iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္တကယ္ ခ်စ္ရသူနဲ႔ ေရရွည္လက္တြဲသြားဖို႔ စဥ္းစားထားၿပီဆိုရင္ သူနဲ႔ခ်စ္သက္တမ္းက ၆လျဖစ္ျဖစ္ ၊ ၆ႏွစ္ျဖစ္ျဖစ္ ႏွစ္ဦးၾကားမွာ ပ်င္းရိသြားတာမ်ိဳး မျဖစ္သင့္ပါဘူး။

အခ်စ္ေတြက အရင္လို ခ်စ္ခါစ၊ ႀကိဳက္ခါစအခ်ိန္ေတြကလို လတ္ဆတ္ေနေအာင္ ဘယ္လိုေနထိုင္ရမလဲဆိုတာ ေျပာျပေပးလိုက္ပါတယ္။

၁။ မေန႔တေန႔ကမွ ခ်စ္သူျဖစ္သလို တစ္ဦးနဲ႔တစ္ဦးဆက္ဆံပါ။

သူနဲ႔ကိုယ္တြဲခဲ့တဲ့အခ်ိန္က ဘယ္ေလာက္ၾကာၾကာ မေန႔တေန႔ကမွ ခ်စ္သူရည္းစားျဖစ္သလို ေနထုိင္ေျပာဆိုပါ။ ကိုယ့္ခ်စ္သူကို ဂရုစိုက္တာ၊ သဲသဲလႈပ္တာဟာ အျပစ္မဟုတ္ပါဘူး။ ႏွစ္ဦးသားပိုမုိအဆင္ေျပေစမယ့္အရာသာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ရည္းစားျဖစ္ခါစ အခ်ိန္ေတြအတုိင္း ကိုယ့္ခ်စ္သူကို ဂရုစိုက္ၿပီး ၾကင္နာယုယေပးပါ။

၂။သူငယ္ခ်င္းေတြရဲ႕ ခ်စ္ေရးခ်စ္ရာ ကိစၥေတြမွာ ပါ၀င္ျခင္းမျပဳလုပ္ပါနဲ႔။

ကိုယ့္သူငယ္ခ်င္းနဲ႔ သူေကာင္မေလး လမ္းခြဲမယ့္ကိစၥမ်ိဳးေတြမွာ ကိုယ္က အားေပးအားေျမွာက္၀င္လုပ္တာမ်ိဳး၊ အႀကံဥာဏ္ေပးတာမ်ိဳးေတြ မလုပ္ပါနဲ႔။ သူတုိ႔ႏွစ္ဦး အဆင္ေျပေအာင္ ေျပာဆိုေပးတတ္သူသာ ျဖစ္ပါေစ။ ဒီလိုဆို ကိုယ့္ခ်စ္သူကလည္း မသိစိတ္ကေန ကိုယ့္ကိုယံုၾကည္မႈေတြ ပိုလာမွာပါ။

၃။နားလည္မႈထားပါ။ ႏွစ္ဦးသေဘာတူ တုိင္ပင္ထားတဲ့ အရာေတြကို အၿမဲတမ္း ေျပာဆိုေပးပါ။

ႏွစ္ဦးသား ဘယ္အခ်ိန္မွာ ဘာေတြလုပ္မယ္။ ႏွစ္ေယာက္မွာ တစ္ေယာက္က ေအာင္ျမင္သြားပါေစ၊ က်န္တဲ့တစ္ေယာက္က ေပ်ာ္ရႊင္ေပးႏိုင္ရမယ္။ တစ္ေယာက္ကလည္း ကိုယ့္ခ်စ္သူကို အထင္ေသး၊ အျမင္ေသး မျဖစ္ရဘူး။ ဘယ္လိုေန႔မ်ိဳးေလးေတြမွာ ဘာေတြအတူတူလုပ္ၾကမယ္ စသျဖင့္ ႏွစ္ဦးသားေျပာခဲ့ဖူးတဲ့၊ တိုင္ပင္ခဲ့ဖူးတာေတြကို ေမ့မပစ္လိုက္ပါနဲ႔။
ႏိုင္ငံတကာမွာဆုိရင္ ခ်စ္သူရည္းစားစံုတြဲေတြ၊ အိမ္ေထာင္သည္ေတြမွာ အမ်ိဳးသမီးေတြက အမ်ိဳးသားေတြထက္ ပိုမိုေအာင္ျမင္သြားတယ္ဆိုရင္ ကြဲၾကတာ မ်ားပါတယ္တဲ့။ ဘာ့ေၾကာင့္လဲဆိုေတာ့ အမ်ိဳးသားေတြဟာ သူတုိ႔အမ်ိဳးသမီးေတြရဲ႕ ေအာင္ျမင္မႈအေပၚ စိတ္မသက္မသာျဖစ္လာတာေၾကာင့္လို႔ သိရၿပီး အမ်ိဳးသမီးေတြကေတာ့ ငါတုိ႔ဒီေလာက္လုပ္ႏိုင္ေနၿပီပဲ။ ဘာ့ေၾကာင့္ဒီလို စိတ္ညစ္စရာေကာင္းတဲ့ ဆက္ဆံေရးကေန မစြန္႔ခြာႏိုင္ရမွာလဲ ဆုိၿပီး ေတြးတာၾကလို႔ပါတဲ့။

