iMyanmarHouse.com - Best Property Website for Myanmar
×





Photo : မေသက်ခိုင် FB

Credit : Duwun

သရုပ်ဆောင် မေသက်ခိုင်က ထိုင်းနိုင်ငံ ဘန်ကောက်မှာ အနုပညာနဲ့ ပတ်သက်တဲ့ ကျောင်းတက်နေတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ စာတွေသင်ရင်းနဲ့ အိမ်ကို လွမ်းနေတယ်ဆိုတဲ့ အကြောင်းလေး တင်ခဲ့ပါတယ်။

စာအပြည့်အစုံလေးက "exam ရက်တွေကိုကြောက်ရင်း level တစ်ခုအောင်သွားရင်းနဲ့ . စာတွေပိုပိုခက်လာရင်း .အိမ်ကိုလွမ်းရင်း" ဆိုတဲ့ စာလေးဖြစ်ပါတယ်။  သူမဟာ ထိုင်းနိုင်ငံမှာ ဘန်ကောက်မှာ ရှိတဲ့ Grammy Vocal  Studio Music School ကျောင်းမှာ အနုပညာဘာသာရပ်ကို သင်ယူနေတာဖြစ်ပါတယ်။

ဇာတ်ကားရိုက်ကူးမှုတွေ မတွေ့ရတော့တဲ့ မေသက်ခိုင်ကို ပရိသတ်တွေက ဇာတ်ကားပြန်ရိုက်ဖို့ တောင်းဆိုထားတာ တွေလည်း ကောမန့်တော်တော်များများမှာ တွေ့ရပါတယ်။

ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ချစ်စဖွယ်အသံလေးကို ပိုင်ဆိုင်ထားတဲ့ မေသက်ခိုင်ဟာ ပရိသတ်တွေချစ်တဲ့ အားပေးတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : မေသက်ခိုင် FB

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top