iMyanmarHouse.com - Best Property Website for Myanmar
×

၁။ လွ်ာေၾကာင့္ခံတြင္းနံ႔ဆိုးျခင္း

လွ်ာေၾကာင့္ခံတြင္းနံ႔ဆိုးတဲ့ လကၡဏာရပ္ေတြကေတာ့ လွ်ာမွာအဝါေရာင္ အလႊာတစ္ထပ္ျဖစ္ျခင္း ဒါမွမဟုတ္ လက္ဖမိုးကို လ်က္ၾကည့္တဲ့အခါ အနံ႔အသက္မေကာင္းျခင္းတို႔ပဲျဖစ္ပါတယ္။ လွ်ာသန္႔ရွင္းဖို႔နည္းကေတာ့ သြားတိုက္ေဆး အနည္းငယ္ယူကာလွ်ာပြတ္တံနဲ႔ လွ်ာကိုပြတ္ေပးဖို႔ပဲျဖစ္ပါတယ္။

၂။ သြားဖံုးေၾကာင့္ ခံတြင္းနံ႔ဆိုးျခင္း

သြားဖံုးကေန ေသြးထြက္ေနတတ္ပါတယ္။ သြားၾကားသန္႔ရွင္းေရးလုပ္ေလ့ မရွိသူေတြမွာျဖစ္ေလ့ရွိျပီး အကယ္၍သြားၾကားထိုးၾကိဳးနဲ႔ ထိုးခဲ့ရင္ေတာင္နာက်င္ေနမွာပါ။

၃။ လည္ေခ်ာင္း/ႏွာေခါင္းေၾကာင့္ ခံတြင္းနံ႔ဆိုးျခင္း

အသံဝင္ျခင္း၊ လည္ေခ်ာင္းအသံကပ္ျခင္းတို႔နဲ႔ပါ တြဲျပီးျဖစ္ေလ့ရွိပါတယ္။ ဓာတ္မတည့္ ေပ်ာက္ေဆးသံုးေဆာင္ေနသူေတြမွာလည္း ျဖစ္တတ္ပါတယ္။

၄။ လူေနမႈပံုစံေတြေၾကာင့္ ခံတြင္းနံ႔ဆိုးျခင္း

အစားေလ်ာ့စားကာ အပိန္က်င့္ျခင္းက ခံတြင္းနံ႔ဆိုးေစႏိုင္သလို ႏို႔နဲ႔ခ်ိစ္စားျခင္း၊ ေကာ္ဖီေသာက္ျခင္း၊ ေဆးလိပ္ေသာက္ျခင္း၊ အရက္ေသာက္ျခင္းနဲ႔ စိတ္ဖိစီးျခင္းတို႔ေၾကာင့္လည္း ခံတြင္းနံ႔ နံ႔တတ္ပါတယ္။ ခံတြင္းနံ႔သင္းပ်ံ႔ေစမည့္ အဆင့္ေျခာက္ဆင့္ခံတြင္းနံ႔ နံ႔တာေပ်ာက္ဖို႔မခက္ခဲပါဘူး။

ေအာက္ပါ အခ်က္ေျခာက္ခ်က္ကို လိုက္နာရံုနဲ႔ ခံတြင္းန႔ံေကာင္းလာမွာပါ။

၁။ အစာစားျပီးတိုင္းပလုတ္က်င္းပါ။ လွ်ာပြတ္တံနဲ႔ လွ်ာပြတ္ေပးပါ။ လ်ွာပြတ္ျခင္းက အစာအၾကြင္းအက်န္နဲ႔ ဘက္တီးရီးယားပိုးေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။ သန့္ရွင္းတဲ့ ခံတြင္းရဲ႔အနံ႔ကလည္း လန္းဆန္းေနမွာပါ။

၂။ သင့္ေတာ္တဲ့ ပစၥည္းသံုးေပးသင့္ပါတယ္။ သြားပြတ္တံဆိုရင္လည္း အေမႊးႏူးညံ့တာမ်ိဳးသံုးေပးသင့္ပါတယ္။ အကယ္၍ လွ်ာပြတ္တံမရွိပါက ဇြန္းနဲ႔ပြတ္ေပးႏိုင္ပါတယ္။

