iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူအခ်င္းခ်င္း သစၥာေဖာက္ၿပီး ေနာက္တစ္ေယာက္နဲ႔ ေဖာက္ျပန္တယ္ဆိုတာ ႐ႈပ္ေထြးတဲ့ကိစၥတစ္ခုျဖစ္ပါတယ္။ သင့္ေကာင္မေလး ေဖာက္ျပန္ရတဲ့အေၾကာင္းရင္းေတြကို ဆန္းစစ္ၾကည့္ရင္ ျဖစ္ရပ္တစ္ခုတည္းေၾကာင့္ မဟုတ္ႏိုင္ပါဘူး။ သတင္းေကာင္းအေနနဲ႔ မိန္းကေလးေတြ ေနာက္တစ္ေယာက္နဲ႔ ေဖာက္ျပန္ရတဲ့အေၾကာင္းရင္းကို သိထားမယ္ဆိုရင္ သင့္ေကာင္မေလး ေနာက္တစ္ေယာက္ဆီပါမသြားႏိုင္ေအာင္ ထိန္းထားႏိုင္မွာ ျဖစ္ပါတယ္။ ဒီေတာ့ မိန္းကေလးေတြ လက္ရွိခ်စ္သူအေပၚ ဘာျဖစ္လို႔ ေဖာက္ျပန္ရတာလဲ ၾကည့္ရေအာင္။

၁။ သူမကို အာ႐ုံစိုက္ အေလးထားျခင္းမရွိလို႔
ဟုတ္ပါတယ္။ ကိုယ့္ခ်စ္သူရဲ႕ အာ႐ုံစိုက္ အေလးထားျခင္းကို လံုလံုေလာက္ေလာက္ မခံစားရတာဟာ မိန္းကေလးေတြ ေဖာက္ျပန္ရတဲ့ ထိပ္တန္းအေၾကာင္းရင္းတစ္ခု ျဖစ္ပါတယ္။ ခ်စ္သူဆီက လံုေလာက္တဲ့ အာရုံစိုက္မႈ၊ အေလးထားမႈကို မရတဲ့အခါမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ဆက္ႏြယ္မႈမရွိေတာ့သလို ခံစားရၿပီး ခ်စ္သူရည္းစားဘ၀ရဲ႕ ရည္ရြယ္ခ်က္ေတြလည္း ေပ်ာက္ဆံုးသြားတတ္ပါတယ္။
ဘယ္လို ထိန္းသိမ္းမလဲ ???
သူမနဲ႔ ပတ္သက္ၿပီး အျပဳသေဘာေဆာင္တဲ့၊ ေကာင္းတဲ့အရာ သံုးခုကို ေန႔တိုင္း ခ်ီးက်ဴးစကားေျပာပါ။ ဒါမွမဟုတ္ သူမကို သတိရေနတဲ့အေၾကာင္း ဖုန္းဆက္ပါ။ မက့္ေဆ့ဂ်္ပို႔ပါ။

၂။ သူမအလိုအပ္ဆံုးအခ်ိန္ေတြမွာ အနားမွာရွိမေနလို႔
ဒီအခ်က္ကို မရွင္းခင္မွာ သူမအတြက္ ရွိေနတယ္ ဆိုတာရဲ႕ အဓိပၸါယ္ကို နားလည္ဖို႔ လိုပါတယ္။ ခ်စ္သူရည္းစားျဖစ္လာၿပီဆိုရင္ တစ္ေယာက္အတြက္ တစ္ေယာက္အျပန္အလွန္ရပ္တည္ေပးရမွာ ျဖစ္ပါတယ္။ အထူးသျဖင့္ အခက္အခဲေတြၾကံဳေနရခ်ိန္ေတြဆိုရင္ သူမအနားမွာ ရွိေနေပးဖို႔ လိုပါတယ္။ ဒီလို ရွိေနေပးတာက သူမအတြက္ လံုျခံဳစိတ္ကို ျဖစ္ေစၿပီး အားေပးကူညီရာလည္း ေရာက္တဲ့အတြက္ အေရးႀကီးပါတယ္။