၄။လူမႈကြန္ယက္ေတြ၊ ဖုန္းေတြထက္ ခ်စ္သူကို အခ်ိန္ေပးပါ။

ႏွစ္ဦးသားဆံုေတြ႕ခ်ိန္ေတြမွာျဖစ္ေစ၊ သူနဲ႔အတူ မရွိခ်ိန္ေတြမွာျဖစ္ေစ ေဖ့စ္ဘြခ္လို လူမႈကြန္ယက္ေတြကိုပဲ အာရံုေရာက္ေနမယ္၊ ဖုန္းကိုပဲ ကလိေနတတ္သူဆိုရင္လည္း ဒီအက်င့္ေလးကို ျပင္ဖုိ႔ေျပာပါရေစ။

၅။တစ္ဦးနဲ႔တစ္ဦး ျငင္းခုန္ခ်ိန္တုိင္း အရင္ကျဖစ္ခဲ့တာေတြကို ျပန္ မေထာက္ျပပါနဲ႔။

အခ်ိန္တုိင္း အဆင္ေျပေနတဲ့ ခ်စ္သူစံုတြဲဆိုတာကေတာ့ မရွိသေလာက္ရွားပါတယ္။ တစ္ဦးနဲ႔တစ္ဦး ရန္ျဖစ္၊ ျငင္းခုန္တုိင္း အရင္တုန္းက ကိုယ္မေက်နပ္တဲ့ကိစၥေတြကို ျပန္ေထာက္ျပေျပာဆုိတာမ်ိဳး အတတ္ႏိုင္ဆံုး ေရွာင္ပါ။ အထူးသျဖင့္ ပိုက္ဆံကိစၥေတြေပါ့။ ငါ့တုန္းက နင္အဲ့ဒီလိုျဖစ္ေနတုန္းက ေငြဘယ္ေလာက္ သံုးလိုက္ရတယ္၊ နင္က်ေတာ့ ဒီေလာက္ေလးေတာင္ အျဖစ္မရွိဘူး စတာမ်ိဳးေတြ မေျပာမိဖုိ႔ သတိထားပါ။

၆။တစ္ဦးရဲ႕ယံုၾကည္မႈတိုးပြားေအာင္ တစ္ဦးက ေျပာဆိုေပးပါ။

ကိုယ္က အရမ္းေခ်ာၿပီး၊ ကုိယ့္ခ်စ္သူကေတာ့ သာမာန္ပဲမို႔လို႕ သူက စိတ္အားငယ္တယ္လုိ႔ထင္ရင္ သူ႕ကိုဘာ့ေၾကာင့္ ခ်စ္ခဲ့ရတာ၊ သူ႕ရဲ႕အားသာခ်က္ေတြက ဘာဆိုတာ သူသိေအာင္ ေျပာျပေပးပါ။ သူ႕ရဲ႕အားနည္းခ်က္ေတြကို အားသာခ်က္ျဖစ္ေအာင္ ေျပာျပေပးပါ။

