iMyanmarHouse.com - Best Property Website for Myanmar
×

အရပ္ပုတဲ႔ေကာင္မေလးျဖစ္ရတာ စိတ္ညစ္စရာမဟုတ္ပါဘူး။ေနရာတိုင္းမွာအားသာခ်က္ ၊အားနည္းခ်က္ဆိုတာရွိပါတယ္။ကုိရီးယားမင္းသမီးေလးတစ္ခ်ိဳ႔ဆိုရင္လည္း လူေကာင္ေသးေသးပုပုေလးေတြပါပဲ။ဒါေပမဲ႔ ျမင္လုိက္တာနဲ႔ခ်စ္ဖို႔ေကာင္းတယ္ လို႔ထင္တယ္ဟုတ္!အရပ္ပုပုေသးေသးေကာင္မေလးေတြမွာလည္း တမူထူးျခားတဲ႔အားသာခ်က္ေလးေတြရွိပါတယ္။ဘာေတြလဲဆိုရင္…

၁)အရပ္ပုတဲ႔ေကာင္မေလးေတြေဒါက္ဖိနပ္အျမင့္ေလးေတြစီးရင္ အရုပ္ေလးတစ္ရုပ္လို ခ်စ္ဖို႔ေကာင္းသြားပါတယ္။ကိုယ္ၾကိဳက္တဲ႔ေဒါက္ဘယ္ႏွစ္လက္မဆိုတာကအစေရြးခ်ယ္လို႔ရျပီး ဖိနပ္အျမင့္ေလးေတြၾကိဳက္သလုိ စီးလို႔ရပါတယ္။ဖိနပ္အနိမ့္ေလးန႔ဲဆိုရင္လည္း လွေနျပန္ေရာ။ ႏွစ္မ်ိဳးလံုးနဲ႔လိုက္ဖက္သူေလးေတြေပါ့။

၂)ဓာတ္ပံုရိုက္မယ္!ေနရာယူဆိုရင္ အရပ္ပုတဲ႔ေကာင္မေလးေတြ ကိုေရွ႔ဆံုးမွာ ထားရပါတယ္။ (အရပ္ပုပု၊အရပ္ျမင့္ျမင့္ ဓာတ္ပံုထဲပါဖုိ႔က အေရးၾကီးတယ္ေလ 😀 ) အေရွ႔ဆံုးမွာဆိုလည္း ကုိယ္က ပုပုေသးေသးေလးဆိုေတာ့ ဓာတ္ပံုထြက္လာရင္ မလွမွာ၊ပံုအၾကီးၾကီးျဖစ္ေနမွာလည္း မစုိးရိမ္ရေတာ့ပါဘူး။

၃)အရပ္ပုတဲ႔ေကာင္မေလးေတြဆိုတာ ရင္ခြင္မွီအရပ္ေလးေတြပုိင္ဆိုင္ထားၾကသူေပါ့။ ကိုယ့္ခ်စ္သူက ကုိယ္နဲ႔အရပ္တူတူဆိုရင္ ရင္ခြင္မွီလို႔မရေတာ့ပါဘူး 😛 ။ဟုတ္တယ္ဟုတ္!

၄)အရပ္ပုတဲ႔ေကာင္မေလးေတြရဲ ႔အားသာခ်က္ေနာက္တစ္ခုကေတာ့သူမ်ားကုိခိုင္းရတာပါပဲ 😛 ဟုိဟာေလး မမွီလို႔ယူေပးပါဦး၊ဒီဟာေလး ယူေပးပါဦးဆိုျပီး ကုိကိုေတြ၊မမေတြကုိ ညာခိုင္း လို႔ရတယ္ေနာ္။Crush ေလးနဲ႔တုိးရင္လည္း ဇာတ္လမ္းေလးဆင္လို႔ရတယ္ဆိုေတာ့ အရပ္ပုတဲ႔ေကာင္မေလးျဖစ္ရတာ မုိက္တာေပါ့။

၅)ရွိဳးပြဲေတြ၊ေမြးေန႔ပြဲေတြမွာ သူငယ္ခ်င္းေတြနဲ႔အတူတူကဲမယ္ဆို ရင္လည္းကုိယ္ကအရပ္ပုလုိ႔ ဦးစားေပးခံရျပီးေရွ႔ဆံုးမွာထားခံရပါတယ္။အေရွ႔ဆံုးမွာဆိုေတာ့ ကိုယ္ၾကိဳက္တဲ႔ အႏုပညာရွင္ေတြကိုလည္းေသခ်ာျမင္ရလို႔ ရွိဳးပြဲလာရတာတန္သြားပါျပီ!

