iMyanmarHouse.com - Best Property Website for Myanmar
×

ၾကံပင္ ကို အဂၤလိပ္ လို Sugar Cane လို႔ေခၚ ဆိုၾကပါ တယ္။ ၾကံသကာ ကိုေတာ့ Sugar Cane Candy လို႔ေခၚဆိုပါတယ္။ ၾကံသကာကို မုန္႔ မ်ား၊ ယိုမ်ား၊ တေဆး (ဝါ)ေဆးယို ေတြထုတ္လုပ္ရာမွာ အသံုးျပဳေလ့ ရွိၾက ပါတယ္။ ၾကံသကာဆိုသည္မွာ ၾကံရည္ ကို ခ်က္၍ရေသာ အခဲျဖစ္ပါတယ္။

ၾကံသကာႏွင့္ ေဆး အဘိဓာတ္ က်မ္း အျမင္

ၾကံသကာ၏ ဂုဏ္သည္ကား အပူလြန္၍ေသာ္လည္းေကာင္း၊ ႏွလံုး ဆို႔ေတာင့္လာ၍ေသာ္လည္းေကာင္း၊ သည္းေျခလိႈက္တက္၍ေသာ္လည္း ေကာင္း၊ေလပူထ၍ေသာ္လည္းေကာင္း၊ ႐ူးသြပ္၍ေသာ္လည္းေကာင္း၊ အာေပါ ဓာတ္ပ်က္ေသာ အနာကိုေသာ္လည္း ေကာင္း၊ အလြန္က်ံဳေသာအနာကို လည္းေကာင္း၊ သလိပ္ အဓိကျပဳ ၍ ေခ်ာင္းဆိုးေသာအနာကိုေသာ္လည္း ေကာင္း ခ်မ္းသာေစတတ္သည္ဟု ျပဌာန္းထားပါတယ္။
ေႏြရာသီ အတြက္ ေဖ်ာ္ ရည္ တစ္ခြက္
ၾကံပင္ကို သဘာဝေပါက္ပင္ႏွင့္ စိုက္ပ်ိဳးပင္အျဖစ္ ေတြ႕ရွိႏိုင္ပါတယ္။ ၾကံညိဳပင္၊ ၾကံနီပင္၊ ၾကံျဖဴပင္ဟု ၾကံ အမ်ိဳးအစားမ်ားရွိပါတယ္။ ၾကံပင္ႏွင့္ ပတ္သက္၍ ျမန္မာျပန္ အာယုေဗၺဒ ေဆးက်မ္းႀကီးမ်ား တြင္ ေအာက္ ပါ   အတိုင္းေဖာ္ျပထားပါတယ္။ ၾကံညိဳပင္သည္ ေျပျပစ္၏။ ဂုဏ္ ႏွင့္ စြမ္းရည္မွာ သုက္ကိုပြားေစသည္ ။ ႏွစ္ၿမိဳ႕ေစသည္။ အပူကိုတားျမစ္ေစ သည္။ သလိပ္ျဖစ္ေစတတ္သည္။