ဘယ္လိုထိန္းသိမ္းမလဲ ???
သင့္ခ်စ္သူမိန္းကေလးအတြက္ သင္အျမဲရွိေနတယ္ဆိုတာကို ျပဖို႔အတြက္ အလြယ္ကူဆံုးနည္းလမ္းကေတာ့ သူမအနားမွာ တတ္ႏိုင္သမွ် ရွိေနေပးဖို႔ပဲျဖစ္ပါတယ္။ သူမ စကားေျပာတဲ့အခါ မ်က္လံုးကို ေသခ်ာၾကည့္၊ နားေထာင္ၿပီး စိတ္၀င္စားတက္ၾကြစြာနဲ႔ ေမးခြန္းေတြ ျပန္ေမးေပးပါ။ ဒါ့အျပင္ တစ္ခါတစ္ေလမွာ သင္မလုပ္ခ်င္တဲ့အရာေတြကိုလည္း သူမအတြက္ လုပ္ေပးဖို႔ လိုအပ္ပါတယ္။ ဥပမာေျပာရရင္ ေအးေအးေဆးေဆး ရုပ္ရွင္သြားၾကည့္ခ်င္ေပမယ့္ သူမအနဲ႔အတူ ေစ်း၀ယ္တာလိုက္ေပးတာမ်ိဳး၊ ဘယ္မွမသြားခ်င္ေပမယ့္ သူမနဲ႔အတူ တစ္ေနရာရာကို အေဖာ္လိုက္ေပးတာမ်ိဳးေတြ ျဖစ္ပါတယ္။

၃။ သူမမွာ သံသယေတြ မ်ားေနလို႔
သင့္ကို ယုံၾကည္သည္ျဖစ္ေစ၊ မယုံၾကည္ဘူးျဖစ္ေစ မိန္းကေလးေတြက သံသယမ်ားတတ္ပါတယ္။ တကယ္လို မယုံၾကည္ဘူးဆိုရင္ေတာ့ မိန္းကေလးဖက္က အရမ္းခံစားေနရမွာပါ။ သံသယေတြ မ်ားလာတဲ့အခါမွာ စိတ္မလံုျခံဳမႈေတြ၊ ေဒါသေတြနဲ႔ မခံခ်င္စိတ္ေတြ ျပည့္လာတတ္ပါတယ္။ ဒီခံစားခ်က္ေတြကေန လြတ္ေျမာက္ဖို႔ ေနာက္တစ္ေယာက္ကို ရွာလာတတ္ပါတယ္။ ယုံၾကည္မႈေပ်ာက္ဆံုးၿပီး သံသယမ်ားလာတဲ့အေၾကာင္းရင္းေတြကလည္း အမ်ားႀကီးျဖစ္ႏိုင္ပါတယ္။ ပံုမွန္ထက္ပိုၿပီး ရန္ျဖစ္စကားမ်ားၾကတာ၊ တစ္ခုခုဆိုရင္ သူမကို အလုိမက်ျဖစ္ေနတာ၊ အျခားမိန္းကေလးတစ္ေယာက္နဲ႔ ေတြ႕တာ စသျဖင့္ အမ်ားႀကီးပါ။ ဒီလို သံသယေတြမ်ားလာတဲ့အခါမွာ သင့္နားကေတြ ေ၀းေ၀းကို သြားတာက သူမအတြက္ ပိုမိုခံစားရသက္သာေစပါတယ္။

ဘယ္လိုထိန္းသိမ္းမလဲ ???
သင့္ေကာင္မေလးမွာ သံသယေတြရွိေနလား မရွိဘူးလားဆိုတာကို သိႏိုင္တဲ့အေကာင္းဆံုးနည္းလမ္းကေတာ့ သင့္အေပၚ တုံ႔ျပန္မႈေတြကို အာရုံစုိက္သတိထားၾကည့္ဖို႔ပဲ ျဖစ္ပါတယ္။ သင္တစ္ခုခုေျပာလိုက္ရင္ သူမ ဘယလိုတုံ႔ျပန္လဲ။ သူမကို ခ်စ္ေၾကာင္၊ လွေၾကာင္း ေျပာရင္ အပိုေတြလာေျပာေနတယ္ဆိုတဲ့ အမူယာ ရွိမရွိ၊ သင့္ ဘယ္သြားလဲ၊ ဘာလုပ္လဲဆိုတာေတြကို ေမးမေမ၊ စတာေတြကို သတိျပဳရမွာပါ။ သူမရဲ႕ သံသယေတြ ေပ်ာက္ကင္းသြားၿပီး ယုံၾကည္မႈျပန္ရဖို႔အတြက္ကေတာ့ ေလးစားမႈကို ျပန္လည္ရယူဖို႔ လိုပါတယ္။ ခ်ိန္းထားတဲ့ အခ်ိန္ကို ေနာက္မက်ေစပဲ ေရာက္ေအာင္သြားတာ၊ ကတိေပးထားတာေတြ ျဖစ္ေအာင္လုပ္ေပးတာ၊ သူမရဲ႕ တစ္ေန႔တာကို ဂရုတစိုက္ေမးျမန္းတာ စတာေတြကို လုပ္ေပးရမွာျဖစ္ပါတယ္။

