iMyanmarHouse.com - Best Property Website for Myanmar
×

ေန႕စဥ္လိုလို ၀ယ္ယူၿပီး စားေသာက္ေနတဲ့ ေဂၚဖီပန္းပြင့္ကို အရသာရွိရွိသာစားသံုးတတ္ႀကေပမယ့္လည္း သူ႕မွာပါ၀င္တဲ့ က်န္းမာေရးဆိုင္ရာ အက်ိဳးေက်းဇူးေတြကိုေတာ့ သတိမထားတတ္ႀကပါဘူး။ က်န္းမာေရးအက်ိဳးေက်းဇူးေတြ အမ်ားႀကီးရွိတယ္ဆိုလို႕ ပိုၿပီးစားမယ္လို႕ စဥ္းစားတာလည္းေကာင္းေပမယ့္ တစ္ခုေတာ့သတိထားရပါမယ္။ အဲ့ဒါကေတာ့ မ်က္လံုးနဲ႕မျမင္ႏိုင္တဲ့ ဘတ္တီးရီးယားေတြ၊ ပိုးသတ္ေဆး၊ ေပါင္းသတ္ေဆးေတြရွိႏိုင္လို႕ မစားခင္မွာေသခ်ာအထူးဂရုတစိုက္ ေဆးေႀကာဖို႕ပါပဲ။

ဒါဆိုရင္ ျဖဴျဖဴေဖြးေဖြး ေဂၚဖီပန္းပြင့္က လူသားေတြရဲ႕က်န္းမာေရးကို ဘယ္လုိအက်ိဳးေက်းဇူးေတြေပးႏိုင္သလဲ သိရေအာင္လုိ႕ အခုပဲေဖာ္ျပေပးလုိက္ရပါတယ္။

၁။ ကင္ဆာကာကြယ္ေပးသည့္အစြမ္းသတၱိမ်ား

ခႏၶာကိုယ္အတြင္းက ကင္ဆာဖြံ႕ၿဖိဳးမႈကို တိုက္ထုတ္ေပးတဲ့ အစြမ္းသတၱိ ေဂၚဖီပန္းပြင့္မွာပါ၀င္ပါတယ္။ ဒါေႀကာင့္ အခ်ိဳ႕ခ်ိဳ႕ေသာ ကင္ဆာေရာဂါမ်ားေပၚေပါက္မႈကို ကာကြယ္ေပးႏုိင္ပါတယ္။

၂။ ဗီတာမင္မ်ားသိုေလွာင္ရာေဂၚဖီပန္းပြင့္မွာ ကိုလက္စထေရာျမင့္တက္မႈကို တားဆီးေပးၿပီး ခႏၶာကိုယ္အတြင္း ေသြးလည္ပတ္အားတိုးေစသည့္ ဗီတာမင္စီ၊ ေက တုိ႕လို႕ ဗီတာမင္မ်ားလည္း ပါ၀င္ေနပါတယ္။

၃။ သတၱဳဓာတ္မ်ား

ပရိုတင္း၊ မဂၢနီဆီယမ္၊ ေဖာ့စ္ေဖာရပ္စ္၊ ပိုတက္ဆီယမ္ စသျဖင့္ အစြမ္းသတၱိမ်ား ေဂၚဖီပန္းပြင့္တြင္ ေပါင္းစပ္ပါ၀င္ေနလို႕ က်န္းမာႀကံ႕ခိုင္တဲ့ ကိုယ္ခႏၶာရရွိဖို႕ အေကာင္းဆံုးေရြးခ်ယ္မႈပါပဲ။

၄။ အလြန္မ်ားျပားသည့္ ဖိုက္ဘာပါ၀င္မႈ

ဖိုက္ဘာက အစာေျခဖ်က္မႈအားေကာင္းေစၿပီး အခ်ိန္ႀကာႀကာ ျပည့္အင့္ေနေစပါတယ္။ ဒါေပမယ့္လည္း ေဂၚဖီပန္းပြင့္စားသံုးျခင္းက အခ်ိဳ႕လူမ်ားကို ေလတက္ျခင္း၊ ေဖာေရာင္ျခင္းတုိ႕ကို ျဖစ္ေစႏုိင္ပါတယ္။

