iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ေထာင္က်ၿပီဆုိတာနဲ႔ အမ်ဳိးသမီးရယ္၊ အမ်ဳိးသားရယ္ ပြင့္လင္းျမင္သာမႈနဲ႔ နားလည္မႈက အရမ္းကုိ အေရးပါ လာပါ တယ္။ လိင္မႈေရးရာကိစၥမွာလည္း တဦးကို တဦးနားလည္မွ လိင္မႈေရးရာ အထြတ္အထိပ္ကုိ ေရာက္ႏုိင္ပါတယ္။ ဒါေပမယ့္ ဒီေန႔ အခ်ိန္မွာ ေခတ္နဲ႔ညီ တဲ့  အမ်ိဳးသမီး တေယာက္ဟာ ေယာက္်ားေတြနဲ႔ ရင္ေဘာင္တန္းခ်င္သူ ေအာင္ျမင္ခ်င္သူ ျဖစ္တယ္။ မရွက္ေၾကာက္သင့္ တဲ့ေနရာမွာ မရွက္ေၾကာက္ေတာ့ဘူး လို႔ ေျပာဆိုယူဆမႈေတြပို မ်ားလာပါတယ္။ ေယာက္်ားတေယာက္ရဲ႕ ေရွ႕မွာ ႐ို ေသ က်ိဳးႏြံစြာ ရွိေနၿပီးေတာ့ သူ႔ရဲ႕ ဆႏၵနဲ႔ ဦးေဆာင္ရာကို လိုက္ရတဲ့ အခ်ိန္ေတြက အတိတ္မွာ က်န္ခဲ့ပါၿပီ။ ဒီေန႔ ေခတ္ အမ်ိဳး သမီးတေယာက္ဟာ လြတ္လပ္စြာရပ္တည္ၿပီးေတာ့ ကိုယ္ဘ၀ရဲ႕ ေကာင္းရာေကာင္းက်ိဳးကို ကိုယ္တိုင္ ဆံုး ျဖတ္ ေနၾက ပါၿပီ။

ဒါေပမယ့္ လိင္မႈကိစၥနဲ႔ ပတ္သက္လာရင္ေတာ့ ဘယ္လို ယူဆလို႔ ရႏိုင္မလဲ။ အမ်ိဳးသားေတြက သူတို႔ရဲ႕ စြမ္းေဆာင္ ရည္နဲ႔ ခြန္အားအတြက္ ၀င့္၀ါႏိုင္ဖို႔ အမ်ိဳးသမီးေတြက သူတို႔အတြက္ လိင္ဆက္ဆံျခင္းရဲ႕အထြတ္အထိပ္ ဒါမွမဟုတ္ အျမင့္ ဆံုး သုခနဲ႔ ပတ္သက္လို႔ (ဟိုအရင္ကလို) လိမ္ညာေနၾကတုန္းပဲလား။ အမ်ိဳးသမီး ေတြက လိင္ဆက္ဆံျခင္းရဲ႕အထြတ္အထိပ္ ကို မရရွိတာ ဟာ သူတို႔ရဲ႕ အားနည္းခ်က္လို႔ ထင္ေနၾကတုန္းပဲလား လို႔ ေတြးစရာေတြ ရွိလာပါတယ္။