၆) အရပ္ပုတဲ႔အတြက္ အ၀တ္အစားဆိုလည္းရွာရတာမခက္ပါဘူး။ ဒီေခတ္ၾကီးမွာၾကည့္လိုက္ရင္ ေကာင္မေလးေသးေသးပုပုေလးေတြခ်ည္းျဖစ္ေနသလို အ၀တ္အစားဆိုလည္း သူတုိ႔ဆိုဒ္ေတြခ်ည္းပါပဲ။အဲ႔ဒီေတာ့ ကိုယ္ၾကိဳက္တဲ႔အ၀တ္အစားေတြ႔ရင္လုိက္ပါ့မလား ဆိုျပီးစဥ္းစားေနစရာမလိုေတာ့ပါဘူး။ “ဘာ၀တ္၀တ္တင့္တယ္”ဆိုသလိုပဲ။ျမန္မာ၀တ္စံုေလးေတြ ၀တ္မလား?ဘာဘီရုပ္ေလးလုိ ၀တ္မလား? ေဘာင္းဘီတိုနဲ႔စပုိ႔ရွပ္၊ရွပ္အက်ီေလး၀တ္မလား? ကဗ်ာဆန္ဆန္ဂါ၀န္ေလးေတြ၀တ္မလား? ၾကိဳက္သလို၀တ္လုိ႔ရပါတယ္။ ကုိယ့္အတြက္ထုတ္ထားသလားထင္ရေအာင္ စတိုင္လ္မိုက္မိုက္နဲ႔ခပ္လန္းလန္းအက်ီေတြပါပဲ။

ကဲ အရပ္ပုပုေသးေသးေကာင္မေလးေတြရဲ ႔ အားသာခ်က္ေတြကုိေျပာျပီးျပီဆိုေတာ့ ကုိယ္ကသူမ်ားေတြၾကားထဲမွာ ေသးေသးေလးျဖစ္ေနလို႔ စိတ္အားငယ္စရာမလိုေတာ့ဘူးေနာ္

Credit: dpakyaw
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
အရပ်ပုတဲ့ကောင်မလေးဖြစ်ရတာ စိတ်ညစ်စရာမဟုတ်ပါဘူး။နေရာတိုင်းမှာအားသာချက် ၊အားနည်းချက်ဆိုတာရှိပါတယ်။ကိုရီးယားမင်းသမီးလေးတစ်ချို့ဆိုရင်လည်း လူကောင်သေးသေးပုပုလေးတွေပါပဲ။ဒါပေမဲ့ မြင်လိုက်တာနဲ့ချစ်ဖို့ကောင်းတယ် လို့ထင်တယ်ဟုတ်!အရပ်ပုပုသေးသေးကောင်မလေးတွေမှာလည်း တမူထူးခြားတဲ့အားသာချက်လေးတွေရှိပါတယ်။ဘာတွေလဲဆိုရင်…

၁)အရပ်ပုတဲ့ကောင်မလေးတွေဒေါက်ဖိနပ်အမြင့်လေးတွေစီးရင် အရုပ်လေးတစ်ရုပ်လို ချစ်ဖို့ကောင်းသွားပါတယ်။ကိုယ်ကြိုက်တဲ့ဒေါက်ဘယ်နှစ်လက်မဆိုတာကအစရွေးချယ်လို့ရပြီး ဖိနပ်အမြင့်လေးတွေကြိုက်သလို စီးလို့ရပါတယ်။ဖိနပ်အနိမ့်လေးနဲ့ဆိုရင်လည်း လှနေပြန်ရော။ နှစ်မျိုးလုံးနဲ့လိုက်ဖက်သူလေးတွေပေါ့။

