iMyanmarHouse.com - Best Property Website for Myanmar
×

မန္က်ည္းေဖ်ာ္ရည္က ေဖ်ာ္ရတာလည္း လြယ္ကူၿပီး ကုန္က်စရိတ္လည္း မမ်ားပါဘူး။ ဒါေပမယ့္ သူ႔ရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြကေတာ့ အံ့မခန္းပါဘဲေနာ္။

မန္က်ည္းေဖ်ာ္ရည္္မွာ သဘာ၀ အာဟာရဓာတ္ေတြနဲ႔ Antioxidants ဓာတ္ေတြ ၾကြယ္၀စြာပါ၀င္ေနပါတယ္။

ႏွလံုးေသြးေၾကာက်ဥ္းေရာဂါကို ကာကြယ္

မန္က်ည္းေဖ်ာ္ရည္မွာ Carotenes ဓာတ္နဲ႔ Antioxidants ဓာတ္ေတြ ၾကြယ္၀စြာပါ၀င္တာေၾကာင့္ မေကာင္းတဲ့ ကိုလက္စထေရာဓာတ္ေတြမ်ားလာမႈေၾကာင့္ ေသြးလႊတ္ေၾကာေတြက်ဥ္းလာတာေတြကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။

ဒါ့ေၾကာင့္ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါကို ကာကြယ္ေပးႏိုင္ပါတယ္။ ပိုတက္ဆီယမ္ဓာတ္လည္း ၾကြယ္၀စြာပါ၀င္တာေၾကာင့္ ေသြးတိုးက်ေစပါတယ္။

နာတာရွည္ေရာဂါေတြကို ကာကြယ္ေပး

ဗီတာမင္ စီ၊ Carotenoids နဲ႔ တျခား သဘာ၀ အာဟာရဓာတ္ေတြပါ၀င္တာေၾကာင့္ Free Radicals ေတြကို ဖယ္ထုတ္ေပးႏိုင္ပါတယ္။ ဒီလို Free Radicals ေတြက ကင္ဆာေရာဂါနဲ႔တျခား နာတာရွည္ေရာဂါေတြကို ျဖစ္ေစႏိုင္ပါတယ္။

အစာေျခစနစ္ကို အားေကာင္းေစ

၀မ္းခ်ဳပ္ေနၿပီဆိုရင္ မန္က်ည္းေဖ်ာ္ရည္ေသာက္လုိက္ပါ။ ၀မ္းခ်ဳပ္တာ သက္သာေပ်ာက္ကင္းသြားပါလိမ့္မယ္။ အဲ့ဒီအျပင္ အစာေျခစနစ္ကိုလည္း အားေကာင္းေစပါတယ္။

အသားအေရနဲ႔ ဆံပင္ အလွအပအတြက္

မန္က်ည္းေဖ်ာ္ရည္က အသားအေရနဲ႔ဆံပင္ အလွအပအတြက္ အက်ိဳးရွိပါတယ္။ ေနေလာင္ဒဏ္ေတြ အသက္ႀကီးလာလို႔ အေရးအေၾကာင္းေတြျဖစ္တာေတြကိုလည္း ေလ်ာ့ခ်ေပးႏိုင္ပါတယ္။ အဲ့ဒီအျပင္ အသားအေရေျခာက္ေသြ႔တာေြကိုလည္း ကာကြယ္ေပးၿပီး ဆံပင္ကၽြတ္တာကိုလည္း ကာကြယ္ေပးပါတယ္။