အမ်ိဳးသမီးေတြက သူတို႔ရဲ႕ အထြတ္အထိပ္ အခ်ိန္နဲ႔ ပတ္သက္လို႔ မလိမ္ညာၾကဘူးလို႔ အမ်ားစုက ယံုၾကည္ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လက္ထပ္ထားတဲ့ ဇနီးေမာင္ႏွံေတြ ျဖစ္ေစ၊ အတူေနသမီးရည္းစားလို ဆက္ဆံေရးမ်ိဳးမွာ ျဖစ္ေစ ေပါင္းစပ္မႈက တန္းတူရည္တူ ျဖစ္တယ္လို႔ သေဘာထားမယ္ဆိုရင္ အမ်ိဳးသမီးေတြ အေနနဲ႔ လိင္ဆက္ဆံမႈနဲ႔ ပတ္သက္ လို႔ စိတ္မေက်နပ္တာ၊ ဆႏၵမျပည့္၀တာရွိရင္ သူတို႔ရဲ႕ အမ်ိဳးသားကို ပြင့္ပြင့္လင္းလင္း ဖြင့္ေျပာျပႏိုင္တဲ့ အေျခအေနေတြ ရွိေနလို႔ ျဖစ္ပါတယ္။ လိင္မႈကိစၥဆိုတာ သားသမီးရဖို႔ အတြက္သက္သက္ လို႔ ဘယ္သူမွ မေတြးေတာ့ပါဘူး။ ၂ဦး ၂ဘက္ ေပ်ာ္ရႊင္ေက် နပ္မႈကို ရရွိေစႏိုင္တဲ့ အေၾကာင္းတခုျဖစ္ပါတယ္။

ဒါေပမယ့္ တခ်ိဳ႕ကေတာ့ အမ်ိဳးသမီးေတြဟာ ပညာတတ္ေတြျဖစ္ၿပီး လူမႈအဆင့္အတန္းျမင့္မားတဲ့ သူေတြျဖစ္သည့္ တိုင္ ေအာင္ လိင္ မႈကိစၥႏွင့္ ပတ္သက္လို႔ ရွက္ေၾကာက္ေနၾကတုန္းပဲလို႔ ျမင္ၾကပါတယ္။ ဒီအေၾကာင္းကို ေျပာဆိုေဆြးေႏြးဖို႔ အ တြက္ သူတို႔ မွာ အဆင္မေျပပါဘူး။ ဒါ့အျပင္ လိင္ခံစားမႈရဲ႕ အထြဋ္အထိပ္ကို ရသလိုမ်ိဳး ဟန္ေဆာင္ထားတာ ရွိခဲ့ရင္ လည္း သူတို႔ရဲ႕ အမ်ိဳးသားေတြသိသြားမွာ၊ စိတ္ပ်က္သြားမွာ စိုးရိမ္တဲ့ အတြက္ ပြင့္ပြင့္လင္းလင္း ေျပာၾကမွာ မဟုတ္ပါဘူး။

တခ်ိဳ႕ကလည္း အမ်ိဳးသမီးေတြဟာ လိင္မႈကိစၥမွာ စိတ္၀င္စားမႈမရွိၾကဘူး။ ဒါေၾကာင့္ သူတို႔ရဲ႕ အမ်ိဳးသားေတြ စိတ္ေက်နပ္ မႈရေအာင္လို႔ ခံစားမႈရဲ႕ အထြဋ္အထိပ္ကို ရသလိုမ်ိဳး ဟန္ေဆာင္ေနၾကတာလို႔ စြပ္စြဲၾကပါတယ္။ ဒါကေတာ့ တကယ္လို႔ အမ်ိဳးသမီးတေယာက္က လိင္ကိစၥကို ႏွစ္သက္ေက်နပ္တယ္ဆိုရင္ သူဟာ အက်င့္ပ်က္တဲ့ မိန္းမျဖစ္ရမယ္ဆိုတဲ့ အယူအ ဆ ေဟာင္း ေတြရဲ႕ အခံရွိေနလို႔ ျဖစ္ပါတယ္။

