iMyanmarHouse.com - Best Property Website for Myanmar
×

ေမးေစ့ႏွစ္ထပ္ျဖစ္ေနသူေတြ ေငြကုန္ေၾကးက်ခံစရာမလိုဘဲ ထိေရာက္တဲ့ေလ့က်င့္ခန္းလုပ္ႏိုင္ဖို့ နည္းလမ္းေလးေတြမွ်ေ၀ခ်င္ပါတယ္။ ေမးေစ့ႏွစ္ထပ္ျဖစ္ရတဲ့ အေၾကာင္းရင္းမ်ားစြာရွိတဲ့အနက္ အမ်ားစုကေတာ့ ကိုယ္အေလးခ်ိန္မ်ားတာရယ္၊ သြက္လက္မွု မရွိတဲ့ေနထိုင္ပံုစံေတြရယ္ေၾကာင့့့္ျဖစ္ျပီး အသက္ၾကီးလာတာနဲ့အမွ် အေရျပားေတြတြဲက်ျပီး ေမးေစ့ႏွစ္ထပ္ျဖစ္လာပါတယ္။

ေမးေစ့တစ္၀ိုက္က ၾကြက္သားေတြတင္းရင္းျပီး ေမးႏွစ္ထပ္ မျဖစ္ေစဖို့အတြက္ လြယ္လြယ္ကူကူ လုပ္လို့ရတဲ့ ေလ့က်င့္ခန္းတခ်ိဳ႕ကိုေဖာ္ျပေပးလိုက္ပါတယ္။

ပါးစပ္ဖြင့္ေလ့က်င့္ခန္း - အထိေရာက္ဆံုးေလ့က်င့္ခန္းကေတာ့ ပါးစပ္ကို က်ယ္ႏိုင္သမွ်က်ယ္ေအာင္ ဖြင့္တာရယ္၊ လွ်ာကိုအျပင္ထုတ္ႏိုင္သမွ်ထုတ္ျပီး ေမးေစ့ကို လ်ွာနဲ့ထိႏိုင္ေအာင္ၾကိဳးစားၾကည့္တာပဲျဖစ္ပါတယ္။ ၁ ကေန ၁၀ အထိေရတြက္ျပီးဆယ္ၾကိမ္ေလာက္ ေန့စဥ္လုပ္ေပးမယ္ဆိုရင္ ေမးနဲ့ လည္ပင္းၾကြက္သားေတြ တင္းရင္းေစမွာပါ။

ဦးေခါင္းတြဲေလာင္းခ်ေလ့က်င့္ခန္း - အိပ္ရာ (ဒါမွမဟုတ္) ဆိုဖာမွာ လွဲအိပ္ရင္း ဦးေခါင္းကို တြဲေလာင္းခ်ေနပါ။ ၁ ကေန ၁၀ အထိ ေရတြက္ရင္း ေမးေစ့ကို လက္နဲ့ပင့္တင္ျခင္းကို ဆယ္ၾကိမ္ခန့့္ျပဳလုပ္ေပးပါ။

ေမးေစ့ပင့္တင္ေလ့က်င့္ခန္း - ေက်ာရိုးကိုတည့္မတ္စြာေနျပီး လည္ပင္းကို တည့္တည့္အေနအထားျဖင့္ မတ္တတ္ရပ္ပါ။ ေမးေစ့ကိုအေပၚဘက္သို့ပင့္တင္ျပီး ႏွုတ္ခမ္းကိုစုထားကာ ၁ မွ ၁၀ အထိေရတြက္ျပီး ဆယ္ၾကိမ္ျပဳလုပ္ေပးပါ။

လည္ပင္းေလ့က်င့္ခန္း - ခႏၶာကိုယ္ကိုတည့္မတ္တဲ့ အေနအထားနဲ့မတ္တတ္ရပ္ျပီး ေမးေစ့နဲ့ ပခံုးတစ္တန္းတည္းျဖစ္ေအာင္ ဦးေခါင္းကိုလွည့္လိုက္ပါ။ အဲဒီေနာက္ဦးေခါင္း အသာငံု့ေပးတဲ့ အေနအထားကိုဘက္ေျပာင္းျပီး ဆယ္ၾကိမ္စီျပဳလုပ္ေပးပါ။

ေမးရိုးႏွင့္လည္ပင္းၾကြက္သား ေလ့က်င့္ခန္း - ေမးရိုးနဲ့လည္ပင္းနားက ၾကြက္သားေတြတင္းရင္းေစဖို့အတြက္ ႏွုတ္ခမ္းေထာင့္စြန္းႏွစ္ဖက္ကေနအေပၚကို ၁၀ စကၠန့္ေလာက္ပင့္တင္လိုက္၊ ဆြဲခ်လိုက္ဆယ္ၾကိမ္ေလာက္ျပဴလုပ္ေပးပါ။

