iMyanmarHouse.com - Best Property Website for Myanmar
×








Photo : အောင်လ FB

Credit : Duwun

အောင်လနဲ့ ဝိုင်းစုတို့ စုံတွဲကတော့ ငပလီကို ရောက်နေကြတာဖြစ်ပါတယ်။ငပလီရောက်တိုင်း သူတို့ သွားနေကြ နေရာလေး တစ်ခုရှိတယ်တဲ့ ။အဲ့ဒီကျွန်းလေးမှာ သွားပြီးတော့ အကင်တွေစားနေတဲ့ သူတို့နှစ်ယောက်ရဲ့ ပုံလေးတွေကိုလည်း အောင်လက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားပါတယ်။

"ဒီကျွန်းလေးက လူအရောက်အပေါက်နည်းတယ်။ ဒီနေရာကို Local တွေလာတာ သိပ်မတွေ့ရဘူး။ ပုလဲကျွန်းသွားပြီးပြန်ကြတာ များတယ်။ အခုလည်း နိုင်ငံခြားသား အတွဲ နှစ်တွဲနဲ့ ကိုယ်တို့ အတွဲပဲရှိတယ်။သာယာချက် 9+ ငပလီရောက် တိုင်းဒီနေရာလေး ရောက်ဖြစ်တော့ ကျွန်းပိုင်ရှင်နဲ့ မိသားစုလို ဖြစ်နေပြီ။ ကိုယ်ကြိုက်တာ ချက်စား။" ဆိုပြီးတော့လည်း ပြောထားပါသေးတယ်။

ငပလီရောက်နေတဲ့ သူတို့နှစ်ယောက်ကို ကြည့်ရတာလုံးဝကိုပျော်ရွှင်စရာကောင်းသလို ကြည်နူးစရာလေးလည်း ကောင်းလှပါတယ်။ ငပလီမှာ ချစ်သူနှစ်ယောက် သာသာယာယာလေးနဲ့ အပန်းဖြေနေကြတာလည်း ဖြစ်ပါတယ်။

အောင်လနဲ့ ဝိုင်းစုတို့နှစ်ယောက်ကတော့ ကမ်းခြေဆို သိပ်ကြိုက်ကြတဲ့ အကြောင်းကိုလည်း ယခင်က ကမ်းခြေမှာ ရိုက်ထားတဲ့ ပုံလေးတွေ တင်ပြီး ပြောပြဖူးပါတယ်။

အကြိုက်တူတဲ့သူတို့နှစ်ယောက်ဟာ ကမ်းခြေဘက်ကို ခဏခဏသွားတာလည်း တွေ့ရပါတယ်။ အခုလည်း ကမ်းခြေမှာ ရိုက်ထားတဲ့ ပုံလှလှလေးတွေ တင်လိုက်ပါသေးတယ်။

ဝိုင်းစုရဲ့ လတ်တလော အချစ်ရေးကတော့ အေးအေးဆေးဆေး ဖြစ်နေပြီး စိတ်ချမ်းသာနေရတာကိုလည်း တွေ့ရပါတယ်။ ဝိုင်းစုက လက်ရှိမှာ ဖျော်ဖြေပွဲတွေ သွားဖြစ်နေပါတယ်။အဆိုတော် အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ နှစ်ယောက်ကတော့ ၂၀၁၇ ခုနှစ်အတွင်းမှာ ချစ်သူတွေအဖြစ် တရားဝင်တွဲခဲ့တာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးတွဲနေတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ဒီနှစ်ထဲမှာ အသိပေးခဲ့တာ ဖြစ်ပါတယ်။ ငယ်ရည်စားတွေ ဖြစ်တဲ့ အောင်လနဲ့ ဝိုင်းစုတို့ဟာ သူတို့ရဲ့ အိမ်ထောင်ဖက်တွေနဲ့ သဘောထားချင်း မတိုက်ဆိုင်တာကြောင့် လမ်းခွဲခဲ့ကြပြီးနောက် ပြန်တွဲခဲ့ကြတာပါ။

Photo : အောင်လ FB

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top