၄။ ေနာက္တစ္ေယာက္က ပိုဆြဲေဆာင္ႏိုင္လို႔
ေနာက္တစ္ေယာက္က သင့္ထက္ ပိုေခ်ာလို႔၊ ပိုၾကည့္ေကာင္းလို႔ သင့္ကို ထားသြားမယ္ဆိုရင္ေတာ့ အိပ္မက္ဆိုးတစ္ခုပါပဲ။ ဒါမ်ိဳးက ျဖစ္တတ္ပါတယ္။ ဆန္႔က်င္ဖက္လိင္တစ္ေယာ္ကရဲ႕ ဆြဲေဆာင္ျခင္းခံရတာက လူသားဆန္မႈရဲ႕ တစိတ္တပိုင္းျဖစ္ပါတယ္။ ဒါေပမယ္ အရမ္းလည္း မစိုးရိမ္ပါနဲ႔။ ရုပ္ရည္သြင္ျပင္ဆိုတာက မ်ိဳးဗီဇနဲ႔ဆိုင္ပါတယ္။ သင္ေျပာင္းလဲခ်င္တိုင္းလည္း ေျပာင္းလဲလို႔ မရႏိုင္ပါဘူး။ ဒါေပမယ့္ ရုပ္ရည္သြင္ျပင္က ဒီကိစၥမွာ အဓိကက်တာေတာ့မဟုတ္ပါဘူး။ မ်ားေသာအားျဖင့္ မိန္းကေလးေတြဟာ သူတို႔ကိုယ္သူတို႔ ဆြဲေဆာင္မႈရွိတယ္လို႔ ထင္ေနဖို႔လိုအပ္ပါတယ္။ သင့္အေနနဲ႔ သူမရဲ႕ ရုပ္ရည္ကို အသိအမွတ္မျပဳဘူးဆိုရင္၊ သူမကို ဆြဲေဆာင္မႈရွိေၾကာင္း မေျပာဘူးဆိုရင္ ဒီလိုေတြေျပာတတ္တဲ့ အျခားတစ္ေယာက္ုိ သာယာတာ မထူးဆန္းပါဘူး။ သူမကို ျပစ္တင္ေ၀ဖန္မယ္၊ ကဲ့ရဲ႕မယ္ဆိုရင္ ပိုဆိုးပါတယ္။

ဘယ္လိုထိန္းသိမ္းမလဲ ???
အသိအမွတ္ျပဳျခင္းက အဓိကေသာ့ခ်က္ျဖစ္ပါတယ္။ သူမ ဘယ္ေလာက္ထိဆြဲေဆာင္မႈရွိလဲ ေျပာပါ။ သင့္စိတ္ထဲမွာ သူမကို ဘယ္လိုလွတယ္လို႔ ထင္ေၾကာင္းေျပာပါ။

၅။ သူမ ပ်င္းရိၿငီးေငြ႕လာလို႔
ပ်င္းရိၿငီးေငြ႕မႈဟာ သင့္တို႔ႏွစ္ဦးၾကားဆက္ဆံေရးကို အဆိုးရြားဆံုးထိခိုက္ႏိုင္တဲ့ အခ်က္ျဖစ္ပါတယ္။ သူမအေနနဲ႔ သင္လုပ္ေပးႏိုင္တဲ့ အေကာင္းဆံုး၊ ေပ်ာ္စရာကိစၥေတြ မရွိေတာ့ဘူးလို႔ ခံစားရေနႏိုင္ပါတယ္။ ဒီအခ်က္က ေၾကာက္ဖို႔ေကာင္းပါတယ္။ ဒီလို ခံစားခ်က္ျဖစ္လာၿပီဆိုရင္ အျခားတစ္ေယာက္ေယာက္နဲ႔ သာယာေပ်ာ္ရႊင္မႈကို ရွာလာတတ္ပါတယ္။

