iMyanmarHouse.com - Best Property Website for Myanmar
×

ဆံပင္ပါးေနသူမ်ားအေနနဲ႔ ဆံသားအိအိပြပြေလးျဖစ္ေစၿပီး အံုထူေစတဲ့ ေခါင္းေလွ်ာ္ရည္ (Volumnizing Shampoo) နဲ႔ ေလွ်ာ္ေပးပါ။ ဒါဆိုရင္ ဆံပင္ပံုသြင္းတဲ့အခါမွာလည္း ျပားျပားကပ္ကပ္ႀကီးျဖစ္မေနေတာ့ဘဲ သဘာဝက်က်လွတဲ့ဆံပင္နဲ႔ လွေနမွာပါ။

(၁) ပိုနီေတးလ္ပြပြေလးစည္းပါ

မ်က္ခံုးေမႊးအစြန္ႏွစ္ဖက္ကေနာက္စိထိ လက္နဲ႔ အေပၚဆံုးဆံပင္အလႊာကို လႊာယူလိုက္ပါ။ ဆံပင္အလႊာေအာက္ဖက္ကို ဘီးစိပ္စိပ္နဲ႔ ျခစ္ၿပီး ပြေအာင္လုပ္ရပါမယ္။ ေခါင္းေနာက္စိတည့္တည့္မွာ မစီးခင္ ဆံပင္ကို လက္နဲ႔စုလ်က္သားေလးကိုင္ၿပီး အေပၚကို ေဖာင္းသြားေအာင္ နည္းနည္းတြန္းတင္လိုက္ပါ။ ဆံပင္ကို ခ်ည္တဲ့အခါမွာ တင္းတင္းေလးျဖစ္ေအာင္ခ်ည္ရပါမယ္။ ဒါဆိုရင္ အရမ္းလွတဲ့ ပိုနီေတးလ္တင္းတင္းေလးရၿပီေပါ့။ စည္းထားတာကို ေထာင္ေထာင္ေလးျဖစ္ေနခ်င္ရင္ စည္းထားတဲ့သားေရပင္ေအာက္မွာ ဆံညွပ္တစ္ခုကို ပံုထဲကအတိုင္းေျပာင္းျပန္လွန္ၿပီး ထိုးလိုက္ပါ။ ဆံပင္ကို ထိန္းထားေပးသလိုျဖစ္ၿပီး စည္းထားတာေလ်ာက်ၿပီး ပံုပ်က္တာမ်ိဳးမျဖစ္ေစပါဘူး။

(၂) သဘာဝက်က် ဆံပင္လႈိင္းေလးေတြ

ေခါင္းေလွ်ာ္ၿပီးစ ဆံပင္ကို ပံုထဲကအတိုင္း လိမ္လိုက္ပါ။  ေလမႈတ္စက္ (Hair Dryer) ေလအပူနဲ႔ အနီးကပ္ အျမန္မႈတ္ေပးပါ။ မႈတ္ၿပီးတာနဲ႔ ျဖည္ခ်လိုက္ၿပီး ဖြလိုက္ရင္ ဆံပင္လိမ္လိမ္ပြပြေလး ရမွာပါ။ Hair Dryer သံုးရင္ ဆံပင္ပ်က္စီးေစတယ္လို႔ ေျပာၾကေပမယ့္ တစ္ခါတစ္ေလ ဆံပင္ပံုသြင္းတာေလာက္ကေတာ့ သံုးလို႔ရပါတယ္။ အပူခံေဆးျဖန္းေပးၿပီးမွ Hair Dryer မႈတ္ရင္ ဆံသားမထိခိုက္ပါဘူး။ Dryer မသံုးခ်င္ရင္ ေျဖာင့္စက္နဲ႔ အျမန္ဖိလိုက္လို႔ရပါတယ္။ အေရာင္ဆိုးထားတဲ့သူေတြ အေရာင္ေတာက္ခ်င္ရင္ Hair Coat လိမ္းၿပီးမွ မႈတ္ပါ။ ဆံသားေျခာက္ေသြ႕ျခင္းမွ ကာကြယ္ၿပီး ဆံပင္ကာလာေတာက္ေတာက္ေလး ျဖစ္လာေစပါတယ္။