တခ်ိဳ႕ကလည္း အမ်ိဳးသမီးေတြက အိပ္ခန္းထဲမွာ ေယာက္်ားေတြျပဳသမွ်ႏုေနရတဲ့ ပံုစံမ်ိဳး ျဖစ္ေအာင္ လိမ္ညာေနၾကတာလို႔ ထင္ ၾကျပန္ပါတယ္။ ဒါေၾကာင့္ သူတို႔က လိင္ဆက္ဆံမႈရဲ႕ အထြဋ္အထိပ္ကို ရသလိုမ်ိဳး ဟန္ေဆာင္ၾကပါတယ္။ ကိုယ့္ ရဲ႕ အမ်ိဳးသားနဲ႔ ဒီကိစၥေၾကာင့္ ျပႆနာမျဖစ္ရေအာင္ အလြယ္တကူ ဟန္ေဆာင္လိုက္တာမ်ိဳးပါ။ ေနာက္ၿပီးေတာ့ သူတို႔က စိတ္ေက်နပ္မႈ ရွိတဲ့ အေၾကာင္း သူတို႔ရဲ႕ အမ်ိဳးသားကိုလည္း ျပခ်င္ပါေသးတယ္။ အဲဒီလုိနဲ႔ပဲ အထြတ္အထိပ္ကို ရသလိုမ်ိဳး ဟန္ေဆာင္ျဖစ္သြားၾကပါတယ္။

အလုပ္တခုကို ၿပီးေအာင္လုပ္တဲ့ သေဘာမ်ိဳးနဲ႔ အထြတ္အထိပ္ကို ရသြားသလိုဟန္ေဆာင္ခဲ့ပါတယ္လို႔ ၀န္ခံတဲ့ အမ်ိဳးသမီး တခ်ိဳ႕လည္း ရွိပါလိ္မ့္မယ္။ ဒီလို ကိစၥမ်ိဳးကို လိမ္ညာဟန္ေဆာင္ခဲ့တာ မရွိပါဘူးလို႔ ေျပာတဲ့ အမ်ိဳးသမီးေတြ လည္း ရွိပါလိမ့္ မယ္။ ဒီလိုအေျခအေနမ်ိဳးမွာ လိင္ဆက္ဆံျခင္းရဲ႕ အထြတ္အထိပ္ နဲ႔ ပတ္သက္လို႔ လိမ္ၾက သ လား မလိမ္ၾကဘူးလား ဆိုတာကို အေျဖရဖို႔ အေတာ္ကို ခက္ခဲပါတယ္။ ဒါေၾကာင့္ အမ်ိဳးသမီးေတြရဲ႕ အထြတ္ အထိပ္ ခံစားမႈဟာ သူတို႔လိုပဲ ပေဟဠိဆန္တယ္၊ နားလည္ရခက္တယ္လို႔ ေျပာရေတာ့မွာ ျဖစ္ပါတယ္။ အိမ္ ေထာင္မႈသာယာဖို႔မွာ အေရးႀကီးဆုံးက ပြင့္လင္း ျမင္သာဖုိ႔နဲ႔ နားလည္မႈက အဓိကပါပဲ။

Credit : Irrawaddy
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အိမ်ထောင်ကျပြီဆိုတာနဲ့ အမျိုးသမီးရယ်၊ အမျိုးသားရယ် ပွင့်လင်းမြင်သာမှုနဲ့ နားလည်မှုက အရမ်းကို အရေးပါ လာပါ တယ်။ လိင်မှုရေးရာကိစ္စမှာလည်း တဦးကို တဦးနားလည်မှ လိင်မှုရေးရာ အထွတ်အထိပ်ကို ရောက်နိုင်ပါတယ်။ ဒါပေမယ့် ဒီနေ့ အချိန်မှာ ခေတ်နဲ့ညီ တဲ့  အမျိုးသမီး တယောက်ဟာ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းချင်သူ အောင်မြင်ချင်သူ ဖြစ်တယ်။ မရှက်ကြောက်သင့် တဲ့နေရာမှာ မရှက်ကြောက်တော့ဘူး လို့ ပြောဆိုယူဆမှုတွေပို များလာပါတယ်။ ယောက်ျားတယောက်ရဲ့ ရှေ့မှာ ရို သေ ကျိုးနွံစွာ ရှိနေပြီးတော့ သူ့ရဲ့ ဆန္ဒနဲ့ ဦးဆောင်ရာကို လိုက်ရတဲ့ အချိန်တွေက အတိတ်မှာ ကျန်ခဲ့ပါပြီ။ ဒီနေ့ ခေတ် အမျိုး သမီးတယောက်ဟာ လွတ်လပ်စွာရပ်တည်ပြီးတော့ ကိုယ်ဘဝရဲ့ ကောင်းရာကောင်းကျိုးကို ကိုယ်တိုင် ဆုံး ဖြတ် နေကြ ပါပြီ။