အနာေပါက္ေရာဂါႏွင့္ ျမစ္ေျခာက္ ေရာဂါတို႔ကို ေပ်ာက္ကင္း ေစသည္။ ၾကံနီပင္သည္ ခ်ိဳ၏၊ဖန္၏၊ေအး ၏။ ဝိပါက ခ်ိဳေစ၏။ သုက္ကိုပြားေစ တတ္၏။ ခြန္အားကို ျဖစ္ေစတတ္၏။ အေရာင္အဆင္းကို ျဖစ္ေစတတ္၏။ ဓာတ္တို႔ကို ပြားေစ၏။ ေၾကက်က္ ခဲ၏။ ေလ၊ သည္းေျခတို႔ကို ၿငိမ္းေအး ေစတတ္၏။ အနာ၊ မီးလွ်ံ၊ အပူနာ၊ ဆီးခ်ဳပ္၊ ဆီးေအာင့္၊ ေသြးေဖာက္ ျပန္ျခင္းတို႔အတြက္ အက်ိဳးရွိ၏။ ၾကံျဖဴပင္သည္ ခ်ိဳ၏၊ ေျပျပစ္၏၊ ဝၿဖိဳးေစသည္။ အသက္ကိုရွည္ေစ သည္။ သုက္ေသြးကို ပြားေစသည္။ သလိပ္ကို ျပဳတတ္၏။ ပင္ပန္းျခင္း၊ ေသြးအန္ျခင္း၊ ေသြးက်ျခင္းတို႔ကို သက္သာေပ်ာက္ကင္းေစႏိုင္ၿပီး ခႏၶာ ကိုယ္တြင္းရွိ အပူတို႔ကို ၿငိမ္းေအးေစ တတ္ပါသည္။
ေႏြရာသီတြင္ ၾကံဳေတြ႕ရ တတ္သည့္ ႏွလံုးခုန္ျခင္း၊ မူးေဝျခင္း တို႔အတြက္ ၾကံရည္သည္ အဖိုးတန္ ေဖ်ာ္ ရည္ ဟု သတ္မွတ္ႏိုင္ပါတယ္။ ၾကံရည္တြင္ သံပရာသီးအနည္းငယ္ ထည့္သြင္း၍ ေသာက္ေပးျခင္းျဖင့္ ၾကံရည္၏ အရသာကို ပိုမိုေလးနက္ ေစပါတယ္။ ၾကံရည္ႏွင့္ပတ္သက္၍ Dr. S.J. Singh ျပဳစုေသာ Food Remedies စာအုပ္တြင္ ေဖာ္ျပထားခ်က္ အခ်ိဳ႕ကို တိုင္းရင္းေဆးစာဖတ္သူ မ်ား သုတျြကယ္ေစရန္ ရည္ရြယ္ခ်က္ ျဖင့္ တင္ျပလိုက္ပါတယ္။
 ၾကံရည္သည္ မ်ားစြာေသာအေဖ်ာ္ယမကာတို႔အနက္ ေရငတ္ေျပေစေသာ၊ လန္းဆန္းေစ ေသာ အာနိသင္ ကို ေပးစြမ္းပါတယ္။ ယင္းတြင္ သၾကားဓာတ္ ၁၅ ရာခိုင္ႏႈန္းႏွင့္ ဗီတာမင္ B ႏွင့္ ဗီတာမင္ C တို႔လည္း ပါဝင္ပါတယ္။ Organic Salts of Calcium ၊သံဓာတ္၊ မဂၢနီစီယမ္တို႔ ျြကယ္ဝစြာပါဝင္ပါတယ္။

ၾကံရည္ကို ေသြးအားနည္းေရာဂါ၊ အသားဝါေရာဂါ၊ ႀကိဳ႕ထိုးျခင္း၊ ကိုယ္တြင္းအပူဓာတ္ကို ေလွ်ာ့ခ်ရာ တြင္ အသံုးျပဳႏိုင္ပါတယ္။ အမ်ိဳးသား မ်ား သုက္ယိုေရာဂါ Spermatorrhoea ကိုကုသရာတြင္ အသံုးျပဳႏိုင္ ပါတယ္။ ၾကံရည္တြင္ ေရွာက္ရည္ (Limes)၊ သံပရာ(Lemon )ႏွင့္ လိေမၼာ္ရည္ (Oranges) တစ္မ်ိဳးမ်ိဳးကို အနည္း ငယ္ထည့္ၿပီးေသာက္သံုးပါက အာ ဟာရျပည့္ဝကာ ပိန္သူကို ဝကာ အလွတိုးေစပါတယ္။

ေဆး၀ါးျဖစ္ေသာ ေဖ်ာ္ ရည္
ၾကံပင္သည္ တစ္ႏွစ္ပတ္လံုး ရွင္သန္ေပါက္ေရာက္တတ္ေသာအပင္ မ်ိဳးျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ၾကံ ရည္ကို တစ္ႏွစ္တာ ကာလပတ္လံုး ေသာက္သံုးႏိုင္ပါတယ္။

