iMyanmarHouse.com - Best Property Website for Myanmar
×

အဆုိေတာ္စႏၵီျမင့္လြင္နဲ႔ ကုိသီဟလြင္တုိ႔ရဲ႕ မဂၤလာဧည့္ခံပြဲကုိ မတ္လ ၁၁ ရက္ေန႔ ေန႔လည္ ၁ နာရီက ႏုိဗုိတယ္ ဟုိတယ္မွာ ခမ္းခမ္းနားနား က်င္းပျပဳလုပ္ခဲ့ၿပီး ဒီမဂၤလာပြဲကုိေတာ့ ဖိတ္ၾကားထားတဲ့ လူႀကီးမင္းမ်ား၊ အႏုပညာအသုိင္းအဝုိင္းမွ မိတ္ေဆြမ်ား၊ ေမာင္ႏွမမ်ားနဲ႔ မီဒီယာအသီး သီး က တာဝန္ရွိသူေတြက တက္ေရာက္အားေပးခဲ့ၾကပါတယ္။

စႏၵီျမင့္လြင္နဲ႔ ကုိသီဟလြင္တုိ႔ကေတာ့ ခ်စ္သူ သက္တမ္း ၁ ႏွစ္ခြဲအၾကာမွာ လက္ထပ္ခဲ့တာျဖစ္ပါတယ္။ စႏၵီျမင့္လြင္အေနနဲ႔ အႏုပညာရွင္ တစ္ေယာက္ျဖစ္တဲ့အတြက္ လက္ထပ္ၿပီးသြားရင္လည္း အႏုပညာအလုပ္ေတြ ဆက္လုပ္သြားမယ္လုိ႔ သိရပါတယ္။ အင္မတန္ကုိ လွပလြန္းတဲ့ ေရႊေရာင္ဆင္တူ ဝတ္စုံေလးေတြနဲ႔ က်က္သေရရွိလြန္းလွပါတယ္။ အခုခ်ိန္မွာေတာ့ မဂၤလာပြဲဆင္ႏႊဲရင္းနဲ႔ ရင္ေတြအရမ္းခုန္ေနတယ္လုိ႔ ဆုိပါတယ္။

အဆုိေတာ္ စႏၵီျမင့္လြင္နဲ႔ ခင္ပြန္းျဖစ္သူ ကုိသီဟလြင္တုိ႔ရဲ႕ မဂၤလာေမာ္ကြန္းတင္လက္မွတ္ေရးထုိးပြဲကုိေတာ့ မတ္လ ၄ ရက္ေန႔ မနက္ ၉ နာရီက ေတာ္ဝင္ဂါးဒင္းဟုိတယ္မွာ က်င္းပျပဳလုပ္ခဲ့ၿပီး အသိသက္ေသမ်ားအျဖစ္ သရုပ္ေဆာင္ စမုိင္းလ္ တုိ႔ ဇနီးေမာင္ႏွံက လက္မွတ္ေရးထုိးေပးခဲ့ပါေသးတယ္။

မဂၤလာေမာ္ကြန္းတင္ လက္မွတ္ေရးထုိးပြဲမွာလည္း ေငြေရာင္ျမန္မာဝတ္စုံေလးနဲ႔ အတူ လွခ်င္တုိင္းလွၿပီး ခ်စ္စရာေကာင္းလွတဲ့ ဇႏွီးေမာင္ႏွံ ႏွစ္ဦးရဲ႕ အျပဳံးေလးေတြက တက္ေရာက္လာၾကတဲ့ ဧည့္ပရိသတ္ေတြနဲ႔ အတူ ခ်စ္ခင္အားေပးလွ်က္ရွိတဲ့ စႏၵီျမင့္လြင္ရဲ႕ ပရိသတ္ေတြကလည္း အားက်ခဲ့ရပါေသးတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အဆိုတော်စန္ဒီမြင့်လွင်နဲ့ ကိုသီဟလွင်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို မတ်လ ၁၁ ရက်နေ့ နေ့လည် ၁ နာရီက နိုဗိုတယ် ဟိုတယ်မှာ ခမ်းခမ်းနားနား ကျင်းပပြုလုပ်ခဲ့ပြီး ဒီမင်္ဂလာပွဲကိုတော့ ဖိတ်ကြားထားတဲ့ လူကြီးမင်းများ၊ အနုပညာအသိုင်းအဝိုင်းမှ မိတ်ဆွေများ၊ မောင်နှမများနဲ့ မီဒီယာအသီး သီး က တာဝန်ရှိသူတွေက တက်ရောက်အားပေးခဲ့ကြပါတယ်။

စန္ဒီမြင့်လွင်နဲ့ ကိုသီဟလွင်တို့ကတော့ ချစ်သူ သက်တမ်း ၁ နှစ်ခွဲအကြာမှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ စန္ဒီမြင့်လွင်အနေနဲ့ အနုပညာရှင် တစ်ယောက်ဖြစ်တဲ့အတွက် လက်ထပ်ပြီးသွားရင်လည်း အနုပညာအလုပ်တွေ ဆက်လုပ်သွားမယ်လို့ သိရပါတယ်။ အင်မတန်ကို လှပလွန်းတဲ့ ရွှေရောင်ဆင်တူ ဝတ်စုံလေးတွေနဲ့ ကျက်သရေရှိလွန်းလှပါတယ်။ အခုချိန်မှာတော့ မင်္ဂလာပွဲဆင်နွှဲရင်းနဲ့ ရင်တွေအရမ်းခုန်နေတယ်လို့ ဆိုပါတယ်။

အဆိုတော် စန္ဒီမြင့်လွင်နဲ့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်တို့ရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကိုတော့ မတ်လ ၄ ရက်နေ့ မနက် ၉ နာရီက တော်ဝင်ဂါးဒင်းဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး အသိသက်သေများအဖြစ် သရုပ်ဆောင် စမိုင်းလ် တို့ ဇနီးမောင်နှံက လက်မှတ်ရေးထိုးပေးခဲ့ပါသေးတယ်။

မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲမှာလည်း ငွေရောင်မြန်မာဝတ်စုံလေးနဲ့ အတူ လှချင်တိုင်းလှပြီး ချစ်စရာကောင်းလှတဲ့ ဇနှီးမောင်နှံ နှစ်ဦးရဲ့ အပြုံးလေးတွေက တက်ရောက်လာကြတဲ့ ဧည့်ပရိသတ်တွေနဲ့ အတူ ချစ်ခင်အားပေးလျှက်ရှိတဲ့ စန္ဒီမြင့်လွင်ရဲ့ ပရိသတ်တွေကလည်း အားကျခဲ့ရပါသေးတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top