ဒါပေမယ့် လိင်မှုကိစ္စနဲ့ ပတ်သက်လာရင်တော့ ဘယ်လို ယူဆလို့ ရနိုင်မလဲ။ အမျိုးသားတွေက သူတို့ရဲ့ စွမ်းဆောင် ရည်နဲ့ ခွန်အားအတွက် ဝင့်ဝါနိုင်ဖို့ အမျိုးသမီးတွေက သူတို့အတွက် လိင်ဆက်ဆံခြင်းရဲ့အထွတ်အထိပ် ဒါမှမဟုတ် အမြင့် ဆုံး သုခနဲ့ ပတ်သက်လို့ (ဟိုအရင်ကလို) လိမ်ညာနေကြတုန်းပဲလား။ အမျိုးသမီး တွေက လိင်ဆက်ဆံခြင်းရဲ့အထွတ်အထိပ် ကို မရရှိတာ ဟာ သူတို့ရဲ့ အားနည်းချက်လို့ ထင်နေကြတုန်းပဲလား လို့ တွေးစရာတွေ ရှိလာပါတယ်။

အမျိုးသမီးတွေက သူတို့ရဲ့ အထွတ်အထိပ် အချိန်နဲ့ ပတ်သက်လို့ မလိမ်ညာကြဘူးလို့ အများစုက ယုံကြည်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ထပ်ထားတဲ့ ဇနီးမောင်နှံတွေ ဖြစ်စေ၊ အတူနေသမီးရည်းစားလို ဆက်ဆံရေးမျိုးမှာ ဖြစ်စေ ပေါင်းစပ်မှုက တန်းတူရည်တူ ဖြစ်တယ်လို့ သဘောထားမယ်ဆိုရင် အမျိုးသမီးတွေ အနေနဲ့ လိင်ဆက်ဆံမှုနဲ့ ပတ်သက် လို့ စိတ်မကျေနပ်တာ၊ ဆန္ဒမပြည့်ဝတာရှိရင် သူတို့ရဲ့ အမျိုးသားကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြနိုင်တဲ့ အခြေအနေတွေ ရှိနေလို့ ဖြစ်ပါတယ်။ လိင်မှုကိစ္စဆိုတာ သားသမီးရဖို့ အတွက်သက်သက် လို့ ဘယ်သူမှ မတွေးတော့ပါဘူး။ ၂ဦး ၂ဘက် ပျော်ရွှင်ကျေ နပ်မှုကို ရရှိစေနိုင်တဲ့ အကြောင်းတခုဖြစ်ပါတယ်။

ဒါပေမယ့် တချို့ကတော့ အမျိုးသမီးတွေဟာ ပညာတတ်တွေဖြစ်ပြီး လူမှုအဆင့်အတန်းမြင့်မားတဲ့ သူတွေဖြစ်သည့် တိုင် အောင် လိင် မှုကိစ္စနှင့် ပတ်သက်လို့ ရှက်ကြောက်နေကြတုန်းပဲလို့ မြင်ကြပါတယ်။ ဒီအကြောင်းကို ပြောဆိုဆွေးနွေးဖို့ အ တွက် သူတို့ မှာ အဆင်မပြေပါဘူး။ ဒါ့အပြင် လိင်ခံစားမှုရဲ့ အထွဋ်အထိပ်ကို ရသလိုမျိုး ဟန်ဆောင်ထားတာ ရှိခဲ့ရင် လည်း သူတို့ရဲ့ အမျိုးသားတွေသိသွားမှာ၊ စိတ်ပျက်သွားမှာ စိုးရိမ်တဲ့ အတွက် ပွင့်ပွင့်လင်းလင်း ပြောကြမှာ မဟုတ်ပါဘူး။