၅။ ဦးေႏွာက္အတြက္ေကာင္းက်ိဳးမ်ားျခင္း

ဦးေႏွာက္ဖြံ႕ၿဖိဳးမႈကို အားျဖည့္ေပးတဲ့ ဗီတာမင္ဒီက ေဂၚဖီပန္းပြင့္တြင္ပါ၀င္လို႕ ဦးေႏွာက္မွတ္ဥာဏ္ႏွင့္ သင္ယူႏုိင္စြမ္းအားကို တိုးတက္ေစပါတယ္။

Credit : My Food
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နေ့စဉ်လိုလို ဝယ်ယူပြီး စားသောက်နေတဲ့ ဂေါ်ဖီပန်းပွင့်ကို အရသာရှိရှိသာစားသုံးတတ်ကြပေမယ့်လည်း သူ့မှာပါဝင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကိုတော့ သတိမထားတတ်ကြပါဘူး။ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရှိတယ်ဆိုလို့ ပိုပြီးစားမယ်လို့ စဉ်းစားတာလည်းကောင်းပေမယ့် တစ်ခုတော့သတိထားရပါမယ်။ အဲ့ဒါကတော့ မျက်လုံးနဲ့မမြင်နိုင်တဲ့ ဘတ်တီးရီးယားတွေ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေရှိနိုင်လို့ မစားခင်မှာသေချာအထူးဂရုတစိုက် ဆေးကြောဖို့ပါပဲ။

ဒါဆိုရင် ဖြူဖြူဖွေးဖွေး ဂေါ်ဖီပန်းပွင့်က လူသားတွေရဲ့ကျန်းမာရေးကို ဘယ်လိုအကျိုးကျေးဇူးတွေပေးနိုင်သလဲ သိရအောင်လို့ အခုပဲဖော်ပြပေးလိုက်ရပါတယ်။

၁။ ကင်ဆာကာကွယ်ပေးသည့်အစွမ်းသတ္တိများ

ခန္ဓာကိုယ်အတွင်းက ကင်ဆာဖွံ့ဖြိုးမှုကို တိုက်ထုတ်ပေးတဲ့ အစွမ်းသတ္တိ ဂေါ်ဖီပန်းပွင့်မှာပါဝင်ပါတယ်။ ဒါကြောင့် အချို့ချို့သော ကင်ဆာရောဂါများပေါ်ပေါက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

၂။ ဗီတာမင်များသိုလှောင်ရာဂေါ်ဖီပန်းပွင့်မှာ ကိုလက်စထရောမြင့်တက်မှုကို တားဆီးပေးပြီး ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်အားတိုးစေသည့် ဗီတာမင်စီ၊ ကေ တို့လို့ ဗီတာမင်များလည်း ပါဝင်နေပါတယ်။

၃။ သတ္တုဓာတ်များ

ပရိုတင်း၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖောရပ်စ်၊ ပိုတက်ဆီယမ် စသဖြင့် အစွမ်းသတ္တိများ ဂေါ်ဖီပန်းပွင့်တွင် ပေါင်းစပ်ပါဝင်နေလို့ ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာရရှိဖို့ အကောင်းဆုံးရွေးချယ်မှုပါပဲ။

၄။ အလွန်များပြားသည့် ဖိုက်ဘာပါဝင်မှု

ဖိုက်ဘာက အစာခြေဖျက်မှုအားကောင်းစေပြီး အချိန်ကြာကြာ ပြည့်အင့်နေစေပါတယ်။ ဒါပေမယ့်လည်း ဂေါ်ဖီပန်းပွင့်စားသုံးခြင်းက အချို့လူများကို လေတက်ခြင်း၊ ဖောရောင်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

၅။ ဦးနှောက်အတွက်ကောင်းကျိုးများခြင်း

ဦးနှောက်ဖွံ့ဖြိုးမှုကို အားဖြည့်ပေးတဲ့ ဗီတာမင်ဒီက ဂေါ်ဖီပန်းပွင့်တွင်ပါဝင်လို့ ဦးနှောက်မှတ်ဉာဏ်နှင့် သင်ယူနိုင်စွမ်းအားကို တိုးတက်စေပါတယ်။

Credit : My Food

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top