ေနာက္ဆုံးကမၻာ့ သုေတသန ေတြ႔ရွိခ်က္မ်ား
ၾကံရည္တြင္ ဗီတာမင္B အျပင္ ကယ္လိုရီမ်ားစြာ ပါဝင္ပါတယ္။ လူ တိုင္းအတြက္ သင့္ေလ်ာ္ေသာ သဘာဝေဖ်ာ္ရည္ေကာင္း ျဖစ္ပါတယ္။

အစာအိမ္ေရာဂါႏွင့္ ေခါင္းကိုက္ေရာဂါ
သဘာဝေဖ်ာ္ရည္ျဖစ္တဲ့ ၾကံရည္ ကို ေန႔စဥ္သတ္မွတ္ထားသည့္ ပမာဏအတိုင္း ေသာက္ သံုးေပးျခင္း   ျဖင့္ ေခါင္းကိုက္ေရာဂါေဝဒနာရွင္မ်ား နဲ႔ အစာအိမ္ေရာဂါေဝဒနာရွင္မ်ား အတြက္ အက်ိဳးသက္ေရာက္ မႈရွိ ေၾကာင္းကို သုေတသနျပဳမႈမ်ားမွာ ေတြ႕ရွိထားပါတယ္။

ၿဗိတိသွ်သုေတသနပညာရွင္ မ်ားရဲ႕ ေတြ႕ရွိ ခ်က္ အရ ၾကံရည္သည္ ခႏၶာကိုယ္တြင္းရွိ ဆဲလ္မ်ားရွင္သန္မႈ ကို ပံ့ပိုးေပးႏိုင္ေစသည့္အျပင္ အခ်ိဳ႕ လူမ်ား တြင္ျဖစ္တတ္ေသာ မွတ္ဥာဏ္ ခ်ိဳ႕ယြင္းမႈမ်ားကိုလည္း အထိုက္ အေလ်ာက္ အကာအ ကြယ္ေပးႏိုင္   ေၾကာင္း သိရပါတယ္။ ၾကံရည္ကို သီတင္းတစ္ပတ္လွ်င္ သံုးခြက္မွ် ေသာက္သံုးျခင္းျဖင့္ နာ့ဗ္ေၾကာ မ်ား သန္မာမႈကို အေထာက္ အကူျပဳေစပါတယ္။

ထို႔အျပင္ အာ႐ံု ေၾကာအားနည္းမႈေရာဂါကို သက္သာ ေစ သည့္ အာနိသင္ရွိသည္ဟု ဆို ထားပါတယ္။

Ref : (၁) ျမန္မာ့အလင္းေန႔စဥ္ သတင္းစာ
(၂) အရွင္နာဂသိန္ အေျချပဳေဆးအဘိဓာန္
(၃) Food Remedies. By. Dr.S.J.Singh

Credit : ေက်ာ္တင့္ေဆြ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကြံပင် ကို အင်္ဂလိပ် လို Sugar Cane လို့ခေါ် ဆိုကြပါ တယ်။ ကြံသကာ ကိုတော့ Sugar Cane Candy လို့ခေါ်ဆိုပါတယ်။ ကြံသကာကို မုန့် များ၊ ယိုများ၊ တဆေး (ဝါ)ဆေးယို တွေထုတ်လုပ်ရာမှာ အသုံးပြုလေ့ ရှိကြ ပါတယ်။ ကြံသကာဆိုသည်မှာ ကြံရည် ကို ချက်၍ရသော အခဲဖြစ်ပါတယ်။