၂)ဓာတ်ပုံရိုက်မယ်!နေရာယူဆိုရင် အရပ်ပုတဲ့ကောင်မလေးတွေ ကိုရှေ့ဆုံးမှာ ထားရပါတယ်။ (အရပ်ပုပု၊အရပ်မြင့်မြင့် ဓာတ်ပုံထဲပါဖို့က အရေးကြီးတယ်လေ 😀 ) အရှေ့ဆုံးမှာဆိုလည်း ကိုယ်က ပုပုသေးသေးလေးဆိုတော့ ဓာတ်ပုံထွက်လာရင် မလှမှာ၊ပုံအကြီးကြီးဖြစ်နေမှာလည်း မစိုးရိမ်ရတော့ပါဘူး။

၃)အရပ်ပုတဲ့ကောင်မလေးတွေဆိုတာ ရင်ခွင်မှီအရပ်လေးတွေပိုင်ဆိုင်ထားကြသူပေါ့။ ကိုယ့်ချစ်သူက ကိုယ်နဲ့အရပ်တူတူဆိုရင် ရင်ခွင်မှီလို့မရတော့ပါဘူး 😛 ။ဟုတ်တယ်ဟုတ်!

၄)အရပ်ပုတဲ့ကောင်မလေးတွေရဲ့အားသာချက်နောက်တစ်ခုကတော့သူများကိုခိုင်းရတာပါပဲ 😛 ဟိုဟာလေး မမှီလို့ယူပေးပါဦး၊ဒီဟာလေး ယူပေးပါဦးဆိုပြီး ကိုကိုတွေ၊မမတွေကို ညာခိုင်း လို့ရတယ်နော်။Crush လေးနဲ့တိုးရင်လည်း ဇာတ်လမ်းလေးဆင်လို့ရတယ်ဆိုတော့ အရပ်ပုတဲ့ကောင်မလေးဖြစ်ရတာ မိုက်တာပေါ့။

၅)ရှိုးပွဲတွေ၊မွေးနေ့ပွဲတွေမှာ သူငယ်ချင်းတွေနဲ့အတူတူကဲမယ်ဆို ရင်လည်းကိုယ်ကအရပ်ပုလို့ ဦးစားပေးခံရပြီးရှေ့ဆုံးမှာထားခံရပါတယ်။အရှေ့ဆုံးမှာဆိုတော့ ကိုယ်ကြိုက်တဲ့ အနုပညာရှင်တွေကိုလည်းသေချာမြင်ရလို့ ရှိုးပွဲလာရတာတန်သွားပါပြီ!

၆) အရပ်ပုတဲ့အတွက် အဝတ်အစားဆိုလည်းရှာရတာမခက်ပါဘူး။ ဒီခေတ်ကြီးမှာကြည့်လိုက်ရင် ကောင်မလေးသေးသေးပုပုလေးတွေချည်းဖြစ်နေသလို အဝတ်အစားဆိုလည်း သူတို့ဆိုဒ်တွေချည်းပါပဲ။အဲ့ဒီတော့ ကိုယ်ကြိုက်တဲ့အဝတ်အစားတွေ့ရင်လိုက်ပါ့မလား ဆိုပြီးစဉ်းစားနေစရာမလိုတော့ပါဘူး။ “ဘာဝတ်ဝတ်တင့်တယ်”ဆိုသလိုပဲ။မြန်မာဝတ်စုံလေးတွေ ဝတ်မလား?ဘာဘီရုပ်လေးလို ဝတ်မလား? ဘောင်းဘီတိုနဲ့စပို့ရှပ်၊ရှပ်အကျီလေးဝတ်မလား? ကဗျာဆန်ဆန်ဂါဝန်လေးတွေဝတ်မလား? ကြိုက်သလိုဝတ်လို့ရပါတယ်။ ကိုယ့်အတွက်ထုတ်ထားသလားထင်ရအောင် စတိုင်လ်မိုက်မိုက်နဲ့ခပ်လန်းလန်းအကျီတွေပါပဲ။

ကဲ အရပ်ပုပုသေးသေးကောင်မလေးတွေရဲ့ အားသာချက်တွေကိုပြောပြီးပြီဆိုတော့ ကိုယ်ကသူများတွေကြားထဲမှာ သေးသေးလေးဖြစ်နေလို့ စိတ်အားငယ်စရာမလိုတော့ဘူးနော်

Credit: dpakyaw

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top