ဘယ္လိုထိန္းသိမ္းမလဲ ???
ေျပာင္းလဲပါ။ ႏွစ္ေယာက္စလံုး မလုပ္ဖူးတာေတြ လုပ္ပါ။ ႏွစ္ေယာက္စလံုးကို စိတ္လႈပ္ရွားေစၿပီး လန္းဆန္းတက္ၾကြေပ်ာ္ရႊင္ေစမယ့္ အရာေတြ လုပ္ေဆာင္ပါ။ ေတာင္တက္ခရီးသြားတာ၊ ေရကန္တစ္ခုနားမွာ ရြက္ဖ်င္တဲထိုးၿပီး သြားေနတာ၊ မေရာက္ဖူးေသးတဲ့ေနရာေတြကို သြားတာ စသျဖင့္ သင့္တို႔ႏွစ္ေယာက္စလံုး ပံုမွန္ဘ၀ထဲက ထြက္ခြင့္ရႏိုင္မယ့္ ကိစၥေတြကို လုပ္ရမွာ ျဖစ္ပါတယ္။ ေနာက္တစ္ခုက သူမ ပ်င္းရိေနတယ္ထင္ရင္ စိတ္လႈပ္ရွားတက္ၾကြစရာ ဘာလုပ္ခ်င္လဲေမးၾကည့္ပါ။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္

Credit : Gentleman Magazine
 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ချစ်သူအချင်းချင်း သစ္စာဖောက်ပြီး နောက်တစ်ယောက်နဲ့ ဖောက်ပြန်တယ်ဆိုတာ ရှုပ်ထွေးတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ သင့်ကောင်မလေး ဖောက်ပြန်ရတဲ့အကြောင်းရင်းတွေကို ဆန်းစစ်ကြည့်ရင် ဖြစ်ရပ်တစ်ခုတည်းကြောင့် မဟုတ်နိုင်ပါဘူး။ သတင်းကောင်းအနေနဲ့ မိန်းကလေးတွေ နောက်တစ်ယောက်နဲ့ ဖောက်ပြန်ရတဲ့အကြောင်းရင်းကို သိထားမယ်ဆိုရင် သင့်ကောင်မလေး နောက်တစ်ယောက်ဆီပါမသွားနိုင်အောင် ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ မိန်းကလေးတွေ လက်ရှိချစ်သူအပေါ် ဘာဖြစ်လို့ ဖောက်ပြန်ရတာလဲ ကြည့်ရအောင်။

၁။ သူမကို အာရုံစိုက် အလေးထားခြင်းမရှိလို့
ဟုတ်ပါတယ်။ ကိုယ့်ချစ်သူရဲ့ အာရုံစိုက် အလေးထားခြင်းကို လုံလုံလောက်လောက် မခံစားရတာဟာ မိန်းကလေးတွေ ဖောက်ပြန်ရတဲ့ ထိပ်တန်းအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ချစ်သူဆီက လုံလောက်တဲ့ အာရုံစိုက်မှု၊ အလေးထားမှုကို မရတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် ဆက်နွယ်မှုမရှိတော့သလို ခံစားရပြီး ချစ်သူရည်းစားဘဝရဲ့ ရည်ရွယ်ချက်တွေလည်း ပျောက်ဆုံးသွားတတ်ပါတယ်။
ဘယ်လို ထိန်းသိမ်းမလဲ ???
သူမနဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့၊ ကောင်းတဲ့အရာ သုံးခုကို နေ့တိုင်း ချီးကျူးစကားပြောပါ။ ဒါမှမဟုတ် သူမကို သတိရနေတဲ့အကြောင်း ဖုန်းဆက်ပါ။ မက့်ဆေ့ဂျ်ပို့ပါ။

၂။ သူမအလိုအပ်ဆုံးအချိန်တွေမှာ အနားမှာရှိမနေလို့
ဒီအချက်ကို မရှင်းခင်မှာ သူမအတွက် ရှိနေတယ် ဆိုတာရဲ့ အဓိပ္ပါယ်ကို နားလည်ဖို့ လိုပါတယ်။ ချစ်သူရည်းစားဖြစ်လာပြီဆိုရင် တစ်ယောက်အတွက် တစ်ယောက်အပြန်အလှန်ရပ်တည်ပေးရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အခက်အခဲတွေကြုံနေရချိန်တွေဆိုရင် သူမအနားမှာ ရှိနေပေးဖို့ လိုပါတယ်။ ဒီလို ရှိနေပေးတာက သူမအတွက် လုံခြုံစိတ်ကို ဖြစ်စေပြီး အားပေးကူညီရာလည်း ရောက်တဲ့အတွက် အရေးကြီးပါတယ်။