ကြံသကာနှင့် ဆေး အဘိဓာတ် ကျမ်း အမြင်

ကြံသကာ၏ ဂုဏ်သည်ကား အပူလွန်၍သော်လည်းကောင်း၊ နှလုံး ဆို့တောင့်လာ၍သော်လည်းကောင်း၊ သည်းခြေလှိုက်တက်၍သော်လည်း ကောင်း၊လေပူထ၍သော်လည်းကောင်း၊ ရူးသွပ်၍သော်လည်းကောင်း၊ အာပေါ ဓာတ်ပျက်သော အနာကိုသော်လည်း ကောင်း၊ အလွန်ကျုံသောအနာကို လည်းကောင်း၊ သလိပ် အဓိကပြု ၍ ချောင်းဆိုးသောအနာကိုသော်လည်း ကောင်း ချမ်းသာစေတတ်သည်ဟု ပြဌာန်းထားပါတယ်။
နွေရာသီ အတွက် ဖျော် ရည် တစ်ခွက်
ကြံပင်ကို သဘာဝပေါက်ပင်နှင့် စိုက်ပျိုးပင်အဖြစ် တွေ့ရှိနိုင်ပါတယ်။ ကြံညိုပင်၊ ကြံနီပင်၊ ကြံဖြူပင်ဟု ကြံ အမျိုးအစားများရှိပါတယ်။ ကြံပင်နှင့် ပတ်သက်၍ မြန်မာပြန် အာယုဗ္ဗေဒ ဆေးကျမ်းကြီးများ တွင် အောက် ပါ   အတိုင်းဖော်ပြထားပါတယ်။ ကြံညိုပင်သည် ပြေပြစ်၏။ ဂုဏ် နှင့် စွမ်းရည်မှာ သုက်ကိုပွားစေသည် ။ နှစ်မြို့စေသည်။ အပူကိုတားမြစ်စေ သည်။ သလိပ်ဖြစ်စေတတ်သည်။

အနာပေါက်ရောဂါနှင့် မြစ်ခြောက် ရောဂါတို့ကို ပျောက်ကင်း စေသည်။ ကြံနီပင်သည် ချို၏၊ဖန်၏၊အေး ၏။ ဝိပါက ချိုစေ၏။ သုက်ကိုပွားစေ တတ်၏။ ခွန်အားကို ဖြစ်စေတတ်၏။ အရောင်အဆင်းကို ဖြစ်စေတတ်၏။ ဓာတ်တို့ကို ပွားစေ၏။ ကြေကျက် ခဲ၏။ လေ၊ သည်းခြေတို့ကို ငြိမ်းအေး စေတတ်၏။ အနာ၊ မီးလျှံ၊ အပူနာ၊ ဆီးချုပ်၊ ဆီးအောင့်၊ သွေးဖောက် ပြန်ခြင်းတို့အတွက် အကျိုးရှိ၏။ ကြံဖြူပင်သည် ချို၏၊ ပြေပြစ်၏၊ ဝဖြိုးစေသည်။ အသက်ကိုရှည်စေ သည်။ သုက်သွေးကို ပွားစေသည်။ သလိပ်ကို ပြုတတ်၏။ ပင်ပန်းခြင်း၊ သွေးအန်ခြင်း၊ သွေးကျခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်ပြီး ခန္ဓာ ကိုယ်တွင်းရှိ အပူတို့ကို ငြိမ်းအေးစေ တတ်ပါသည်။
နွေရာသီတွင် ကြုံတွေ့ရ တတ်သည့် နှလုံးခုန်ခြင်း၊ မူးဝေခြင်း တို့အတွက် ကြံရည်သည် အဖိုးတန် ဖျော် ရည် ဟု သတ်မှတ်နိုင်ပါတယ်။ ကြံရည်တွင် သံပရာသီးအနည်းငယ် ထည့်သွင်း၍ သောက်ပေးခြင်းဖြင့် ကြံရည်၏ အရသာကို ပိုမိုလေးနက် စေပါတယ်။ ကြံရည်နှင့်ပတ်သက်၍ Dr. S.J. Singh ပြုစုသော Food Remedies စာအုပ်တွင် ဖော်ပြထားချက် အချို့ကို တိုင်းရင်းဆေးစာဖတ်သူ များ သုတြွကယ်စေရန် ရည်ရွယ်ချက် ဖြင့် တင်ပြလိုက်ပါတယ်။
 ကြံရည်သည် များစွာသောအဖျော်ယမကာတို့အနက် ရေငတ်ပြေစေသော၊ လန်းဆန်းစေ သော အာနိသင် ကို ပေးစွမ်းပါတယ်။ ယင်းတွင် သကြားဓာတ် ၁၅ ရာခိုင်နှုန်းနှင့် ဗီတာမင် B နှင့် ဗီတာမင် C တို့လည်း ပါဝင်ပါတယ်။ Organic Salts of Calcium ၊သံဓာတ်၊ မဂ္ဂနီစီယမ်တို့ ြွကယ်ဝစွာပါဝင်ပါတယ်။

