iMyanmarHouse.com - Best Property Website for Myanmar
×

လူသားေတြဟာ ေျခဗလာလမ္းေလွ်ာက္ဖုိ႕ ဖန္တီးထားတာျဖစ္ေပမယ့္လည္း ႏွစ္ေပါင္းမာ်းစြာႀကာျမင့္လာၿပီးေနာက္မွာေတာ့ ညစ္ေပတာေတြ၊ အခၽြန္အထက္ေတြကို နင္းမိျခင္းမွ ကာကြယ္ႏိုင္ဖို႕ ဖိနပ္ေတြကို ၀တ္ဆင္လာႀကပါတယ္။ ဒါေပမယ့္လည္း ေျခဗလာေလွ်ာက္ေပးျခင္းက က်န္းမာေရးအတြက္ေကာင္းက်ိဳးေတြေပးစြမ္းႏိုင္တယ္ဆိုတာကို သင္ေသခ်ာမသိႏိုင္ေသးတာေႀကာင့္ ျပန္လည္ေ၀မွ်ေပးလိုက္ရပါတယ္။

၁။ ေျခေထာက္ေသြးအားျမွင့္တင္ေပးျခင္း

ယေန႕ေခတ္လို တေနရာတည္းမွာ အခ်ိန္အႀကာႀကီးထုိင္ေနျခင္းက ေျခေထာက္ရွိေသြးကို လံုလံုေလာက္ေလာက္မရွိေစလို႕ ေျခေထာက္ထံုႀကဥ္မႈကို ျဖစ္ေပၚေစပါတယ္။ ေျခဗလာလမ္းေလွ်ာက္သည့္အခါမွာေတာ့ ဖိအားေႀကာင့္ ေျခေထာက္ကိုေသြးေတြေရာက္ရွိသြားမွာျဖစ္ပါတယ္။

၂။ ႏွလံုးေရာဂါျဖစ္ေပၚႏုိင္ေျခကိုေလွ်ာ့ခ်ေပးျခင္း

ေျခဗလာလမ္းေလွ်ာက္ေပးျခင္းက ေသြးခဲပ်စ္မႈကိုကာကြယ္ေပးၿပီး ေသြးလည္ပတ္မႈကိုျမွင့္တင္ေပးႏုိင္ပါတယ္။ ထိုမွတဆင့္ ႏွလံုးေသြးေႀကာပိတ္ျခင္း၊ အေမာေဖာက္ျခင္းတုိ႕လို႕ ႏွလံုးေရာဂါမ်ားျဖစ္ႏုိင္ေခ်ကို ေလ်ာ့က်ေစပါတယ္။

၃။ ေသြးေပါင္ခ်ိန္ကိုေလ်ာ့က်ေစျခင္း

ဖိနပ္မပါဘဲလမ္းေလွ်ာက္သည့္အခါ ေျခေထာက္ရွိေသြးေႀကာေလးမ်ား အသက္၀င္လာတာေႀကာင့္ က်န္းမာႀကံ႕ခိုင္သည့္ ေသြးေပါင္ခ်ိန္ပမာဏကို ထိန္းသိမ္းေပးႏုိင္ပါတယ္။

၄။ ကိုယ္ခံအားျမွင့္တင္ေပးျခင္း

ေျခေထာက္မွ sensory receptors မ်ားသည္ ခႏၶာကိုယ္သန္စြမ္းေနေစဖို႕ ဦးေႏွာက္ကိုအခ်က္မ်ားေပးပို႕သည့္အတြက္ ေရာဂါပိုးမ်ားကူးစက္မႈကိုတိုက္ထုတ္ေပးႏုိင္ပါတယ္။ ကိုယ္ခံအားကိုလည္းျမွင့္တင္ေပးတာေႀကာင့္ အေအးမိဖ်ားနာျခင္းတို႕လို သာမန္ေရာဂါမ်ားမွ ကာကြယ္ေပးမွာပါ။

၅။ စိတ္ဖိစီးမႈရွင္းလင္းေစျခင္း

ျမက္ခင္းျပင္ေပၚ ေျခဗလာနဲ႕လမ္းေလွ်ာက္ေပးသူမ်ားသည္ စိတ္လက္ေပါ့ပါးၿပီး ၿငိမ္သက္ေအးခ်မ္းမႈကို ရရွိတယ္လို႕ဆိုႀကပါတယ္။ မနက္ခင္းမွာထိုကဲ့သုိ႕လမ္းေလွ်ာက္ေပးျခင္းက တေန႕တာလံုးတက္ႀကြလန္းဆန္းေနေစႏုိင္သလို ပိုမိုေကာင္းမြန္စြာလည္း အိပ္စက္ႏိုင္မွာျဖစ္ပါတယ္။