၇။ကိုယ့္ခ်စ္သူကုိ ကုိယ္ေလစားရတဲ့၊ ႀကိဳက္ရတဲ့ အႏုပညာရွင္ေတြနဲ႔ မႏႈိင္းပါနဲ႔။

ကိုယ့္အခန္းနံရံမွာ ကပ္ထားတဲ့ ႏိုင္ငံျခားက မင္းသား၊ မင္းသမီးေတြနဲ႔ ကိုယ့္ခ်စ္သူကို မႏႈိင္းပါနဲ႔။ သူတုိ႔က ဘယ္လိုမိုက္တာ၊ ဘယ္လိုေတာ္တာ၊ မင္းကေရာ ဆုိတာမ်ိဳးေတြ ႏႈိင္းယွဥ္ျခင္းဟာ ေတာ္ေတာ္ေလးကို ကေလးဆန္ပါတယ္။

Credit : loveshop
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ်တကယ် ချစ်ရသူနဲ့ ရေရှည်လက်တွဲသွားဖို့ စဉ်းစားထားပြီဆိုရင် သူနဲ့ချစ်သက်တမ်းက ၆လဖြစ်ဖြစ် ၊ ၆နှစ်ဖြစ်ဖြစ် နှစ်ဦးကြားမှာ ပျင်းရိသွားတာမျိုး မဖြစ်သင့်ပါဘူး။

အချစ်တွေက အရင်လို ချစ်ခါစ၊ ကြိုက်ခါစအချိန်တွေကလို လတ်ဆတ်နေအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

၁။ မနေ့တနေ့ကမှ ချစ်သူဖြစ်သလို တစ်ဦးနဲ့တစ်ဦးဆက်ဆံပါ။

သူနဲ့ကိုယ်တွဲခဲ့တဲ့အချိန်က ဘယ်လောက်ကြာကြာ မနေ့တနေ့ကမှ ချစ်သူရည်းစားဖြစ်သလို နေထိုင်ပြောဆိုပါ။ ကိုယ့်ချစ်သူကို ဂရုစိုက်တာ၊ သဲသဲလှုပ်တာဟာ အပြစ်မဟုတ်ပါဘူး။ နှစ်ဦးသားပိုမိုအဆင်ပြေစေမယ့်အရာသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရည်းစားဖြစ်ခါစ အချိန်တွေအတိုင်း ကိုယ့်ချစ်သူကို ဂရုစိုက်ပြီး ကြင်နာယုယပေးပါ။

၂။သူငယ်ချင်းတွေရဲ့ ချစ်ရေးချစ်ရာ ကိစ္စတွေမှာ ပါဝင်ခြင်းမပြုလုပ်ပါနဲ့။

ကိုယ့်သူငယ်ချင်းနဲ့ သူကောင်မလေး လမ်းခွဲမယ့်ကိစ္စမျိုးတွေမှာ ကိုယ်က အားပေးအားမြှောက်ဝင်လုပ်တာမျိုး၊ အကြံဉာဏ်ပေးတာမျိုးတွေ မလုပ်ပါနဲ့။ သူတို့နှစ်ဦး အဆင်ပြေအောင် ပြောဆိုပေးတတ်သူသာ ဖြစ်ပါစေ။ ဒီလိုဆို ကိုယ့်ချစ်သူကလည်း မသိစိတ်ကနေ ကိုယ့်ကိုယုံကြည်မှုတွေ ပိုလာမှာပါ။

၃။နားလည်မှုထားပါ။ နှစ်ဦးသဘောတူ တိုင်ပင်ထားတဲ့ အရာတွေကို အမြဲတမ်း ပြောဆိုပေးပါ။

နှစ်ဦးသား ဘယ်အချိန်မှာ ဘာတွေလုပ်မယ်။ နှစ်ယောက်မှာ တစ်ယောက်က အောင်မြင်သွားပါစေ၊ ကျန်တဲ့တစ်ယောက်က ပျော်ရွှင်ပေးနိုင်ရမယ်။ တစ်ယောက်ကလည်း ကိုယ့်ချစ်သူကို အထင်သေး၊ အမြင်သေး မဖြစ်ရဘူး။ ဘယ်လိုနေ့မျိုးလေးတွေမှာ ဘာတွေအတူတူလုပ်ကြမယ် စသဖြင့် နှစ်ဦးသားပြောခဲ့ဖူးတဲ့၊ တိုင်ပင်ခဲ့ဖူးတာတွေကို မေ့မပစ်လိုက်ပါနဲ့။
နိုင်ငံတကာမှာဆိုရင် ချစ်သူရည်းစားစုံတွဲတွေ၊ အိမ်ထောင်သည်တွေမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုမိုအောင်မြင်သွားတယ်ဆိုရင် ကွဲကြတာ များပါတယ်တဲ့။ ဘာ့ကြောင့်လဲဆိုတော့ အမျိုးသားတွေဟာ သူတို့အမျိုးသမီးတွေရဲ့ အောင်မြင်မှုအပေါ် စိတ်မသက်မသာဖြစ်လာတာကြောင့်လို့ သိရပြီး အမျိုးသမီးတွေကတော့ ငါတို့ဒီလောက်လုပ်နိုင်နေပြီပဲ။ ဘာ့ကြောင့်ဒီလို စိတ်ညစ်စရာကောင်းတဲ့ ဆက်ဆံရေးကနေ မစွန့်ခွာနိုင်ရမှာလဲ ဆိုပြီး တွေးတာကြလို့ပါတဲ့။