တင္းနစ္ေဘာလံုးေလ့က်င့္ခန္း - တင္းနစ္ေဘာလံုးတစ္လံုးကိုု ေမးေစ့နဲ့ တင္းတင္းညွပ္ထားျပီး ျဖည္းျဖည္းခ်င္းလႊတ္လိုက္တာကို ဆယ္ၾကိမ္ေလာက္ဆက္တိုက္လုပ္ေပးပါ။

Credit : 7 Day Daily
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မေးစေ့နှစ်ထပ်ဖြစ်နေသူတွေ ငွေကုန်ကြေးကျခံစရာမလိုဘဲ ထိရောက်တဲ့လေ့ကျင့်ခန်းလုပ်နိုင်ဖို့ နည်းလမ်းလေးတွေမျှဝေချင်ပါတယ်။ မေးစေ့နှစ်ထပ်ဖြစ်ရတဲ့ အကြောင်းရင်းများစွာရှိတဲ့အနက် အများစုကတော့ ကိုယ်အလေးချိန်များတာရယ်၊ သွက်လက်မှု မရှိတဲ့နေထိုင်ပုံစံတွေရယ်ကြောင့့်ဖြစ်ပြီး အသက်ကြီးလာတာနဲ့အမျှ အရေပြားတွေတွဲကျပြီး မေးစေ့နှစ်ထပ်ဖြစ်လာပါတယ်။

မေးစေ့တစ်ဝိုက်က ကြွက်သားတွေတင်းရင်းပြီး မေးနှစ်ထပ် မဖြစ်စေဖို့အတွက် လွယ်လွယ်ကူကူ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတချို့ကိုဖော်ပြပေးလိုက်ပါတယ်။

ပါးစပ်ဖွင့်လေ့ကျင့်ခန်း - အထိရောက်ဆုံးလေ့ကျင့်ခန်းကတော့ ပါးစပ်ကို ကျယ်နိုင်သမျှကျယ်အောင် ဖွင့်တာရယ်၊ လျှာကိုအပြင်ထုတ်နိုင်သမျှထုတ်ပြီး မေးစေ့ကို လျှာနဲ့ထိနိုင်အောင်ကြိုးစားကြည့်တာပဲဖြစ်ပါတယ်။ ၁ ကနေ ၁၀ အထိရေတွက်ပြီးဆယ်ကြိမ်လောက် နေ့စဉ်လုပ်ပေးမယ်ဆိုရင် မေးနဲ့ လည်ပင်းကြွက်သားတွေ တင်းရင်းစေမှာပါ။

ဦးခေါင်းတွဲလောင်းချလေ့ကျင့်ခန်း - အိပ်ရာ (ဒါမှမဟုတ်) ဆိုဖာမှာ လှဲအိပ်ရင်း ဦးခေါင်းကို တွဲလောင်းချနေပါ။ ၁ ကနေ ၁၀ အထိ ရေတွက်ရင်း မေးစေ့ကို လက်နဲ့ပင့်တင်ခြင်းကို ဆယ်ကြိမ်ခန့့်ပြုလုပ်ပေးပါ။

မေးစေ့ပင့်တင်လေ့ကျင့်ခန်း - ကျောရိုးကိုတည့်မတ်စွာနေပြီး လည်ပင်းကို တည့်တည့်အနေအထားဖြင့် မတ်တတ်ရပ်ပါ။ မေးစေ့ကိုအပေါ်ဘက်သို့ပင့်တင်ပြီး နှုတ်ခမ်းကိုစုထားကာ ၁ မှ ၁၀ အထိရေတွက်ပြီး ဆယ်ကြိမ်ပြုလုပ်ပေးပါ။

လည်ပင်းလေ့ကျင့်ခန်း - ခန္ဓာကိုယ်ကိုတည့်မတ်တဲ့ အနေအထားနဲ့မတ်တတ်ရပ်ပြီး မေးစေ့နဲ့ ပခုံးတစ်တန်းတည်းဖြစ်အောင် ဦးခေါင်းကိုလှည့်လိုက်ပါ။ အဲဒီနောက်ဦးခေါင်း အသာငုံ့ပေးတဲ့ အနေအထားကိုဘက်ပြောင်းပြီး ဆယ်ကြိမ်စီပြုလုပ်ပေးပါ။

မေးရိုးနှင့်လည်ပင်းကြွက်သား လေ့ကျင့်ခန်း - မေးရိုးနဲ့လည်ပင်းနားက ကြွက်သားတွေတင်းရင်းစေဖို့အတွက် နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်ကနေအပေါ်ကို ၁၀ စက္ကန့်လောက်ပင့်တင်လိုက်၊ ဆွဲချလိုက်ဆယ်ကြိမ်လောက်ပြူလုပ်ပေးပါ။

တင်းနစ်ဘောလုံးလေ့ကျင့်ခန်း - တင်းနစ်ဘောလုံးတစ်လုံးကိုု မေးစေ့နဲ့ တင်းတင်းညှပ်ထားပြီး ဖြည်းဖြည်းချင်းလွှတ်လိုက်တာကို ဆယ်ကြိမ်လောက်ဆက်တိုက်လုပ်ပေးပါ။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top