iMyanmarHouse.com - Best Property Website for Myanmar
×
မိႆရာသီဖြား (မတ္လ ၂၁ရက္မွ – ဧၿပီ ၁၉ ရက္အထိ)
Credit : My Style
မိဿရာသီဖွား (မတ်လ ၂၁ရက်မှ – ဧပြီ ၁၉ ရက်အထိ)
သင့်ရဲ့မွေးရာပါ ဆွဲဆောင်မှုနှင့် ကောင်းမွန်တဲ့ပြုမူပြောဆိုပုံတွေက လုပ်ဖော်ကိုင်ဖက်တွေ၊ အထက်လူကြီးတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတွေကို ဖြစ်စေပြီး ဒီနေ့မှာလည်း ထိုအရာတွေက ကိုယ့်ကိုကောင်းကောင်းကြီး ကူညီပေးနေမှာပါ။ သြဇာကြီးတဲ့ အထက်လူကြီးတွေက နည်းနည်းရှိန်စရာကောင်းပေမယ့်လည်း ကိုယ်ရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပေါ် ဆုပ်ကိုင်ထားပါ။ အလုပ်ကြိုးစားလုပ်ကိုင်မှုနှင့် အားစိုက်ထုတ်မှုတွေက သင့်ကို အဖွဲ့အစည်းနဲ့ဆိုင်တဲ့ ချီးမြှင့်မှုတွေ သယ်ဆောင်လာမှာဖြစ်လို့ အလုပ်အကိုင်နဲ့ပတ်သက်ပြီး ရှေ့တိုးမယ့်သတင်းကောင်းတွေကို ကြားမိနိုင်ပါတယ်။
ပြိဿရာသီဖွား (ဧပြီ ၂၀ မှ – မေ ၂၀ အထိ)
ကိုယ့်ရဲ့ကိုယ်ပိုင် ပရောဂျက်တွေနဲ့ပတ်သက်ပြီး အလုပ်တွေက ခေါင်းထဲမှာအပြည့်ရှိနေမှာပါ။ ဖြစ်နိုင်တာကတော့ အပိုဝင်ငွေရှာနိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေကို စဉ်းစားနေတာပါ။ လက္ခဏာတွေအကုန်လုံး ညွှန်ပြနေတာကတော့ ဒီနေ့မှာ စတင်တဲ့ သို့မဟုတ် ဆက်လက်လုပ်ကိုင်မယ့် လုပ်ငန်းတွေဟာ အောင်မြင်ဖို့အလားအလာရှိလို့ ရှေ့တိုးလုပ်ဆောင်ပါ။ ဒါပေမယ့်လည်း အခြားသူတွေကို မပြသေးခင်မှာ ကိုယ်လုပ်နေတဲ့အလုပ်ပေါ်ကို သေချာအာရုံထားဖို့က အလွန်အရေးကြီးပါတယ်။
မေထုန်ရာသီဖွား (မေ ၂၁ ရက်မှ – ဇွန် ၂၀ အထိ)
ရေရှည်ရင်းနှီးမြုပ်နံှမှုတွေ အထူးသဖြင့် အိမ်ခြံမြေနဲ့ပတ်သက်နေတဲ့ကိစ္စတွေ အခုအဆင်ပြေသွားမှာပါ။ အိမ်ဝယ်ရန် သို့မဟုတ် ရောင်းရန်စဉ်းစားနေတယ်ဆိုရင်တော့ အခုချိန်ဟာ အကောင်းဆုံးပါပဲ။ လက္ခဏာတွေညွှန်ပြနေတာကတော့ သင့်ရဲ့သည်းခံနိုင်မှုဟာ အသီးအပွင့်တွေဖြစ်ထွန်းနိုင်ဖို့ အလားအလာရှိလို့ အနည်းဆုံးတော့ သင့်ရဲ့ရေရှည်ရည်မှန်းချက်တစ်ခုခုကတော့ အခုချိန်မှာ အောင်မြင်မှုကို သယ်ဆောင်လာမှာပါ။ ဒါ့အပြင် အိမ်ထဲကို ငွေရင်းနှီးမြုပ်နှံဖို့ စိတ်ကူးနေတယ်ဆိုရင်လည်း ဒီနေ့မှာစလုပ်လိုက်ပါ။
ကရကဋ်ရာသီဖွား (ဇွန် ၂၁ ရက်မှ – ဇူလိုင် ၂၂ ရက်အထိ)
