ်ရိုးနဲ့ မပြောပလောက်တဲ့ 2mm လောက်အောက်ရောက်နေတယ် ( ဓာတ်ပုံများကိုကြည့်ပါရန်)




သူ့ vintage ကပုံမလာတာရိပ်မိမှာစိုးလို့လား တကယ်ကို အတု မှန်းမသိဘဲရောင်းနေတာလားတော့မသိဘူး

၂၄ သိန်းတဲ့

Credit : Lwinpyin

ဂျင်း အသေးလေးနဲ့စပါရစေOnline ပေါ်မှာ branded အိတ် aတွနဲ့ ချွတ်စွတ်နီးပါး ဆင်တူ copy တွေ အကြီးအကျယ် aရာင်းနေတာမြင်ရပေမယ့် ဝယ်တဲ့သူကလည်း သိန်း၃၀လောက် ပေးရမယ့်အစား ၃သိန်း လောက်နဲ့ဟုတ်နေတော့ သူ့အရပ် နဲ့သူ့ဇာတ်အဆင်ပြေနေတာကိုကိုယ်ကအမုန်းခံပြီးမဝယ်သင့်ဘူးလို့မပိတ်ပင်ချင်ခဲ့ပါဘူး။

ဒါပေမယ့်တစ်ခါတစ်ခါမြင်ရတာဖတ်ရတာစိတ်ထဲတော့တော်တော်တင်းမိတယ် ရေးထားတာ Authentic Replica တဲ့
Replica ဆိုတဲ့အတုက ဘယ်လိုလုပ်ပြီး authentic (အတုမဟုတ်သောအစစ်အမှန်)ကိုရှေ့မှာထည့်ရေးရတာလဲ replica ဟာဘယ်တော့မှ authentic မဖြစ်နိုင်တာသိရက်နဲ့ ဝယ်သူကို authentic စာလုံး နဲ့အကြောင်ရိုက် ဂျင်းထည့်လေသည်။

ပြီးတော့သိန်းနဲ့ချီရောင်းတော့ နာမည် ကိုသာသိပြီးဈေးနှုန်းမသိတဲ့သူများကအစစ်ကိုတော်တော်တန်စွာရနေသလိုထင်ပြီးဝယ်ကြတော့တာပေါ့
ဟိုတလောကအသိတစ်ယောက်ကသတင်းပေးလာပါတယ်။

နိုင်ငံခြား ကိုအဝတ်အထည် ပို့တဲ့export ဆိုင်မှာLV walletတစ်လုံး မှ100$တဲ့
ဒီကလည်း LV နဲ့အမျိုးတော်သည့်အလား copy right အတွက် ထောက်လှမ်းရေးဝင်ကြည့်တာပေါ့
ရောင်းတဲ့မိန်းကလေးတွေကလည်းအစစ်မှအစစ်ဆိုဘဲ။

factory နဲ့ အဆက်အသွယ် ကောင်းလို့ ရထားတာတဲ့
ကား ပေါ်ကိုပြန်သွားပြီးပါလာတဲ့အစစ်အိတ်နဲ့ယှဉ်ပြလိုက်တော့မှ သမီးတို့လည်းမသိဘူး သူဌေး ကတင်ရောင်းတာပါတဲ့
ပွင်းပွင့်လင်းလင်းအတုဆိုပြီးသင့်တင့်သောဈေးနဲ့ရောင်းပါ လက်ခံပါတယ် အခုဟာက အစစ် ကိုအထူး လျော့ဈေး နဲ့ရထားလို့ပါဆိုပြီးဂျင်းထည့်ချင်နေကြတာများလာတယ်
တကယ်တမ်းပြောရရင်တော့ ဈေးလျော့ရောင်းတဲ့outlet တွေမှာHermès, Chanel နဲ့ Louis Vuitton ကိုတွေ့ရမှာမဟုတ်ပါဘူး sales ဆိုတာလည်းမရှိပါဘူး ဘာလို့များ factory တိုက်ရိုက်ဆိုပြီးညာနေကြတာလဲ ရှက်သင့်ပါတယ်။

ဂျင်း အလတ်စားအကြောင်းဆက်ပါရစေ

ဒီတစ်ခုကတော့vintage သုံးပြီးသား တွေပြန်ရောင်းတာဆိုပြီး တစ်လုံးစ နှစ်လုံးစ online ပေါ်မှာ လာရောင်းတာပါ
ဈေးကမနည်းပါဘူူး ၇သိန်း တို့၁၀ သိန်း ကျော်တို့
ဒီကလည်း (LV ဆရာမကြီးဆိုတော့ )စပ်စပ်စုစုသွားကြည့်တာပေါ့ ။

မသွားခင်သေချာမေးတယ် copyမဟုတ်တာကျိန်းသေလားလို့
(ဪအခုမှစဉ်းစားမိတယ် ခိုးတဲ့သူကသူခိုးပါတယ်ဘယ်ပြောပါ့မလဲ )
ဆိုင်ရောက်တော့အိတ်ပေါ်မှာsize 55 လို့ရေးထားတာပြပါတယ်
SD code လည်းပြပါတယ် 821 လို့ရေးထားပါတယ်
1982 ,1 လပိုင်းကထုတ်ထားတယ်ပေါ့လေ
သာမန်တွေးရင်တော့ဂဏန်းနံပါတ်တွေနဲ့အစစ်ဖြစ်နိုင်ချေရှိတယ်ပေါ့။