၄။လူမှုကွန်ယက်တွေ၊ ဖုန်းတွေထက် ချစ်သူကို အချိန်ပေးပါ။

နှစ်ဦးသားဆုံတွေ့ချိန်တွေမှာဖြစ်စေ၊ သူနဲ့အတူ မရှိချိန်တွေမှာဖြစ်စေ ဖေ့စ်ဘွခ်လို လူမှုကွန်ယက်တွေကိုပဲ အာရုံရောက်နေမယ်၊ ဖုန်းကိုပဲ ကလိနေတတ်သူဆိုရင်လည်း ဒီအကျင့်လေးကို ပြင်ဖို့ပြောပါရစေ။

၅။တစ်ဦးနဲ့တစ်ဦး ငြင်းခုန်ချိန်တိုင်း အရင်ကဖြစ်ခဲ့တာတွေကို ပြန် မထောက်ပြပါနဲ့။

အချိန်တိုင်း အဆင်ပြေနေတဲ့ ချစ်သူစုံတွဲဆိုတာကတော့ မရှိသလောက်ရှားပါတယ်။ တစ်ဦးနဲ့တစ်ဦး ရန်ဖြစ်၊ ငြင်းခုန်တိုင်း အရင်တုန်းက ကိုယ်မကျေနပ်တဲ့ကိစ္စတွေကို ပြန်ထောက်ပြပြောဆိုတာမျိုး အတတ်နိုင်ဆုံး ရှောင်ပါ။ အထူးသဖြင့် ပိုက်ဆံကိစ္စတွေပေါ့။ ငါ့တုန်းက နင်အဲ့ဒီလိုဖြစ်နေတုန်းက ငွေဘယ်လောက် သုံးလိုက်ရတယ်၊ နင်ကျတော့ ဒီလောက်လေးတောင် အဖြစ်မရှိဘူး စတာမျိုးတွေ မပြောမိဖို့ သတိထားပါ။

၆။တစ်ဦးရဲ့ယုံကြည်မှုတိုးပွားအောင် တစ်ဦးက ပြောဆိုပေးပါ။

ကိုယ်က အရမ်းချောပြီး၊ ကိုယ့်ချစ်သူကတော့ သာမာန်ပဲမို့လို့ သူက စိတ်အားငယ်တယ်လို့ထင်ရင် သူ့ကိုဘာ့ကြောင့် ချစ်ခဲ့ရတာ၊ သူ့ရဲ့အားသာချက်တွေက ဘာဆိုတာ သူသိအောင် ပြောပြပေးပါ။ သူ့ရဲ့အားနည်းချက်တွေကို အားသာချက်ဖြစ်အောင် ပြောပြပေးပါ။

၇။ကိုယ့်ချစ်သူကို ကိုယ်လေစားရတဲ့၊ ကြိုက်ရတဲ့ အနုပညာရှင်တွေနဲ့ မနှိုင်းပါနဲ့။

ကိုယ့်အခန်းနံရံမှာ ကပ်ထားတဲ့ နိုင်ငံခြားက မင်းသား၊ မင်းသမီးတွေနဲ့ ကိုယ့်ချစ်သူကို မနှိုင်းပါနဲ့။ သူတို့က ဘယ်လိုမိုက်တာ၊ ဘယ်လိုတော်တာ၊ မင်းကရော ဆိုတာမျိုးတွေ နှိုင်းယှဉ်ခြင်းဟာ တော်တော်လေးကို ကလေးဆန်ပါတယ်။

Credit : loveshop

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top