၃။ မနက္တစ္ခါ ညတစ္ခါ သြားတိုက္ပါ။ ႏူးညံ့တဲ့ သြားပြတ္တံကိုသံုးျပီး စက္ဝိုင္းသ႑န္ လွည့္ကာ၊ လွည့္ကာ ႏွစ္မိနစ္ၾကာတိုက္ေပးပါ။ ခပ္ၾကမ္းၾကမ္း မဖိမိေစပါနဲ႔။ သြားရဲ႔ ေၾကြလႊာပ်က္စီးေစႏုိင္တာေၾကာင့္ပါ။

၄။ အာေျခာက္မခံပါနဲ႔။ မၾကာခဏေရေသာက္ပါ။  အယ္ကိုေဟာ အေျခခံ ပလုတ္က်င္းေဆးရည္ကို ေရွာင္ပါ။ အရက္ေသာက္ျခင္းနဲ႔ ေဆးလိပ္ေသာက္ျခင္းလို ခံတြင္းကို ေျခာက္ေသြ႔ေစတာေၾကာင့္ပါ။

၅။ သြားဖံုုးေရာဂါရွိပါက သြားဆရာဝန္ထံမွန္မွန္ျပပါ။

၆။ ေကာ္ဖီနဲ႔ တျခားအက္စစ္ပါတဲ့၊ ဂက္စ္ပါတဲ့ အေအးေတြေရွာင္ပါ။ သၾကားမ်ားတဲ့ အစာကိုေရွာင္ပါ။ ဒီအစားအစာေတြကုိ အကယ္၍ စားမိခဲ့ရင္လည္း စားအျပီး ငါးမိနစ္အၾကာမွာ သၾကားမပါတဲ့ ပီေကကို ဝါးပါ။ ဒါမွ တံေတြးထြက္ရွိလာျပီး အက္စစ္ေတြကို ျပန္ေခ်ဖ်က္ႏိုင္မွာပါ။

စာဖတ္ပရိသတ္အားလံုး ေမႊးပ်ံ႔တဲ့ ခံတြင္းနံ႔ပိုင္ဆိုင္ႏိုင္ၾကပါေစ.

Credit : Good Health
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
၁။ လျှာကြောင့်ခံတွင်းနံ့ဆိုးခြင်း

လျှာကြောင့်ခံတွင်းနံ့ဆိုးတဲ့ လက္ခဏာရပ်တွေကတော့ လျှာမှာအဝါရောင် အလွှာတစ်ထပ်ဖြစ်ခြင်း ဒါမှမဟုတ် လက်ဖမိုးကို လျက်ကြည့်တဲ့အခါ အနံ့အသက်မကောင်းခြင်းတို့ပဲဖြစ်ပါတယ်။ လျှာသန့်ရှင်းဖို့နည်းကတော့ သွားတိုက်ဆေး အနည်းငယ်ယူကာလျှာပွတ်တံနဲ့ လျှာကိုပွတ်ပေးဖို့ပဲဖြစ်ပါတယ်။

၂။ သွားဖုံးကြောင့် ခံတွင်းနံ့ဆိုးခြင်း

သွားဖုံးကနေ သွေးထွက်နေတတ်ပါတယ်။ သွားကြားသန့်ရှင်းရေးလုပ်လေ့ မရှိသူတွေမှာဖြစ်လေ့ရှိပြီး အကယ်၍သွားကြားထိုးကြိုးနဲ့ ထိုးခဲ့ရင်တောင်နာကျင်နေမှာပါ။

၃။ လည်ချောင်း/နှာခေါင်းကြောင့် ခံတွင်းနံ့ဆိုးခြင်း

အသံဝင်ခြင်း၊ လည်ချောင်းအသံကပ်ခြင်းတို့နဲ့ပါ တွဲပြီးဖြစ်လေ့ရှိပါတယ်။ ဓာတ်မတည့် ပျောက်ဆေးသုံးဆောင်နေသူတွေမှာလည်း ဖြစ်တတ်ပါတယ်။