မန္က်ည္းေဖ်ာ္ရည္ဘယ္လိုလုပ္မလဲ

မန္က်ည္းသီး ၂ ေတာင့္

သၾကား လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ေရ ၄ ခြက္

မန္က်ည္းသီးကို အခြံခြာလိုက္ပါ။ ၿပီးရင္မန္က်ည္းသီးကို ေရပူပူ၂ခြက္ထဲမွာ ၅ မိနစ္ကေန ၁၀ မိနစ္ၾကား စိမ္ထားပါ။ ၿပီးရင္ ေရအနည္းငယ္ထည့္သၾကားထည့္ၿပီး ညွင္သာစြာေမႊပါ။ ၿပီးရင္ အႏွစ္ေတြဖယ္ထုတ္လိုက္ၿပီး ေရ ၂ ခြက္ထည့္ကာ အေအးခံကာ ေသာက္လို႔ရပါၿပီ။

Credit : My Food
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မန်ကျည်းဖျော်ရည်က ဖျော်ရတာလည်း လွယ်ကူပြီး ကုန်ကျစရိတ်လည်း မများပါဘူး။ ဒါပေမယ့် သူ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ အံ့မခန်းပါဘဲနော်။

မန်ကျည်းဖျော်ရည်မှာ သဘာ၀ အာဟာရဓာတ်တွေနဲ့ Antioxidants ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်

မန်ကျည်းဖျော်ရည်မှာ Carotenes ဓာတ်နဲ့ Antioxidants ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေများလာမှုကြောင့် သွေးလွှတ်ကြောတွေကျဉ်းလာတာတွေကို လျော့ချပေးနိုင်ပါတယ်။

ဒါ့ကြောင့် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်လည်း ကြွယ်ဝစွာပါဝင်တာကြောင့် သွေးတိုးကျစေပါတယ်။

နာတာရှည်ရောဂါတွေကို ကာကွယ်ပေး

ဗီတာမင် စီ၊ Carotenoids နဲ့ တခြား သဘာ၀ အာဟာရဓာတ်တွေပါဝင်တာကြောင့် Free Radicals တွေကို ဖယ်ထုတ်ပေးနိုင်ပါတယ်။ ဒီလို Free Radicals တွေက ကင်ဆာရောဂါနဲ့တခြား နာတာရှည်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

အစာခြေစနစ်ကို အားကောင်းစေ

ဝမ်းချုပ်နေပြီဆိုရင် မန်ကျည်းဖျော်ရည်သောက်လိုက်ပါ။ ဝမ်းချုပ်တာ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။ အဲ့ဒီအပြင် အစာခြေစနစ်ကိုလည်း အားကောင်းစေပါတယ်။

အသားအရေနဲ့ ဆံပင် အလှအပအတွက်

မန်ကျည်းဖျော်ရည်က အသားအရေနဲ့ဆံပင် အလှအပအတွက် အကျိုးရှိပါတယ်။ နေလောင်ဒဏ်တွေ အသက်ကြီးလာလို့ အရေးအကြောင်းတွေဖြစ်တာတွေကိုလည်း လျော့ချပေးနိုင်ပါတယ်။ အဲ့ဒီအပြင် အသားအရေခြောက်သွေ့တာေွကိုလည်း ကာကွယ်ပေးပြီး ဆံပင်ကျွတ်တာကိုလည်း ကာကွယ်ပေးပါတယ်။

မန်ကျည်းဖျော်ရည်ဘယ်လိုလုပ်မလဲ

မန်ကျည်းသီး ၂ တောင့်

သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရေ ၄ ခွက်

မန်ကျည်းသီးကို အခွံခွာလိုက်ပါ။ ပြီးရင်မန်ကျည်းသီးကို ရေပူပူ၂ခွက်ထဲမှာ ၅ မိနစ်ကနေ ၁၀ မိနစ်ကြား စိမ်ထားပါ။ ပြီးရင် ရေအနည်းငယ်ထည့်သကြားထည့်ပြီး ညှင်သာစွာမွှေပါ။ ပြီးရင် အနှစ်တွေဖယ်ထုတ်လိုက်ပြီး ရေ ၂ ခွက်ထည့်ကာ အအေးခံကာ သောက်လို့ရပါပြီ။

Credit : My Food

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top