ကြံရည်ကို သွေးအားနည်းရောဂါ၊ အသားဝါရောဂါ၊ ကြို့ထိုးခြင်း၊ ကိုယ်တွင်းအပူဓာတ်ကို လျှော့ချရာ တွင် အသုံးပြုနိုင်ပါတယ်။ အမျိုးသား များ သုက်ယိုရောဂါ Spermatorrhoea ကိုကုသရာတွင် အသုံးပြုနိုင် ပါတယ်။ ကြံရည်တွင် ရှောက်ရည် (Limes)၊ သံပရာ(Lemon )နှင့် လိမ္မော်ရည် (Oranges) တစ်မျိုးမျိုးကို အနည်း ငယ်ထည့်ပြီးသောက်သုံးပါက အာ ဟာရပြည့်ဝကာ ပိန်သူကို ဝကာ အလှတိုးစေပါတယ်။

ဆေးဝါးဖြစ်သော ဖျော် ရည်
ကြံပင်သည် တစ်နှစ်ပတ်လုံး ရှင်သန်ပေါက်ရောက်တတ်သောအပင် မျိုးဖြစ်ပါတယ်။ ဒါကြောင့်လည်း ကြံ ရည်ကို တစ်နှစ်တာ ကာလပတ်လုံး သောက်သုံးနိုင်ပါတယ်။

နောက်ဆုံးကမ္ဘာ့ သုတေသန တွေ့ရှိချက်များ
ကြံရည်တွင် ဗီတာမင်B အပြင် ကယ်လိုရီများစွာ ပါဝင်ပါတယ်။ လူ တိုင်းအတွက် သင့်လျော်သော သဘာဝဖျော်ရည်ကောင်း ဖြစ်ပါတယ်။

အစာအိမ်ရောဂါနှင့် ခေါင်းကိုက်ရောဂါ
သဘာဝဖျော်ရည်ဖြစ်တဲ့ ကြံရည် ကို နေ့စဉ်သတ်မှတ်ထားသည့် ပမာဏအတိုင်း သောက် သုံးပေးခြင်း   ဖြင့် ခေါင်းကိုက်ရောဂါဝေဒနာရှင်များ နဲ့ အစာအိမ်ရောဂါဝေဒနာရှင်များ အတွက် အကျိုးသက်ရောက် မှုရှိ ကြောင်းကို သုတေသနပြုမှုများမှာ တွေ့ရှိထားပါတယ်။

ဗြိတိသျှသုတေသနပညာရှင် များရဲ့ တွေ့ရှိ ချက် အရ ကြံရည်သည် ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များရှင်သန်မှု ကို ပံ့ပိုးပေးနိုင်စေသည့်အပြင် အချို့ လူများ တွင်ဖြစ်တတ်သော မှတ်ဉာဏ် ချို့ယွင်းမှုများကိုလည်း အထိုက် အလျောက် အကာအ ကွယ်ပေးနိုင်   ကြောင်း သိရပါတယ်။ ကြံရည်ကို သီတင်းတစ်ပတ်လျှင် သုံးခွက်မျှ သောက်သုံးခြင်းဖြင့် နာ့ဗ်ကြော များ သန်မာမှုကို အထောက် အကူပြုစေပါတယ်။

ထို့အပြင် အာရုံ ကြောအားနည်းမှုရောဂါကို သက်သာ စေ သည့် အာနိသင်ရှိသည်ဟု ဆို ထားပါတယ်။

Ref : (၁) မြန်မာ့အလင်းနေ့စဉ် သတင်းစာ
(၂) အရှင်နာဂသိန် အခြေပြုဆေးအဘိဓာန်
(၃) Food Remedies. By. Dr.S.J.Singh

Credit : ကျော်တင့်ဆွေ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top