ပန်း pattern ကိုကြည့်လိုက်တော့ ညာဘက်ထောင့်ပန်းကချုပ်ရိုုး နဲ့ထိပြီး ဘယ်ဘက်ထောင့်ကပန်းကချုပ်ရိုးနဲ့ မပြောပလောက်တဲ့ 2mm လောက်အောက်ရောက်နေတယ် ( ဓာတ်ပုံများကိုကြည့်ပါရန်)
အသစ်ဆို ၁၇ သိန်း လောက်ရှိတဲ့အိတ်တစ်လုံးရဲ့လက်ရာကဒီလိုဖြစ်နိုင်ပါ့မလား
အတုမှန်းလုံးဝပြောနိုင်တာကတော့ ပန်းpattern ပါဘဲ
ပုံမှန်ဆိုသတိထားမိမှာမဟုတ်ပါဘူး။

အရင်တစ်ခေါက်ပါရီရောက်တုန်းကခရီးဆောင်အိတ်ဝယ်မယ်ဆိုပြီးLV ဆိုင်မှာ တစ်နာရီလောက်ကြာအောင် 45, 50,55,60 size တွေကိုဖင်ပြန်ခေါင်းပြန်ကြည့်ခဲ့တဲ့သူဆိုတော့လွယ်လွယ်မြင်တာပေါ့
Size ပေါ်မူတည်ပြီးကြိုးဘေးကပန်း pattern တွေမတူတာအတုလုပ်တဲ့သူတွေကသိပေမယ့်ချွတ်စွပ် copy ပိုင်ခွင့်မရှိတော့ နည်းနည်းပြောင်းထားတာကိုတောင် အစစ် လို့ထင်ပြီးဝယ်တဲ့သူကဂျင်းကောင်ဖြစ်ရော
အထူးသဖြင့်japan ဘက်ကလာတဲ့အတွက်အစစ်နဲ့တော်တော်ဆင်တာကိုအထူးသတိထားစေချင်ပါတယ် ဂျပန်မှာတင် မြန်မာငွေနဲ့တွက်ရင်၂သိန်းခွဲကျော်
ဂျပန် supplier တွေရောင်းတာယုံပြီးဝယ်မိတဲ့ အဖြူရောင်ဂျင်းကောင်လေးတွေ u tube ပေါ်မှာတင်ထားတာ ကြည့်စေချင်ပါတယ် တော်တော်ခွဲမရအောင်တူလို့ super fake တဲ့
ဒီရောက်တော့ ၇ သိန်း နဲ့ပြန်ရောင်းပေါ့
အဟောင်းမို့လို့ဈေး သက်သာတာထင်ရအောင်လုပ်ထားတဲ့ အတု ကိုအဟောင်းပုံနဲ့ရောင်းတဲ့တန်ဖိုးသိပ်မသေးတဲ့ဂျင်းအလတ်စားပါ။

နောက်ဆုံးရေးချင်တဲ့ဂျင်းကတော့အကြီးကြီးပါ

အစစ်အတိုင်းချွတ်စွပ်တူပြီးအစစ်ဈေးနည်းပါးအတိုင်းပြန်ရောင်းတာပါဘဲ
ဟိုတလောကအသိအမတစ်ယောက်ရဲ့အဖြစ်ပြောပြပါအုံးမယ်
Bangkok မှာ ဈေးကြီးပေးပြီး အဝယ်ခိုင်းလိုက်တဲ့LV အိတ်ကဘေး liner တွေအရည်ပျော်တာ တစ်အိတ်လုံးအမည်းစက်တွေ ကိုယ့်ကိုပြတော့ အတုအစစ်ခွဲခြားကြည့်ဖို့ ပေါင်ပေါ်တင်မိတာ ဝတ်ထားတဲ့ ပိုးထမီလည်း အမည်းတွေစွဲကုန်ရော
အခုထိဖျက်လို့မရလို့အဲဒီအိတ်ကိုမမေ့သေးဘူး။

ဆိုင်voucher ပါရင် Paris မှာပြကြည့်ပေးမယ်ဆိုတော့အဝယ်တော်ကvoucher မပြနိုင်ဘူး
LV တရားဝင်ဆိုင်မှာမဝယ်ဘဲ ဘယ်လိုဆိုင်မျိုးဆီမှာဝယ်လာပေးလဲမသိဘူး
ဒီနေ့တော့ မှတ်မှတ်ရရ vintage ရောင်းသူက အဲဒီအရည်ပျော်တဲ့အိတ်နဲ့ခပ်ဆင်ဆင်တူတာထုတ်ပြပါတယ်
အိတ်အသစ်လက်ဆောင်ရလို့ပြန်ရောင်းတာဆိုပြီးတော့လေ
သူ့ vintage ကပုံမလာတာရိပ်မိမှာစိုးလို့လား တကယ်ကို အတု မှန်းမသိဘဲရောင်းနေတာလားတော့မသိဘူူး
LV လိမ္မော်ရောင်စက္ကူဗူးကြီးကိုထုတ်ပြတယ် LV logo နဲ့ dust bag ရယ်အထဲက နာမည်ရေးဖို့ကဒ်လေးတွေရယ်ထုတ်ပြတယ်
အစစ်လို့ထင်ရလောက်တဲ့ပစ္စည်းလေးတွေပေါ့
Voucher မပြနိုင်ပါဘူး။

တကယ်တော့ ဒီဗူးတွေ ပိတ်အိတ် တွေအပြင် receipt voucher ပါ တရုတ်ပြည် မှာ 10$လောက်နဲ့အကုန်လုပ်ခိုင်းလို့ရတယ်ဆိုတာဂျင်းလွယ်လွယ်အထည့်မခံရအောင်သိထားစေချင်ပါတယ်
ဘာလို့လဲဆိုတော့နစ်နာမယ့်တန်ဖိုးကမနည်းဘူးနော်
၂၄ သိန်းတဲ့
ဂျင်းကောင်အကြီးကြီးမဖြစ်ရအောင်အသိပေးလိုက်ပါတယ်။

Credit : Lwinpyin

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top