Credit : Myhealth Myanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူသားတွေဟာ ခြေဗလာလမ်းလျှောက်ဖို့ ဖန်တီးထားတာဖြစ်ပေမယ့်လည်း နှစ်ပေါင်းမာျးစွာကြာမြင့်လာပြီးနောက်မှာတော့ ညစ်ပေတာတွေ၊ အချွန်အထက်တွေကို နင်းမိခြင်းမှ ကာကွယ်နိုင်ဖို့ ဖိနပ်တွေကို ဝတ်ဆင်လာကြပါတယ်။ ဒါပေမယ့်လည်း ခြေဗလာလျှောက်ပေးခြင်းက ကျန်းမာရေးအတွက်ကောင်းကျိုးတွေပေးစွမ်းနိုင်တယ်ဆိုတာကို သင်သေချာမသိနိုင်သေးတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

၁။ ခြေထောက်သွေးအားမြှင့်တင်ပေးခြင်း

ယနေ့ခေတ်လို တနေရာတည်းမှာ အချိန်အကြာကြီးထိုင်နေခြင်းက ခြေထောက်ရှိသွေးကို လုံလုံလောက်လောက်မရှိစေလို့ ခြေထောက်ထုံကြဉ်မှုကို ဖြစ်ပေါ်စေပါတယ်။ ခြေဗလာလမ်းလျှောက်သည့်အခါမှာတော့ ဖိအားကြောင့် ခြေထောက်ကိုသွေးတွေရောက်ရှိသွားမှာဖြစ်ပါတယ်။

၂။ နှလုံးရောဂါဖြစ်ပေါ်နိုင်ခြေကိုလျှော့ချပေးခြင်း

ခြေဗလာလမ်းလျှောက်ပေးခြင်းက သွေးခဲပျစ်မှုကိုကာကွယ်ပေးပြီး သွေးလည်ပတ်မှုကိုမြှင့်တင်ပေးနိုင်ပါတယ်။ ထိုမှတဆင့် နှလုံးသွေးကြောပိတ်ခြင်း၊ အမောဖောက်ခြင်းတို့လို့ နှလုံးရောဂါများဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။

၃။ သွေးပေါင်ချိန်ကိုလျော့ကျစေခြင်း

ဖိနပ်မပါဘဲလမ်းလျှောက်သည့်အခါ ခြေထောက်ရှိသွေးကြောလေးများ အသက်ဝင်လာတာကြောင့် ကျန်းမာကြံ့ခိုင်သည့် သွေးပေါင်ချိန်ပမာဏကို ထိန်းသိမ်းပေးနိုင်ပါတယ်။

၄။ ကိုယ်ခံအားမြှင့်တင်ပေးခြင်း

ခြေထောက်မှ sensory receptors များသည် ခန္ဓာကိုယ်သန်စွမ်းနေစေဖို့ ဦးနှောက်ကိုအချက်များပေးပို့သည့်အတွက် ရောဂါပိုးများကူးစက်မှုကိုတိုက်ထုတ်ပေးနိုင်ပါတယ်။ ကိုယ်ခံအားကိုလည်းမြှင့်တင်ပေးတာကြောင့် အအေးမိဖျားနာခြင်းတို့လို သာမန်ရောဂါများမှ ကာကွယ်ပေးမှာပါ။

၅။ စိတ်ဖိစီးမှုရှင်းလင်းစေခြင်း

မြက်ခင်းပြင်ပေါ် ခြေဗလာနဲ့လမ်းလျှောက်ပေးသူများသည် စိတ်လက်ပေါ့ပါးပြီး ငြိမ်သက်အေးချမ်းမှုကို ရရှိတယ်လို့ဆိုကြပါတယ်။ မနက်ခင်းမှာထိုကဲ့သို့လမ်းလျှောက်ပေးခြင်းက တနေ့တာလုံးတက်ကြွလန်းဆန်းနေစေနိုင်သလို ပိုမိုကောင်းမွန်စွာလည်း အိပ်စက်နိုင်မှာဖြစ်ပါတယ်။

Credit : Myhealth Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top