(၃) က်စ္ဆံၿမီးကို ပြပြေလးက်စ္ပါ

ရုိးရုိးက်စ္ဆံၿမီးက်စ္ထားရင္ က်စ္ၿပီးသားက်စ္ဆံၿမီးကေန ေဘးကို အမွ်င္ေလးေတြ ဆဲြထုတ္ၿပီး ဖြလိုက္ပါ။ ငါးရုိးက်စ္ဆံၿမီး၊ ေလးပင္လိမ္က်စ္ဆံၿမီးေတြ က်စ္တတ္ရင္ ပိုေကာင္းပါတယ္။ မက်စ္တတ္လည္း မပူပါနဲ႔။ ဆံပင္က်စ္တဲ့အခါမွာ လြယ္ကူသြားေအာင္ ထည့္ၿပီးက်စ္တဲ့ အေခ်ာင္းေလးေတြ ဝယ္လို႔ရပါၿပီ။ တစ္ခုကို ေစ်းႏႈန္း ၁၀၀၀က်ပ္ကေန ၂၅၀၀ က်ပ္အထိရွိၿပီး ယုဇနပလာဇာရွိ အလွကုန္ေရာင္းတဲ့စတိုးဆိုင္နဲ႔ ေရွာ့ပင္းေမာေတြမွာ ဝယ္လို႔ရပါတယ္။ ဗီဒီယိုထဲကလို ဆံပင္ကို အဆင့္ဆင့္ ထည့္သြားေပး႐ုံနဲ႔ က်စ္ဆံၿမီးလွလွေလးေတြ က်စ္လို႔ရမွာပါ။

ဆံံပင္က်စ္တံနဲ႔ က်စ္နည္း

ဆံပင္ပါးေနသူမ်ားအေနနဲ႔ ေခါင္းမေလွ်ာ္ျဖစ္ဘူးဆိုရင္ ေခါင္းကထြက္တဲ့အဆီေတြကို ဖယ္ရွားပစ္ဖို႔ Dry Shampoo ကိုသံုးပါ။ ဆံပင္အထူႀကီး မဟုတ္တဲ့အတြက္  Dry Shampoo သံုးလို႔ အဆင္ေျပေစၿပီး ေတာ္ရုံတန္ရုံ သိပ္ဖုန္မကပ္ဘဲ အလုပ္ရွႈပ္သက္သာေစတဲ့နည္းလမ္းေကာင္းေလး ျဖစ္ပါတယ္။

Source : Prevention

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဆံပင်ပါးနေသူများအနေနဲ့ ဆံသားအိအိပွပွလေးဖြစ်စေပြီး အုံထူစေတဲ့ ခေါင်းလျှော်ရည် (Volumnizing Shampoo) နဲ့ လျှော်ပေးပါ။ ဒါဆိုရင် ဆံပင်ပုံသွင်းတဲ့အခါမှာလည်း ပြားပြားကပ်ကပ်ကြီးဖြစ်မနေတော့ဘဲ သဘာဝကျကျလှတဲ့ဆံပင်နဲ့ လှနေမှာပါ။

(၁) ပိုနီတေးလ်ပွပွလေးစည်းပါ

မျက်ခုံးမွှေးအစွန်နှစ်ဖက်ကနောက်စိထိ လက်နဲ့ အပေါ်ဆုံးဆံပင်အလွှာကို လွှာယူလိုက်ပါ။ ဆံပင်အလွှာအောက်ဖက်ကို ဘီးစိပ်စိပ်နဲ့ ခြစ်ပြီး ပွအောင်လုပ်ရပါမယ်။ ခေါင်းနောက်စိတည့်တည့်မှာ မစီးခင် ဆံပင်ကို လက်နဲ့စုလျက်သားလေးကိုင်ပြီး အပေါ်ကို ဖောင်းသွားအောင် နည်းနည်းတွန်းတင်လိုက်ပါ။ ဆံပင်ကို ချည်တဲ့အခါမှာ တင်းတင်းလေးဖြစ်အောင်ချည်ရပါမယ်။ ဒါဆိုရင် အရမ်းလှတဲ့ ပိုနီတေးလ်တင်းတင်းလေးရပြီပေါ့။ စည်းထားတာကို ထောင်ထောင်လေးဖြစ်နေချင်ရင် စည်းထားတဲ့သားရေပင်အောက်မှာ ဆံညှပ်တစ်ခုကို ပုံထဲကအတိုင်းပြောင်းပြန်လှန်ပြီး ထိုးလိုက်ပါ။ ဆံပင်ကို ထိန်းထားပေးသလိုဖြစ်ပြီး စည်းထားတာလျောကျပြီး ပုံပျက်တာမျိုးမဖြစ်စေပါဘူး။