ဘယ်လိုထိန်းသိမ်းမလဲ ???
သင့်ချစ်သူမိန်းကလေးအတွက် သင်အမြဲရှိနေတယ်ဆိုတာကို ပြဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းကတော့ သူမအနားမှာ တတ်နိုင်သမျှ ရှိနေပေးဖို့ပဲဖြစ်ပါတယ်။ သူမ စကားပြောတဲ့အခါ မျက်လုံးကို သေချာကြည့်၊ နားထောင်ပြီး စိတ်ဝင်စားတက်ကြွစွာနဲ့ မေးခွန်းတွေ ပြန်မေးပေးပါ။ ဒါ့အပြင် တစ်ခါတစ်လေမှာ သင်မလုပ်ချင်တဲ့အရာတွေကိုလည်း သူမအတွက် လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဥပမာပြောရရင် အေးအေးဆေးဆေး ရုပ်ရှင်သွားကြည့်ချင်ပေမယ့် သူမအနဲ့အတူ ဈေးဝယ်တာလိုက်ပေးတာမျိုး၊ ဘယ်မှမသွားချင်ပေမယ့် သူမနဲ့အတူ တစ်နေရာရာကို အဖော်လိုက်ပေးတာမျိုးတွေ ဖြစ်ပါတယ်။

၃။ သူမမှာ သံသယတွေ များနေလို့
သင့်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်ဘူးဖြစ်စေ မိန်းကလေးတွေက သံသယများတတ်ပါတယ်။ တကယ်လို မယုံကြည်ဘူးဆိုရင်တော့ မိန်းကလေးဖက်က အရမ်းခံစားနေရမှာပါ။ သံသယတွေ များလာတဲ့အခါမှာ စိတ်မလုံခြုံမှုတွေ၊ ဒေါသတွေနဲ့ မခံချင်စိတ်တွေ ပြည့်လာတတ်ပါတယ်။ ဒီခံစားချက်တွေကနေ လွတ်မြောက်ဖို့ နောက်တစ်ယောက်ကို ရှာလာတတ်ပါတယ်။ ယုံကြည်မှုပျောက်ဆုံးပြီး သံသယများလာတဲ့အကြောင်းရင်းတွေကလည်း အများကြီးဖြစ်နိုင်ပါတယ်။ ပုံမှန်ထက်ပိုပြီး ရန်ဖြစ်စကားများကြတာ၊ တစ်ခုခုဆိုရင် သူမကို အလိုမကျဖြစ်နေတာ၊ အခြားမိန်းကလေးတစ်ယောက်နဲ့ တွေ့တာ စသဖြင့် အများကြီးပါ။ ဒီလို သံသယတွေများလာတဲ့အခါမှာ သင့်နားကတွေ ဝေးဝေးကို သွားတာက သူမအတွက် ပိုမိုခံစားရသက်သာစေပါတယ်။

ဘယ်လိုထိန်းသိမ်းမလဲ ???
သင့်ကောင်မလေးမှာ သံသယတွေရှိနေလား မရှိဘူးလားဆိုတာကို သိနိုင်တဲ့အကောင်းဆုံးနည်းလမ်းကတော့ သင့်အပေါ် တုံ့ပြန်မှုတွေကို အာရုံစိုက်သတိထားကြည့်ဖို့ပဲ ဖြစ်ပါတယ်။ သင်တစ်ခုခုပြောလိုက်ရင် သူမ ဘယလိုတုံ့ပြန်လဲ။ သူမကို ချစ်ကြောင်၊ လှကြောင်း ပြောရင် အပိုတွေလာပြောနေတယ်ဆိုတဲ့ အမူယာ ရှိမရှိ၊ သင့် ဘယ်သွားလဲ၊ ဘာလုပ်လဲဆိုတာတွေကို မေးမမေ၊ စတာတွေကို သတိပြုရမှာပါ။ သူမရဲ့ သံသယတွေ ပျောက်ကင်းသွားပြီး ယုံကြည်မှုပြန်ရဖို့အတွက်ကတော့ လေးစားမှုကို ပြန်လည်ရယူဖို့ လိုပါတယ်။ ချိန်းထားတဲ့ အချိန်ကို နောက်မကျစေပဲ ရောက်အောင်သွားတာ၊ ကတိပေးထားတာတွေ ဖြစ်အောင်လုပ်ပေးတာ၊ သူမရဲ့ တစ်နေ့တာကို ဂရုတစိုက်မေးမြန်းတာ စတာတွေကို လုပ်ပေးရမှာဖြစ်ပါတယ်။

