iMyanmarHouse.com - Best Property Website for Myanmar
×


ဆီးချိုကာကွယ်နိုင်










Credit : Kumudra

ငှက်ပျောရွက်မှာ corosolic အက်ဆစ်၊ lagerstro-emia နဲ့ gallotannins တို့ ပါ ဝင် နေပါတယ်။

Corosolic acid က သွေးကြောတွေထဲက သကြားဓာတ် ပမာဏကို ကျဆင်းစေနိုင်သလို ခန္ဓာကိုယ်ထဲက ဆဲလ်တွေကိုလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်အောင်လှုံ့ဆော်ပေး ပါ တယ်။ သွေးတွင်း ကိုလက်စထရော ပမာဏကိုလည်း ကျဆင်း စေ နိုင်ပါတယ်။
ဆီးချိုကာကွယ်နိုင်

ငှက်ပျောရွက်ကဆဲလ်တွေရဲ့ ဂလူးကို့စ်တုံ့ပြန်နိုင်စွမ်းကို တိုးတက် စေနိုင်ပါတယ်။ သွေးတွင်းသကြားပမာဏ မြင့်တက်နေတာကိုလည်း ကျဆင်းစေနိုင်ပါ တယ်။ ခန္ဓာကိုယ်ရဲ့ ဂလူးကို့စ် ထုတ်လုပ်မှုကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။
ကိုယ်အလေးချိန်ကျစေနိုင်

ဆီးချိုဝေဒနာရဲ့ ဘေးထွက် ဆိုးကျိုးတစ်ခုက ကိုယ်အလေး ချိန် တက်လာတာပါ။ ဆီးချိုဆေး တော် တော်များများက သွေးတွင်း သကြား ဓာတ်ကိုပဲကျဆင်းစေပြီး သွေးတွင်းအဆီဓာတ်ကို ကျဆင်းစေအောင်တော့ မလုပ်ဆောင်နိုင်ပါဘူး။ ငှက်ပျောရွက်မှာပါတဲ့ အ ဆီအနှစ်က ကိုယ်တွင်း မော်လီကျူးတွေကို ဂလူးကို့စ်သိုလှောင် ထားနိုင်အောင် လှုံ့ဆော်ပေးပြီး အစားစားချင်စိတ်ကိုလည်း လျော့ ကျစေနိုင်ပါတယ်။ သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောတွေကိုလည်း ကျဆင်း စေနိုင်ပါတယ်။
ဓာတ်တိုးဆန့်ကျင် အာနိသင်

ငှက်ပျောရွက်မှာပါတဲ့အဆီအနှစ်က dismutase လိုမျိုး superoxide ပမာဏကိုလျော့ကျ စေနိုင် တဲ့ အာနိသင်ရှိပါတယ်။ Dismutase ကဆဲလ်တွေကို လုပ်ငန်း ဆောင်တာတွေ ကောင်းစွာလုပ် ဆောင်နိုင်တာမျိုး မရှိအောင် ဟန့်တားပြီး ရောဂါပိုးကူးစက်ခံရတဲ့ နေရာတွေမှာလည်းပိုးမွှားတွေ ပေါက်ဖွားနိုင်ခြေကို တိုးစေနိုင်ပါ တယ်။

ငှက်ပျောရွက်မှာပါတဲ့ အဆီအနှစ်က ဆီးချိုဝေဒနာခံစား နေရတဲ့ ကြွက်တွေမှာ ခန္ဓာကိုယ်ရဲ့ ဓာတ်တိုးဆန့်ကျင် အင်ဇိုင်း တစ်ရပ် ဖြစ်တဲ့ catalase ပမာဏကိုတိုး တက်အောင် ကူညီပေးနိုင်ပါတယ်။
ရောင်ရမ်းတာကိုသက်သာစေနိုင်

ငှက်ပျောရွက်မှာပါတဲ့ Corosolic အက်ဆစ်က arachidonic ကိုတားဆီး ပေးနိုင်တာကြောင့် ရောင်ရမ်းမှုကိုကာကွယ်ပေးနိုင်ပါတယ်။ သည် Corosolic အက်ဆစ်က ကိုယ်တွင်းမှာ prostaglandin နဲ့ leukotriene တို့ ဖြစ် ပေါ် မှု ကို လည်း တားဆီးပေးပါ တယ်။
ဘက်တီးရီးယား တိုက်ဖျက်နိုင်

ငှက်ပျောရွက်ကနေရရှိတဲ့ အဆီအနှစ်က ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို ဟန့်တားပေးနိုင်ပါတယ်။
ကင်ဆာကာကွယ်ပေးနိုင်တယ်

ငှက်ပျောရွက်မှာပါတဲ့ corosolic acid က  အူမကြီးကင်ဆာ ဆဲလ်တွေကို တိုက်ဖျက်ပေးနိုင် ပါ တယ်။ သည်အက်ဆစ်က ရှိပြီးသား ကင်ဆာကျိတ်တွေ ကြီးထွားမှုကိုလည်း ဟန့်တားပေးနိုင်ပါ တယ်။
နှလုံးကျန်းမာစေနိုင်

ငှက်ပျောရွက်ရဲ့ အဆီအနှစ် မှာ ပါတဲ့ tannic acid တစ်မျိုးဖြစ် တဲ့ gallotannins ပါဝင်နေပါ တယ်။Tannic acid က နှလုံးရော ဂါ ကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်း ခံတွေထဲကတစ်ခုဖြစ်တဲ့ endot-helin-1အမျိုးအစား ပရိုတင်း ထုတ်လုပ်မှုကို တားဆီးပေးပါ တယ်။
အသည်းကိုကာကွယ်ပေးနိုင်

Nonalcoholic steatohepatitis ဆိုတာကအသည်းမှာ အဆီတွေအလွန်အကျွံစုစည်းရာက နေဖြစ်လာတဲ့ အသည်းရောဂါ တစ် မျိုးပါ။ သကြားစားသုံးမှုများတာ ကလည်းအသည်းရောဂါကိ ုဖြစ် စေနိုင်တဲ့ အဓိက အကြောင်းရင်း ခံတစ်ခုပါ။

Credit : Kumudra

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top