(၂) သဘာဝကျကျ ဆံပင်လှိုင်းလေးတွေ

ခေါင်းလျှော်ပြီးစ ဆံပင်ကို ပုံထဲကအတိုင်း လိမ်လိုက်ပါ။  လေမှုတ်စက် (Hair Dryer) လေအပူနဲ့ အနီးကပ် အမြန်မှုတ်ပေးပါ။ မှုတ်ပြီးတာနဲ့ ဖြည်ချလိုက်ပြီး ဖွလိုက်ရင် ဆံပင်လိမ်လိမ်ပွပွလေး ရမှာပါ။ Hair Dryer သုံးရင် ဆံပင်ပျက်စီးစေတယ်လို့ ပြောကြပေမယ့် တစ်ခါတစ်လေ ဆံပင်ပုံသွင်းတာလောက်ကတော့ သုံးလို့ရပါတယ်။ အပူခံဆေးဖြန်းပေးပြီးမှ Hair Dryer မှုတ်ရင် ဆံသားမထိခိုက်ပါဘူး။ Dryer မသုံးချင်ရင် ဖြောင့်စက်နဲ့ အမြန်ဖိလိုက်လို့ရပါတယ်။ အရောင်ဆိုးထားတဲ့သူတွေ အရောင်တောက်ချင်ရင် Hair Coat လိမ်းပြီးမှ မှုတ်ပါ။ ဆံသားခြောက်သွေ့ခြင်းမှ ကာကွယ်ပြီး ဆံပင်ကာလာတောက်တောက်လေး ဖြစ်လာစေပါတယ်။

(၃) ကျစ်ဆံမြီးကို ပွပွလေးကျစ်ပါ

ရိုးရိုးကျစ်ဆံမြီးကျစ်ထားရင် ကျစ်ပြီးသားကျစ်ဆံမြီးကနေ ဘေးကို အမျှင်လေးတွေ ဆွဲထုတ်ပြီး ဖွလိုက်ပါ။ ငါးရိုးကျစ်ဆံမြီး၊ လေးပင်လိမ်ကျစ်ဆံမြီးတွေ ကျစ်တတ်ရင် ပိုကောင်းပါတယ်။ မကျစ်တတ်လည်း မပူပါနဲ့။ ဆံပင်ကျစ်တဲ့အခါမှာ လွယ်ကူသွားအောင် ထည့်ပြီးကျစ်တဲ့ အချောင်းလေးတွေ ဝယ်လို့ရပါပြီ။ တစ်ခုကို ဈေးနှုန်း ၁၀၀၀ကျပ်ကနေ ၂၅၀၀ ကျပ်အထိရှိပြီး ယုဇနပလာဇာရှိ အလှကုန်ရောင်းတဲ့စတိုးဆိုင်နဲ့ ရှော့ပင်းမောတွေမှာ ဝယ်လို့ရပါတယ်။ ဗီဒီယိုထဲကလို ဆံပင်ကို အဆင့်ဆင့် ထည့်သွားပေးရုံနဲ့ ကျစ်ဆံမြီးလှလှလေးတွေ ကျစ်လို့ရမှာပါ။

ဆံံပင်ကျစ်တံနဲ့ ကျစ်နည်း

ဆံပင်ပါးနေသူများအနေနဲ့ ခေါင်းမလျှော်ဖြစ်ဘူးဆိုရင် ခေါင်းကထွက်တဲ့အဆီတွေကို ဖယ်ရှားပစ်ဖို့ Dry Shampoo ကိုသုံးပါ။ ဆံပင်အထူကြီး မဟုတ်တဲ့အတွက်  Dry Shampoo သုံးလို့ အဆင်ပြေစေပြီး တော်ရုံတန်ရုံ သိပ်ဖုန်မကပ်ဘဲ အလုပ်ရှှုပ်သက်သာစေတဲ့နည်းလမ်းကောင်းလေး ဖြစ်ပါတယ်။

Source : Prevention

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top