iMyanmarHouse.com - Best Property Website for Myanmar
×

သင္၏မ်က္စိ တစ္စံုကို သတိမျပဳဂရုမစိုက္ဘဲ ဘယ္ေတာ့မွ မထားသင့္ပါ။မ်က္စိ်န္းမာေရးအတြက္ ခ်စ္ေမတၱာႏွင့္ ဂရုစိုက္မႈ

လိုအပ္ပါသည္။ေအာက္ပါတို႔သည္ သင့္မ်က္စိက်န္းမာေရးအတြက္ လိုက္နာသင့္သည္မ်ား ျဖစ္ပါသည္။
က်န္းမာေရးႏွင့္ညီညြတ္ေသာ အစားအစာ

မ်က္စိက်န္းမာေရးအတြက္ က်န္းမာေရးႏွင့္ ညီညြတ္ေသာ အစားအစာကစတင္ရမည္။အသက္အရြယ္ႀကီးျမင့္လာ

ေသာေၾကာင့္ ျဖစ္ေသာ မ်က္စိေရာဂါမ်ား(ဥပမာ-ျမင္လႊာေနာက္ခံအဂၤါပ်က္စီးျခင္း၊အတြင္းတိမ္)စသည္တို႔မွ

ကာကြယ္ရန္ အိုမီဂါ၃ အက္ဆစ္၊ဇင့္ဓာတ္၊လူတီယင္ဓာတ္၊ဗီတာမင္ စီႏွင့္ အီး တို႔ျပည့္ဝေနရန္လိုအပ္သည္။ထို အာဟာရ

ဓာတ္မ်ား ရရွိရန္ အစိမ္းေရာင္ဟင္းသီးဟင္းရြက္မ်ား၊ပင္လယ္ငါး၊ၾကက္ဥ၊အေစ့အဆန္၊ပဲ အမ်ိဳးမ်ိဳး၊ခ်ဥ္ေသာအသီးမ်ား၊ကင္းမြန္၊ ႏွင့္  ဝက္သားတို႔ကို စားေပးရမည္။က်န္းမာေစေသာ အာဟာရသည္ မ်က္စိကြယ္ျခင္း၏ အေၾကာင္းအရင္းမ်ား ျဖစ္သည့္  အဝလြန္ျခင္း ႏွင့္ ဆီးခ်ိဳေရာဂါ ကို ကင္းေဝးေစသည္။
ေဆးလိပ္ေသာက္ျခင္းကို ေရွာင္ၾကဥ္ပါ

ေဆးလိပ္ေသာက္ျခင္းသည္အတြင္းတိမ္ေရာဂါ၊အျမင္အာရံုေၾကာပ်က္ဆီးသည့္ေရာဂါ ႏွင့္ ျမင္လႊာေနာက္ခံသားပ်က္စီးသည့္ ေရာဂါတို႔ ျဖစ္နိုင္ေခ်ကို  တိုးျမင့္ေစသည္။ေဆးလိပ္ျဖတ္ရန္ ခက္ခဲသည့္ အတြက္ ေဆးလိပ္စြဲသူ အမ်ားစု

သည္ ပထမအႀကိမ္ႀကိဳးစားရံုျဖင့္မေအာင္ျမင္တတ္ေပ။သို႔ေသာ္လည္း လြယ္လြယ္ အရွံူးမေပးသင့္ေပ။သင္၏အားထုတ္မွုေကာင္းေလ ေအာင္ျမင္ဖို႔နီးေလ ျဖစ္ပါသည္။လိုအပ္ပါက ဆရာဝန္၏ အကူအညီကို ရယူပါ။
ေနကာမ်က္မွန္တပ္ျခင္း

ေနေရာင္ျခည္နွင့္ ၾကာရွည္စြာ ထိေတြ႔ရဖန္မ်ားလ်ွင္ အတြင္းတိမ္ႏွင့္  ျမင္လႊာေနာက္ခံသား ပ်က္စီးသည့္ ေရာဂါတို႔ ျဖစ္နိုင္ေခ် ျမင့္မားလာသည္။မ်က္စိကို ခရမ္းလြန္ေရာင္ျခည္မွ ကာကြယ္ရန္ ယခုပင္ ေနကာမ်က္မွန္တပ္သည့္ အက်င့္ကို က်င့္သံုးပါ။အကယ္၍ သင္သည္ မ်က္ကပ္မွန္ တပ္သူျဖစ္ၿပီး မ်က္ကပ္မွန္တြင္ေနေရာင္ကာကြယ္သည့္ အာနိသင္ ပါေစၿပီးေစကာမူ ေနကာမ်က္မွန္ တပ္ဆင္ျခင္းျဖင့္  အက်ိဳးေက်းဇူး အခ်ိဳ႕ ထပ္မံရရွိနိုင္ပါေသးသည္။
မ်က္စိအကာအကြယ္ ပစၥည္းမ်ား အသံုးျပဳပါ

