iMyanmarHouse.com - Best Property Website for Myanmar
×

. . . .










Credit : Loveshop
ပို့သပေးပါတယ်။

အမျိုးသမီးတွေ သဝန်တိုတတ်တဲ့ အကြောင်းတွေကိုတော့ မကြာခဏ ပြောလေ့ဆိုလေ့ ရှိကြပေမယ့် အမျိုးသားတွေ သဝန်တိုတတ်တဲ့ အကြောင်းကိုတော့ သိပ်ပြောတာ မတွေ့မိပါဘူး။ ဒီလိုဆို အမျိုးသားတွေကများ သဝန်မတိုတတ်လို့လား ?? အမျိုးသားတွေလည်း သဝန်တိုတတ်ပါတယ်။ အထူးသဖြင့် အောက်ကလို အပြုအမူမျိုးကို သူတို့ရဲ့ ကောင်မလေးတွေက ပြုလုပ်တဲ့အခါ ပိုပြီး သဝန်တိုလေ့ ရှိတတ်ကြပါတယ်။
. . . .

❎ အခြား အမျိုးသားတစ်ဦးကို သဘောကျကြောင်း ပြောတဲ့အခါ

မင်းသားဖြစ်ဖြစ် ၊ မော်ဒယ်လ်ဖြစ်ဖြစ် သာမန် လမ်းပေါ်ကနေ ဖြတ်ခနဲ တွေ့လိုက်တဲ့ အမျိုးသားကိုပဲ ဖြစ်ဖြစ် သူတို့ရဲ့ ကောင်မလေးတွေက စွဲဆောင်မှု ရှိလိုက်တာ ၊ ချောလိုက်တာ မိုက်လိုက်တာ စသည်ဖြင့် ပြောတဲ့အခါ သူတို့ စိတ်ထဲမှာ အလွန်အမင်း သဝန်တို ၊ မနာလိုဖြစ်ကြပါတယ်။

❎ အခြား အမျိုးသားပြောတဲ့ စကားတွေကို နှစ်သက်သဘောကျကြောင်း ပြတဲ့အခါ

သူတို့ရဲ့ ကောင်မလေးတွေက အခြား အမျိုးသားတစ်ဦးဦး ကပြောပြတဲ့ ဟာသတွေကို အားရပါးရ ရယ်မော နေရင်ပဲဖြစ်ဖြစ်၊ အမျိုးသားတစ်ဦးနဲ့ စိတ်လိုလက်ရ စကားလက်ဆုံ ကျနေရင်ပဲ ဖြစ်ဖြစ် သူတို့မကြိုက်တတ်ပါဘူး ၊ အဲ့လို အခြေအနေမျိုးမှာလည်း မနာလို ဖြစ်တတ်ကြပါတယ်။

❎ Best Friend အခင်ဆုံး သူငယ်ချင်းက ယောင်္ကျားလေးတစ်ဦး ဖြစ်နေတဲ့အခါ

ကောင်မလေးတွေမှာ သူငယ်ချင်း အဖော်တွေ ရှိတတ်တာ သဘာဝပါပဲ ၊ ဒါပေမယ့် အချိန်တိုင်း အနီးစပ်ဆုံး အဖြစ်ရှိနေတဲ့ အကောင်းဆုံး သူငယ်ချင်းက အမျိုးသားတစ်ယောက် ဖြစ်နေပြီ ဆိုရင်တော့ ဒါ သဘာဝ မကျတော့ဘူးလို့ မှတ်ယူတတ်ကြပါတယ်။ အဲ့ဒီ အမျိုးသားကိုလည်း အချိန်တိုင်း မနာလိုပြီး သဝန်တိုနေတတ်တာ အသေအချာပါပဲ။

❎ အပြင်ကို သူ မပါပဲသွားပြီး ဓာတ်ပုံတွေ အမြောက်အမြား တင်နေတဲ့အခါ

ချစ်သူ ကောင်မလေးက အပြင်ကို တစ်ယောက်တည်းဖြစ်စေ ၊ သူငယ်ချင်းတွေ နဲ့ဖြစ်စေ လျှောက်လည်ပတ်နေပြီး ဓာတ်ပုံတွေ အများကြီး တင်နေတဲ့အခါ သူတို့ မကြိုက်တတ်ပါဘူး ။ သူ မပါပဲ ပျော်နေတာလား ၊ ပျော်နေရလို့ သူ့ကိုတောင်မေ့နေပြီလား စသည်ဖြင့် အတွေးအမျိုးမျိုး နဲ့ ပြဿနာ ရှာတတ်ကြပါတယ်။

ကဲ ဒီအချက်လေးတွေထဲက ဘယ်ဟာလေးတွေ မှန်လဲ ပြောခဲ့ဦးနော် ..

Credit : Loveshop

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top