iMyanmarHouse.com - Best Property Website for Myanmar
×






Photo : ကောင်းကောင်း FB

Credit : Duwun

သားဦးလေး ပိုင်ဆိုင်ထားတဲ့ အဆိုတော် ကောင်းကောင်းကတော့ သားလေးကို ချစ်မဝဖြစ်လို့နေပါတယ်။ အခုဆိုရင် သားလေးဟာ (၂)လသားအရွယ်ကို ရောက်ရှိ နေပြီဖြစ်ပါတယ်။

ကောင်းကောင်းကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ သားလေးနဲ့အတူ ရိုက်ထားတဲ့ ပုံလေးတွေကို အမြဲတင်ပေးဖြစ်သလို မနေ့ကလည်း သားသားနဲ့အတူ ရိုက်ထားတဲ ပုံလေးတစ်ပုံကို တင်ပေးထားတာတွေ့ရပါတယ်။

အဲ့ဒီပုံလေးမှာတော့ သားလေးနဲ့ ဖေဖေကောင်းကောင်းနဲ့အတူ အပြိုင်ပဲနေတဲ့ ပုံလေးပါ။အဲ့ပုံလေးတွေကို ကြည့်ပြီး ကောင်းကောင်းရဲ့ ပရိသတ်တွေကတော့ သဘောကျလို့နေပါတယ်။ ကောင်းကောင်းကိုယ်တိုင်ကလည်း သားလေးရဲ့ ပို့စ်ကိုကြည့်ပြီးယခုလို ရေးသားထားပါသေးတယ်။”အော် သားသားရယ် ၂ လလေးပဲရှိသေး ပို့စ်ပေးပုံများကွာ” ဆိုပြီး ပြောထားပါတယ်

သားလေးကို ဇန်နဝါရီ(၂)ရက်နေ့က မွေးတယ်လို့ သိရပါတယ်။ အခုဆိုရင် သားလေးဟာ (၂)လသားလေး ဖြစ်လို့နေပါပြီ။ သားသားလေးကိုတော့ နာမည်ပေးထားတာ မတွေ့ရသေးပါဘူး။ချစ်စရာကောင်းလှ တဲ့ သူတို့နှစ်ဦးရဲ့ သားလေးရဲ့ ပုံရိပ်လေးတွေကို ပရိသတ်များအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

အဆိုတော်ကောင်းကောင်းနဲ့ နီလာထူး(Mei Mei)တို့ရဲ့ မင်္ဂလာပွဲကို ၂၀၁၇ ခုနှစ် ဇူလိုင်(၂၃)ရက်နေ့က အမေရိက နိုင်ငံ၊ နီဘရာစကာပြည် နယ်၊ အိုမဟာမြို့ ကရင်နှစ်ခြင်းရီဗာ ဘုရားကျောင်းတွင် လက်ထပ်ထိမ်းမြားခဲ့ကြတာ ဖြစ်ပါတယ်။

Photo : ကောင်းကောင်း FB

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top