သင္သည္ အႏၱရာယ္ရွိေသာ အရာဝတၳဳမ်ား၊ေလထဲတြင္လြင့္ေနေသာ အမွုန္အမႊားမ်ားႏွင့္ ထိေတြ႔ လုပ္ကိုင္ေနရသူျဖစ္ပါက မ်က္စိ အကာအကြယ္ အသံုးျပဳရန္ ဘယ္ေတာ့မွ မေမ့သင့္ပါ။ထုိ႕ျပင္ ခႏၶာကိုယ္ခ်င္း လံုးေထြး သတ္ပုတ္ရေသာအားကစား မ်ိဳးကို ကစားတတ္ပါက သင့္မ်က္စိကို ကာကြယ္ရန္ မ်က္ႏွာလံုးျပည့္လံုေသာ အကာအကြယ္ဦးထုပ္မ်ိဳးေဆာင္းပါ။
ကြန္ပ်ဴတာကို နားနားၿပီးသံုးပါ

သင္သည္ ကြန္ျပဴတာႏွင့္ အခ်ိန္ၾကာ ထိေတြ႔လုပ္ကိုင္ရသူျဖစ္ပါက မၾကာခဏအနားယူေပးဖို႔လိုပါသည္။သင္တပ္ဆင္ေသာ မ်က္မွန္သည္ ပါဝါအတိုးအေလ်ာ့ အၿမဲ ကိုက္ညီမွုရွိပါေစ။ကြန္ျပဴတာသံုးခ်ိန္တြင္ သင့္ေတာ္မည့္ မ်က္မွန္မ်ိဳးကို ဆရာဝန္နွင့္  တိုင္ပင္၍ တပ္ဆင္ပါ။ကြန္ျပဴတာ မ်က္ႏွာျပင္ ကို မ်က္စိကအနည္းငယ္ ငုံ႕ၾကည့္ရေသာအေနအထားတြင္ထားပါ။အလင္းေရာင္စူးစူးမ်ားကို စိုက္မၾကည့္ျဖစ္ေအာင္ ေနပါ။မိနစ္ ၂၀ ခန္႔ ကြန္ျပဴတာသံုးၿပီး

တိုင္း မ်က္စိကို အနားေပးသင့္ၿပီး ၂ နာရီျခားတစ္ခါ  ကြန္ျပဴတာသံုးၿပီးတိုင္း ၁၅ မိနစ္ခန္႔ လမ္းေလ်ွာက္ေပးပါ။မ်က္စိအစိုဓာတ္အတြက္ မၾကာခဏ မ်က္ေတာင္ခတ္ေပးပါ။
ဆရာဝန္ႏွင့္ ေဆြးေႏြးရန္

    သင္၏ မ်က္စိဆရာဝန္ႏွင့္ ပံုမွန္ျပသရန္ လိုအပ္ပါသည္။ထိုသို႔ ပံုမွန္ စစ္ေဆးမွုျပဳလုပ္ျခင္းျဖင့္  ေရာဂါလကၡဏာ မျပဘဲ
    ရွိေနတတ္ေသာ ေရတိမ္ကဲ့သို႔ ေရာဂါ မ်ိဳးကို စစ္ေဆးေတြ႔ရွိႏိုင္သည္။ေစာစီးစြာ ေရာဂါကိုသိရွိ၍ ကုသပါက အေကာင္းပကတိနီးပါး ျပန္လည္ ေကာင္းမြန္နိုင္ပါသည္။မ်က္စိဆရာဝန္ ၂ မ်ိဳးရွိပါသည္။
    မ်က္စိ အထူးကု ဆရာဝန္ သည္မ်က္စိကို ျပဳစုေစာင့္ေရွာက္ျခင္း၌ အထူးျပဳေလ့လာထားၿပီး မ်က္စိေရာဂါမ်ားကို
    ရွာေဖြ ကုသျခင္းအျပင္ မ်က္စိဆိုင္ရာ ခြဲစိတ္ကုသမွုမ်ားကိုပါ ျပဳလုပ္ၾကပါသည္။
    မ်က္စိသမားေတာ္သည္ မ်က္စိေရာဂါမ်ားကို ကုသေသာ္လည္း မ်က္စိဆိုင္ရာ ခြဲစိတ္မွုမ်ားကိုေတာ့ မျပဳလုပ္ပါ။
    မိမိမ်က္စိ၏ လိုအပ္ခ်က္အေပၚ မူတည္၍ လိုအပ္သလို သင့္ေတာ္ေသာ ဆရာဝန္ႏွင့္ ေဆြးေႏြး တိုင္ပင္ကုသပါ။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သင်၏မျက်စိ တစ်စုံကို သတိမပြုဂရုမစိုက်ဘဲ ဘယ်တော့မှ မထားသင့်ပါ။မျက်ဈိန်းမာရေးအတွက် ချစ်မေတ္တာနှင့် ဂရုစိုက်မှု