တချို့ကလည်း အမျိုးသမီးတွေဟာ လိင်မှုကိစ္စမှာ စိတ်ဝင်စားမှုမရှိကြဘူး။ ဒါကြောင့် သူတို့ရဲ့ အမျိုးသားတွေ စိတ်ကျေနပ် မှုရအောင်လို့ ခံစားမှုရဲ့ အထွဋ်အထိပ်ကို ရသလိုမျိုး ဟန်ဆောင်နေကြတာလို့ စွပ်စွဲကြပါတယ်။ ဒါကတော့ တကယ်လို့ အမျိုးသမီးတယောက်က လိင်ကိစ္စကို နှစ်သက်ကျေနပ်တယ်ဆိုရင် သူဟာ အကျင့်ပျက်တဲ့ မိန်းမဖြစ်ရမယ်ဆိုတဲ့ အယူအ ဆ ဟောင်း တွေရဲ့ အခံရှိနေလို့ ဖြစ်ပါတယ်။

တချို့ကလည်း အမျိုးသမီးတွေက အိပ်ခန်းထဲမှာ ယောက်ျားတွေပြုသမျှနုနေရတဲ့ ပုံစံမျိုး ဖြစ်အောင် လိမ်ညာနေကြတာလို့ ထင် ကြပြန်ပါတယ်။ ဒါကြောင့် သူတို့က လိင်ဆက်ဆံမှုရဲ့ အထွဋ်အထိပ်ကို ရသလိုမျိုး ဟန်ဆောင်ကြပါတယ်။ ကိုယ့် ရဲ့ အမျိုးသားနဲ့ ဒီကိစ္စကြောင့် ပြဿနာမဖြစ်ရအောင် အလွယ်တကူ ဟန်ဆောင်လိုက်တာမျိုးပါ။ နောက်ပြီးတော့ သူတို့က စိတ်ကျေနပ်မှု ရှိတဲ့ အကြောင်း သူတို့ရဲ့ အမျိုးသားကိုလည်း ပြချင်ပါသေးတယ်။ အဲဒီလိုနဲ့ပဲ အထွတ်အထိပ်ကို ရသလိုမျိုး ဟန်ဆောင်ဖြစ်သွားကြပါတယ်။

အလုပ်တခုကို ပြီးအောင်လုပ်တဲ့ သဘောမျိုးနဲ့ အထွတ်အထိပ်ကို ရသွားသလိုဟန်ဆောင်ခဲ့ပါတယ်လို့ ဝန်ခံတဲ့ အမျိုးသမီး တချို့လည်း ရှိပါလိမ့်မယ်။ ဒီလို ကိစ္စမျိုးကို လိမ်ညာဟန်ဆောင်ခဲ့တာ မရှိပါဘူးလို့ ပြောတဲ့ အမျိုးသမီးတွေ လည်း ရှိပါလိမ့် မယ်။ ဒီလိုအခြေအနေမျိုးမှာ လိင်ဆက်ဆံခြင်းရဲ့ အထွတ်အထိပ် နဲ့ ပတ်သက်လို့ လိမ်ကြ သ လား မလိမ်ကြဘူးလား ဆိုတာကို အဖြေရဖို့ အတော်ကို ခက်ခဲပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ အထွတ် အထိပ် ခံစားမှုဟာ သူတို့လိုပဲ ပဟေဠိဆန်တယ်၊ နားလည်ရခက်တယ်လို့ ပြောရတော့မှာ ဖြစ်ပါတယ်။ အိမ် ထောင်မှုသာယာဖို့မှာ အရေးကြီးဆုံးက ပွင့်လင်း မြင်သာဖို့နဲ့ နားလည်မှုက အဓိကပါပဲ။

Credit : Irrawaddy

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top