၄။ နောက်တစ်ယောက်က ပိုဆွဲဆောင်နိုင်လို့
နောက်တစ်ယောက်က သင့်ထက် ပိုချောလို့၊ ပိုကြည့်ကောင်းလို့ သင့်ကို ထားသွားမယ်ဆိုရင်တော့ အိပ်မက်ဆိုးတစ်ခုပါပဲ။ ဒါမျိုးက ဖြစ်တတ်ပါတယ်။ ဆန့်ကျင်ဖက်လိင်တစ်ယော်ကရဲ့ ဆွဲဆောင်ခြင်းခံရတာက လူသားဆန်မှုရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ ဒါပေမယ် အရမ်းလည်း မစိုးရိမ်ပါနဲ့။ ရုပ်ရည်သွင်ပြင်ဆိုတာက မျိုးဗီဇနဲ့ဆိုင်ပါတယ်။ သင်ပြောင်းလဲချင်တိုင်းလည်း ပြောင်းလဲလို့ မရနိုင်ပါဘူး။ ဒါပေမယ့် ရုပ်ရည်သွင်ပြင်က ဒီကိစ္စမှာ အဓိကကျတာတော့မဟုတ်ပါဘူး။ များသောအားဖြင့် မိန်းကလေးတွေဟာ သူတို့ကိုယ်သူတို့ ဆွဲဆောင်မှုရှိတယ်လို့ ထင်နေဖို့လိုအပ်ပါတယ်။ သင့်အနေနဲ့ သူမရဲ့ ရုပ်ရည်ကို အသိအမှတ်မပြုဘူးဆိုရင်၊ သူမကို ဆွဲဆောင်မှုရှိကြောင်း မပြောဘူးဆိုရင် ဒီလိုတွေပြောတတ်တဲ့ အခြားတစ်ယောကို သာယာတာ မထူးဆန်းပါဘူး။ သူမကို ပြစ်တင်ဝေဖန်မယ်၊ ကဲ့ရဲ့မယ်ဆိုရင် ပိုဆိုးပါတယ်။

ဘယ်လိုထိန်းသိမ်းမလဲ ???
အသိအမှတ်ပြုခြင်းက အဓိကသော့ချက်ဖြစ်ပါတယ်။ သူမ ဘယ်လောက်ထိဆွဲဆောင်မှုရှိလဲ ပြောပါ။ သင့်စိတ်ထဲမှာ သူမကို ဘယ်လိုလှတယ်လို့ ထင်ကြောင်းပြောပါ။

၅။ သူမ ပျင်းရိငြီးငွေ့လာလို့
ပျင်းရိငြီးငွေ့မှုဟာ သင့်တို့နှစ်ဦးကြားဆက်ဆံရေးကို အဆိုးရွားဆုံးထိခိုက်နိုင်တဲ့ အချက်ဖြစ်ပါတယ်။ သူမအနေနဲ့ သင်လုပ်ပေးနိုင်တဲ့ အကောင်းဆုံး၊ ပျော်စရာကိစ္စတွေ မရှိတော့ဘူးလို့ ခံစားရနေနိုင်ပါတယ်။ ဒီအချက်က ကြောက်ဖို့ကောင်းပါတယ်။ ဒီလို ခံစားချက်ဖြစ်လာပြီဆိုရင် အခြားတစ်ယောက်ယောက်နဲ့ သာယာပျော်ရွှင်မှုကို ရှာလာတတ်ပါတယ်။

ဘယ်လိုထိန်းသိမ်းမလဲ ???
ပြောင်းလဲပါ။ နှစ်ယောက်စလုံး မလုပ်ဖူးတာတွေ လုပ်ပါ။ နှစ်ယောက်စလုံးကို စိတ်လှုပ်ရှားစေပြီး လန်းဆန်းတက်ကြွပျော်ရွှင်စေမယ့် အရာတွေ လုပ်ဆောင်ပါ။ တောင်တက်ခရီးသွားတာ၊ ရေကန်တစ်ခုနားမှာ ရွက်ဖျင်တဲထိုးပြီး သွားနေတာ၊ မရောက်ဖူးသေးတဲ့နေရာတွေကို သွားတာ စသဖြင့် သင့်တို့နှစ်ယောက်စလုံး ပုံမှန်ဘဝထဲက ထွက်ခွင့်ရနိုင်မယ့် ကိစ္စတွေကို လုပ်ရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက သူမ ပျင်းရိနေတယ်ထင်ရင် စိတ်လှုပ်ရှားတက်ကြွစရာ ဘာလုပ်ချင်လဲမေးကြည့်ပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်

Credit : Gentleman Magazine

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top