လိုအပ်ပါသည်။အောက်ပါတို့သည် သင့်မျက်စိကျန်းမာရေးအတွက် လိုက်နာသင့်သည်များ ဖြစ်ပါသည်။
ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာ

မျက်စိကျန်းမာရေးအတွက် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာကစတင်ရမည်။အသက်အရွယ်ကြီးမြင့်လာ

သောကြောင့် ဖြစ်သော မျက်စိရောဂါများ(ဥပမာ-မြင်လွှာနောက်ခံအင်္ဂါပျက်စီးခြင်း၊အတွင်းတိမ်)စသည်တို့မှ

ကာကွယ်ရန် အိုမီဂါ၃ အက်ဆစ်၊ဇင့်ဓာတ်၊လူတီယင်ဓာတ်၊ဗီတာမင် စီနှင့် အီး တို့ပြည့်ဝနေရန်လိုအပ်သည်။ထို အာဟာရ

ဓာတ်များ ရရှိရန် အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ပင်လယ်ငါး၊ကြက်ဥ၊အစေ့အဆန်၊ပဲ အမျိုးမျိုး၊ချဉ်သောအသီးများ၊ကင်းမွန်၊ နှင့်  ဝက်သားတို့ကို စားပေးရမည်။ကျန်းမာစေသော အာဟာရသည် မျက်စိကွယ်ခြင်း၏ အကြောင်းအရင်းများ ဖြစ်သည့်  အဝလွန်ခြင်း နှင့် ဆီးချိုရောဂါ ကို ကင်းဝေးစေသည်။
ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ

ဆေးလိပ်သောက်ခြင်းသည်အတွင်းတိမ်ရောဂါ၊အမြင်အာရုံကြောပျက်ဆီးသည့်ရောဂါ နှင့် မြင်လွှာနောက်ခံသားပျက်စီးသည့် ရောဂါတို့ ဖြစ်နိုင်ချေကို  တိုးမြင့်စေသည်။ဆေးလိပ်ဖြတ်ရန် ခက်ခဲသည့် အတွက် ဆေးလိပ်စွဲသူ အများစု

သည် ပထမအကြိမ်ကြိုးစားရုံဖြင့်မအောင်မြင်တတ်ပေ။သို့သော်လည်း လွယ်လွယ် အရှူံးမပေးသင့်ပေ။သင်၏အားထုတ်မှုကောင်းလေ အောင်မြင်ဖို့နီးလေ ဖြစ်ပါသည်။လိုအပ်ပါက ဆရာဝန်၏ အကူအညီကို ရယူပါ။
နေကာမျက်မှန်တပ်ခြင်း

နေရောင်ခြည်နှင့် ကြာရှည်စွာ ထိတွေ့ရဖန်များလျှင် အတွင်းတိမ်နှင့်  မြင်လွှာနောက်ခံသား ပျက်စီးသည့် ရောဂါတို့ ဖြစ်နိုင်ချေ မြင့်မားလာသည်။မျက်စိကို ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ရန် ယခုပင် နေကာမျက်မှန်တပ်သည့် အကျင့်ကို ကျင့်သုံးပါ။အကယ်၍ သင်သည် မျက်ကပ်မှန် တပ်သူဖြစ်ပြီး မျက်ကပ်မှန်တွင်နေရောင်ကာကွယ်သည့် အာနိသင် ပါစေပြီးစေကာမူ နေကာမျက်မှန် တပ်ဆင်ခြင်းဖြင့်  အကျိုးကျေးဇူး အချို့ ထပ်မံရရှိနိုင်ပါသေးသည်။
မျက်စိအကာအကွယ် ပစ္စည်းများ အသုံးပြုပါ