၄။ လူနေမှုပုံစံတွေကြောင့် ခံတွင်းနံ့ဆိုးခြင်း

အစားလျော့စားကာ အပိန်ကျင့်ခြင်းက ခံတွင်းနံ့ဆိုးစေနိုင်သလို နို့နဲ့ချိစ်စားခြင်း၊ ကော်ဖီသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနဲ့ စိတ်ဖိစီးခြင်းတို့ကြောင့်လည်း ခံတွင်းနံ့ နံ့တတ်ပါတယ်။ ခံတွင်းနံ့သင်းပျံ့စေမည့် အဆင့်ခြောက်ဆင့်ခံတွင်းနံ့ နံ့တာပျောက်ဖို့မခက်ခဲပါဘူး။

အောက်ပါ အချက်ခြောက်ချက်ကို လိုက်နာရုံနဲ့ ခံတွင်းနံ့ကောင်းလာမှာပါ။

၁။ အစာစားပြီးတိုင်းပလုတ်ကျင်းပါ။ လျှာပွတ်တံနဲ့ လျှာပွတ်ပေးပါ။ လျှာပွတ်ခြင်းက အစာအကြွင်းအကျန်နဲ့ ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သန့်ရှင်းတဲ့ ခံတွင်းရဲ့အနံ့ကလည်း လန်းဆန်းနေမှာပါ။

၂။ သင့်တော်တဲ့ ပစ္စည်းသုံးပေးသင့်ပါတယ်။ သွားပွတ်တံဆိုရင်လည်း အမွှေးနူးညံ့တာမျိုးသုံးပေးသင့်ပါတယ်။ အကယ်၍ လျှာပွတ်တံမရှိပါက ဇွန်းနဲ့ပွတ်ပေးနိုင်ပါတယ်။

၃။ မနက်တစ်ခါ ညတစ်ခါ သွားတိုက်ပါ။ နူးညံ့တဲ့ သွားပွတ်တံကိုသုံးပြီး စက်ဝိုင်းသဏ္ဍန် လှည့်ကာ၊ လှည့်ကာ နှစ်မိနစ်ကြာတိုက်ပေးပါ။ ခပ်ကြမ်းကြမ်း မဖိမိစေပါနဲ့။ သွားရဲ့ ကြွေလွှာပျက်စီးစေနိုင်တာကြောင့်ပါ။

၄။ အာခြောက်မခံပါနဲ့။ မကြာခဏရေသောက်ပါ။  အယ်ကိုဟော အခြေခံ ပလုတ်ကျင်းဆေးရည်ကို ရှောင်ပါ။ အရက်သောက်ခြင်းနဲ့ ဆေးလိပ်သောက်ခြင်းလို ခံတွင်းကို ခြောက်သွေ့စေတာကြောင့်ပါ။

၅။ သွားဖုံုးရောဂါရှိပါက သွားဆရာဝန်ထံမှန်မှန်ပြပါ။

၆။ ကော်ဖီနဲ့ တခြားအက်စစ်ပါတဲ့၊ ဂက်စ်ပါတဲ့ အအေးတွေရှောင်ပါ။ သကြားများတဲ့ အစာကိုရှောင်ပါ။ ဒီအစားအစာတွေကို အကယ်၍ စားမိခဲ့ရင်လည်း စားအပြီး ငါးမိနစ်အကြာမှာ သကြားမပါတဲ့ ပီကေကို ဝါးပါ။ ဒါမှ တံတွေးထွက်ရှိလာပြီး အက်စစ်တွေကို ပြန်ချေဖျက်နိုင်မှာပါ။

စာဖတ်ပရိသတ်အားလုံး မွှေးပျံ့တဲ့ ခံတွင်းနံ့ပိုင်ဆိုင်နိုင်ကြပါစေ.

Credit : Good Health

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top