ဒီနေ့မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စိတ်ကူးဉာဏ်တွေပြောဆိုနေရာကနေ လူမှုပေါင်းသင်းဆက်ဆံရေးပွဲတွေကို ရောက်သွားစေနိုင်ပြီး အလှမ်းကျယ်တဲ့ ပရောဂျက်တွေပေါ် ပူးပေါင်းဆောင်ရွက်ရန်အတွက် အရေးကြီးတဲ့လူများကို တွေ့ဆုံလာစေနိုင်ပါတယ်။ အစည်းအဝေးတွေ သို့မဟုတ် ဖုန်းအဆက်အသွယ်တွေနဲ့ အလုပ်ရှုပ်နေမှာဖြစ်ပါတယ်။ ဒီနေ့မှာ သင့်ရဲ့စိတ်က စီးပွားရေးကိုအလွန်အားသန်နေလို့ ထိထိရောက်ရောက်ကို ကြိုးစားလုပ်ကိုင်နေမှာပါ။ ဒါပေမယ့်လည်း မခံစားမိရင်တောင်မှ အနီးအနားကလူတွေအပေါ်ကို ယဉ်ကျေးစွာနဲ့ စိတ်ဝင်စားမှုပြပါ။
သိဟ်ရာသီဖွား (ဇူလိုင် ၂၃ ရက်မှ – သြဂုတ် ၂၂ ရက်အထိ)
စာရွက်စာတမ်းတွေ ဒါမှမဟုတ် စာချုပ်တွေနဲ့ပတ်သက်ပြီး အလုပ်မှာ ငွေကြေးဝင်ကိန်းရှိနိုင်ပါတယ်။ ကိုယ့်ရဲ့အလုပ်ရှင်အတွက် ပိုက်ဆံဝင်ကိန်းဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ အထက်လူကြီးမှနေပြီး သင့်ရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုခံရတာမှတဆင့် ရာထူးတိုးခြင်း သို့မဟုတ် လစာတိုးခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း ကိစ္စပေါ်မူတည်ပြီး နှောင့်နှေးကြန့်ကြာတာဖြစ်နိုင်လို့ ချက်ခြင်းကြီးဖြစ်မယ်လို့တော့ မမျှော်လင့်ထားပါနဲ့။
ကန်ရာသီဖွား (သြဂုတ် ၂၃ ရက်မှ – စက်တင်ဘာ ၂၂ ရက်အထိ)
ကန်ရာသီဖွားတွေအတွက် လက္ခဏာတွေညွှန်ပြနေတာကတော့ ဒီနေ့မှာ ကိုယ့်ရဲ့အထက်လူကြီးအတွက်ဖြစ်စေ၊ ကိုယ့်အတွက်ပဲဖြစ်စေ ဘာလုပ်လုပ်အောင်မြင်မှုကို ဖြစ်လာစေနိုင်ပါတယ်။ ဒါပေမယ့်လည်း ပုံမှန်ထက်ပိုပြီးတော့ ငွေသုံးမိမှာကိုတော့ သတိထားပါ။
တူရာသီဖွား (စက်တင်ဘာ ၂၃ ရက်မှ – အောက်တိုဘာ ၂၂ ရက်အထိ)
သင့်ရဲ့စိတ်ကူးအာရုံတွေကို ဖမ်းစားနိုင်တဲ့ အသစ်သစ်သောရှာဖွေတွေ့ရှိမှုတွေကို လေ့လာနေရလို့ တနေ့လုံးအိမ်မှာပဲရှိနေနိုင်ပြီး တတ်နိုင်သမျှ ကြိုးစားပြီး သင်ယူနေမှာပါ။ အရိပ်နိမိတ်တွေအားလုံးကတော့ အခြားဘာမျှကို မလုပ်ချင်ဘူးဟု ညွှန်ပြနေပေမယ့်လည်း တနေ့လုံးမှာ နည်းနည်းစီအနားယူပြီး လေ့ကျင့်ခန်းလေးတွေ လုပ်ပေးဖို့တော့ သတိတရရှိပါ။
ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ ရက်မှ – နိုဝင်ဘာ ၂၁ ရက်အထိ)
သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ တွေ့ဆုံဖို့ ချိန်းဆိုထားပြီး စိတ်မှလည်းမျှော်လင့်လျက်ရှိနေပါတယ်။ အနှောင့်အယှက်တွေဝင်လာနိုင်ပေမယ့်လည်း ကိုယ့်ရဲ့အာရုံစူးစိုက်မှုနှင့် ဇွဲရှိမှုတို့က ပုံမှန်ထက် အလွန်မြင့်မားနေလို့ ဒီနေ့စတင်လိုက်သမျှကို ပြီးအောင်လုပ်ဆောင်ဖြစ်မှာပါ။ ဒါကြောင့် ကိုယ့်အတွက် အရေးကြီးတဲ့ ပရောဂျက်တွေကို စတင်ခြင်း သို့မဟုတ် ဆက်လက်လုပ်ဆောင်ခြင်းတို့ကို ပြုလုပ်ဖို့ အကောင်းဆုံးနေ့တစ်နေ့ပါပဲ။
ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ ရက်မှ – ဒီဇင်ဘာ ၂၁ ရက်အထိ)
အလုပ်နဲ့ပတ်သက်ပြီး ကြိုးစားလုပ်ကိုင်ထားတာတွေ အထမြောက်လာတော့မှာပါ။ လက္ခဏာတွေ ညွှန်ပြနေတာကတော့ လစာတိုးတာ၊ ရာထူးတိုးတာ၊ ဒါမှမဟုတ် အခြားတိုးတက်မှုတွေက သင့်ဆီလာနေပါပြီ။ သင့်ရဲ့ရည်မှန်းချက်နဲ့ အာရုံစူးစိုက်မှုတွေက သင့်ကိုဦးဆောင်သွားမှာဖြစ်ပြီး အောင်မြင်မှုတစ်ခုခုကို ဖြစ်ပေါ်စေအုံးမှာပါ။
မကရရာသီဖွား (ဒီဇင်ဘာ ၂၂ ရက်မှ – ဇန်နဝါရီ ၁၉ ရက်အထိ)
စိတ်ပါဝင်စားမှုအသစ်က သင့်ရဲ့စိတ်အာရုံကို ဖမ်းစားထားမှာဖြစ်လို့ အိမ်မှာ သို့မဟုတ် စာကြည့်တိုက်မှာ ထိုအကြောင်းအရာနဲ့ပတ်သက်ပြီး သင်ယူလေ့လာဖို့ ဆုံးဖြတ်လိုက်မှာပါ။ အာရုံစူးစိုက်မှုနှင့် ဇွဲလုံ့လရှိမှုတို့က အထူးမြင့်မားနေလို့ ဒီနေ့မှာစတင်လိုက်သမျှ အရာအားလုံး အောင်မြင်ဖို့အလားအလာရှိပါတယ်။ အဆိုးဘက်ကတော့ အတင်းကြိုးစားအားထုတ်မှုကြောင့် မျက်လုံးတွေကျိန်းစပ်ခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်းတို့ဖြစ်လာစေနိုင်ပါတယ်။
ကုံရာသီဖွား (ဇန်နဝါရီ ၂၀ ရက်မှ – ဖေဖော်ဝါရီ ၁၈ ရက်အထိ)
ဒီနေ့မှာ ရုတ်တရက်ပေါ်လာတဲ့ အမှတ်တရတွေက သူငယ်ချင်းဟောင်းတွေ သို့မဟုတ် ဆွေမျိုးတွေနဲ့ အဆက်အသွယ်ပြန်လုပ်ဖို့ စိတ်ကူးတွေကို နှိုးဆွနိုင်ပါတယ်။ တချို့သောမှတ်ဉာဏ်တွေကတော့ အတိတ်ဟောင်းတွေကို ပြန်လည်တူးဆွပေးမှာဖြစ်ပေမယ့်လည်း ထိုအတိတ်တွေပေါ်မှာ တဝဲလည်လည် မဖြစ်နေပါနဲ့။ ပေါ်လာတဲ့အတွေးတွေကို ပေါ်လာတဲ့အခါမှာ တွေးလိုက်ပြီးနောက် လွှတ်လိုက်ပါ။ မဆုပ်ကိုင်ထားပါနဲ့။
မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ ရက်မှ – မတ် ၂၀ ရက်အထိ)
စီးပွားရေးနဲ့သက်ဆိုင်တဲ့ လူမှုပေါင်းသင်းဆက်ဆံရေးပွဲလမ်းတွေက ဒီနေ့မှာ အချိန်အများကြီးယူထားမှာပါ။ ထိုပွဲတွေကို တက်ရောက်မှာလည်းဖြစ်နိုင်သလို ပွဲဖြစ်မြောက်အောင် စီစဉ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီနေ့မှာတော့ မိန်ရာသီဖွား တွေဟာ အထူးကို ဖော်ရွှေပျူငှာနေမှာဖြစ်လို့ အခြားသူများအပေါ် ကောင်းမွန်တဲ့ ခံစားချက်တွေဖြစ်စေပြီး သူငယ်ချင်းမိတ်ဆွေ အသစ်တွေတောင် ရလာနိုင်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်အတွက်ကို အချိန်ပေးဖို့တော့ အမြဲသတိရနေပါ။
Credit : My Style
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top