သင်သည် အန္တရာယ်ရှိသော အရာဝတ္ထုများ၊လေထဲတွင်လွင့်နေသော အမှုန်အမွှားများနှင့် ထိတွေ့ လုပ်ကိုင်နေရသူဖြစ်ပါက မျက်စိ အကာအကွယ် အသုံးပြုရန် ဘယ်တော့မှ မမေ့သင့်ပါ။ထို့ပြင် ခန္ဓာကိုယ်ချင်း လုံးထွေး သတ်ပုတ်ရသောအားကစား မျိုးကို ကစားတတ်ပါက သင့်မျက်စိကို ကာကွယ်ရန် မျက်နှာလုံးပြည့်လုံသော အကာအကွယ်ဦးထုပ်မျိုးဆောင်းပါ။
ကွန်ပျူတာကို နားနားပြီးသုံးပါ

သင်သည် ကွန်ပြူတာနှင့် အချိန်ကြာ ထိတွေ့လုပ်ကိုင်ရသူဖြစ်ပါက မကြာခဏအနားယူပေးဖို့လိုပါသည်။သင်တပ်ဆင်သော မျက်မှန်သည် ပါဝါအတိုးအလျော့ အမြဲ ကိုက်ညီမှုရှိပါစေ။ကွန်ပြူတာသုံးချိန်တွင် သင့်တော်မည့် မျက်မှန်မျိုးကို ဆရာဝန်နှင့်  တိုင်ပင်၍ တပ်ဆင်ပါ။ကွန်ပြူတာ မျက်နှာပြင် ကို မျက်စိကအနည်းငယ် ငုံ့ကြည့်ရသောအနေအထားတွင်ထားပါ။အလင်းရောင်စူးစူးများကို စိုက်မကြည့်ဖြစ်အောင် နေပါ။မိနစ် ၂၀ ခန့် ကွန်ပြူတာသုံးပြီး

တိုင်း မျက်စိကို အနားပေးသင့်ပြီး ၂ နာရီခြားတစ်ခါ  ကွန်ပြူတာသုံးပြီးတိုင်း ၁၅ မိနစ်ခန့် လမ်းလျှောက်ပေးပါ။မျက်စိအစိုဓာတ်အတွက် မကြာခဏ မျက်တောင်ခတ်ပေးပါ။
ဆရာဝန်နှင့် ဆွေးနွေးရန်

    သင်၏ မျက်စိဆရာဝန်နှင့် ပုံမှန်ပြသရန် လိုအပ်ပါသည်။ထိုသို့ ပုံမှန် စစ်ဆေးမှုပြုလုပ်ခြင်းဖြင့်  ရောဂါလက္ခဏာ မပြဘဲ
    ရှိနေတတ်သော ရေတိမ်ကဲ့သို့ ရောဂါ မျိုးကို စစ်ဆေးတွေ့ရှိနိုင်သည်။စောစီးစွာ ရောဂါကိုသိရှိ၍ ကုသပါက အကောင်းပကတိနီးပါး ပြန်လည် ကောင်းမွန်နိုင်ပါသည်။မျက်စိဆရာဝန် ၂ မျိုးရှိပါသည်။
    မျက်စိ အထူးကု ဆရာဝန် သည်မျက်စိကို ပြုစုစောင့်ရှောက်ခြင်း၌ အထူးပြုလေ့လာထားပြီး မျက်စိရောဂါများကို
    ရှာဖွေ ကုသခြင်းအပြင် မျက်စိဆိုင်ရာ ခွဲစိတ်ကုသမှုများကိုပါ ပြုလုပ်ကြပါသည်။
    မျက်စိသမားတော်သည် မျက်စိရောဂါများကို ကုသသော်လည်း မျက်စိဆိုင်ရာ ခွဲစိတ်မှုများကိုတော့ မပြုလုပ်ပါ။
    မိမိမျက်စိ၏ လိုအပ်ချက်အပေါ် မူတည်၍ လိုအပ်သလို သင့်တော်သော ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်ကုသပါ။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top